Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဆေးပေးဆေးစားမမှားကြပါစေနှင့်

$
0
0

…………………

“ မိန်းမ ”
“ ဘာလဲ ”
ကျွန်တော်က ကုတင်ပေါ်ကျောဆန့်ရင်း မိန်းမဖြစ်သူကို စကားစလိုက်ခြင်းဖြစ်သည်။ ပက်လက်လှန်ရင်း ကျွန်တော့်စိတ်ထဲမှာ အတွေးလေးရလာလို့ ခေါ်လိုက်ခြင်းဖြစ်သည်။
“ ခုချိန်များ အစ်ကိုသေသွားရင် ညီမ ဘာလုပ်စားမလဲ ”
မိန်းမက ဘာအလုပ်မှမလုပ်ပါ။ အိမ်မှာ အိမ်မှုကိစ္စတွေလုပ်ရင်း အိမ်ထောင့်တာဝန်ကို ထိန်းသိမ်းနေခြင်း ဖြစ်သည်။ ခုချိန်သေသွားရင်း ကလေးအငယ်နဲ့ ဘာလုပ်စားမလဲ၊ ဘယ်လိုရှေ့ဆက်သွားမလဲ တွေးမိရင်း မေးလိုက်ပါသည်။
“ အမလေး ယောကျာ်းရယ်။ ကိုယ်တိုင်တောင် သေသွားသေးတာ။ ကျန်တဲ့သူအတွက် ဘာမှစိတ်မပူနဲ့၊ ညီမက ငယ်ငယ်လေးရှိသေးတာ ”
“ ဘာ ”
“ ဟုတ်တယ်လေ။ ငယ်သေးတယ်။ ခြေလက်ကောင်းသေးတယ်။ လုပ်ကိုင်စားသောက်လို့ရသေး တယ်လို့ပြောတာလေ။ ”
“ အေး သေခဲ့ရင်များ ဘာလိုဘ၀ကို တည်ထောင်မလဲ သိချင်လို့ပါ ”
“ ဘာမှစိတ်မပူနဲ့ ယောကျာ်း။ စိတ်သာအေးအေးထား။ သံယောဇဉ်တွယ်မနေနဲ့။ တော်ကြာ မကျွတ်မလွတ်ပဲဖြစ်နေဦးမယ်။ သေရင်စိတ်ဖြောင့်ဖြောင့်နဲ့သေ ”
“ သြော် တော်တော် ချစ်ဖို့ကောင်းတဲ့မိန်းမ ”
ယောကျာ်းကို စိတ်စေတနာအပြည့်ပါလား။ သေချင်ရင် အေးဆေးသေလိုက်ဆိုပဲ။ ကျွန်တော်လည်း မြန်မာကားထဲကလိုမျိုး မျက်လုံးထဲမှာမြင်ယောင်မိသည်။
ကျွန်တော်က သေခါနီးလူလို အိပ်ယာထဲမှာ လဲနေတာပေါ့။ မိန်းမက ဘေးနားမှာ။
“ မိန်းမ အစ်ကိုတော့ ဒီတောင်ကို မကျော်နိုင်တော့ဘူးထင်ပါတယ် ”
“ ဇွဲမလျော့နဲ့ ယောကျာ်း။ အားတင်းထား ”
“ အေးပါကွယ်။ ဒါပေမယ့် ကိုယ့်အခြေအနေကိုယ်သိပါတယ် ”
“ မပူပါနဲ့ ယောက်ကျားရယ် စိတ်ဖြောင့်ဖြောင့်သာသွားနော်။ ညီမတို့အတွက်မပူနဲ့။ စိတ်ကိုအေးအေးသာ ထား။ စိတ်ကိုလျော့ တည်ငြိမ်အောင်ထား။ ဘာမှ ငြိမနေနဲ့ ”
