Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

လက်သီးကြီးကြီးနဲ့ထိုးလို့ ဓားသေးသေးလေးနဲ့ပြန်ထိုးတာပါ

$
0
0
Photo: လက်သီးကြီးကြီးနဲ့ထိုးလို့ ဓားသေးသေးလေးနဲ့ပြန်ထိုးတာပါ ………………………   “ မတရားခံရတာပါ..မတရားခံရတာပါ..“  နန်းတော်ရှေ့က  စည်ကြီးကိုတီးပြီး … မတရားခံရကြောင်း .. မင်းကြီးသိအောင်တိုင်တန်းနေပါတယ်။  “ ဟဲ့.. မင်းကြီးများ..စည်တော်တီးနေတာ ဘယ်သူလဲကွဲ့ နန်းတော်သွင်း အကြောင်းရင်းလျှောက် တင်စမ်း ”  “ မှန်လှပါ ”  နန်းတွင်း ဘုရင့်ရှေ့မှောက် ဒူးထောက်ဦးညွတ်လိုက်ပါသည်။  “ မင်းကြီး ကျွန်တော်မျိုးတို့ မိသားစု မတရားစွပ်စွဲခံရကြောင်းပါ ”  “ အကြောင်းရင်းအမှန်ကို ရဲရဲလျှောက်တင်စမ်း ”  “ မင်းကြီးရဲ့ ၀န်ကြီးထဲက တစ်ယောက်က ကျွန်တော်မျိုးတို့ မိသားစုကို မတရား စေခိုင်း၊ အနိုင်ကျင့် ကြောင်းပါ ”  ကျွန်တော် ပျင်းပျင်းရှိတာနဲ့ တရုတ်ကားထိုင်ကြည့်နေခြင်းဖြစ်သည်။  တရုတ်ကားထဲက ဇာတ်ဝင်ခန်းကို ကြည့်ရင်း  ကြားဖူးတာလေးတစ်ခုကို သတိရမိလိုက်သည်။  တရားရုံးတစ်ခုတွင် တရားခံတစ်ဦးကို စစ်ဆေးမေးမြန်းနေခြင်းဖြစ်သည်။  တရားခံက  “ သူက ကျွန်နော့်ကို လက်သီးကြီးကြီးနဲ့ စထိုးပါတယ်၊ ဒီတော့ ကျွန်တော်က သည်းမခံနိုင်တော့လို့ ဓား လေးနဲ့ ပြန်ထိုးတာပါ ”တဲ့။  အော်.. ဓားနဲ့ထိုးတဲ့သူက သူ့အပြစ် သေးအောင် ဓားသေးသေးလေးပါတဲ့။ တစ်ဘက်သူက လက်သီးနဲ့ ထိုးတာကျတော့ လက်သီးကြီးကြီးတဲ့။  ငယ်တဲ့အမှုကြီးအောင်… ကြီးတဲ့အမှု.သောက်ကျိုးနည်းအောင် လုပ်နေကြတာမဟုတ်ပါလား။ ………………..  ကျွန်တော်တို့ မြန်မာစကားမှာ “ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေ ”တဲ့။  ဒီစကားဟာ လူမှု နယ်ပယ်မှာတော့ တရားတဘောင်မဖြစ်စေရေးအတွက် ထိန်းသိမ်းသင့်တယ်လို့ ဆိုလိုခြင်းပါ။  တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ အမှုကြီးလည်းမဖြစ်အောင် အမှုငယ်လည်း ပပျောက်အောင်လုပ်ပါလို့ တိုက်တွန်းခြင်း မဟုတ်လား။  သို့သော် တရားစီရင်ရေးဘက်မှာတော့ လွှဲမှားလာကြပါတယ်။  ကြီးတဲ့အမှုဟာ ကြီးမှ၊ ငယ်တဲ့အမှုဟာ ငယ်မှ အမှန်တရားနဲ့ အမှုမှန်ဖြစ်နိုင်မှာပါ။ ဟောခုတော့ ကြီးတဲ့အမှုကို ငယ်အောင်လုပ်တယ်။ ငယ်တဲ့အမှုကိုကြီး အောင်လုပ်တော့ တရားဥပဒေကနေ မတရားဥပဒေလိုဖြစ်လာတယ်။  လက်ရှိနိုင်ငံရေးလောကမှာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ကလွှတ်မြောက်လာပြီး