Image may be NSFW.
Clik here to view.
====================================
၈၈ အကြောင်းပြောတော့
တစ်ချို့က သတ်တဲ့အကြောင်း ပြောကြတယ်။
တစ်ချို့က သေတဲ့အကြောင်းပြောကြတယ်။
တစ်ချို့က လုခံရတဲ့အကြောင်းပြောကြတယ်။
တစ်ချို့က မီးအရှို့ခံရတဲ့အကြောင်း
တစ်ချို့က ခေါင်းဖြတ်ခံရတဲ့အကြောင်း
တစ်ချို့က စစ်တပ်နှိပ်စက်မှု
တစ်ချို့က အောင်ပွဲ
တစ်ချို့က စစ်တပ်အာဏာသိမ်းပွဲ
စစ်တပ်ကတော့ ကယ်တင်တယ်လို့ဆိုတယ်။
တစ်ချို့က…………
ကိုယ်ကြုံခဲ့တာ၊ ကိုယ်မြင်တာ၊ ကိုယ်ထင်တာ ပြောနေကြတာဆိုတော့
အကြောင်းအရာပေါင်းစုံက မှန်ဖို့များရင်များမယ် ပြည့်စုံမှာတော့မဟုတ်ဘူး။
အဲ့ဒီခေတ်အခါက ကိုယ်တိုင်အနည်းနဲ့အများကြုံခဲ့တဲ့သူတွေတောင်
အပြည့်အစုံမမှန်နိုင်တာ
၈၈ မှာ မမွေးသေးတဲ့ လူငယ်တွေက အကြား၊ အထင်နေနဲ့တုတ်နေတာဆိုတော့
မမှန်ဖို့ပိုများတာ အဆန်းမှမဟုတ်ပေပဲ။
လူငယ်အချို့က ပြောတယ်၊ ကိုယ်တိုင်ကြုံဖူးမှ အမှန်သိရမယ်ဆို
သမိုင်းသင်စရာတောင် မလိုဘူးတဲ့၊
ဟုတ်ပါလိမ့်မယ်။ သမိုင်းဆိုတာလည်း အပြည့်အစုံမဟုတ်သလို
အဲ့ဒီခေတ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး ရသလောက် ကျောက်၊ ပေ၊ ပရပိုက်နဲ့ ပြုစုတာပါ။
အဲ့ဒီခေတ်မှာ ဖြစ်ပျက်သမျှအကြောင်းအရာတွေကို မခြယ်မှုန်းနိုင်ပါဘူး။
အများသောအားဖြင့် နန်းတွင်းမူးမတ်တွေက ရေးသားလေ့ရှိပြီး
ဘုရင်မကောင်းကြောင်းထက်၊ ကောင်းကြောင်းပိုများလိမ့်မယ်။
တိုင်းသူပြည်သားတွေရဲ့ အခက်အခဲ၊ အလိုဆန္ဒအမှန်တွေပါဖို့နည်းပါလိမ့်မယ်။
သူငယ်ချင်းရဲ့ ကဗျာထဲမှာ ပုဂံခေတ်က ယောင်္ကျားနဲ့ သား တရုတ်နဲ့ တိုက်ပွဲမှာ ကျသွားလို့
မုဆိုးမ အမေအိုဟာ ရှိစုမဲ့စုလေးနဲ့ ဘုရားတည် ကောင်းမှုကုသိုလ်ပြုသတဲ့။
မင်း၊ မူးမတ်၊ သူဌေးသူကြွယ်တွေရဲ့ ပုထိုးတွေကြားမှာ
အုတ်ပုံအဖြစ်နဲ့တောင် စာရင်းမဝင်ဖြစ်နေလောက်ပြီသဘောမျိုး
လွမ်းမောဖွယ် ရေးစပ်တယ်။
