$ 0 0 Image may be NSFW. Clik here to view. -----------------------------------------------------------------------မြန်မာနိုင်ငံရှိ လူငယ်တွေ အတွက် အဓိက ခြိမ်းခြောက်မှုတစ်ခုကတော့ မူးယစ်ဆေးဝါး စွဲလမ်းမှု ပြဿနာပင်ဖြစ်သည်။ မူးယစ်ဆေးဝါး ဆိုသည့် စကားလုံးကလည်း အလွန်ကျယ်ပြန့်သည်။မြန်မာ့ရိုးရာ ကွမ်းယာ ဆေးပေါင်း စားသုံးခြင်းမှသည် ဆေးလိပ်အရက်ဘီယာ သောက်သုံးခြင်း၊ စိတ်ငြိမ်ဆေးများ အလွန်အကျွံ အသုံးပြုခြင်း ၊ ဆေးခြောက် ဘိန်းဖြူဘိန်းမည်း စိတ်ကြွဆေး သုံးစွဲခြင်းများအထိ ပါဝင်သည်။ခေတ်ကြီးက တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ လူငယ်ထုအတွက် စိတ်ရောကိုယ်ပါ အပန်းဖြေစရာနေရာများ ပစ္စည်းများ အလွန်တိုးတက်လာသည်။ လူကုံထံ အသိုင်းအဝိုင်း အတွက် အသုံးပြုရန် အကောင်းစား အရက်ဘီယာ ဆေးလိပ် ဘိန်း စိတ်ကြွဆေးဝါးများ ပေါများလာသကဲ့ သို့  လူဆင်းရဲ အသိုင်းအဝိုင်းတွင်လည်း ကွမ်းယာဆေးပေါင်း စားသုံးခြင်းများ ကော်ရှု ခြင်း အလေ့အထများအလွန် တရာမှ ခေတ်စားလာခဲ့သည်။ တတ်နိုင်သည့် လူငယ်က ရုရှားလုပ် အကောင်းစား ဗော့်ကာ အရက်ကို ဟိုတယ်တွင် ဇိမ်ခံ၍ သောက်သုံးနေချိန်တွင် သာမာန် လူ တစ်ယောက်က ပြည်တွင်းဖြစ် အရက်သန့် ဟု သူတို့ ဘာသာသတ်မှတ်ထားသည့်အရက်ဖြူ များကို သောက်သုံးကြသည်။မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူ အရက်ဘီယာ ဆေးလိပ်ကွမ်း သောက်သုံးသူများ တနေ့ တခြား ပေါများလာသည်။ အထူးသဖြင့် နိုင်ငံဧ။် အနာဂတ် လူငယ်ထုအကြားထို ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လာသည်မှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ လူငယ်ဆိုသည်မှာ လူငယ်သဘာဝအတိုင်း စပ်စုလိုစိတ် စူးစမ်းလိုစိတ် အမြဲ ရှိသည်။အတုခိုးလွယ်သည်။ကောင်းသာအရာ တတ်သင့်သော ပညာကို အတုခိုး စူးစမ်း စပ်စု ရင် လူငယ်အတွက် ကောင်းကျိုးရှိနိုင်ပေမယ့် မတတ်သင့်သည့်အတတ်ပညာ မစူးစမ်းသင့်သည့် မူးယစ်ဆေးဝါးများကို စူးစမ်းလိုစိတ်ဖြင့်သုံးစွဲမိပါက အစရှိ အနောင်နောင်သဘောမျိုးဖြင့် မူးယစ်ဆေးဝါးဧ။် သားကောင်ဘဝသို့ ကျရောက်သွားတတ်သည်။အခြေခံပညာကျောင်းသား ဘဝ အထူးသဖြင့် အဌမတန်း နဝမတန်း နှင့် ဒဿမတန်း ကျောင်းသားဘဝတွင် လူငယ်တို့ ဧ။် စူးစမ်းလိုသော လူကြီးမိဘနှင့် ဖီလာကန့် လန့် တိုက်ချင်သော ဗီဇသည် အပြင်းထန်ဆုံးဟုပြောရမည်။မြီးကောင်ပေါက် ကျောင်းသားတို့ ဧ။် ဗီဇအတိုင်း ကျောင်းနားချိန်တွင် သေးပေါက်ခြံ တွင်စုကာ ဆေးလိပ်သောက်ကြသည်။ ကျောင်းတက်ကျောင်းဆင်း ကျောင်းနားက