ထောင်တွင်း အတွေ့အကြုံအခက်အခဲတွေကို စာရေးကြတယ်။ ဖောက်သည်ချကြတယ်ပေါ့။  ဒါတွေကိုတွေ့ရ၊ ကြားရတော့ ကျွန်တော် ကိုးတန်းနှစ်လောက်က တွေ့ကြုံခဲ့ရတာလေး အမှတ်ရမိတယ်။  ကိုးတန်းစာမေးပွဲဖြေထားပြီး နွေကျောင်းပိတ်ရက်မှာ အဖေနဲ့အတူ ရန်ကုန်ကို အလုပ်လိုက်လုပ်ပါတယ်။  သူဌေး(နိုင်ငံခြားသား)တစ်ယောက်အိမ်မှာ ပါကေးခင်း၊ တံခါး၊ ပရိဘောဂတွေလုပ်ပါတယ်။  ကျွန်တော့်အဖေက သူ့စိတ်ကူးအတိုင်းလုပ်တာမဟုတ်ပါဘူး။  အင်ဂျင်နီယာတစ်ယောက်ရဲ့ ခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးရတာပါ။    အဖေက ကျွန်တော်ကိုပြောတယ်။  “ အဲဒီအင်ဂျင်နီယာက ထောင်ကျနေတာကွ ” တဲ့။ ကျွန်တော်က မဖြစ်နိုင်ဘူးလို့။ ဟုတ်တယ်လေ ထောင် ကျနေသူက ဒီလို အပြင်မှာ ထွက်လုပ်ကိုင်နေလို့ ရပါ့မလားပေါ့။  အဖေကတော့ ဟုတ်တယ်။ တကယ်ထောင်ကျ နေတာပါတဲ့။  ကျွန်တော်လည်း လူငယ်ဆိုတော့ နားမလည်ခဲ့ဘူးပေါ့ဗျာ။  အမှုကို မမှုတဲ့သူတွေရှိလားဆိုတာတော့ ကျွန်တော်မသိဘူးပေါ့ဗျာ။  ပြီးတော့ ဓားသေးသေးလေးနဲ့ ထိုး တာလို့ လျှောက်ခဲ့လေသလားမှ မသိတာနော့။ …………….  တစ်နေ့အိမ်ရှေ့စံ သီဟသူက ညီလာခံကို ထွက်လာခဲ့ပါတယ်။  ဒီအချိန်မှာ ရာဇာသင်္ကြန်က ဘုရင် ဥဇနာ ကို ၀တ်လုံတော်ကိုဖြန့်ခင်းပြီး ခစားနေချိန်ပါ။  သီဟသူဝင်လာတော့ ၀တ်ရုံကိုမသိမ်းလိုက်မိပါဘူး။  ဒါကို သီဟသူ က ရာဇသင်္ကြန်အမတ်ကြီးကို လမ်းမဖယ်ပေးရကောင်းလားဆိုပြီး ၀တ်လုံတော်ပေါ်ကို ကွမ်းသွေးထွေးချလိုက် တယ်။  ပရိသတ်အလယ်မှာ ရှက်စရာဖြစ်သွားပါတယ်။  ဒီဝတ်လုံကို ရာဇသင်္ကြန်အမတ်ကြီးကလည်း ကောင်းကောင်းသိမ်းထားပြီး လက်စားချေဖို့ အာဃာတနဲ့ အမြဲကြံစည်နေတယ်။   သီဟသူနန်းတက်တော့ ရန်ငြိုးတွေကို ခဏသိုလှောင်ထားပြီး အမှုတော်ကို စွမ်းစွမ်းတမံ ထမ်းဆောင် တယ်။  ဘုရင်သီဟသူကတော မိမိ မထီမဲ့မြင်လုပ်ခဲ့ဖူးတာကို မေ့လျော့နေပြီလေ။  သူက ပြုလုပ်သူဆိုတော့ မေ့နိုင်ပေမယ့်လည်း ခံရသူကတော့ ဘယ်မေ့နိုင်ပါ့မလဲ။  ဒါကြောင့်လည်း  ခံသူက တန်ပြန်မှုတွေနဲ့ “ ဘတစ်ပြန် ကျားတစ်ပြန် ” ချနေကြတာမဟုတ်လား။  တစ်နေ့တော့ အောက်ပြည် ဒလမြို့အနားက တောထဲမှာ ဆင်ဖြူတော်ပေါ်နေတယ်ဆိုတဲ့ သတင်းကြား ရတော့ ရာဇာသင်္ကြန်အမတ်ကြီးက ကိုယ်တော်တိုင်ထွက်၍ ကျုံးသွင်းဖမ်းယူတော်မူပါလို့ အကြံပေးတယ်။ သီဟ သူကလည်း ကိုယ်တော်တိုင် ဖမ်းတာပေါ့။  ဆင်ဖမ်းတဲ့ကျုံးထဲလည်းရောက်ရော