မြန်မာနိုင်ငံ မြေစာပင် မဖြစ်စေလိုပါ.......
ဒီနေ့ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်တယ်..... ကားနာမည်က Zero Dark Thirty ကြည့်သာနေတယ် ကိုယ်ရွေးတဲ့ကားက ဘာကားမှန်းမသိဘူး....... ကြည့်ရင်းနဲ့မှ သိလာတာက အမေရိကားမှာ စက်တင်ဘာ 9/11 ဖြစ်ပြီးကတည်းက အယ်ကိုင်းဒါး အနွယ်ဝင်တွေကို လိုက်ပီး ဖမ်း၊ ဖမ်းလို့ရသမျှကို နောက်ထပ် ဘယ်မှာ တိုက်ခိုက်မှုတွေ လုပ်မလဲ စစ်မေးတာတွေ ဖြစ်နေတော့ စိတ်တော့ ပျက်သွားမိသား...... ဆက်ကြည့်နေရင်းနဲ့ သဘောပေါက်လာတာက အိုစမာကို ဖမ်းတဲ့အကြောင်းကို အသေးစိတ် ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်နေတယ်.....
အဓိကကတော့ သေပီလို့ သူတို့ သတ်မှတ်လိုက်တဲ့ အိုစမာရဲ့ Carrier တစ်ယောက်ကို ခြေရာခံတာကနေ စ တာပဲ...... အဲ့ဒိ Carrier ရဲ့ မိဘတွေက ကူဝိတ်မှာနေတော့ သူတို့ ဖုန်းနံပါတ်ကိုရဖို့ ကူဝိတ်က စော်ဘွားသား တစ်ယောက်ကို ကြိုက်ရာ Lamborghini တစ်စီးဝယ်ပေးပီး ဖုန်းနံပါတ်ကို ရအောင်ယူတာပါပဲ...... ဖုန်းနံပါတ် ရသွားချိန်မှာတော့ အဲ့ဒိ ဖုန်းနံပါတ်ကို Monitor လုပ်ပီး အဲ့ဒိ Carrier ရှိနေနိုင်မယ့် နေရာတွေကို လိုက်တာကနေ အိုစမာရဲ့ အိမ်ကို ခြေရာခံမိတဲ့ အကြောင်း ရိုက်ထားတာပါပဲ........ အဲ့ဒိအိမ်ထဲမှာ ရှိနေသူဟာ အိုစမာလို့ ၆၀ ရာနှုန်းလောက် အားလုံးလိုလို ယူဆလိုက်ချိန်မှာတော့ ပါကစ္စတန်ရဲ့ ပိုင်နက်ဖြစ်တဲ့အတွက် အထူးတပ်ဖွဲ့ကို စေလွှတ်ဖို့ ပြင်ဆင်တယ်......
လျှို့ဝှက်စစ်ဆင်ရေးဖြစ်တဲ့အတွက် အထူးလျှို့ဝှက် စစ်လက်နက်ပစ္စည်းတွေ သုံးခဲ့တယ်....... ကျန်တာကတော့ ရုပ်ရှင်ဖြစ်တဲ့အတွက် ရုပ်ရှင်သဘောတရားပါပဲ..... ဒါပေမယ့် အဲ့ဒိကားကိုကြည့်ရင်းနဲ့ သိလာရတာက အမေရိကန်ဟာ သူတို့လိုချင်တာ ရဖို့အတွက် ဘာမဆို အကုန်လုပ်တယ်၊ ဘယ်သူ့ကိုမဆို စတေးဖို့ ဂရုမစိုက်ဘူး၊ တစ်ခြားနိုင်ငံတွေရဲ့ စည်းကမ်းဆိုတာဟာ၊ လူ့အခွင့်အရေးဆိုတာဟာ နိုင်ငံအတွက်ယှဉ်ရင် နောက်ရောက်သွားတာပါပဲ..... အထူးသဖြင့် CIA ရဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်သွားတဲ့ ကိစ္စတွေပါပဲ......
