Quantcast
Viewing all articles
Browse latest Browse all 1811

မိညို...

မင်းဟာ ...
စကြ၀ဠာကြီးအကြောင်း ထက်..
ကမ္ဘာမြေကြီး အကြောင်းကို
ပိုသိသင်.တယ်
မင်းဟာ ...
ကမ္ဘာကြီး အကြောင်း ထက်..
ကမ္ဘာ.မြေပေါ်က တိုက်ကြီး များအကြောင်း
ပိုသိသင်.တယ်
မင်းဟာ..
တိုက်ကြီးများ... ထက်
အာရှတိုက် အကြောင်း
ပို သိသင်.တယ်
မင်းဟာ ...
အာရှတိုက်...ထက်
အရှေ.တောင် အာရှနိင်ငံတွေအကြောင်း
ပို သိသင်.တယ်
မင်းဟာ ...
အာရှနိင်ငံတွေ...ထက်
မြန်မာနိင်ငံ အကြောင်း
ပိုသိသင်.တယ်
မင်းဟာ..
ဘုရင်.နောင်၊ကျန်စစ်သား
အလောင်းဘုရား အကြောင်းတွေ..ထက်
ဘုံဘေဘားမား ကုမ္မဏီ သစ်ကိစ္စနဲ.
အင်္ဂလိပ် မျက်နှာဖြူတွေက မြန်မာပြည်ကို
ပ ၊ ဒု၊တ ကျူးကျော် စစ် နဲ. ကိုလိုနီပြုသွားတာကို
ပိုသိသင်.တယ်
မင်းဟာ...
(၁၅၀၀) ကျပ်တန် ဖုန်း...ထက်
(၁၃၀၀) ရာပြည်. အရေးတော်ပုံအကြောင်း
ပိုသိသင်.တယ်
မင်းဟာ...
ဖေဖော်ဝါရီ(၁၄)...ထက်
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ.ကို
ပိုသိသင်.တယ်
မင်းဟာ ...
ဒိုင်အာခီ အုပ်ချုပ်ရေး...ထက်
ပုဒ်မ ၁၄၄ အကြောင်း
ပိုသိသင်.တယ်
မင်းဟာ ...
ပြည်တော်သာ စီမံကိန်း...ထက်
သမ၀ါယမ စီမံကိန်းအကြောင်း
ပိုသိသင်.တယ်
မင်းဟာ ...
သမ၀ါယမ စီမံကိန်း...ထက်
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး
အထူးစီမံကိန်း အကြောင်း
ပိုသိသင်.တယ်
မင်းဟာ...
ဆင်းရဲမွဲတေမှု စီမံကိန်းတွေ..ထက်
လယ်ယာမြေအထူးစုံစမ်းစစ်ဆေးရေး
ကော်မရှင်အကြောင်း 
ပိုသိသင်.တယ်
မင်းဟာ..
ယန်စီ ၊ ဘော်လဂါ ၊ဂင်္ဂါမြစ်တို. ..ထက်
ဧရာဝတီမြစ်ကြီး အကြောင်း
ပို သိသင်.တယ်
မင်းဟာ...
ဖူဂျီတောင် ထက်
လက်ပံတောင်း တောင်ကို
ပိုသိသင်.တယ်
မင်းဟာ...
ပိရမစ်ကြီးတွေ..ထက်
ဓမ္မရံကြီးဘုရား ကို
ပိုသိသင်.တယ်
မင်းဟာ..
ကွန်မြူနစ်၊ဆိုရှယ်လစ် ထက်
ခေတ်မီဖွံဖြိုးတိုးတက်ပြီး
စည်းကမ်းပြည်.၀လွန်းသည်.
မြန်မာနိင်ငံတော်ရဲ.
ပါတီစုံ ဒီမိုကရေစီ စနစ်ကြီးကို
ပိုသိသင်.တယ်
မင်းဟာ...
ပါတီစုံ ဒီမိုကရေစီ စနစ်..ထက်
NLD ၊ ကြံ.ဖွတ် နှစ်ပါတီ စနစ်ကို
ပိုသိထားသင်.တယ်
မင်းဟာ ...
သွေးစွန်းသော တနင်္ဂနွေ ထက်...
ရှစ်သုံးလုံး အရေးတော်ပုံကို
ပိုသိသင်.တယ်
မင်းဟာ...
အိုဘားမား ..ထက်
သမ္မတကြီ ဦးသိန်းစိန်ကို
ပိုသိသင်.တယ်
မင်းဟာ ...
စွယ်စုံရမင်းသားကြီး
သီဟ မှ... တင်စိုး...ထက်
သူရ မှ... ရွှေမန်းကို
ပိုသိသင်.တယ်
မင်းဟာ...
လေဒီဂါဂါ ထက်..ဒေါ်စု ကို
ပိုသိသင်.တယ်
မင်းဟာ...
ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာ...
အချိန်နဲ. တပြေးညီ သိနေတတ်ပြီး
ကိုယ်.အခန်းအပြင်မှာ ဘာတွေဖြစ်နေလဲ မသိတတ်ခဲ.ပါ။


Mg Myanmar


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>