"သခွပ်တွေပွင့်လေတိုင်း"
ကိုမာဃကြီးတို့နတ်ပြည်ရောက်လာတော့ နတ်သားအသစ်တွေပေါ့။ နဂိုကတည်းကရောက်နေတဲ့ ဝေပစိတ္တိကြီးတို့က အရက်သမားနတ်သားတွေပေါ့။ ဒီတော့ လိုင်းမတူလို့ဝေပစိတ္တိကြီးတို့မူးနေတုန်း မြင်းမိုရ်တောင်ပေါ်ကနေ ပစ်ချလိုက်ကြတယ်တဲ့။ အောက်မှာ အသူရာဆိုတဲ့နတ်ဘုံပေါ်သတဲ့။
တာဝတိံသာမှာ ပင်လယ်ကသစ်ပင်။ ပင်လယ်ကသစ်ရဲ့အရင်းမှာ ပဏ္ဍုကမ္ဗလာကျောက်ဖျာရှိတယ်။ သစ်ပင်မှာ အခေါက်တွေမတွေ့ရဘူးတဲ့။ အဲ့ဒီကျောက်ဖျာကနေ ဗုဒ္ဓဝါတွင်းသုံးလ တရားဟောတာပေါ့။ အဘိဓမ္မာတရားပေါ့။ အဲ့ကနေပြီး သီတင်းကျွတ်လပြည့်ညမှာ လူ့ပြည်ပြန်ကြွတယ်။
အခုတရားထိုင်ပြီး ဥပစာရသမာဓိနဲ့နိမိတ်အလင်းရတဲ့ယောဂီတွေမှာ ဒီသစ်ပင်ကြီးကို သွားကြည့်တဲ့သူတွေရှိတယ်ဆိုပဲ။ သစ်ရွက်တွေက လူ့ပြည်က စကားပင်ကအရွက်တွေ နဲ့တူတယ်ဆိုပဲ။ အခုခေတ်မှာလက်တွေ့စမ်းသပ်လို့ရပါတယ်။
ဝေပစိတ္တိတို့အသူရာနတ်ဘုံမှာ သခွပ်ပင်သခွပ်ပန်းတွေပွင့်ရင် မူးနေတဲ့ အသူရာနတ်တွေဟာ သူတို့ဘုံကို ကိုမာဃ တို့တစ်သိုက်လုသွားတဲ့ တာဝတိံသာနတ်ပြည်ကို သတိရမိတယ်။ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး စစ်ခင်းကြတယ်တဲ့။ ဒေါသထွက်လဲ ထွက်ချင်စရာ။ သူတို့ဆီက ဘုံကိုလဲလုသေးတယ်။ နောက်နတ်အသူရာတွေ အသဲကျော် ဝေပစိတ္တိကြီးရဲ့သမီးလေးကိုလဲ ကိုမာဃက အလစ်သုတ်သွားသေးတာကိုး။
သူတို့စစ်ခင်းကြတာရီချင်စရာကြီး။ ဘယ်တော့မှ သေတာလဲမရှိဘူး။ တစ်ဖက်က ဖိတိုက်လိုက်လို့ ဆုတ်ရရင် နောက်ဆုံးကိုယ့်မြို့ထဲကိုဝင်ပြီး နတ်မြို့တံခါးပိတ်လိုက်ရင် တစ်ဖက်က လိုက်တိုက်လို့မရတော့ဘူးတဲ့။ အဲ့လိုစစ်တိုက်ကြတာ တစ်ရက် သိကြားမင်းက သူ့သားတော်ကို ပျင်းနေလို့ လောကကြီးမှာ ဝီရိယမစိုက်ဘဲ နေလို့ရတဲ့ဘုံရှိရင် ရှာကြည့်ပါ။ အဲ့ဒါကိုတွေ့ရင်ငါ့ကိုပါလာခေါ်လှ ည့်ပါလို့ ခပ်ရွဲ့ရွဲ့ ဆုံးမသတဲ့။ နောက်စစ်တိုက်ကြတဲ့အခါ နတ်တွေကို မကြောက်ကြနဲ့ ကြောက်ရင် နတ်စစ်သူကြီးတွေရဲ့အလံကိုကြည့်ြ က။ ဒါဆိုမင်းတို့အကြောက်ပြေလိမ့်မယ်။ ဒါမှမဟုတ်၇င် ငါသိကြားမင်းရဲ့အလံကိုကြည့်ကြ။ မင်းတို့အကြောက်ပြေလိမ့်မယ်လို့ ပြောသတဲ့။ အဲ့ဒါကို ဗုဒ္ဓက ပြန်ဟောပြီး သိကြားမင်းအလံကိုကြည့်လို့ အကြောက်မပြေဘူး။ ဘာလို့လဲဆိုတော့ သိကြားမင်းကိုယ်တိုင်ကြောက်တတ်လို့ပါပဲ။ တစ်ကယ်အကြောက်တရားကင်းတဲ့ ကိလေသာစင်တဲ့ ဗုဒ္ဓဂုဏ်တွေကိုနှလုံးသွင်းရင်အေ ကြာက်တရား ကင်းစင်ပါစေတယ်ဆိုပြီး ဓဇဂ္ဂသုတ်ကိုဟောပါတယ်။ ဓဇဂ္ဂသုတ်က ခက်လို့ ရှင်ကိုဖျက်ဓဇက်လို့ လဲ စာချိုးရှိကြသတဲ့။
တစ်ဖက်နဲ့တစ်ဖက် စစ်ခင်းကြရင်း တစ်ခါမှာ စစ်ရှုံးနဲ့နတ်စစ်တပ်ကြီးဟာ လူ့ပြည်က ကြာကန်ကြီးတစ်ကန်ထဲက ကြာပွင့်ကြီးတစ်ခုထဲကို တန်ခိုးနဲ့ဝင်ပုန်းပါသတဲ့။ အဲ့ဒါကို လူတစ်ယောက်က မြင်ကော။ နောက်ကနေ နတ်စစ်တပ်ကြီးတစ်ခုက လိုက်လာတာကိုလဲမြင်တယ်။ နောက် ကြာပွင့်ထဲကနေ နတ်စစ်တပ်ကြီးပုန်းပြီးပြန်ထွက် သွားတာကိုလဲမြင်တယ်တဲ့။ ဒါကို သူက လူတွေကိုပြောတော့ သူ့ကိုအရူးလို့ပြောတယ်တဲ။ ဗုဒ္ဓက အေး...သူမြင်တာအမှန်ပဲ။ ဒါပေမယ့် လူတွေဟာ လောကအကြောင်းကို အကုန်အစင်မသိတော့ အရူးဖြစ်တာပေါ့ကွာ ဆိုပြီး လောကမှာ အကြံစည်အပ်တဲ့ လောကစိန္တာရားကိုဟောသတဲ့။ လောကရဲ့အကြောင်းအကုန်အစင်ကို သိဖို့ခက်တယ်ပေါ့။
ဒီလိုဆိုတော့ ဗုဒ္ဓရဲ့သဗ္ဗညုဥာဏ်တော်အစွမ်းက ဘယ်လိုလဲပေါ့။ အကုန်သိတယ်ပေါ့။ ဘယ်လောက်အထိသိလဲဆိုရင် သစ်ပင်တစ်ပင်ကို ကြည့်လိုက်တာနဲ့ဒီသစ်ပင်မှာ ဘယ်ဓါတ်ကဲတယ်။ ဘယ်လိုဓါတ်ကဲလို့ဘယ်လိုပန်းပွင့် တယ်ဆိုတာအကြွင်းမဲ့ အကြောင်းအကုန်အစင်သိတော်မူတယ်တဲ့ ။ လောကကြီးရဲ့အကြောင်းအကျိုးတွေအားလုံးကိုသိချင်ရင် ပဌာန်းကျမ်းကို ဆင်ခြင်လို့ရပါတယ်တဲ့။ ပဌာန်းကျမ်းကြီးထဲမှာ လောကကြီးရဲ့အကြော်းအကျိုးကုန်စင်အောင် ပါတယ်ဆိုပါတယ်။ ဒါကြောင့် သဗ္ဗညုဥာဏ်တော်ကြီးနဲ့ ပဌာန်းကျမ်းကို ဆင်ခြင်ရတဲ့အခါကျမှ တိမိင်္ဂလငါးကြီးတွေဟာ မဟာသမုဒ္ဒရာထဲမှာ လွတ်လပ်စွာပျော်သလို ဥာဏ်တွေအစွမ်းကုန်ပွင့်လန်းပြီး ရောင်ခြည်တော်ခြောက်သွယ်မြူးလာတာပါတဲ့။ ရောင်ခြည်တော်မြူးရတဲ့အကြောင်းရ င်းက စိတ်တွေအရမ်းကြည်လင်လာလို့ စိတ်ကနေဖြစ်တဲ့ စိတ္တဇရုပ်တွေဟာ အရမ်းကိုကြည်လင်တောက်ပလာပြီး အရိုးက အဖြူောင်၊ သွေးက အနီရောင်၊ အသားက အဝါရောင်၊ အသည်းတွေက နီညိုရောင်တွေ ထွက်လာတာတဲ့။