ရုပ်ရှင်နဲ့ပါတ်သက်လို့တော့ အထွေအထူးပြောစရာမရှိပါဘူး..... ကြည့်ရတာ မဆိုးဘူးလို့ ပြောလို့ရတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုပါပဲ....... တကယ့်အဖြစ်အပျက်နဲ့ တူအောင် တော်တော်လေး ကြိုးစားထားတယ်လို့ ယူဆို့တော့ ရမှာပါ...... အဲ့ဒိရုပ်ရှင်ကိုကြည့်ရင်း ပြန်သတိရမိတာက Seal တွေကို အိုစမာအိမ်သွားဖို့ သုံးတဲ့ ဟယ်လီကော်ပတာတွေပါပဲ..... အဲ့ဒိ ဟယ်လီကော်ပတာတွေဟာ အမေရိကန်မှာ ရှိတယ်လို့ လူသိ တော်တော်နည်းပါတယ်...... အဲ့ဒါကတော့ ရေဒါဖမ်းနိုင်စွမ်းကို လျှော့ချနိုင်တယ်၊ ဒလက်တွေကို အထူးနည်းပညာနဲ့ လုပ်ထားတဲ့အတွက် အသံဆူညံမှုကို လျှော့ချနိုင်တယ် အစရှိတဲ့ ဂုဏ်သတ္တိထူးတွေ ပိုင်ဆိုင်ပါတယ်..... အဲ့ဒိ စစ်ဆင်ရေးအတွင်းမှာ အဲ့ဒိ ကိုယ်ပျောက်ဟယ်လီကော်ပတာ တစ်ဆင်းကို အမေရိကန်တို့ ကိုယ့်ဟာကိုယ် ဖျက်ဆီးခဲ့ရတာပါပဲ......
ဒါကိုကြည့်ရင်း ပြန်အမှတ်ရမိတာကတော့ အမေရိကန်တို့ ဖျက်ဆီးခဲ့ပေမယ့် အဲ့ဒိ ဟယ်လီကော်ပတာဟာ လုံးလုံးမပျက်ဆီးခဲ့ပဲ နောက်က ပဲထိမ်းပိုင်းဟာ ရာနှုန်းပြည့် အကောင်းနီးပါး ကျန်ရှိနေတဲ့အတွက် တရုတ်တို့ဟာ အဲ့ဒါကို ကြိုက်ဈေးပေး ဝယ်ဖို့ လုပ်ခဲ့တဲ့ သတင်းပါပဲ...... သူများပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အမေရိကန်တို့အတွက်တော့ တရုတ်က သူတို့ရဲ့ နောက်ဆုံးနည်းပညာသုံး ဟယ်လီကော်ပတာ အပျက်ကိုတောင် ကြိုက်ဈေးပေးဝယ်တဲ့ သတင်းဟာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေတာ အမှန်ပါ..... ဒါပေမယ့် သူ မတားမြစ်နိုင်ခဲ့သလို အဲ့ဒိနောက်ဆက်တွဲ ဘာဆက်ဖြစ်လဲ မသိလိုက်ရပါဘူး.......
တရုတ်က အမေရိကန်ရဲ့ နောက်ဆုံးပေါ် နည်းပညာသုံး စစ်လက်နက် အပျက်တွေကို ဝယ်တာ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး..... ယူဂိုဆလားဗီးယားကို ဝင်တွယ်တုန်းက အမေရိကန်ရဲ့ B2 တွေ ပစ်ချခံခဲ့ရပီး အဲ့ဒိ B2 တွေရဲ့ အစိတ်အပိုင်းတွေကို တရုတ်ကုန်သည်တွေက ကြိုက်ဈေးပေး ဝယ်ခဲ့တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဘူးပါတယ်...... အဲ့ဒိကနေ ဆက်စပ် စဉ်းစားမိတာကတော့ စစ်လက်နက် ပြိုင်ဆိုင်မှုတွေပါပဲ....... အမေရိကန်ဟာ စစ်လက်နက်မှာ ကမ္ဘာ့ထိပ်တန်းမှာ ရှိတယ်လို့ ပြောလို့ရသလို သူ့နောက်က ကပ်လိုက်နေတာကတော့ Defence ကို ဦးစားပေးတဲ့ ရုရှရဲ့ ကာကွယ်ရေး နည်းစနစ်တွေပါပဲ.......
ကျွန်တော်တို့ အိမ်နီးခြင်း တရုတ်ကတော့ တလောလေးကမှ ပြသလိုက်တဲ့ သူ့ရဲ့ မသုံးတော့တဲ့ ဂြိုလ်တုအဟောင်းကို ကမ္ဘာမြေကနေ ပစ်ချလိုက်တာပါပဲ..... ဒီအတိုင်းကြည့်မယ်ဆိုရင်တော့ ဒီကိစ္စဟာ သိပ်တော့ အရေးမကြီးဘူးလို့ သတ်မှတ်လို့ ရပေမယ့် ရှိသမျှ ဒုံးပျံစနစ်မှသည် မောင်းသူမဲ့ လေယာဉ်များအထိ ဂြိုလ်တု ဆက်သွယ်ရေးကိုသာ အသုံးပြုနေရတဲ့ အမေရိကန်အတွက်တော့ လွန်စွာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပါတယ်..... ဖြစ်ခဲ့တဲ့ စစ်ပွဲတွေမှာ မောင်းသူမဲ့ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ကောင်းကောင်းကြီး တစ်ဖက် ရန်သူကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ အမေရိကန်အတွက်တော့ တရုတ်ရဲ့ သူ့ဂြိုလ်တုအဟောင်းကို ပစ်ချလိုက်တဲ့ လုပ်ရပ်ဟာ အိပ်မက်ဆိုးကြီး ဖြစ်စေတာပါပဲ......
