~~~ရင်ထဲကငလျင်~~~
မိဘဆိုတာ ဖဝါးလက်နှစ်လုံး ပုခုံး
လက်နှစ်သစ်အရွယ်ကနေစပြီး
ကျွန်တော်တို့ တွေခုလိုလူလား
မြောက်တဲ့အရွယ်အထိအခက်အခဲ
ပေါင်းမြောက်များစွာကိုရင်ဆိုင်
ကျော်လွှားရင်းကျွန်တော်တို့တွေလူ
လူသူသူရပ်တည်နိုင်အောင် ပုခုံးနဲ့
ထမ်းတင်ပေးခဲ့ကြတဲ့သူတွေပါ။
စိတ်ကသိပေမယ့်လည်း အမှုမဲ့
အမှတ်မဲ့သတိမပြုမိတဲ့အရာလေး
တွေဟာကျွန်တော်တို့ရဲ့အနီးအနား
မှာဖြစ်ပျက်နေမှာအမှန်ပါပဲ။
ဘယ်အရာနဲ့မှအစားပြန်ထိုးလို့မရ
နိုင်တော့မယ့်အရာတွေထဲမှာ
မိဘဆိုတာ အရေးအကြီးဆုံးမို့
သတိပြုမိလိုက်ချိန်ဟာ
နောက်မကျဖို့ဘဝမှာအလွန်အရေး
ကြီးမယ်လို့ထင်ပါတယ်။
အလုပ်အကိုင်၊မိတ်ဆွေအပေါင်းအ
သင်း၊ဘဝအခက်အခဲ၊ရပ်တည်ရုန်း
ကန်မှု၊အချစ်ရေးကိစ္စ၊အိမ်ထောင်
ရေးကိစ္စတွေနဲ့ ကျွန်တော်တို့
တစ်တွေလုံးချာလည်လိုက်လာချိန်
ဟာကိုယ်တွေမိဘတွေအသက်
အရွယ်လေးထောက်လာချိန်နဲ့
သိပ်ကွာမယ်မထင်လှပါဘူး။
သူတို့တွေအင်အားနည်းလာချိန်မှာ
ကျွန်တော်တို့တွေသတိမထားမိ
လိုက်တတ်တဲ့အကြောင်းအရာ
လေးတွေက တဖြည်းဖြည်း
ဖြစ်လို့လာနေတာပါ။
အရင်တလောမှာသတိမပြုမိပေ
မယ့် အမေ ထူးထူးဆန်းဆန်း
မေးခွန်းလေးတွေအမေးများလာ
တာတော့အနည်းငယ်ရိပ်မိခဲ့ပါ
တယ်။ " သား remote ထဲ
ထည့်တာဘာ ဓာတ်ခဲလဲ "
" အိမ်မှာသုံးတာ colgate လား
close up လား " စသည်ဖြင့်
မေးလို့လာတတ်ပါတယ်။
ဘာလေးပဲဖြစ်ဖြစ်လာလာမေးနေ
ပေမယ့်အရမ်းတော့သတိမထားခဲ့မိ
တာအမှန်ပါပဲ။ဒီနေ့ညအပြင်ကပြန်
လာတော့အမေအိမ်ရှေ့စားပွဲမှာ
ထိုင်ရင်းစာရွက်လေးတွေကြည့်နေ
ပါတယ်။ " သားကြည့်စမ်း
သန်းခေါင်စာရင်း ဘယ်ဟာက
မူရင်း ဘယ်ဟာက မိတ္တူလဲ "
လို့မေးလာပါတယ်။ "
အဖြူလေးကမိတ္တူဝါကျင့်ကျင့်လေး
ကမူရင်းမေမေ"လို့ဖြေရင်းအခန်းထဲ
ကိုဝင်လာခဲ့ပါတယ်။အမေမေး
လိုက်တဲ့မေးခွန်းက
အချက်ပေးခေါင်းလောင်းသံ
ဒါမှမဟုတ်ရင်ထဲကိုလှုပ်သွားတဲ
့ငလျင် အပြင်းစားပါ။ အမေဟာ
၁၉နှစ်သမီး ကတည်းက
လုပ်သားကောလိပ်တက်ရင်း
အစိုးရနေ့စားရုံးဝန်ထမ်းစလုပ်ခဲ့သူ
ပါ။ စာရွက်စာတမ်းတွေနဲ့