ကွမ်းယာဆိုင်တွေမှာ ကွမ်းဝါးကြ ဆေးပေါင်းတွေစားကြဆေးလိပ်သောက်ကြသည်။ကျောင်းနားဝန်းကျင်တွင်လည်း ကွမ်းယာဆိုင် အရက်ဆိုင် တီဗွီဂိမ်းဆိုင်တွေ ကလည်း ပေါသည်။ တက္ကသိုလ်ကျောင်းသားဘဝရောက်လာတော့ အရက်ဘီယာ ကိုပါ လက်တည့်စမ်းချင်လာသည်။ဆေးခြောက် စိတ်ကြွဆေး ဘိန်းများကို စူးစမ်းချင်စိတ်ဖြင့် သုံးစွဲလိုကြသည်။ဘာကြောင့် ဒီလို မူးယစ်ဆေးဝါးကို သုံးစွဲကြတာလည်းဟု လူငယ်များကို မေးကြည့်လိုက်လျှင် တိကျသော အဖြေထွက်လာမည်မဟုတ်ဟု ကျွန်တော်ကတော့မြင်သည်။လူငယ်အများစုကတော့ စမ်းသောက်ကြည့်စမ်းသုံးကြည့်တာပေါ့ ဟုပဲ တော်တော်များများ ဖြေကြလိမ့်မည်။ လူငယ်တို့ ဧ။်ပင်ကိုယ် သဘာဝအတိုင်း လူကြီးတွေ ဆေးလိပ်သောက်တာ ရုပ်ရှင်မင်းသားတွေ ဆေးလိပ်သောက်တာသူတို့  စံပြုပုဂ္ဂိုလ်များ မူးယစ်ဆေးဝါးသုံးစွဲ သည်ကို အားကျ၍လည်းကောင်း ပတ်ဝန်းကျင် အပေါင်းအသင်းများက မူးယစ်ဆေးဝါးသုံးစွဲ၍ ကိုယ်ကလည်း ဂုဏ်တုဂုဏ်ပြိုင်သဘောမျိုးဖြင့် လည်းကောင်း ပတ်ဝန်းကျင် အပေါင်းအသင်းကြားတွင် ပေါ်ပြူလာ အထူးသဖြင့် မကောင်းသည့်ဘက်က ပေါ်ပြူလာဖြစ်လိုသော သဘောမျိုးဖြင့် လည်းကောင်းလူငယ်ဘဝ ကြုံတွေ ရသည့် အခက်အခဲများ မိသားစုပြဿနာများ မိသားစုတွင်း အဆင်မပြေမှု လိုက်လျောညီထွေမရှိမှုများ ကြောင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို စိတ်ဧ။်ထွက်ပေါက် တစ်ခုအဖြစ် သဘောထားကာ သုံးစွဲလာကြသည်။ မိဘနဲ့ ရန်ဖြစ် လည်း အရက်သောက် ရည်းစားနဲ့ အဆင်မပြေလည်း အရက်သောက် ဘာအကြောင်းပြ ညာအကြောင်းပြ ရင်း နောက်ဆုံး အရက်သမားလုံးလုံးဖြစ်သွားကြသူတွေလည်း ဒုနဲ့ ဒေး။နောက်တစ်ချက် က မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူရရှိမှု၊ ဥပဒေအရ တားမြစ်ထိန်းချုပ်ခြင်း အားနည်းမှု သည်လည်း လူငယ်တွေကို မူးယစ်ဆေးဝါးသားကောင်များအဖြစ်သို့  တွန်းပို့ လျက်ရှိသည်။နေရာတကာ အရက်ဆိုင် ဘီယာဆိုင်များ မှိုလိုပေါက်ပေါများလာခြင်း ကွမ်းယာဆေးလိပ် ဆေးပေါင်းများကို နေရာတိုင်းလိုလိုတွင် ဝယ်ယူ သုံးဆောင်နိုင်ခြင်း အရက်ဘီယာ ဆေးလိပ် ကြော်ငြာများကိုအစိုးရ က မီဒီယာများတွင် တရားဝင် မကြော်ညာကြဖို့ တားမြစ်မိန့် ထုတ်ပြန်ထားသော်လည်း နားလှည့်ပါးရိုက် လက်တလုံးခြားလုပ်ကာ ရေသန့် လိုလို အကျီ င်္ ကြော်ငြာ လိုလို နဲ့  လူထုကြားသို့  မသိမသာ ထိုးဖောက်ကြော်ငြာကြသည်။ ပြီးတော့ မူးယစ်ဆေးဝါးပေါင်းစုံဧ။် ဈေးနှုန်းများသည်လည်း လူတိုင်း အသုံးပြုနိုင်သော နှုန်းထားများရှိခြင်း အသက်အရွယ်အကန့် အသတ်မရှိ ဖောချင်းသောချင်း ရောင်းချနိုင်ခြင်းတို့ သည်လည်းလူငယ်တွေကို ချောက်ထဲသို့  မကျ ကျအောင် ဆွဲချနေသည်နှင့်တူသည်။ အခုနောက်ပိုင်း နိုင်ငံခြားဖြစ် ဝိုင်အရက်များ ဘီယာများကို ပါ လူငယ်အမျိုးသားများတွင်သာမက အမျိုးသမီးများပါ သောက်သုံးလာကြသည်။မူးယစ်ဆေးဝါး စွဲနေသော လူငယ်တစ်ယောက်သည် ပတ်ဝန်းကျင် မိဘဆွေမျိုးများနှင့် သဟဇာတမဖြစ်တော့။ကိုယ်ရည်ကိုယ်သွေးများလည်း ကျဆင်းသည်။ လူအများဧ။် ယုံကြည်အားထားခြင်းလည်း မခံရ။ကျောင်းသားဆိုလည်း ကျောင်းမှန်မှန် မတက်နိုင် အလုပ်သမားဆိုလျှင်လည်း မိမိအလုပ်ကို အာရုံမစူးစိုက်နိုင်။ ကြာတော့ ကျောင်းထုတ်ခံရခြင်း အလုပ်ပြုတ်ချင်း များ ကြုံတွေ့ ကြရသည်။အလုပ်အကိုင်မရှိတော့ ဝင်ငွေမရှိ ဝင်ငွေမရှိတော့ မူးယစ်ဆေးဝါး သုံးစွဲချင်သည့်အခါ ရရာနည်း ဖြင့် ငွေရှာကြသည်။ ဥပမာ သူခိုး ဓားပြ အစရှိသည့် မကောင်းမှု များကို လုပ်ဆောင်ကြသည်။မူးယစ်ဆေးဝါး သုံးစွဲထားသော လူငယ် များသည် များသောအားဖြင့် ရန်လိုကြသည်။ အရိပ်ရန်သူထင်ကာ မိုက်ရူးရဲကြသည်။ပြီးတော့ ပုံမှန်လူတွေထက် ထို လူငယ်တို့ တွင် ရန်ပွဲများ ယာဉ်အန္တရာယ်များပိုမိုဖြစ်ပွားကြသည်။ ကျန်းမာရေး ရှုထောင့်က ကြည့်လျှင်လည်း မူးယစ်ဆေးဝါးကြောင့် ရောဂါပေါင်းစုံရကြသည်။ ကူးစက်ရောဂါများမှ အစ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများတွင် ရောဂါပေါင်းစုံဖြစ်ကြသည်။နိုင်ငံ တစ်ခု တိုးတက်ဖို့  ဆိုလျှင် အခရာ ကျသော လူငယ်ထု တို့ ဧ။် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်မှု မူးယစ်ဆေးဝါး ကင်းစင်မှု တို့ သည်လည်း အဓိကအခန်းမှ ပါဝင်သည်ဟုထင်သည်။မူးယစ်ဧ။် သားကောင် လူငယ်များ ပေါများသော နိုင်ငံတွင် အမှုအခင်းပေါများမှု ကျန်းမာရေးအသုံးစရိတ်များ ပိုမိုသုံးစွဲရမှု အလုပ်လက်မဲ့နှုန်းမြင့်တက်မှု တို့  ကြောင့် နိုင်ငံဧ။် ဖွံဖြိုးတိုးတက်ရေးကိုထိခိုက်စေသည်။ ထိုကြောင့် လူကြီး မိဘ ဆရာသမားများ အနေနှင့် တာဝန်ယူမှုရှိရှိဖြင့် မိမိပတ်ဝန်းကျင် မိမိ ရပ်ရွာအတွင်း လမ်းမှားရောက်နေသော လူငယ်များကိုတွေ့ ရှိပါက လမ်းမှန်သို့ ရောက်အောင် ဆုံးမပဲ့ပြင်သွန်သင်သလို နိုင်ငံဧ။် အစိုးရအနေနှင့်လည်း ထိရောက်သော ဥပဒေများ ထုတ်၍ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ကန့် သတ်ထိန်းချုပ်သင့်သည်။ (ဆက်လက်ရေးသားပါအုံးမည်။ကျွန်တော့်အမြင် ဖြစ်သည့်အတွက် မှားတာပါသလို မှန်တာလည်း ပါနိုင်ပါသည်။လွတ်လပ်စွာ သဘောတူခွင့်ရှိသလို လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်လည်းရှိပါသည်။)ဘကြီး ဖြိုး