အခုနောက်ပိုင်း စစ်ရေးပြိုင်ဆိုင်မှုတွေဟာ တစ်ချိန်ကလို စစ်သားတွေလွှတ်ပီး စစ်တိုက်တာမျိုး မဟုတ်တော့ပဲ ဝေဟင်ကနေ အသာစီးယူပီး တိုက်ခိုက်တာပါပဲ...... ဒါကြောင့်လည်း ရုရှဟာ သူ့ရဲ့ နာမည်ကျော် လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြစ်တဲ့ S400 ကိုအပိုင် ကိုင်ထားနေဆဲပါ..... တရုတ်ရဲ့ သွယ်ဝိုက် ခြိမ်းခြောက်မှုအပီးမှာ မြောက်ကိုရီးယားက ရုတ်တရက်ထပီး စစ်ဖြစ်မယောင် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်..... အမေရိကန်ရဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေမှာ တစ်ဖက်ရန်သူဟာ တရုတ်နဲ့ နီးစပ်တဲ့သူဖြစ်နေရင် အမေရိကန်ရဲ့ အစွမ်းထက် စစ်လက်နက်တွေအပေါ် တရုတ်ရဲ့ လက်နက်အသစ်တွေ စမ်းသပ်ဖို့ ပေးလေ့ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့အတွက်လည်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဟာ ဂြိုလ်တုအဟောင်းကို ပစ်ချခဲ့တဲ့ တရုတ်ရဲ့ မရှေးမနှောင်း လုပ်ရပ်နဲ့ဆိုရင် အမေရိကန်အတွက် မြွေခြောက် ကိုက်တယ်လို့ သတ်မှတ်ရမှာပါပဲ........
ဒါပေမယ့်လည်း ကမ္ဘာ့အင်အားကြီး ဆူပါပါဝါဖြစ်တဲ့ အမေရိကန်ကလည်း ခေသူတော့ မဟုတ်ပါဘူး..... ဝေဟင်က ပျံသန်းလာတဲ့ မည်သည့်လက်နက်ကိုမဆို ကြားဖြတ် ပစ်ချမဲ့ လေဆာ စနစ်ကို ကမ္ဘာသိအောင် ချပြလိုက်တာပါပဲ..... ဒီအတွက် အမေရိကန်ကို တိုက်ချင်းပစ် ဒုံးပျံတွေနဲ့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားတို့အဖို့တော့ ခြေမလှုပ်သာ လက်မလှုပ်သာဖြစ်အောင် သတိပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်...... ဒါပေမယ့်လည်း တရုတ်ရဲ့ ဂြိုလ်တုကို ပစ်ချတဲ့ လုပ်ရပ်ဟာ အမေရိကန်တို့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်နေတာ အမှန်ပါ.......
ဒီအတွက်လည်း ဂြိုလ်တုအပေါ် အမှီအခိုကင်းတဲ့ စစ်လက်နက်တွေကို အမေရိကန်တို့ ကြံဆလာမှာ မလွဲသလို၊ သူ့ဂြိုလ်တုတွေ ပစ်ချခံရမယ့်အရေးကို ကာကွယ်ဖို့လည်း လုံးပန်းလာမှာ ဖြစ်ပါတယ်..... ဒါဟာ မဝေးတော့တဲ့ အနာဂါတ် စစ်လက်နက်ပြိုင်ဆိုင်မှုတွေပဲ ဖြစ်ပါတယ်..... ဒါတွေကို ဘာကြောင့် ပြောရသလဲ ဆိုရင်တော့ မြန်မာဟာ တရုတ်နဲ့ အိမ်နီးနားခြင်း ဖြစ်နေပီးတော့ အမေရိကန်ကလည်း မြန်မာကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ Welcome ဖြစ်လာနေတဲ့ အနေအထားတွေ ရှိနေတဲ့အတွက်လည်း ဖြစ်ပါတယ်..... မြန်မာဟာ ကမ္ဘာ့ ထိပ်သီး စစ်လက်နက် ပြိုင်ဆိုင်တဲ့ နိုင်ငံတွေဖြစ်တဲ့ ရုရှ၊ တရုတ်၊ အမေရိကန်အပြင် အခုနောက်ဆုံး ဗြိတိန်နဲ့ပါ ပါတ်သက်လာပီ ဖြစ်ပါတယ်........