ဒါဟာ လောကဓမ္မတာပါပဲ။ ခေတ်တစ်ခေတ်ကို ဘယ်လောက် ပုံဖော်နိုင်မလဲ
တစ်ယောက်ချင်းဆီက အရေးပါပေမယ့်
တစ်ယောက်တစ်ပေါက် ပြောဆိုနေတဲ့ သမိုင်းဟာ မှတ်သားရမယ်ဆိုရင်
ဘဝပေါင်း ကဋေကဋာလူပြန်ဖြစ်ရင်တောင် မှတ်လို့မကုန်နိုင်လောက်ဘူး။
ဒါဖြင့် ရွေးနှုတ်မှတ်တမ်းတင်ကြမှာလား၊ ဒါက သမိုင်းသုတေသီပညာရပ်ဖြစ်မယ်
ကျွန်တော်နားမလယ်ဘူး။ ကာလာဖူး ဖြစ်ရင်ကောင်းတာပေါ့။ ကွန်ပရိုမိုက် လုပ်ရမယ်ထင်တယ်။
ဒါဖြင့် ဘာအတွက် အတိတ်အကြောင်းတွေပြောနေကြ၊ ငြင်းခုန်နေကြတာလဲ။
ဘာကို လိုချင်တာလဲ၊ ဘာဆက်ဖြစ်စေချင်တာလဲ။
စစ်တပ်ကောင်းကျိုးခံစားဖူးသူတွေတောင် စစ်တပ်မကောင်းကြောင်းပြောသေးတာ
စစ်တပ်ကောင်းကျိုးတစ်ခါမှ မခံစားရဘူးတဲ့ ဒုက္ခပေးတာပဲ ကြုံဖူးတဲ့သူတွေ
စစ်တပ်နဲ့ စစ်သားအကြောင်းမကောင်း ပြောတာဘာဆန်းလဲ။
အင်အား ငါးသိန်းလို့ပြောနေတဲ့ စစ်တပ်မှာ ကကဥ ကိုရောက်တဲ့ အမှုပေါင်း
တစ်ရက်ကို သုံးထောင်ခန့်ရှိတယ်။ အဲ့သုံးထောင်ကို ၃၆၅ နဲ့မြောက်၊
ရလာဒ်ကို နှစ် ၂၀ နဲ့ထပ်မြောက်၊ နေ့တိုင်း စစ်တပ်မကောင်းကြောင်း၊ စစ်သားမကောင်းကြောင်း ထိုင်ပြော
ထမင်းမစားနဲ့ ရေမသောက်နဲ့ ဘယ်နှ နှစ်အသက်ရှင်ဖို့လိုအပ်မလဲ။
စာမတင်၊ စာမဝင်၊ ကိုယ်တွေ့အဖြစ်အပျက်ကြုံတဲ့ ပြည်သူ တစ်သန်းလောက်ရဲ့
စစ်တပ်ဒုက္ခပေးပုံတွေဆက် ဖော်ထုတ်ကြ….
ပြည်သူမကောင်းကြောင်းပြောမယ်…..
ငါးသိန်းတောင် အဲ့လောက်များနေတာ
သန်းခြောက်ဆယ်ခန့်ဆိုတာကြီး တွေးတောင် မတွေးရဲဘူး။
ကြုံတုန်း မြိတ်မြို့နားက အကြော်ရောင်းတဲ့ အဖွားအိုအကြောင်းပြောဦးမယ်
သူ့က အရင် ဥယာဉ်ခြံပိုင်တယ်၊ အကြော်ရောင်းနေတာကိုက သူပိုင်ခဲ့ဖူးတဲ့ ဥယာဉ်ခြံကို မြင်နေရတဲ့နေရာ
ကျွဲကောသီး၊ သံပရာ၊ သီဟို၊ အစုံဗျာ၊ အသီးတွေပြွတ်ခိုင်နေတာ။
အဖွားက ဆက်ပြောတယ်၊ မြိတ်မြို့သစ်တည်မယ်ဆိုလို့ အသိမ်းခံရတာတဲ့။
ရောကြေးမရဘူးလားဆိုတော့၊ နိုး…..
