Quantcast
Viewing all articles
Browse latest Browse all 1811

Freedom Of Expression

 

"Freedom Of Expression"

လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ဒါမှမဟုတ်လွတ်လပ်စွာ စကားပြောခွင့် စတာတွေကို Freedom of Expression လို့ခေါ်ကြတယ်။ ဒီလို လွတ်လပ်စွာ ဆိုတဲ့ စကားလုံးဟာ အရေးကြီးပါတယ်။ လွတ်လပ်ခြင်း Freedom ဆိုတာ လူ့ဘောင်တစ်ခုထဲမှာနေရင် အဆုံးမဲ့လွတ်လပ်ခြင်း (Absolute Freedom) မဟုတ်သေးဘူး။ အစိုးရ၊ ဥပဒေ၊ လူ့ယဉ်ကျေးမှု စတာတွေရဲ့ ဘောင်တွေနဲ့ကန့်သတ်ထားကြမြဲပါ။

အင်တာနက်ပေါ်မှာ၊ ရေဒီယို တယ်လီဗေးရှင်းအစီအစဉ်တွေမှာ၊ နောက် အနုပညာဖော်ကျူးမှုတွေမှာ မိမိတို့ ယုံကြည်ရာကို အစိုးရက အနှောက်အယှက်မပေးဘဲ လွတ်လွတ်လပ်လပ် ဖော်ကျုးခွင့်ရှိကြတယ်။ ဒီလွတ်လပ်ခွင့်ဟာ ဘယ်လောက်အထိရှိနေလဲ။

ဒီလွတ်လပ်ခွင့်ဆိုတာ နိုင်ငံတော်လုံခြုံရေး၊ လူထုအန္တရာယ်ဖြစ်မယ့်ကိစ္စ၊ နောက် မှုခင်းတွေပိုဖြစ်စေနိုင်တဲ့ကိစ္စတွေ၊ အခြားသူတွေရဲ့ သိက္ခာနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ Confidential ထားရမယ့် သတင်းအချက်အလက်တွေ (ဥပမာ ဆရာဝန်တွေ၊ ရှေ့နေတွေ သူတို့ လူနာ၊ အမှုသည်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေကို သိမ်းဆည်းထားရတာ၊ နောက် အယ်ဒီတာတွေ က စာရေးသူတစ်ယောက်နာမည်ကိုအကြောင်းမဲ့ထုတ်မပေးတာ) နောက် လူမျိုးရေး၊ ဘာသာရေးကြောင့် အမုန်းပွားစေမယ့် ကိစ္စတွေမှာ ဥပဒေနဲ့ကန့်သတ်ထားတယ်။ The Law says No ဖြစ်သော ကိစ္စများပေါ့။

ဗြိတိန်နိုင်ငံရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ဥပဒေ ပုဒ်မ (၁ဝ) မှာဒီိလိုတွေ့ရတယ်။ ပြန်ဆိုချက်ကတော့ ကိုယ်နားလည်သလိုပေါ့လေ။

1. Everyone has the right to freedom of expression. This right shall include freedom to hold opinions and to receive and impart information and ideas without inference by public authority and regardless of frontiers. This Article shall not prevent States from requiring the licensing of broadcasting, television or cinema enterprises.

2. The exercise of these freedoms, since it carries with it duties and responsibilities, may be subject to such formalities, conditions, restrictions or penalties as are prescribed by law and are necessary in a democratic society, in the interests of national security, territorial disorder or crime, for the protection of health or morals, for the protection of the reputation or rights of others, for preventing the disclosure of information received in confidence, or for maintaining the authority and impartiality of the judiciary.

(၁)က လူတိုင်းမှာ လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိတယ်။ ကိုယ်ပိုင်အမြင်တွေကိုအစိုးရက အနှောင့်အယှက်မပြုဘဲ လွတ်လပ်စွာ ထုတ်ဖော်နိုင်ပါတယ်။ ဒီပုဒ်မဟာ အစိုးရဆီကနေ ရုပ်သံထုတ်လွင့်ရင် လိုင်စင်တောင်းရမယ်ဆိုတာအတွက်တော့ အကျုံးမဝင်ဘူးဆိုတဲ့သဘော။ လိုအပ်ရင်အစိုးရက ချုပ်ရမယ်ပေါ့။