လက်ရှိအနေအထားအရ တရုတ်ရဲ့ စီမံကိန်းတွေ ကျွံ့ဝင်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ တရုတ်ကို ရုတ်ချည်း ကန်ထုတ်ဖို့ဆိုတာ အတော်လေး မလွယ်တဲ့ အနေအထားဖြစ်သလို တရုတ်အနေနဲ့လည်း သူ့ရဲ့ အနောက်ဘက် ထွက်ပေါက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ သူ့ရဲ့ ပြိုင်ဘက် အမေရိကန်တို့ ခြေရှုပ်လာမှာကို လိုလားမှာ မဟုတ်ပါဘူး...... မြန်မာနိုင်ငံလို စစ်လက်နက်ကို တိုင်းတပါး နိုင်ငံတွေကို မှီခိုနေရတဲ့ အနေအထားမှာ ဒီလို အနေအထားဟာ အတော်လေးကို သတိထားရမယ့် အနေအထားမှာ ရှိပါတယ်..... ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်လုပ်ဖို့အတွက် ဘာကိုမဆို ဂရုမစိုက်တဲ့ အမေရိကန်ရဲ့ CIA, ကိုယ်ကျိုးစီးပွားက လွဲပြီး ကျန်တဲ့ ဘယ်ဟာကိုမှ ဂရုမစိုက်တဲ့ တရုတ်၊ ဒါတွေရဲ့ ကစားရာ Buffer Zone ဟာ မြန်မာနိုင်ငံ မဖြစ်လာဘူးလို့ မဆိုနိုင်ပါဘူး.....
ဓါတ်ပုံ ။ ။ ကမ္ဘာကို ဝန်းရံနေသော ဂြိုလ်တုများ.......
Photo copied from Internet
ဒီနေ့ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်တယ်..... ကားနာမည်က Zero Dark Thirty ကြည့်သာနေတယ် ကိုယ်ရွေးတဲ့ကားက ဘာကားမှန်းမသိဘူး....... ကြည့်ရင်းနဲ့မှ သိလာတာက အမေရိကားမှာ စက်တင်ဘာ 9/11 ဖြစ်ပြီးကတည်းက အယ်ကိုင်းဒါး အနွယ်ဝင်တွေကို လိုက်ပီး ဖမ်း၊ ဖမ်းလို့ရသမျှကို နောက်ထပ် ဘယ်မှာ တိုက်ခိုက်မှုတွေ လုပ်မလဲ စစ်မေးတာတွေ ဖြစ်နေတော့ စိတ်တော့ ပျက်သွားမိသား...... ဆက်ကြည့်နေရင်းနဲ့ သဘောပေါက်လာတာက အိုစမာကို ဖမ်းတဲ့အကြောင်းကို အသေးစိတ် ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်နေတယ်.....
အဓိကကတော့ သေပီလို့ သူတို့ သတ်မှတ်လိုက်တဲ့ အိုစမာရဲ့ Carrier တစ်ယောက်ကို ခြေရာခံတာကနေ စ တာပဲ...... အဲ့ဒိ Carrier ရဲ့ မိဘတွေက ကူဝိတ်မှာနေတော့ သူတို့ ဖုန်းနံပါတ်ကိုရဖို့ ကူဝိတ်က စော်ဘွားသား တစ်ယောက်ကို ကြိုက်ရာ Lamborghini တစ်စီးဝယ်ပေးပီး ဖုန်းနံပါတ်ကို ရအောင်ယူတာပါပဲ...... ဖုန်းနံပါတ် ရသွားချိန်မှာတော့ အဲ့ဒိ ဖုန်းနံပါတ်ကို Monitor လုပ်ပီး အဲ့ဒိ Carrier ရှိနေနိုင်မယ့် နေရာတွေကို လိုက်တာကနေ အိုစမာရဲ့ အိမ်ကို ခြေရာခံမိတဲ့ အကြောင်း ရိုက်ထားတာပါပဲ........ အဲ့ဒိအိမ်ထဲမှာ ရှိနေသူဟာ အိုစမာလို့ ၆၀ ရာနှုန်းလောက် အားလုံးလိုလို ယူဆလိုက်ချိန်မှာတော့ ပါကစ္စတန်ရဲ့ ပိုင်နက်ဖြစ်တဲ့အတွက် အထူးတပ်ဖွဲ့ကို စေလွှတ်ဖို့ ပြင်ဆင်တယ်......
လျှို့ဝှက်စစ်ဆင်ရေးဖြစ်တဲ့အတွက
ရုပ်ရှင်နဲ့ပါတ်သက်လို့တော့ အထွေအထူးပြောစရာမရှိပါဘူး..... ကြည့်ရတာ မဆိုးဘူးလို့ ပြောလို့ရတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုပါပဲ.....