ရာဇာသင်္ကြန်အမတ်ကြီးကို ကွမ်းသွေးစွန်းပေနေတဲ့ ၀တ်လုံကြီးကို ၀တ်လျက်သား တွေ့သွားတယ်။  အဲဒီအခါမှ သီဟသူက အထိတ်တလန့်ဖြစ်ပြီး အမျိုးမျိုးတောင်းပန်ခဲ့ပေမယ့် အမတ်ကြီးရဲ့ ဆင်နဲ့တိုက် သတ်လို့ သေခဲ့ရပါတော့တယ်။ ဘုရင်ဆိုတော့ နတ်ရွာစံခဲ့တယ်ပေါ့လေ။  မြန်မာ့ သမိုင်းအစဉ်အဆက်တွေကြည့်မိပြန်တော့လည်း လက်သီးကြီးကြီးနဲ့ထိုးလို့ ဓားသေးသေးလေးနဲ့ ပြန်ထိုးကျတဲ့ အမှုတွေကမနည်းလှပါလား။  တစ်ဖက်နဲ့ တစ်ဖက် သတ်ကျဟဲ့ ဖြတ်ကျဟဲ့။ “ သင့် လက်တစ်ဖက်ဖြတ်ရင် သူ့လက်တစ်ဖက်ကို ပြန်ဖြတ်ပါ ” ဆိုတဲ့ ဥပဒေသတွေ၊ “ ပါးကိုက်ရင် နားပြန်ကိုက် ” ဆိုတဲ့ စကားတွေနဲ့ “ ငါ့နဲ့မတူ ငါ့ရန်သူ”ဆိုပြီး ချ လိုက်ကြတာ ခုချိန်ထိအောင် လက်နက်သံတွေ၊ ဆွပေးတဲ့အသံတွေက ညံနေတုန်း။ ………………  တစ်ခါက ပါဠိပညာရေးအဖွဲ့အစည်းအဝေးပွဲတစ်ခုမှာ တရားဝန်ကြီးချုပ် ဦးသိမ်းမောင်နဲ့ ရွှေစကြာဦးစိုးမြင့် တို့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး  အကြီးအကျယ် ငြင်းခုံကြပါတယ်။  အစည်းအဝေးပြီးတော့ မစိုးရိမ်ဆရာတော်က ဦးစိုးမြင့်ကို ခေါ်ပြီး ဒေါသမထွက်ဖို့ အရာရာသည်းခံဖို့ ဆုံးမသြ၀ါဒ ပေးပါတယ်။ ဒေါသအရှိန်မပြယ်သေးတဲ့ ဦးစိုးမြင့်က ပြန်လျှောက်ပါတယ်။  “ တပည့်တော်မဟုတ်ရင် မခံချင်ဘူး ဆရာတော်၊ ဟုတ်ရင်တော့ ဘယ်လိုလုပ်လုပ်ခံမှာပဲ ” တဲ့။  ဒီတော့ ဆရာတော်က-  “ သြော်..မင်းကမဟုတ်ရင်မခံချင်ဘဲကိုး။  အဲ သလိုဆိုရင် မင်းတစ်သက်လုံး တစ်လောကလုံးနဲ့ ငြင်းခုံ ခိုက်ရန်ဖြစ်နေပေရော့။ ဒီလောကကြီးက ဟုတ်တဲ့လောကကြီးမှ မဟုတ်တာ။ မဟုတ်တဲ့ လောကကြီးပဲကွယ့်။ ဟုတ် ဟုတ် မဟုတ်ဟုတ် သည်းခံမှပေါ့ ”  ကျွန်တော်တို့တွေကတော့ ထစ်ခနဲရှိ မဟုတ်မခံစိတ်ကွဆိုပြီး ကိုယ့်ကိုယ်ကိုတောင် သဘောကျနေမိကျ သေးတယ်မဟုတ်လား။ ပြီးတော့ ကိုယ်လုပ်လိုက်တဲ့ အမှုက ဒီလောက်မဟုတ်ပါဘူးကွာလို့ ကိုယ့်ကိုယ်ကိုတော့ ဖော့တွေးနေတတ်တာလေ။ သူများ လက်သီးကတော့ ကြီးတယ်ပေါ့။ ကိုယ်ထိုးလိုက်တဲ့ ဓားက သေးတယ်ပေါ့။ ………………..  ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှ ဗိုလ်ချုပ်တစ်ဦးရဲ့ ရုံးခန်းထဲမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။  ဗြိတိသျှဗိုလ်ချုပ်က   “ ဗြိတိသျှ အစိုးရရဲ့ လက်အောက်ခံတိုင်းရင်းသားဖြစ်တဲ့ ခင်ဗျားဟာ ဗြိတိသျှ အစိုးရကိုပုန်ကန်တိုက်ခိုက် တဲ့ကိစ္စကို ဘေးဖယ်ထားလိုက်အုံး။ ခင်ဗျားကို လူသတ်မှုနဲ့ အရေးယူဘို့ပြောနေတဲ့လူတွေ ကျူပ်ဌာနချုပ်ထဲမှာ ရှိတယ်။  သက်သေတွေရောက် သက်သေခံပစ္စည်းတွေရော အားလုံးအသင့်ဘဲ။  ခင်ဗျားကို ကျူပ်ဌာနချုပ်က ပြန် လွှတ်ဖို့ဆိုတာ ကြားလူတစ်ယောက်ကပြောတဲ့စကားဘဲ ဖြစ်တယ်။ ခင်ဗျားဆီမှာ ဘာမှစာနဲ့ပေနဲ့ ၀န်ခံထားတာ မရှိဘူးမဟုတ်လား။ ဒီတော့ ဒီကိုလာပြီး ဒီလိုတောင်းဆိုချက်တွေလုပ်နေတာဟာ ခင်ဗျားအန္တရာယ်ကို ခင်ဗျားရှာ နေတာနဲ့ တူမနေဘူးလား” လို့မေးပါတယ်။  ဗိုလ်ချုပ်က “ မတူပါဘူး ”လို တိုတိုတုပ်တုပ်ပဲ ပြန်ဖြေပါတယ်။  “ ဘာဖြစ်လို့ ”  “ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားဟာ ဗြိတိသျှ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေလို့ပဲ ”  အဖြေကို ဗြိတိသျှဗိုလ်ချုပ်က သဘောကျရယ်နေပြီး ဆက်မေးပါတယ်။  “ ဗြိတိသျှတွေကို ဒါလောက်အထင်ကြီးနေရင်လဲ ဘာဖြစ်လို့ ဗြိတိသျှတွေကို မောင်းထုတ်ဖို့ ဒါလောက် ကြိုးပမ်းနေရတာလဲ ” ဆိုတော့ ဗိုလ်ချုပ်က-  “ ဗြိတိသျှကို မုန်းလို့မဟုတ်ပါဘူး။ တိုင်းပြည်ကို ဗြိတိသျှသော်လည်းကောင်း၊ ဂျပန်သော်လည်းကောင်း၊ အခြားမည်သည့်နိုင်ငံကမဆို လာရောက်အုပ်စိုးနေခြင်းကို မလိုလားလို့ပါ ” တဲ့။  တကယ်တော့ ဗိုလ်ချုပ်က လက်သီးနဲ့ တစ်ပါးသူကထိုးလို့ ဓားနဲ့ပြန်ခုတ်နေတာမဟုတ်ပါ။  ထို့အတူ ဓား သေးသေးလေးနဲ့ထိုးတာပါလို့ ကိုယ့်အမှုပေါ့အောင် ပြောဆိုခဲ့ခြင်းမဟုတ်ပါ။  လက်သီးနဲ့ ထိုးတဲ့သူကို အပြစ်ဆိုခြင်းမဟုတ်။  လုပ်ရပ်ကိုသာ အပြစ်ဆိုခြင်းဖြစ်ပေသည်။ ခေတ်စကားနဲ့ ပြောရလျှင်တော့ လူနဲ့ မူကို ခွဲခြားပြခဲ့ခြင်းဖြစ်ပါသည်။ ………………..  ဒီတရုတ်ကားကို အိပ်ရေးပျက်ခံကြည့်နေမိတာကို ငါ့အမှားပဲ။  ဇာတ်လမ်းက လက်စားချေတာနဲ့ပဲ ပေရှည် နေလိုက်တာ။  အိပ်ရေးပျက်တယ်။    ကျွန်တော်တစ်ယောက်တည်း တွေးနေမိတာပါ။  ဇာတ်ကားမကြည့်တော့လို့ ဆုံးဖြတ်လိုက်တော့ ဇာတ်လမ်းကပြီးနေပါပြီ။ ကျွန်တော် အိပ်ဖို့အိပ်ယာထဲဝင်ပြီး လှဲလျောင်းနေရင်း အတွေးကထပ်ဝင်လာပါတော့ တယ်။   “ သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မသာတည်း ” ဆိုတဲ့ နာမည်ကျော်ကြားလှတဲ့ အနန္တသူရိယအမတ်ကြီးရဲ့ အမျက်ဖြေလင်္ကာလေးကို ရွတ်ဆိုမိပါတယ်။  “ ကြင်နာသနား၊ ငါ့အား မသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည် မမြဲ၊ ဖောက်လွဲတတ်သည် မချွတ်စသာ၊ သတ္တ၀ါတည်း ”  “ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုန်၏။  ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြုံလတ်တုံမူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သံ၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။ သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း ”  သံသရာစက်က တပတ်လည်လို့ ပေဖြစ်တုန်းခံရသမျှ တူဖြစ်မှ ပြန်နှက်မယ်ဆိုတဲ့ စိတ်တွေ ဘယ်ဌာနေ၊ ဘယ်နေရာ၊ ဘယ်အဆင့်တွေရောက်ရောက် ကွယ်ပျောက်ရပါလို၏။  တပါးသူ၏ လက်သီးကို တန်ပြန်ထိုးနှက် လိုသော ဓားချက်တွေကို ထိန်းသိမ်းနိုင်ရပါလို၏ ဆုတောင်းမိပါတော့တယ်။ …………….. ၆-၈-၂၀၁၃။
………………………

“ မတရားခံရတာပါ..မတရားခံရတာပါ..“
နန်းတော်ရှေ့က စည်ကြီးကိုတီးပြီး … မတရားခံရကြောင်း .. မင်းကြီးသိအောင်တိုင်တန်းနေပါတယ်။
“ ဟဲ့.. မင်းကြီးများ..စည်တော်တီးနေတာ ဘယ်သူလဲကွဲ့ နန်းတော်သွင်း အကြောင်းရင်းလျှောက် တင်စမ်း ”
“ မှန်လှပါ ”
နန်းတွင်း ဘုရင့်ရှေ့မှောက် ဒူးထောက်ဦးညွတ်လိုက်ပါသည်။
“ မင်းကြီး ကျွန်တော်မျိုးတို့ မိသားစု မတရားစွပ်စွဲခံရကြောင်းပါ ”
“ အကြောင်းရင်းအမှန်ကို ရဲရဲလျှောက်တင်စမ်း ”
“ မင်းကြီးရဲ့ ၀န်ကြီးထဲက တစ်ယောက်က ကျွန်တော်မျိုးတို့ မိသားစုကို မတရား စေခိုင်း၊ အနိုင်ကျင့် ကြောင်းပါ ”
ကျွန်တော် ပျင်းပျင်းရှိတာနဲ့ တရုတ်ကားထိုင်ကြည့်နေခြင်းဖြစ်သည်။ တရုတ်ကားထဲက ဇာတ်ဝင်ခန်းကို ကြည့်ရင်း ကြားဖူးတာလေးတစ်ခုကို သတိရမိလိုက်သည်။
တရားရုံးတစ်ခုတွင် တရားခံတစ်ဦးကို စစ်ဆေးမေးမြန်းနေခြင်းဖြစ်သည်။ တရားခံက
“ သူက ကျွန်နော့်ကို လက်သီးကြီးကြီးနဲ့ စထိုးပါတယ်၊ ဒီတော့ ကျွန်တော်က သည်းမခံနိုင်တော့လို့ ဓား လေးနဲ့ ပြန်ထိုးတာပါ ”တဲ့။
အော်.. ဓားနဲ့ထိုးတဲ့သူက သူ့အပြစ် သေးအောင် ဓားသေးသေးလေးပါတဲ့။ တစ်ဘက်သူက လက်သီးနဲ့ ထိုးတာကျတော့ လက်သီးကြီးကြီးတဲ့။
ငယ်တဲ့အမှုကြီးအောင်… ကြီးတဲ့အမှု.သောက်ကျိုးနည်းအောင် လုပ်နေကြတာမဟုတ်ပါလား။
………………..
ကျွန်တော်တို့ မြန်မာစကားမှာ “ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေ ”တဲ့။ ဒီစကားဟာ လူမှု နယ်ပယ်မှာတော့ တရားတဘောင်မဖြစ်စေရေးအတွက် ထိန်းသိမ်းသင့်တယ်လို့ ဆိုလိုခြင်းပါ။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ အမှုကြီးလည်းမဖြစ်အောင် အမှုငယ်လည်း ပပျောက်အောင်လုပ်ပါလို့ တိုက်တွန်းခြင်း မဟုတ်လား။