အလွန်ရင်းနှီးသူပါ။ အခုတော့
ကျွန်တော်တောင် ၃၁နှစ်ကို
ချဉ်းကပ်လာချိန်မှာ အမေဟာ
မေ့လျော့ခြင်း ဆိုတဲ့ ဇရာရဲ့
လက္ခဏာတွေပြင်းပြင်းပြပြပေါ်
ပေါက်လာခဲ့ပါပြီ။
သေချာတွေးကြည့်လိုက်တော့မှ
"သော့လေး ဘယ်ချခဲ့လဲ မသိဘူး "
မျက်မှန် ပျောက်နေလို့ " အစရှိတဲ့
အမေ့မေးခွန်းပေါင်းမြောက်များစွာရဲ့
အရင်းအမြစ်ကိုခံစားမိပါတော့
့တယ်။အမေအသက်တော်တော်
်ကြီးပြီပဲဆိုတဲ့အချက်ပေးခေါင်း
လောင်းသံကရင်ထဲကိုလှုပ်ခါစေပါ
တယ်။ တွေးရင်းနဲ့လည်း
ရင်ထဲမှာပိုဝမ်းနည်းလာပါတယ်။
အမေဟာ ငယ်ငယ်ကတည်းက
မိသားစုမှာအကြီးဆုံးမို့
အရာရာဦးဆောင်ခဲ့ရသူပါ။
အိမ်ထောင်ကျတော့လည်း
အမြဲတမ်းအသက်အန္တရာယ်တွေ
ွကြား နေရတဲ့ အဖေ့ အတွက်ပူရ
နောက် ၁၀တန်းအောင်
ကတည်းက သေတ္တာတစ်လုံးနဲ့
ရထားပေါ်တက်သွားကတည်းက
၁နှစ်တစ်ခေါက်ပဲပြန်မြင်ရတော့တဲ့
တစ်ဦးတည်းသောသားအတွက်ပူရ
နဲ့ ဘဝကိုဖြတ်သန်းခဲ့ရတာပါ။
ဒီကြားထဲမှာ " မင်းမှုထမ်း
ကမ်းပါးသစ်ပင် " ဆိုသလို
အန္တရာယ်များတဲ့ ကျွန်တော်တို့
သားအဖ ၂ယောက်လုံးအတွက်
အမြဲစိုးရိမ်နေခဲ့ရတာပါ။ ဘဝမှာ
ကြုံလာသမျှ အခက်အခဲပေါင်း
မြောက်မြားစွာကိုအဝေးကနေပြန်
လာလို့ မရတဲ့ အဖေ့ထက်
အမေကပဲ ဒိုင်ခံရှင်းပေးရတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အနိစ္စ ဒုက္ခ
အနတ္တ ဆိုတဲ့ မမြဲခြင်းတရား
တွေထဲမှာ အမေလည်း
သံသရာခရီးသွားပေမို့ တစ်နေ့မှာ
မလွဲမသွေ ကြုံတွေ့ ရမယ့်
ခရီးဆုံးနေ့တစ်နေ့ဟာ
ရောက်ရှိလာဦးမှာပါ။ အဲဒီလို
နေ့မရောက်ခင်မှာဘယ်လောက်အ
ချိန်ရနိုင်သေးလဲအမေ့အတွက်ဘာ
တွေပြင်ဆင်ပေးနိုင်မလဲ ......
ဘာတွေများအစွမ်းကုန်လုပ်ပေး
လိုက်နိုင်မလဲလို့ တွေးမိတိုင်း
စိတ်မကောင်းခြင်းများစွာနဲ့
ဝမ်းနည်းလာမိပါတယ်။
ဘာပဲပြောပြော စောစောစီးစီး
သတိပြုမိလိုက်တဲ့ အတွက်
အများကြီး မဟုတ်တောင်
ရှေ့လျောက်အရာရာကိုဂရုတစိုက်နဲ
ဖြတ်သန်းသွားနိုင်ဖို့ကြိုးစားရတော့
မှာပါ။ကျွန်တော်တို့ကိုမွေးထုတ်
ပေးခဲ့တယ်လူလားမြောက်ရှင်သန်
ကြီးပြင်းစေခဲ့တယ် ...