ဒီတော့ လောကစိန္တာလို လောကရဲ့အကြောင်းကိုအကုန်သိပေမယ့်  ဗုဒ္ဓ ယင်းတိုက်တောကျောင်းမှာ ယင်းတိုက်ရွက်တွေကိုကြည့်ပြီး ငါမဟောတဲ့တရားတွေက အများကြီးလို့ပြောတယ်။ ဒါပေမယ့် နိဗ္ဗာန်ရောက်ကြောင်းတွေကိုကုန်ေ အာင်ဟောခံပြီးပြီလို့ ပြောခဲ့ပါတယ်။ လောကကြီးမှာ ထူးဆန်းတာတွေအများကြီး ....အားလုံးထူးဆန်းတိုင်း နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သေးဘူးလို့ မက်ဆေ့ပေးသွားတာပေါ့နော်။ မဟာပရိနိဗ္ဗာနသုတ်မှာကျတော့ ဗုဒ္ဓမရှိရင်ဘယ်လိုနေရမလဲလို့ညီေ တ်ာအာနန္ဒာက ငိုကြွေးတော့ ဘုရားက ဓမ္မဟာ မင်းတို့ဆရာပဲလေကွာလို့မိန့်ပါတ ယ်။ ဒီလိုမိန့်တာကို ဗုဒ္ဓကိုယ်တိုင်လဲကျင့်သုံးတယ်တဲ့ ။ ဘုရားဖြစ်ပြီးလောကသုံးပါး မှာ ဘယ်သူငါ့ထက်ကြီးမြတ်တာရှိသေးလြဲ ကည့်တော့ သီလ၊ သမာဓိ၊ပညာအရာမှာ သူ့ထက်ကြီးမြတ်သူတစ်ယောက်မှမတွေ့ ပါဘူးတဲ့။ ဒီတော့ ငါ့ကိုဥာဏ်အလင်းပေးတဲ့ဓမ္မသည်သာ ငါ့ဆရာဆိုပြီး အဲ့ဒါကိုပဲ ဆောင်ပြီးနေပါတယ်တဲ့။ သဘာဝဓမ္မနော်။ ဗုဒ္ဓတီထွင်ထားတဲ့ ဓမ္မမဟုတ်။ အဲ့ဒါကို ပြောသလိုကျင့်တဲ့ တထာဂတ လို့ခေါ်ပါတယ်တဲ့။
သခွပ်တွေပွင့်လေတိုင်းမှာ ဝေပစိတ္တိတို့နဲ့ ကိုမာဃတို့ စစ်ခင်းတုန်းလို့ဆိုပါတယ်။ ကိုမာဃကြီးကတော့ သေခါနီးဆဲဆဲ သက္ကပညှသုတ်ကိုနာပြီ ဘ၇န်းနယူးသိကြားအသစ်စက်စက်ကြီြး ပန်ဖြစ်သွား၇ပါတယ်။ အခုခေတ်က ဘုရားသာသနာမဟုတ်၊ သိကြားသာသနာလို့ခေါ်ကြပါတယ်တဲ့။ ဒါပေမယ့် ဒီသိကြားမင်းဟာ ခဏခဏ မေ့တတ်တယ်ပေါ့။ တစ်ရက်မှာ ရှင်မောဂ္ဂလာန်ကြီး သမာပတ်က နိုးထတော့ ဘုရားရှင်တရားဟောတာကို သတိမရမိဘူးတဲ့။ ဒီတော့ ဘုရားရှင်တရားကို နားတဲ့ သိကြားမင်းဆီသွားမေးတယ်တဲ့။ သိကြားမင်းက သူ့နတ်သမီးလေးတွေနဲ့နှပ်နေတော့ တရားကိုမေ့နေရောတဲ့။ ဒီတော့ သူ့ကို ဆုံးမဦးမှပဲဆိုပြီး ဝေဇယန္တာပြဿဒ်ကို ခြေမနဲ့ညှပ်ပြီး