(၂) ကတော့ အပေါ်မှာဖော်ပြထားတဲ့အချက်တွေကို ဖောက်ဖျက်ရင် ပြစ်ဒဏ်ချခွင့်နဲ့ကန့်သတ်ခွင့်ရှိတယ်ဆိုတဲ့ အချက်ပါပဲ။

အဲ့ဒီအချက်ထဲမှာတွေ့ရတာက နိုင်ငံတော်လုံခြုံရေးကို ထိပ်တန်းထားစဉ်းစားတယ်ဆိုတဲ့အချက်ပါပဲ။

Freedom of Expression ဆိုတာဟာ Universal Human Right Declaration အောက်က Article 19 မှာပါပါတယ်။ အဲ့ဒါ လူ့ရပိုင်ခွင့်၊ နိုင်ငံရေးအရ ရပိုင်ခွင့်တစ်မျိုးပါပဲ။ အဲ့ဒါကို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ International Covenant on Civil and Political Rights (ICCPR) အဖွဲ့က အသိအမှတ်ပြုထားပါတယ်။ ၁၉၇၆ မတ်လ ၂၃ ရက်နေ့မှာ စပြီးသက်ရောက်တယ်လို့ဆိုတယ်

ဒီ Freedom of Expression ကိုကန့်သတ်ချက်တွေလုပ်ကြတဲ့အခါမှာ အများဆံးစဉ်းစားတဲ့မူက Harm Principle လို့ခေါ်တဲ့ သဘောတရားမျိုးပါ။ လွှတ်ထားပေးရင်ဘေးဒုက္ခဖြစ်သွားမယ်ဆိုတဲ့သဘောမျိုးပေါ့။ ပြင်သစ်နိုင်ငံရဲ့ ၁၇၈၉ ခုနှစ်က Declaration of Human and Civic Right မှာကျတော့ လွတ်လပ်ခြင်းဟာ တစ်ခြားသူအတွက် ဒဏ်ရာဒဏ်ချက်မဖြစ်စေရဆိုတာနဲ့ သတ်မှတ်ထားတယ်။လွတ်လပ်စွာထုတ်ဖော်ခြင်းဟာ တစ်ဖက်သား သိက္ခာကျ ဘဝပျက်ဆိုတာမျိုးမဖြစ်ရဘူးပေါ့။ နောက်ဒါနဲ့ ခပ်ဆင်ဆင်ကတော့ Offense Principle လို့ခေါ်တဲ့သဘောတရားမျိုး။ Offense Principle မှာကျတော့ (၁) Wrongdoing လို့ခေါ်တဲ့ အပြောအဆိုအပြုအမူဟာ မှားနေရမယ်၊ (၂) အဲ့ဒီအပြုအမူဟာ ဘေးဥပါဒ်ဖြစ်စေရမယ်ဆိုတဲ့သဘောတ၇ားပါတယ်။ ဒီအတွေးအခေါ်တွေနဲ့ Freedom of Expression ကိုကန့်သတ်သင့်မကန့်သတ်သင့်စဉ်းစားကြတယ်။ ဥပမာ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကိုပိတ်ပင်ခြင်းမျိုးပေါ့။

အခြေခံအားဖြင့် လွတ်လပ်စွာထုတ်ဖော်တယ်၊ ဝေဖန်တယ်ဆိုတာ သူများကို သိက္ခာကျအောင်စွပ်စွဲအပုပ်ချတာမျိုးမဖြစ်ရဘူး၊ သူများဘဝပျက်သွားအောင်ထိုးနှက်တာမဟုတ်ရဘူး၊ သူများ အမြတ်နိုးထားတဲ့ အရာကို စိတ်ဆင်းရဲသွားအောင်မလုပ်ရဘူး (ဥပမာ ဘာသာရေး)၊ နောက် လူမျိုးရေးတွေ အသားရောင်တွေကြောင့်၊ လိင်ကြောင့် ဥပမာ (မိန်းမလျာ၊ ယောက်ျားလျာဖြစ်လို့) မချိုးဖဲ့ရဘူး၊ အကြမ်းဖက်ဖို့ မှုခင်းတစ်ခုဖြစ်မြောက်ဖို့ အားပေးနေတာမျိုးတွေ မဖြစ်ရဘူး ဆိုတာကို အခြေခံနားလည်စေချင်တာပါပဲ။

Ref: "Freedom of Expression", Wiki
"Equality and Human Right Commission", U.K.
"Rethinking the Offense Principle", A.P Simester and Andrew Von Hirsch<School of Law>

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...