ကျွန်တော်တို့ရဲ့
အိပ်မက်တွေအတွက်အဝေးထွက်
ခဲ့ကြရတယ် ကူးခတ်ပျံသန်းရင်း
မဆုံးမဲ့မျှော်လင့်ချက်တွေနောက်ကို
လိုက်နေဆဲမှာ ..... သူတို့တွေ
အိုမင်းလာတယ်အားအင်တွေနည်း
ပါး မှတ်ဥာဏ်လေးတွေချို့
ယွင်းလာကြတယ်။ ကျွန်တော်တို့
လေးဘက်သွားချိန်စပြီးမတ်တပ်ရပ်
ချိန်ကနေကိုယ့်ခြေထောက်ပေါ်ရပ်
ချိန်အထိအမေဟာအနားရှိခဲ့တယ်။
ငယ်ငယ်ကဘာမှနကန်းတစ်လုံး
တောင် မသိတဲ့ အရွယ်ကနေစပြီး
မေးသမျှမေးခွန်းတွေကို ဖြေပြီး
အသိတရားနဲ့ ဥာဏ်ပညာတွေကို
ပေးခဲ့တယ်။အခုသူတို့မှာရပ်တည်
နိုင်စွမ်းတွေတစ်စတစ်စနည်းပါးလာ
ပြီ ... အရာရာမှာ
ကိုယ့်အားကိုယ်မကိုးနိုင်တာတွေ
တဖြည်းဖြည်း များလာချိန်မှာ
အိပ်မက်တွေနောက်ကိုလိုက်ပျံ
သန်းရင်းနဲ့ ....
ဘယ်အချိန်မှာကျွန်တော်တို့
သူတို့ အနားကိုပြန်ကြမှာလဲ?
သူတို့ဘဝနေဝင်ချိန်မှာကျွန်တော်
တို့ တွေရဲ့ ဖေးမမှုမပါဘဲနဲ့
ခြောက်သွေ့အထီးကျန်နေသင့်ပါ
သလား?
ချီပိုးခဲ့သောကျွေးမွေးပြုစုစောင့်
ရှောက်ခဲ့သောသူတို့ရဲ့လက်တွေကို
နွေးထွေးစွာ ပြန်လည် တွဲထူဖို့
ကျွန်တော်တို့ ရနိုင်သေးတဲ့
အချိန်မှာ အနန္တော အနန္တငါးပါးမှာ
ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားဖို့
မြတ်စွာဘုရားမှာကြားခဲ့တဲ့
ကျွန်တော်တို့ မိဘ တွေအတွက်
အကောင်းဆုံးဘာတွေလုပ်ပေးနိုင်
်ကြမလဲ.....
မေးခွန်းပေါင်းများစွာဟာ
ကျွန်တော်တို့ကိုစောင့်ကြိုနေပါ
တယ်။မိမိ၏မိဘနှင့်တကွအိုမင်း
လာသောသက်ကြီးရွယ်အိုတွေကို
သူတို့ရဲ့နေဝင်ချိန်မှာအကောင်းဆုံး
ပြူစုစောင့်ရှောက်ဖို့ ကျွန်တော်တို့
အားလုံးကိုယ်စီကိုယ်ငှမေးခွန်လေး
တွေထုတ်ရင်းပြန်မေးကြည့်သင့်ပါ
ပြီ။ကျွန်တော်လည်းရင်ထဲမှာလှုပ်ခါ
နေတဲ့ငလျင်အတွက်ဒီကနေ့က
စပြီးအကောင်းဆုံးပေးဆပ်ကြိုးစား
သွားတော့မှာပါ။ကြွေးသစ်တွေချ
ရင်းကြွေးဟောင်းဆပ်ဖို့မမေ့လျော့
စေချင်ပါ။
ချစ်သောမိတ်ဆွေအားလုံးလည်း
ကိုယ်စီကိုယ်ငှ မိဘနှစ်ပါး
အတွက်နွေးထွေးကြင်နာမှုတွေပေး
နိုင်ကြပါစေလို့ရင်ထဲကလှိုက်လှိုက်
လှဲလှဲ ဆုတောင်းပါတယ်။
( ကျွန်တော့် မိဘအတွက် အားလုံး