လှုပ်ယမ်းပစ်တယ်တဲ့။ ဘယ်လိုတန်ခိုးကိုသုံးလဲဆိုတော့ ပြသာဒ်အခြေကို ရေလိုဖြစ်သွားအောင်အရင်ဝင်စားတယ်။ ပြီးတော့မှ အရွေ့သဘော ဝါယောကသိုဏ်းကိုဝင်စားပြီး ယမ်းခါပစ်တယ်လို့ ဆိုတယ်။ ဒီတော့မှ ကြောက်အားလန့်အားနဲ့ သတိရပါပြီ။ မူးနောက်လှပါပြီဆိုပြီး အသိတရားဝင်တယ်တဲ့။ သခွပ်တွေပွင့်လေတိုင်းစစ်ခင်းကြ တဲ့ သိကြားနဲ့သူရာတို့ ထဲက သိကြားစောင့်တဲ့သာသနာဆိုတာ အမေ့အလျော့ကြီးတဲ့ ကိုမာဃကြီးအတွက် ခက်နေမယ်ထင်ပါရဲ့။
ကိုမာဃကြီးတို့နတ်ပြည်ရောက်လာတေ
တာဝတိံသာမှာ ပင်လယ်ကသစ်ပင်။ ပင်လယ်ကသစ်ရဲ့အရင်းမှာ ပဏ္ဍုကမ္ဗလာကျောက်ဖျာရှိတယ်။ သစ်ပင်မှာ အခေါက်တွေမတွေ့ရဘူးတဲ့။ အဲ့ဒီကျောက်ဖျာကနေ ဗုဒ္ဓဝါတွင်းသုံးလ တရားဟောတာပေါ့။ အဘိဓမ္မာတရားပေါ့။ အဲ့ကနေပြီး သီတင်းကျွတ်လပြည့်ညမှာ လူ့ပြည်ပြန်ကြွတယ်။
အခုတရားထိုင်ပြီး ဥပစာရသမာဓိနဲ့နိမိတ်အလင်းရတဲ့ယေ
ဝေပစိတ္တိတို့အသူရာနတ်ဘုံမှာ သခွပ်ပင်သခွပ်ပန်းတွေပွင့်ရင် မူးနေတဲ့ အသူရာနတ်တွေဟာ သူတို့ဘုံကို ကိုမာဃ တို့တစ်သိုက်လုသွားတဲ့ တာဝတိံသာနတ်ပြည်ကို သတိရမိတယ်။ ဒေါသအမျက်ချောင်းချောင်းထွက်ပြီ
သူတို့စစ်ခင်းကြတာရီချင်စရာကြီ
တစ်ဖက်နဲ့တစ်ဖက် စစ်ခင်းကြရင်း တစ်ခါမှာ စစ်ရှုံးနဲ့နတ်စစ်တပ်ကြီးဟာ လူ့ပြည်က ကြာကန်ကြီးတစ်ကန်ထဲက ကြာပွင့်ကြီးတစ်ခုထဲကို တန်ခိုးနဲ့ဝင်ပုန်းပါသတဲ့။ အဲ့ဒါကို လူတစ်ယောက်က မြင်ကော။ နောက်ကနေ နတ်စစ်တပ်ကြီးတစ်ခုက လိုက်လာတာကိုလဲမြင်တယ်။ နောက် ကြာပွင့်ထဲကနေ နတ်စစ်တပ်ကြီးပုန်းပြီးပြန်ထွက်
ဒီလိုဆိုတော့ ဗုဒ္ဓရဲ့သဗ္ဗညုဥာဏ်တော်အစွမ်းက ဘယ်လိုလဲပေါ့။ အကုန်သိတယ်ပေါ့။ ဘယ်လောက်အထိသိလဲဆိုရင် သစ်ပင်တစ်ပင်ကို ကြည့်လိုက်တာနဲ့ဒီသစ်ပင်မှာ ဘယ်ဓါတ်ကဲတယ်။ ဘယ်လိုဓါတ်ကဲလို့ဘယ်လိုပန်းပွင်
ဒီတော့ လောကစိန္တာလို လောကရဲ့အကြောင်းကိုအကုန်သိပေမယ်
သခွပ်တွေပွင့်လေတိုင်းမှာ ဝေပစိတ္တိတို့နဲ့ ကိုမာဃတို့ စစ်ခင်းတုန်းလို့ဆိုပါတယ်။ ကိုမာဃကြီးကတော့ သေခါနီးဆဲဆဲ သက္ကပညှသုတ်ကိုနာပြီ ဘ၇န်းနယူးသိကြားအသစ်စက်စက်ကြီြး