သို့သော် တရားစီရင်ရေးဘက်မှာတော့ လွှဲမှားလာကြပါတယ်။ ကြီးတဲ့အမှုဟာ ကြီးမှ၊ ငယ်တဲ့အမှုဟာ ငယ်မှ အမှန်တရားနဲ့ အမှုမှန်ဖြစ်နိုင်မှာပါ။ ဟောခုတော့ ကြီးတဲ့အမှုကို ငယ်အောင်လုပ်တယ်။ ငယ်တဲ့အမှုကိုကြီး အောင်လုပ်တော့ တရားဥပဒေကနေ မတရားဥပဒေလိုဖြစ်လာတယ်။
လက်ရှိနိုင်ငံရေးလောကမှာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ကလွှတ်မြောက်လာပြီး ထောင်တွင်း အတွေ့အကြုံအခက်အခဲတွေကို စာရေးကြတယ်။ ဖောက်သည်ချကြတယ်ပေါ့။ ဒါတွေကိုတွေ့ရ၊ ကြားရတော့ ကျွန်တော် ကိုးတန်းနှစ်လောက်က တွေ့ကြုံခဲ့ရတာလေး အမှတ်ရမိတယ်။
ကိုးတန်းစာမေးပွဲဖြေထားပြီး နွေကျောင်းပိတ်ရက်မှာ အဖေနဲ့အတူ ရန်ကုန်ကို အလုပ်လိုက်လုပ်ပါတယ်။ သူဌေး(နိုင်ငံခြားသား)တစ်ယောက်အိမ်မှာ ပါကေးခင်း၊ တံခါး၊ ပရိဘောဂတွေလုပ်ပါတယ်။ ကျွန်တော့်အဖေက သူ့စိတ်ကူးအတိုင်းလုပ်တာမဟုတ်ပါဘူး။ အင်ဂျင်နီယာတစ်ယောက်ရဲ့ ခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးရတာပါ။ 
အဖေက ကျွန်တော်ကိုပြောတယ်။
“ အဲဒီအင်ဂျင်နီယာက ထောင်ကျနေတာကွ ” တဲ့။ ကျွန်တော်က မဖြစ်နိုင်ဘူးလို့။ ဟုတ်တယ်လေ ထောင် ကျနေသူက ဒီလို အပြင်မှာ ထွက်လုပ်ကိုင်နေလို့ ရပါ့မလားပေါ့။ အဖေကတော့ ဟုတ်တယ်။ တကယ်ထောင်ကျ နေတာပါတဲ့။
ကျွန်တော်လည်း လူငယ်ဆိုတော့ နားမလည်ခဲ့ဘူးပေါ့ဗျာ။
အမှုကို မမှုတဲ့သူတွေရှိလားဆိုတာတော့ ကျွန်တော်မသိဘူးပေါ့ဗျာ။ ပြီးတော့ ဓားသေးသေးလေးနဲ့ ထိုး တာလို့ လျှောက်ခဲ့လေသလားမှ မသိတာနော့။
…………….
တစ်နေ့အိမ်ရှေ့စံ သီဟသူက ညီလာခံကို ထွက်လာခဲ့ပါတယ်။ ဒီအချိန်မှာ ရာဇာသင်္ကြန်က ဘုရင် ဥဇနာ ကို ၀တ်လုံတော်ကိုဖြန့်ခင်းပြီး ခစားနေချိန်ပါ။ သီဟသူဝင်လာတော့ ၀တ်ရုံကိုမသိမ်းလိုက်မိပါဘူး။ ဒါကို သီဟသူ က ရာဇသင်္ကြန်အမတ်ကြီးကို လမ်းမဖယ်ပေးရကောင်းလားဆိုပြီး ၀တ်လုံတော်ပေါ်ကို ကွမ်းသွေးထွေးချလိုက် တယ်။ ပရိသတ်အလယ်မှာ ရှက်စရာဖြစ်သွားပါတယ်။
ဒီဝတ်လုံကို ရာဇသင်္ကြန်အမတ်ကြီးကလည်း ကောင်းကောင်းသိမ်းထားပြီး လက်စားချေဖို့ အာဃာတနဲ့ အမြဲကြံစည်နေတယ်။
သီဟသူနန်းတက်တော့ ရန်ငြိုးတွေကို ခဏသိုလှောင်ထားပြီး အမှုတော်ကို စွမ်းစွမ်းတမံ ထမ်းဆောင် တယ်။ ဘုရင်သီဟသူကတော မိမိ မထီမဲ့မြင်လုပ်ခဲ့ဖူးတာကို မေ့လျော့နေပြီလေ။ သူက ပြုလုပ်သူဆိုတော့ မေ့နိုင်ပေမယ့်လည်း ခံရသူကတော့ ဘယ်မေ့နိုင်ပါ့မလဲ။ ဒါကြောင့်လည်း ခံသူက တန်ပြန်မှုတွေနဲ့ “ ဘတစ်ပြန် ကျားတစ်ပြန် ” ချနေကြတာမဟုတ်လား။