သောမိဘတွေအတွက် )
မျိုးအိမ်ဇန် ( Archangel AK )
29.7.2013 1:10 AM
— with ရုပ် ဆိုး and 95 others.မိဘဆိုတာ ဖဝါးလက်နှစ်လုံး ပုခုံး
လက်နှစ်သစ်အရွယ်ကနေစပြီး
ကျွန်တော်တို့ တွေခုလိုလူလား
မြောက်တဲ့အရွယ်အထိအခက်အခဲ
ပေါင်းမြောက်များစွာကိုရင်ဆိုင်
ကျော်လွှားရင်းကျွန်တော်တို့တွေလူ
လူသူသူရပ်တည်နိုင်အောင် ပုခုံးနဲ့
ထမ်းတင်ပေးခဲ့ကြတဲ့သူတွေပါ။
စိတ်ကသိပေမယ့်လည်း အမှုမဲ့
အမှတ်မဲ့သတိမပြုမိတဲ့အရာလေး
တွေဟာကျွန်တော်တို့ရဲ့အနီးအနား
မှာဖြစ်ပျက်နေမှာအမှန်ပါပဲ။
ဘယ်အရာနဲ့မှအစားပြန်ထိုးလို့မရ
နိုင်တော့မယ့်အရာတွေထဲမှာ
မိဘဆိုတာ အရေးအကြီးဆုံးမို့
သတိပြုမိလိုက်ချိန်ဟာ
နောက်မကျဖို့ဘဝမှာအလွန်အရေး
ကြီးမယ်လို့ထင်ပါတယ်။
အလုပ်အကိုင်၊မိတ်ဆွေအပေါင်းအ
သင်း၊ဘဝအခက်အခဲ၊ရပ်တည်ရုန်း
ကန်မှု၊အချစ်ရေးကိစ္စ၊အိမ်ထောင်
ရေးကိစ္စတွေနဲ့ ကျွန်တော်တို့
တစ်တွေလုံးချာလည်လိုက်လာချိန်
ဟာကိုယ်တွေမိဘတွေအသက်
အရွယ်လေးထောက်လာချိန်နဲ့
သိပ်ကွာမယ်မထင်လှပါဘူး။
သူတို့တွေအင်အားနည်းလာချိန်မှာ
ကျွန်တော်တို့တွေသတိမထားမိ
လိုက်တတ်တဲ့အကြောင်းအရာ
လေးတွေက တဖြည်းဖြည်း
ဖြစ်လို့လာနေတာပါ။
အရင်တလောမှာသတိမပြုမိပေ
မယ့် အမေ ထူးထူးဆန်းဆန်း
မေးခွန်းလေးတွေအမေးများလာ
တာတော့အနည်းငယ်ရိပ်မိခဲ့ပါ
တယ်။ " သား remote ထဲ
ထည့်တာဘာ ဓာတ်ခဲလဲ "
" အိမ်မှာသုံးတာ colgate လား
close up လား " စသည်ဖြင့်
မေးလို့လာတတ်ပါတယ်။
ဘာလေးပဲဖြစ်ဖြစ်လာလာမေးနေ
ပေမယ့်အရမ်းတော့သတိမထားခဲ့မိ
တာအမှန်ပါပဲ။ဒီနေ့ညအပြင်ကပြန်
လာတော့အမေအိမ်ရှေ့စားပွဲမှာ
ထိုင်ရင်းစာရွက်လေးတွေကြည့်နေ
ပါတယ်။ " သားကြည့်စမ်း
သန်းခေါင်စာရင်း ဘယ်ဟာက
မူရင်း ဘယ်ဟာက မိတ္တူလဲ "
လို့မေးလာပါတယ်။ "
အဖြူလေးကမိတ္တူဝါကျင့်ကျင့်လေး
ကမူရင်းမေမေ"လို့ဖြေရင်းအခန်းထဲ
ကိုဝင်လာခဲ့ပါတယ်။အမေမေး
လိုက်တဲ့မေးခွန်းက
အချက်ပေးခေါင်းလောင်းသံ
ဒါမှမဟုတ်ရင်ထဲကိုလှုပ်သွားတဲ
့ငလျင် အပြင်းစားပါ။ အမေဟာ
၁၉နှစ်သမီး ကတည်းက
လုပ်သားကောလိပ်တက်ရင်း