သူ့အားပေးသံကြောင့် ကျွန်တော်အိပ်ယာထဲမှ ဂွိကနဲ ဇက်ခေါက်ကျသွားတော့သည်။
ကျွန်တော်လည်း ကိုယ့်ဇာတ်ဝင်ခန်းတွေးရင်း ပြုံးနေမိသည်။
“ ဘာပြုံးနေတာလဲ အစ်ကို ”
“ ဘာမဟုတ်ပါဘူးကွာ။ အဲ ငါနေမကောင်းရင်တော့ မင်းကိုဆေးမတိုက်ခိုင်းတော့ဘူး ”
“ ဘာဖြစ်လို့လဲ ”
“ တော်ကြာ ရောဂါခံစားရတာ ကြည့်မနေနိုင်လို့ စေတနာ အပြီးရှင်းလိုက်မှ ဒုက္ခ ”
“ အဲဒီလောက်ထိ မရက်စက်ပါဘူး ယောကျာ်းရယ် ” တဲ့လေ။
…………………
ကျွန်တော် စိတ်မကောင်းစရာ သတင်းကိုကြားရသည်။ ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတစ်ဦး၏ အဘိုးဆုံးသည်တဲ့။ ဘယ်လိုဖြစ်တာလဲမေးတော့ အပြင်ဆေးရုံသွားပြသည်။ ဆရာဝန်က ဆေးရုံတင်ဖို့ လိုကြောင်းပြောလို့ ဆေးရုံတင်လိုက်သည်။
ရောဂါက ပိုဆိုးဆိုးလာသည်တဲ့။ နောက် သုံးရက်လောက်နေတော့ ရောဂါကို ပိုဆိုးလာလို့ ဆရာဝန်တွေ ကိုခေါ်တော့ ဆရာဝန်တွေက အေးအေးဆေးဆေးပဲပြောသည်။ ဆေးထိုးမှားသွားတာပါတဲ့။ ကောင်းသွားမှာပါတဲ့။
သူ့အဘိုး ဆေးရုံတင်ပြီး လေးရက်မြောက်တော့ ဆုံးသွားပါသည်။
ဆရာဝန်တွေရဲ့ ညံ့ဖျင်းမှု၊ လက်လွတ်စပယ်ပြုမှုကြောင့် လူ့အသက်တစ်ချောင်းဟာ မီးစာကုန်ဆီမခန်းခင် မီးငြိမ်းခံလိုက်ရပါသည်။ (ဆရာဝန်တိုင်းကို မဆိုလိုပါ။ )
ကျွန်တော်ထိခိုက်ခံစားခဲ့ရပါသည်။ လူတွေရဲ့ တာဝန်မယူလိုမှု၊ ပေါ့လျော့မှုဟာ ဒီလိုနဲ့ပြီးသွားပြီလား။ “ဆေးထိုးမှားသွားတာပါ ”ဆိုတာနဲ့ပဲ လူ့လောကထဲက လူတစ်ယောက်ထွက်ခွားပေးလိုက်ရ ရောလား။
ငယ်စဉ်ကတည်းက ခင်မင်လာခဲ့တဲ့ သူငယ်ချင်းတစ်ဦးရှိသည်။ သူက BEd ဖြင့်ပြီးထားပြီး အလယ်တန်းပြ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
သူက စာသင်ကြားနေရင်း ချောင်းတွေက တော်တော်ဆိုးလာသည်။ ဒါနဲ့ ဆရာဝန်တစ်ဦးစီမှာ သွားပြ သည်။ အဆုတ်ပွတာ၊ အဆုတ်မသန့်လို့ပါဆိုပြီး အဆုတ်ဆေးတွေပေးလိုက်သည်။ သူလည်း အဆုတ်ဆေးတွေ စားရင်း စာဆက်သင်ကြားပေးနေသည်။