တစ်နေ့တော့ အောက်ပြည် ဒလမြို့အနားက တောထဲမှာ ဆင်ဖြူတော်ပေါ်နေတယ်ဆိုတဲ့ သတင်းကြား ရတော့ ရာဇာသင်္ကြန်အမတ်ကြီးက ကိုယ်တော်တိုင်ထွက်၍ ကျုံးသွင်းဖမ်းယူတော်မူပါလို့ အကြံပေးတယ်။ သီဟ သူကလည်း ကိုယ်တော်တိုင် ဖမ်းတာပေါ့။ ဆင်ဖမ်းတဲ့ကျုံးထဲလည်းရောက်ရော ရာဇာသင်္ကြန်အမတ်ကြီးကို ကွမ်းသွေးစွန်းပေနေတဲ့ ၀တ်လုံကြီးကို ၀တ်လျက်သား တွေ့သွားတယ်။
အဲဒီအခါမှ သီဟသူက အထိတ်တလန့်ဖြစ်ပြီး အမျိုးမျိုးတောင်းပန်ခဲ့ပေမယ့် အမတ်ကြီးရဲ့ ဆင်နဲ့တိုက် သတ်လို့ သေခဲ့ရပါတော့တယ်။ ဘုရင်ဆိုတော့ နတ်ရွာစံခဲ့တယ်ပေါ့လေ။
မြန်မာ့ သမိုင်းအစဉ်အဆက်တွေကြည့်မိပြန်တော့လည်း လက်သီးကြီးကြီးနဲ့ထိုးလို့ ဓားသေးသေးလေးနဲ့ ပြန်ထိုးကျတဲ့ အမှုတွေကမနည်းလှပါလား။
တစ်ဖက်နဲ့ တစ်ဖက် သတ်ကျဟဲ့ ဖြတ်ကျဟဲ့။ “ သင့် လက်တစ်ဖက်ဖြတ်ရင် သူ့လက်တစ်ဖက်ကို ပြန်ဖြတ်ပါ ” ဆိုတဲ့ ဥပဒေသတွေ၊ “ ပါးကိုက်ရင် နားပြန်ကိုက် ” ဆိုတဲ့ စကားတွေနဲ့ “ ငါ့နဲ့မတူ ငါ့ရန်သူ”ဆိုပြီး ချ လိုက်ကြတာ ခုချိန်ထိအောင် လက်နက်သံတွေ၊ ဆွပေးတဲ့အသံတွေက ညံနေတုန်း။
………………
တစ်ခါက ပါဠိပညာရေးအဖွဲ့အစည်းအဝေးပွဲတစ်ခုမှာ တရားဝန်ကြီးချုပ် ဦးသိမ်းမောင်နဲ့ ရွှေစကြာဦးစိုးမြင့် တို့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အကြီးအကျယ် ငြင်းခုံကြပါတယ်။ အစည်းအဝေးပြီးတော့ မစိုးရိမ်ဆရာတော်က ဦးစိုးမြင့်ကို ခေါ်ပြီး ဒေါသမထွက်ဖို့ အရာရာသည်းခံဖို့ ဆုံးမသြ၀ါဒ ပေးပါတယ်။ ဒေါသအရှိန်မပြယ်သေးတဲ့ ဦးစိုးမြင့်က ပြန်လျှောက်ပါတယ်။
“ တပည့်တော်မဟုတ်ရင် မခံချင်ဘူး ဆရာတော်၊ ဟုတ်ရင်တော့ ဘယ်လိုလုပ်လုပ်ခံမှာပဲ ” တဲ့။
ဒီတော့ ဆရာတော်က-
“ သြော်..မင်းကမဟုတ်ရင်မခံချင်ဘဲကိုး။ အဲ သလိုဆိုရင် မင်းတစ်သက်လုံး တစ်လောကလုံးနဲ့ ငြင်းခုံ ခိုက်ရန်ဖြစ်နေပေရော့။ ဒီလောကကြီးက ဟုတ်တဲ့လောကကြီးမှ မဟုတ်တာ။ မဟုတ်တဲ့ လောကကြီးပဲကွယ့်။ ဟုတ် ဟုတ် မဟုတ်ဟုတ် သည်းခံမှပေါ့ ”
ကျွန်တော်တို့တွေကတော့ ထစ်ခနဲရှိ မဟုတ်မခံစိတ်ကွဆိုပြီး ကိုယ့်ကိုယ်ကိုတောင် သဘောကျနေမိကျ သေးတယ်မဟုတ်လား။ ပြီးတော့ ကိုယ်လုပ်လိုက်တဲ့ အမှုက ဒီလောက်မဟုတ်ပါဘူးကွာလို့ ကိုယ့်ကိုယ်ကိုတော့ ဖော့တွေးနေတတ်တာလေ။ သူများ လက်သီးကတော့ ကြီးတယ်ပေါ့။ ကိုယ်ထိုးလိုက်တဲ့ ဓားက သေးတယ်ပေါ့။
………………..
ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှ ဗိုလ်ချုပ်တစ်ဦးရဲ့ ရုံးခန်းထဲမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ဗြိတိသျှဗိုလ်ချုပ်က 
“ ဗြိတိသျှ အစိုးရရဲ့ လက်အောက်ခံတိုင်းရင်းသားဖြစ်တဲ့ ခင်ဗျားဟာ ဗြိတိသျှ အစိုးရကိုပုန်ကန်တိုက်ခိုက် တဲ့ကိစ္စကို ဘေးဖယ်ထားလိုက်အုံး။ ခင်ဗျားကို လူသတ်မှုနဲ့ အရေးယူဘို့ပြောနေတဲ့လူတွေ ကျူပ်ဌာနချုပ်ထဲမှာ ရှိတယ်။ သက်သေတွေရောက် သက်သေခံပစ္စည်းတွေရော အားလုံးအသင့်ဘဲ။ ခင်ဗျားကို ကျူပ်ဌာနချုပ်က ပြန် လွှတ်ဖို့ဆိုတာ ကြားလူတစ်ယောက်ကပြောတဲ့စကားဘဲ ဖြစ်တယ်။ ခင်ဗျားဆီမှာ ဘာမှစာနဲ့ပေနဲ့ ၀န်ခံထားတာ မရှိဘူးမဟုတ်လား။ ဒီတော့ ဒီကိုလာပြီး ဒီလိုတောင်းဆိုချက်တွေလုပ်နေတာဟာ ခင်ဗျားအန္တရာယ်ကို ခင်ဗျားရှာ နေတာနဲ့ တူမနေဘူးလား” လို့မေးပါတယ်။
ဗိုလ်ချုပ်က “ မတူပါဘူး ”လို တိုတိုတုပ်တုပ်ပဲ ပြန်ဖြေပါတယ်။
“ ဘာဖြစ်လို့ ”
“ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားဟာ ဗြိတိသျှ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေလို့ပဲ ”
အဖြေကို ဗြိတိသျှဗိုလ်ချုပ်က သဘောကျရယ်နေပြီး ဆက်မေးပါတယ်။
“ ဗြိတိသျှတွေကို ဒါလောက်အထင်ကြီးနေရင်လဲ ဘာဖြစ်လို့ ဗြိတိသျှတွေကို မောင်းထုတ်ဖို့ ဒါလောက် ကြိုးပမ်းနေရတာလဲ ” ဆိုတော့ ဗိုလ်ချုပ်က-
“ ဗြိတိသျှကို မုန်းလို့မဟုတ်ပါဘူး။ တိုင်းပြည်ကို ဗြိတိသျှသော်လည်းကောင်း၊ ဂျပန်သော်လည်းကောင်း၊ အခြားမည်သည့်နိုင်ငံကမဆို လာရောက်အုပ်စိုးနေခြင်းကို မလိုလားလို့ပါ ” တဲ့။
တကယ်တော့ ဗိုလ်ချုပ်က လက်သီးနဲ့ တစ်ပါးသူကထိုးလို့ ဓားနဲ့ပြန်ခုတ်နေတာမဟုတ်ပါ။ ထို့အတူ ဓား သေးသေးလေးနဲ့ထိုးတာပါလို့ ကိုယ့်အမှုပေါ့အောင် ပြောဆိုခဲ့ခြင်းမဟုတ်ပါ။
လက်သီးနဲ့ ထိုးတဲ့သူကို အပြစ်ဆိုခြင်းမဟုတ်။ လုပ်ရပ်ကိုသာ အပြစ်ဆိုခြင်းဖြစ်ပေသည်။ ခေတ်စကားနဲ့ ပြောရလျှင်တော့ လူနဲ့ မူကို ခွဲခြားပြခဲ့ခြင်းဖြစ်ပါသည်။
………………..
ဒီတရုတ်ကားကို အိပ်ရေးပျက်ခံကြည့်နေမိတာကို ငါ့အမှားပဲ။ ဇာတ်လမ်းက လက်စားချေတာနဲ့ပဲ ပေရှည် နေလိုက်တာ။ အိပ်ရေးပျက်တယ်။ 
ကျွန်တော်တစ်ယောက်တည်း တွေးနေမိတာပါ။ ဇာတ်ကားမကြည့်တော့လို့ ဆုံးဖြတ်လိုက်တော့ ဇာတ်လမ်းကပြီးနေပါပြီ။ ကျွန်တော် အိပ်ဖို့အိပ်ယာထဲဝင်ပြီး လှဲလျောင်းနေရင်း အတွေးကထပ်ဝင်လာပါတော့ တယ်။
“ သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မသာတည်း ” ဆိုတဲ့ နာမည်ကျော်ကြားလှတဲ့ အနန္တသူရိယအမတ်ကြီးရဲ့ အမျက်ဖြေလင်္ကာလေးကို ရွတ်ဆိုမိပါတယ်။
“ ကြင်နာသနား၊ ငါ့အား မသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည် မမြဲ၊ ဖောက်လွဲတတ်သည် မချွတ်စသာ၊ သတ္တ၀ါတည်း ”
“ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုန်၏။ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြုံလတ်တုံမူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သံ၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။ သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း ”
သံသရာစက်က တပတ်လည်လို့ ပေဖြစ်တုန်းခံရသမျှ တူဖြစ်မှ ပြန်နှက်မယ်ဆိုတဲ့ စိတ်တွေ ဘယ်ဌာနေ၊ ဘယ်နေရာ၊ ဘယ်အဆင့်တွေရောက်ရောက် ကွယ်ပျောက်ရပါလို၏။ တပါးသူ၏ လက်သီးကို တန်ပြန်ထိုးနှက် လိုသော ဓားချက်တွေကို ထိန်းသိမ်းနိုင်ရပါလို၏ ဆုတောင်းမိပါတော့တယ်။
……………..
၆-၈-၂၀၁၃။
 — with NayHtet HtetAung and 8 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>