အစိုးရနေ့စားရုံးဝန်ထမ်းစလုပ်ခဲ့သူ
ပါ။ စာရွက်စာတမ်းတွေနဲ့
အလွန်ရင်းနှီးသူပါ။ အခုတော့
ကျွန်တော်တောင် ၃၁နှစ်ကို
ချဉ်းကပ်လာချိန်မှာ အမေဟာ
မေ့လျော့ခြင်း ဆိုတဲ့ ဇရာရဲ့
လက္ခဏာတွေပြင်းပြင်းပြပြပေါ်
ပေါက်လာခဲ့ပါပြီ။
သေချာတွေးကြည့်လိုက်တော့မှ
"သော့လေး ဘယ်ချခဲ့လဲ မသိဘူး "
မျက်မှန် ပျောက်နေလို့ " အစရှိတဲ့
အမေ့မေးခွန်းပေါင်းမြောက်များစွာရဲ့
အရင်းအမြစ်ကိုခံစားမိပါတော့
့တယ်။အမေအသက်တော်တော်
်ကြီးပြီပဲဆိုတဲ့အချက်ပေးခေါင်း
လောင်းသံကရင်ထဲကိုလှုပ်ခါစေပါ
တယ်။ တွေးရင်းနဲ့လည်း
ရင်ထဲမှာပိုဝမ်းနည်းလာပါတယ်။
အမေဟာ ငယ်ငယ်ကတည်းက
မိသားစုမှာအကြီးဆုံးမို့
အရာရာဦးဆောင်ခဲ့ရသူပါ။
အိမ်ထောင်ကျတော့လည်း
အမြဲတမ်းအသက်အန္တရာယ်တွေ
ွကြား နေရတဲ့ အဖေ့ အတွက်ပူရ
နောက် ၁၀တန်းအောင်
ကတည်းက သေတ္တာတစ်လုံးနဲ့
ရထားပေါ်တက်သွားကတည်းက
၁နှစ်တစ်ခေါက်ပဲပြန်မြင်ရတော့တဲ့
တစ်ဦးတည်းသောသားအတွက်ပူရ
နဲ့ ဘဝကိုဖြတ်သန်းခဲ့ရတာပါ။
ဒီကြားထဲမှာ " မင်းမှုထမ်း
ကမ်းပါးသစ်ပင် " ဆိုသလို
အန္တရာယ်များတဲ့ ကျွန်တော်တို့
သားအဖ ၂ယောက်လုံးအတွက်
အမြဲစိုးရိမ်နေခဲ့ရတာပါ။ ဘဝမှာ
ကြုံလာသမျှ အခက်အခဲပေါင်း
မြောက်မြားစွာကိုအဝေးကနေပြန်
လာလို့ မရတဲ့ အဖေ့ထက်
အမေကပဲ ဒိုင်ခံရှင်းပေးရတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အနိစ္စ ဒုက္ခ
အနတ္တ ဆိုတဲ့ မမြဲခြင်းတရား
တွေထဲမှာ အမေလည်း
သံသရာခရီးသွားပေမို့ တစ်နေ့မှာ
မလွဲမသွေ ကြုံတွေ့ ရမယ့်
ခရီးဆုံးနေ့တစ်နေ့ဟာ
ရောက်ရှိလာဦးမှာပါ။ အဲဒီလို
နေ့မရောက်ခင်မှာဘယ်လောက်အ
ချိန်ရနိုင်သေးလဲအမေ့အတွက်ဘာ
တွေပြင်ဆင်ပေးနိုင်မလဲ ......
ဘာတွေများအစွမ်းကုန်လုပ်ပေး
လိုက်နိုင်မလဲလို့ တွေးမိတိုင်း
စိတ်မကောင်းခြင်းများစွာနဲ့
ဝမ်းနည်းလာမိပါတယ်။
ဘာပဲပြောပြော စောစောစီးစီး
သတိပြုမိလိုက်တဲ့ အတွက်
အများကြီး မဟုတ်တောင်
ရှေ့လျောက်အရာရာကိုဂရုတစိုက်နဲ
ဖြတ်သန်းသွားနိုင်ဖို့ကြိုးစားရတော့
မှာပါ။ကျွန်တော်တို့ကိုမွေးထုတ်
ပေးခဲ့တယ်လူလားမြောက်ရှင်သန်
ကြီးပြင်းစေခဲ့တယ် ...
