ဒီမိုကရေစီအော်ပြီး
ဆန်ပြုတ်သောက်ရတဲ.နှစ်
ရှစ်ဆယ်.ရှစ်
လူခိုး သူခိုး ဂျလေဘီတွေ
ရွှေထီး ဆောင်းတဲ.နှစ်
ရှစ်ဆယ်.ရှစ်
နေ၀င် မီးမှိတ်
ကျီးလှန်. စာ စားခေတ်
ရှစ်ဆယ်.ရှစ်
တရားဝင် လူသတ်လို.ရတဲ.နှစ်
တရားဝင် မုဒိန်းကျင်.လို.ရတဲ.နှစ်
တရားဝင် ၀င်လု လို.ရတဲ.နှစ်
တရားဝင် ခိုးလို.ရတဲ. နှစ်
မင်းမဲ. စရိုက် ပရမ်းပတာခေတ်
ရှစ်ဆယ်.ရှစ်
ကျောင်းသားလည်း ကြောက်ရ
စစ်သားလည်း ကြောက်ရ ခေတ်
ရှစ်ဆယ်.ရှစ်
စိန်လွင် ခြောက်တန်း တစောက်ကန်း
ဒေါက်တာ မောင်မောင် အလိုမရှိ
အရေးတော် ပုံ မအောင်မြင်တဲ.နှစ်
ရှစ်ဆယ်.ရှစ်
နတ်မောက်မြို.တော်ခန်းမရှေ.ဆန်တိုးရင်း
ဗိုလ်လဂွမ်း တန်းစီရိုက်တဲ.နှစ်
ဦးမောင်မောင် ခေါင်းပေါက်တဲ.နှစ်
ဦးကျော်မြင်. မပိန်တာ သွားတွေ
ကျွတ်ထွက်သွားတဲ.နှစ်
အဘ ငွေသန်း စစ်ဖိနပ်အောက်မှာ
သွေးအန် သေတဲ.နှစ်
ရှစ်ဆယ်.ရှစ်
ကုလားပဲခင်း ။စပါးခင်းတွေ
သူခိုးတွေ ခိုးယူသွားတဲ.နှစ်
ရှစ်ဆယ်.ရှစ်
ပြောင်းထမင်း နီတာရဲကို
အန်ကျိတ်မြို မကျတဲ.နှစ်
ရှစ်ဆယ်.ရှစ်
ဆန်ကွဲ၊ ဆတ်၊ လူး၊ပြောင်း
ဝယ်မရတဲ. ခေတ်
ရှစ်ဆယ်.ရှစ်
ပဲထော ပတ်အနီစေ.တွေ ပြုတ်စားရတဲ.နှစ်
ပြောင်းဖူးစေ.တောင် ၀ယ်မရတဲ.နှစ်
သာကူစေ.နဲ. သမ၀ါယမထုတ်
ခေါက်ဆွဲထုတ်တွေရောင်းကုန် သွားတဲ.နှစ်
ရှစ်ဆယ်.ရှစ်
ဆန်ရိုးပြည်.အောင် ချက်မစားရတဲ.နှစ်
ဘယ်.သူ. ပထွေးခေါ်ရမှန်းမသိတဲ.ခေတ်
ရှစ်ဆယ်.ရှစ်
အဘွား ဆုံးသွားတဲ.နှစ်
ကျောင်း မတက်ရသောနှစ်
ဗိုလ်ချုပ် စောမောင် ပြန်လည်ထူထောင်ပေးသွားတဲ.နှစ်
ဗိုလ်ချုပ်စောမောင် ဘားတိုက် ပြန်သွားတဲ.နှစ်
ရှစ်ဆယ်.ရှစ်
လူထု သွေးသားအသက်နဲ. စတေးပြီး
ရေးထိုးထားတဲ. ဒီမိုကရေစီ ထီကြီးပေါက်သောနှစ်
ထီလက်မှတ် အဓိပါယ်မရှိ ဆုံးသွားနှစ်
ရှစ်ဆယ်.ရှစ်
ပြန်တွေးတိုင်း မသတီစရာ
သွေးချောင်းစီးသော ခေတ်
ရှစ်ဆယ်.ရှစ်
ခေတ်အဆက်ဆက်
လူထုပဲ ခံလိုက်ရတဲ. အနိဌာရုံခေတ် ။
ီ
Mg Myanmar