Quantcast
Viewing all articles
Browse latest Browse all 1811

ပိန်းတယ်...(သို့မဟုတ်) အရာရှိကောင်းများ..ဖြစ်လိုလျှင်


ပိန်းတယ်...(သို့မဟုတ်) အရာရှိကောင်းများ..ဖြစ်လိုလျှင်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

3E အတွက်..CE+2E Combined အတွက်..Oral .အတွက်.2O အတွက် Mate + Master Combined အတွက်..ဘယ်လိုပြင်ဆင်ရမလဲလို့..မေးလာလျှင်ဖြင့်..
ကျွန်တော့်အမြင်ကလေးကို..ရှင်းပြလိုပါသည်..။ ရှင်းပြခဲ့ဘူးသားလည်း..ဖြစ်ချင်..ဖြစ်ပါမည်..။
။။။။။။။။။။
ကျွန်တော်တို့.ရေကြောင်းဘက်ဆိုင်ရာ..စာမေးပွဲများဖြေခါနီး..တက်ရသော..သင်တန်းများသည်..စာမေးပွဲအတွက်. .ပြင်ဆင်ပေးသော. .နွေးပေးသော.. သင်တန်းများဖြစ်ပါသည်..။
ငယ်ငယ်တုန်းကလို..ငါးတန်းစာမေးပွဲအတွက်..ငါးတန်းမှာ..တနှစ်လုံးလုံး သင်ကြားပေးသော သင်တန်းများ..မဟုတ်ပါ..။
။။။။။။။။။။။။
ဒါဆို..ဘာတုန်းဗျ..ခင်ဗျားတို့ဟာက..လို့..ဆိုကြပါမည်..
။။။။။။။။။။။
ငါးတန်း..ခြောက်တန်းမှာ..သင်ကြားရသည်က..Academic Education ဖြစ်ပါသည်..။
ယခုဖြေမည့်..2O, 3E စာမေးပွဲများက..Professional Education ဖြစ်ပါသည်..။
Academic တုန်းက..အခြေခံတုန်းက..ခွံ့ကြွေးလို့ရသည်..အောင်မှတ်က..၄၀..။
အခုဟာက..ကျွမ်းကျင်မှုလက်မှတ်စာမေးပွဲ..ရေဖြေအောင်မှတ်..၅၀..။ နှုတ်ဖြေအောင်မှတ် ၉၀..။
။။။။။။။။။။။။။
ငါးတန်းအောင်လျှင်..ခြောက်တန်းတက်ရမည်..။ ဘာမှ..တာဝန်မှ မယူရ..။
3E နှင့် 2O အောင်လျှင်ဖြင့်.. မိမိကိုခန့်ထားသောကုမ္ပဏီရှိလျှင်..အရာရှိတာဝန်စယူရမည်..။
သဘောင်္တစ်စီးလုံးနှင့် သဘောင်္ပေါ်ရှိ ၀န်ထမ်းအားလုံးအသက်ကို..ထိုပုဂ္ဂိုလ် နှစ်ဦး၏ လက်ထဲတွင်..တစ်နေ့ ၈နာရီ..၀ကွက်အပ်ထားရသည်..။
သည်အရာရှိငယ်များ..မိမိအလုပ်ကို..နားလည်ဘို့လိုသည်..။ ကျွမ်းကျင်ဘို့လိုသည်..။
။။။။။။။။။။
Professional Certificate ဖြစ်သည့်.. Certificate of Competency (CoC) ကို..သတ်မှတ်..ပင်လယ်ပြင်လုပ်သက် (လက်တွေ့ပညာဆည်းပူးမှု) ၊ သတ်မှတ် မွမ်းမံသင်တန်းတက်ရောက်ပြီးစီးမှု(စာတွေ့ပညာဆည်းပူးမှု)၊
နှစ်ခုစလုံးပြီးမြောက်မှသာ..သက်ဆိုင်ရာ..စာမေးပွဲကို..ဖြေဆိုခွင့်ရသည်..။
။။။။။။။။။။။။
သတ်မှတ်ပင်လယ်ပြင်လုပ်သက်အတွင်းမှာ..ကံကောင်းလျှင်..မိမိကို..သင်ကြားပေး သော..စီနီယာကောင်းဖြင့်တွေ့မည်..။ ကံမကောင်းလျှင်..ကိုယ်တိုင်လေ့လာရမည်..။ မိမိ..တစ်ဆင့်တက်..ဆောင်ရွက်ရမည့်..၊ မိမိကိုယ်တိုင်က..ဖြစ်ချင်သည့်..အရာရှိ.. အဖြစ်ကို..ကုန်းပတ်မှာ..သံချေးခေါက်ယုံသာခေါက်နေပြီး..စိတ်ကူးယဉ်လို့မရပါ..။
3O ဘာလုပ်နေလဲ..။ ဘာ..တာဝန်တွေယူရလည်း..။ ဘာတွေ..သိဘို့လိုလဲ..ဆိုတာကို..လေ့လာ..မှတ်သား..မေးမြန်း.ကျက်မှတ်..ရပါမည်။