ကျွန်တော်တို့ရဲ့
အိပ်မက်တွေအတွက်အဝေးထွက်
ခဲ့ကြရတယ် ကူးခတ်ပျံသန်းရင်း
မဆုံးမဲ့မျှော်လင့်ချက်တွေနောက်ကို
လိုက်နေဆဲမှာ ..... သူတို့တွေ
အိုမင်းလာတယ်အားအင်တွေနည်း
ပါး မှတ်ဥာဏ်လေးတွေချို့
ယွင်းလာကြတယ်။ ကျွန်တော်တို့
လေးဘက်သွားချိန်စပြီးမတ်တပ်ရပ်
ချိန်ကနေကိုယ့်ခြေထောက်ပေါ်ရပ်
ချိန်အထိအမေဟာအနားရှိခဲ့တယ်။
ငယ်ငယ်ကဘာမှနကန်းတစ်လုံး
တောင် မသိတဲ့ အရွယ်ကနေစပြီး
မေးသမျှမေးခွန်းတွေကို ဖြေပြီး
အသိတရားနဲ့ ဥာဏ်ပညာတွေကို
ပေးခဲ့တယ်။အခုသူတို့မှာရပ်တည်
နိုင်စွမ်းတွေတစ်စတစ်စနည်းပါးလာ
ပြီ ... အရာရာမှာ
ကိုယ့်အားကိုယ်မကိုးနိုင်တာတွေ
တဖြည်းဖြည်း များလာချိန်မှာ
အိပ်မက်တွေနောက်ကိုလိုက်ပျံ
သန်းရင်းနဲ့ ....
ဘယ်အချိန်မှာကျွန်တော်တို့
သူတို့ အနားကိုပြန်ကြမှာလဲ?
သူတို့ဘဝနေဝင်ချိန်မှာကျွန်တော်
တို့ တွေရဲ့ ဖေးမမှုမပါဘဲနဲ့
ခြောက်သွေ့အထီးကျန်နေသင့်ပါ
သလား?
ချီပိုးခဲ့သောကျွေးမွေးပြုစုစောင့်
ရှောက်ခဲ့သောသူတို့ရဲ့လက်တွေကို
နွေးထွေးစွာ ပြန်လည် တွဲထူဖို့
ကျွန်တော်တို့ ရနိုင်သေးတဲ့
အချိန်မှာ အနန္တော အနန္တငါးပါးမှာ
ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားဖို့
မြတ်စွာဘုရားမှာကြားခဲ့တဲ့
ကျွန်တော်တို့ မိဘ တွေအတွက်
အကောင်းဆုံးဘာတွေလုပ်ပေးနိုင်
်ကြမလဲ.....
မေးခွန်းပေါင်းများစွာဟာ
ကျွန်တော်တို့ကိုစောင့်ကြိုနေပါ
တယ်။မိမိ၏မိဘနှင့်တကွအိုမင်း
လာသောသက်ကြီးရွယ်အိုတွေကို
သူတို့ရဲ့နေဝင်ချိန်မှာအကောင်းဆုံး
ပြူစုစောင့်ရှောက်ဖို့ ကျွန်တော်တို့
အားလုံးကိုယ်စီကိုယ်ငှမေးခွန်လေး
တွေထုတ်ရင်းပြန်မေးကြည့်သင့်ပါ
ပြီ။ကျွန်တော်လည်းရင်ထဲမှာလှုပ်ခါ
နေတဲ့ငလျင်အတွက်ဒီကနေ့က
စပြီးအကောင်းဆုံးပေးဆပ်ကြိုးစား
သွားတော့မှာပါ။ကြွေးသစ်တွေချ
ရင်းကြွေးဟောင်းဆပ်ဖို့မမေ့လျော့
စေချင်ပါ။
ချစ်သောမိတ်ဆွေအားလုံးလည်း
ကိုယ်စီကိုယ်ငှ မိဘနှစ်ပါး
အတွက်နွေးထွေးကြင်နာမှုတွေပေး
နိုင်ကြပါစေလို့ရင်ထဲကလှိုက်လှိုက်
လှဲလှဲ ဆုတောင်းပါတယ်။
( ကျွန်တော့် မိဘအတွက် အားလုံး
သောမိဘတွေအတွက် )
မျိုးအိမ်ဇန် ( Archangel AK )
29.7.2013 1:10 AM