ဒီလိုနဲ့ ၁လပြည့်ကာနီးတစ်ညမှာ အသက်ရှုကြပ်လာပြီး မောလာလို့ သူ့မိဘတွေကို ပြောပြသည်။ သူက အသက်ကို မနည်းရှုနေရနေပြီ။ ဒါနဲ့ အရေးပေါ်ကားခေါ်ပြီး ဆေးရုံကြီးကို သွားတော့မှ အဖြေကထွက်လာတော့ သည်။
ဆေးစားမှားတာတဲ့။ သူဖြစ်နေတာက လည်ချောင်းပြွန်ယောင်ပြီး အသက်ရှုကြပ်၊ ချောင်းဆိုးခြင်းကြောင့် ဖြစ်သည်ဟု သူကပြန်ပြောပြပါသည်။ အဆုတ်ဆေးကြောင့် မဆိုင်တဲ့ အဆုတ်ကရောဂါပိုတိုးလာပြီး သေမလောက်ဖြစ်သွားကြောင်းကို ပြောပြပါသည်။
တကယ်တော့ သူဆေးစားမှားခြင်းက ဆေးပေးမှားသူကြောင့်ဖြစ်သည်ဟု သူကဆိုပါသည်။
-------------
“ သူရာသောက်စား
မိစ္ဆာမှားမှ
အားထားယုံကြည်ကြသတဲ့ ”
ကဗျာခေါင်းစဉ်က “ နတ်ကိုးကွယ်သူ ” တဲ့။
အကြောက်တရားတွေ၊ လိုချင်လောဘဇောတွေ၊ စိုးရိမ်ပူပန်စိတ်တွေကြောင့် လမ်းလွှဲရောက်ပြီး ကိုးကွယ် ယုံကြည်မှုအမှားတွေ အများကြီးဖြစ်လာပါတယ်။ ဒါဟာ သံသရာက လွတ်မြောက်ကြောင်းနဲ့ တစထက်တစ ပိုပြီး ဝေးကွာသွားပါတော့တယ်။
အဇာသသတ်မင်းဟာ ဒေ၀ဒတ်ရဲ့ လမ်းပြမှုကြောင့် ဖခင်ကို ခြေဖ၀ါးဓားခွဲခဲ့ပါတယ်။ အဇာသတတ်မင်း က တကယ်တော့ ဆေးစားမှားခဲ့ရတာပါ။ သူ့ဘ၀အတွက် တကယ်ကောင်းမွန်တဲ့ ဆေးဖြစ်မလားလို့ စားလိုက်တဲ့ ဆေးကိုက တကယ့် ဆေးမှားကြီးဖြစ်နေခဲ့တာပါ။
သံသရာက လွတ်မြောက်ကြောင်းတရားကို ရှာဖွေရာမှာ ဆေးစားမှားခဲ့ရင်တော့ နစ်မွန်းချင်တိုင်း နစ်မွန်း နေတော့တာပါပဲ။ ထို့အတူ ကိုယ့်ကိုယ်ကို သိ၊ တတ်ဆိုတဲ့ အထင်နဲ့ တပါးသူက ဆရာကြီးလုပ်လိုသူတွေက နာခံ၊ နာယူသူတွေကို ဆေးမှားတွေပေးပြီး ဆေးပေးမှားတော့တာပါပဲ။
ဆေးပေးမှားခြင်းကြောင်း ဆေးစားမှားခဲ့သူတွေက မနည်းလှတော့ပါဘူး။ ကျွန်တော်တို့ သံသရာက တကယ်လွတ်မြောက်ချင်ရင်တော့ ဆေးကောင်းပေးမယ့်သူကို ဆည်းကပ်မှရမှာပါ။ ပြီးတော့ ကျွန်တော်တို့ကိုယ် တိုင်က ဆေးကောင်းပေးပါလျက်ကယ်နဲ့ ဆေးစားတွေ မမှားဖို့ လိုအပ်နေပါတယ်။
………………..
“ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ” “ ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုး ” ဆိုတာတွေက ဆေးစားမှားခဲ့တဲ့ အဖြစ်တွေပါ။
“ သူခိုးဓားရိုးကမ်း ” ဆိုတာကတော့ ဆေးပေးမှားလေခြင်းပါပဲ။
အားကိုးထိုက်တယ်ထင်ပြီး အိမ်ထောင်လက်တွဲခဲ့ကာမှ အိမ်ထောင်ကျပြီးတော့ ဒူးနဲ့မျက်ရည်သုတ်ရတဲ့ ဘ၀တွေလည်း အများကြီးပါ။
တကယ်အလုပ်အကိုင်တွေရမလားလို့ အားကိုးလိုက်တာ ရောင်းစားခံရတဲ့ဘ၀တွေကို ရောက်ခဲ့ရတဲ့ ဘ၀ တွေကလည်း မနည်းလှပါ။
နိုင်ငံရေးဘက်ကြည့်ဦး။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ပေးလိုက်တဲ့ ဆေးတွေက ဆေးမှားတွေဖြစ်လို့ တစ်ခါတစ်ခါ ရောဂါတွေက ပိုပိုသည်းနေကြပါတယ်။ ခေတ်ကာလ ဆေးတုတွေ၊ ဆေးညံ့တွေကလည်း ပေါလာ များလာပါဘိသနဲ့။ ဒီတော့ ဆေးစားတွေလည်း မှားကုန်ကျပါလေရော။
ဆရာဝန်တစ်ယောက်ရဲ့ ဆေးပေးမှားခြင်းကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးခဲ့ရသလို တစ်ယောက်က တော့ ဆန့်ငင်ငင်ဖြစ်ခဲ့ရပါတယ်။
ထိုနည်းတူ တိုင်းပြည်မှာ အာဏာရှိသော အုပ်ချုပ်သူများက ဆေးပေးမှားခဲ့တာပါဆိုရင်တော့ လူပေါင်း များစွာရဲ့ဘ၀တွေ အတိဒုက္ခရောက်ကျရမှာပါ။
ကမ္ဘာကြီးကိုလည်းကြည့်ဦး လူတွေရဲ့ ဆေးပေးမှားဆေးစားမှားမှုတွေကြောင့် အိုဇုံးလွှာတွေ ပါးလွှာကုန်ပြီ။ ကမ္ဘာကြီး ပိုမိုပူနွေးလာရပြီ။ ရာသီဥတုတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုဖောက်ပြန်လာခဲ့ရပါပြီ
ကမ္ဘာကြီးလည်း အရေးပေါ်လိုအပ်နေပေပြီ။
……………….
“ ဟပ်ချိုး ဟပ်ချိုး ”
ဒီနေ့အလုပ်က ပြန်လာရင်း လမ်းမှာ မိုးမိသွားတာကြောင့် လူကအအေးမိပြီး ဖျားချင်သလိုဖြစ်လာသည်။
“ ဘာလဲ ဖျားချင်နေပြီမဟုတ်လား။ သွား အိပ်ရာထဲမှာ လှဲနေ။ ဆေးယူလာခဲ့မယ် ”
“ မိန်းမ ဆေးလည်း မှားမယူခဲ့နဲ့ဦးနှော် ”
“ မယူပါဘူး။ ဘာဖြစ်လို့လဲ ”
“ မနက်ကပြောတယ်လေ။ သွားရင်ဖြောင့်ဖြောင့်သာသွားဆို။ တော်ကြာ ဖြောင့်ဖြောင့်သွားရအောင် ဆေး မှားပေးနေမှာဆိုလို့ ”
“ စကားအဖြစ်ပြောတာပါ ယောကျာ်းရယ်။ ဘယ်သူက ကိုယ့်ယောကျာ်းကို သေစေချင်မှာလဲ ”
“ အေးပါအေးပါ ”
သူက ဆေးယူလာရင်း
“ သေချာကြည့်ဦးနော် ဆေးမှန်တယ်မဟုတ်လား ”
သူက ကျွန်တော့်စကားဖြင့် ကျွန်တော့်ကို ပြန်ပြောသည်။ ကျွန်တော်လည်း ဘာမှ မပြောတော့ပဲ ဆေးကို သောက်လိုက်သည်။ သူက ကျွန်တော့် ခြေရင်းမှာ ထိုင်ရင်း ကျွန်တော့်ကို နှိပ်ပေးနေသည်။
သြော်… ကျွန်တော် အိမ်ထောင်တစ်ခုအတွက်တော့ ဆေးမှန်ရွေးချယ်မိပါပကောလား
၇-၈-၂၀၁၃။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>