အင်ဂျင်နီယာ ဘက်မှာလည်း..ထို့အတူ.. စက်ခန်းအတွင်း..သန့်ရှင်းရေးခိုင်းသည်ကို..လုပ်နေပြီး..။စီနီယာများ..ပင်မစက်ကြီးကို အိုဗာဟောလ်လုပ်နေသည်ကို..ပင်ပန်းမှာစိုးလို့..ရှောင်နေခဲ့တာ..။ ရေချိုချက်စက်. .မောင်းနေတာကို..သွားကြည့်ပြီး..သိနေတတ်နေရင်..ငါ့ခိုင်းနေဦးမယ်..။ ရှောင်နေမှ..ဆိုတာမျိုး..လုပ်ခဲ့တာ..တွေဟာ..။ စာမေးပွဲ..အကြိမ်ကြိမ်ဖြေဆိုရခြင်းရဲ့..အခြေခံအုပ်မြစ်များ ဖြစ်ပါတယ်..။
။။။။။။။။။။။။
ကိုယ်ရည်မှန်းတဲ့ အဆင်မြင့်ရာထူးကို ရဘို့..သဘောင်္ပေါ်မှာနေစဉ်..လေ့လာခြင်း..မှတ်သားခြင်း..မေးမြန်းခြင်း.. ကျက်မှတ်ခြင်း..လုပ်ခဲ့ရမှာပါ..။
။။။။။။။။။။။။
ကျောင်းတွေက..တစ်ဦးချင်းစီရဲ့..လေ့လာမှု..မတူညီတာ..အစီအစဉ်မကျတာတွေကို..တတ်နိုင်သမျှ..တူညီသွားအောင်..အစီအစဉ်ကျအောင်..ကူညီပေးတာပါ..။
။။။။။။။။။။။။။။
သဘောင်္ပေါ်မှာ..သက်သာ..သလိုနေမယ်..။ ကျောင်းတက်တော့မှ..စာ..ဖင်ကုန်းကျက်ရင်..အောင်မှာဘဲလို့..တွေးထားသူများဟာ..။ စာသင်ခန်းထဲမှာ..သူမသိတဲ့..ဘာသာရပ်ဆိုင်ရာ စကားလုံးများဖြစ်တဲ့..Terminology ကို သိဘို့..နပန်းလုံးနေရတာနဲ့တင်.. ဆရာသင်သွားတဲ့..စာကို..နားလည်ဘို့..တော်တော်..ကြိုးစားရပါလိမ့်မယ်..။
အင်ဂျင်နီယာဘက်မှာဆိုရင်..စက်အမျိုးအစားအလိုက်..မှတ်ရမဲ့..သိရမဲ့..ဖိအားတွေ..အပူချိန်တွေက..ရာနဲ့ချီရှိပြီး..ရောထွေး..စိတ်ညစ်ရပါလိမ့်မယ်..။
သဘောင်္ပေါ်မှာ..Watch Keeping ကို ကောင်းကောင်းလုပ်ခဲ့ပြီး..အမှန်တစ်ကယ် Log ကောက်ပြီး..CE Log Book မှာ..ကိုယ်တိုင်ဖြည့်ခဲ့သူ.. စီနီယာ..ကို..ကူခဲ့သူအဖို့က.. Oral မှာ..ဒါတွေမေးလာရင်.. ငါ့ကို..အောင်မှတ်တွေ..အလကားပေးနေတာလို့..မြင်ပါလိမ့်မယ်..။ သူ့အဖို့..သိပ်လွယ်တဲ့..မေးခွန်းတွေပါ..။
မလေ့လာခဲ့သူအဖို့ကတော့..။ ဟိုဟာနဲ့..ဒီဟာနဲ့ရော..။ မှား..ဖြေ..နဲ့..။ သိပ်ခက်တဲ့..မေးခွန်းတွေ..ဖြစ်နေပါလိမ့်မယ်..။
။။။။။။။။။။။။။။
လူငယ်တွေကို..ပြောချင်တာက..
သဘောင်္ဟာ..ညီငယ်..တို့အတွက်..
Open ဖွင့်ထားတဲ့..စာသင်ကျောင်းကြီးဖြစ်ပါ..တယ်..။
ပြည့်စုံတဲ့..စာကြည့်တိုက် (Instruction Manual) တွေလည်း..ရှိတယ်..။
မေးချင်လျှင်..မေးလို့ရတဲ့ ကျွမ်းကျင်ဆရာများ (Senior Officers) ..ရှိတယ်..။
စာထဲမှာ..ပုံထဲမှာ..မရှင်းတာရှိရင်..သွားကြည့်လို့ရတဲ့..အမှန်တစ်ကယ် အသုံးပြုနေတဲ့.. (Teaching Aids) များ..မိမိလုပ်ငန်းဆိုင်ရာ ပစ္စည်းများ.. (ဥပမာ..Deck Machinery, Navigation Equipments, Engine Control Room , Steering Gear Room) ရှိတယ်..။
။။။။။။။။။။။။။။။
အချိန်မရှိဘူး..မပြောပါနဲ့..Professional ကောင်းဖြစ်ချင်ရင်..အချိန်ရအောင်ယူပါ..။
ပင်ပန်းတယ်..မပြောပါနဲ့..နောင်မပင်ပန်းခြင်ရင်..အခုငယ်တုန်း..ပိုအပင်ပန်းခံလိုက်ပါ..။
။။။။။။။။။။။။။။။။
ဒီလောက်ပြည့်စုံတဲ့..လက်တွေ့ကျောင်းမှာ..ဘာမှ..မလုပ်ခဲဘဲ..။
သဘောင်္ဆင်းမှ..ကျောင်းတက်မယ်..ကျူရှင်တက်မယ်..၊ ခွံ့ကြွေးတာလေး..စားပြီး..စာမေးပွဲဖြေမယ်..။
ကျက်ထားတာနဲ့..မတိုးရင်..ကျမယ်..။
ကျရင်..ဆဲမယ်..။
။။။။။။။။။။။။။။။။။
ဆိုရင်တော့..
ညီတို့ရေ.. မင်းတို့..ပြောတဲ့..စကားနဲ့ဘဲ..ပြောလိုက်ချင်တယ်..။
စိတ်တော့..မဆိုးနဲ့..၊
သိပ်..ပိန်း..တာဘဲ..။
။။။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ..

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...