ဦးစီးမှူးကို အသီးလေးတော့ ပေးခူးပါ၊ အသီးတွေလည်း ကျချိန်မဟုတ်လား။
မရဘူး၊ ဘယ်နေ့ ဘယ်ရက်က စသိမ်းပြီး၊ နိုင်ငံပိုင်ဖြစ်ပြီဆိုတော့ ခူးခွင့်မရှိတော့ဘူးပေါ့။
ဌာနဆိုင်ရာကလူတွေ ခူးနေတာတော့ တွေ့တယ်တဲ့။
ထုံးစံအတိုင်း လူကြီးမင်းလည်း မိုးကျရွှေကိုယ်တွေလေ။
ဒီနေရာမယ်
အဖွားကြီး ခင်ဗျား တပ်/အစိုးရ မကောင်းကြောင်း လျောက်ပြောနေတာမဟုတ်လား
အဲ့လိုမေးသင့်သလား၊ ကျွန်တော် ယုံလွယ်သူလား၊ သူက ဝါဒဖြန့်သူလား။
နောက်ပြီး
စစ်တပ်နဲ့ စစ်အာဏာရှင် ခွဲပြောပါလို့ သူ့ကို ကျွန်တော့်ဘက်က အရေးဆိုမယ်။
သူ ကျွန်တော့်ကို ကြောင်ကြည့်နေမှာလို့ မြင်ယောင်တယ်။
နောက်
ခင်ဗျား စစ်တပ်မကောင်းကြောင်း လျောက်ပြောနေတာ သေချင်ပြီလား။
အေးပါကွယ် အဖွားလည်း အိုနေပါပြီ၊ သေဖို့နီးနေပါပြီလို့ ပြောမှာလို့ တွေးမိတယ်။
တကယ်တော့ ဦးနေဝင်းဟာ စစ်တပ်ကနေ နိုင်ငံအုပ်ချုပ်သူ၊ တစ်ပါတီဥက္ကဌဖြစ်ခဲ့တယ်။
အင်္ဂလိပ်နဲ့ ဂျပန်ကို အသက်ပေးတော်လှန်ခဲ့တဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ ဝင်တွေကိုယ်တိုင်
အပြန်အလှန်တိုက်ခိုက် ပြည်တွင်းစစ်ကြာညောင်းခဲ့တယ်။
တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ဘက်စုံကျဆင်းခဲ့တယ်။
တိုင်းရင်းသားလူမျိုးတွေ အကြောင်းအမျိုးမျိုးနဲ့ လက်နက်ကိုင် သူပုန်ထတယ်။
အခုခေတ်တော့ ယဉ်ကျေးစွာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းလို့ ခေါ်ဝေါ်တယ်။
နှစ်ပရိစ္စေဒကြာမြင့်သွားတဲ့အခါ
အားလုံးရဲ့ ဘုံရန်သူဟာ စစ်တပ်ဖြစ်သွားတယ်။
အံ့သြဖို့ကောင်းလေစွ၊ ဝမ်းနည်းဖို့ကောင်းလေစွ။
နှစ်တစ်ရာနီးပါးတွယ်ခဲ့တဲ့ အင်္ဂလိပ်ကို မမုန်းကြတော့ဘူး။
သုံးနှစ်လောက် ပက်ပက်စက်စက်စော်ခဲ့တဲ့ ဂျပန်တွေကိုလည်း မစက်စုတ်တော့ဘူး။
လုပ်ခဲ့တဲ့လူလည်း သိပ်မကျန်တော့သလို၊ ခံရတဲ့သူလည်း သိပ်မရှိတော့ဘူး။
အခုခေတ် အာမိုတွေ၊ အိုနေးစံတွေ တွေ့ရင် ပလိစ် ပလိစ် နေရတယ်။
ယနေ့စစ်ဗိုလ်ချုပ် မပြောနဲ့ အစိုးရလူကြီးမင်းများတောင် ၈၈ မှာ အကြီးဆုံးရာထူးမှ ဒုမှူးကြီးလောက်ရှိမယ်။
ဦးစိုးသိမ်းဆို ဗိုလ်မှူးလောက်ရှိသေးတာ။ တပ်အနေနဲ့ဆို ဖွတ်ကြားလောက်ပေါ့။
ကိုယ့်အယူအဆ အတွေးအခေါ်ဘေးချိတ်၊ ခိုင်းတာလုပ်ရတဲ့အဆင့်ကို ပြောတာပါ။
ကျုပ်ကတော့ ဖွတ်ကြားထက်နိမ့်တဲ့အဆင့်က ကိုမတက်တာ။
ဒီမိုထဲက အငယ်ဆုံးက ခွပ်ဒေါင်းနှဖူးစီးနဲ့ လူငုပ်တုပ်၊ သွားငုပ်တုပ်အရွယ်။
ဖိုးတက်ကြွ ယုံကြည်ချက်ပြင်းထန်သူတွေက ဆယ်ကျော်သက်တွေ။
ဒီလိုအခြေအနေမှာ စစ်တပ်ဆိုတာကြီးကို မုန်းပြီး၊ အခြားဆိုရင် like ကြတာဟာ
အင်အားများလာတဲ့ စစ်တပ်မှာ အမှားတွေလည်း များလာလို့
အရင်နဲ့ မတူ တမူထူးတဲ့ အကျင့်တွေလည်း ပြောင်းခဲ့လို့
အရေးကြီးပါတယ် ဆိုတဲ့ ဦးငါး မပိုင်တော့လို့
ဆိုလိုတာက ဘာတွေကို အာဃာတများပြီး၊ ဘာတွေကို ကာကွယ်နေကြတာလည်း။ ဘာတွေကို ရှေ့မျှော်မှန်းပြီး ဘာတွေနဲ့ ရှေ့ဆက်ချင်ကြတာလဲ။
လူသတ်ခဲ့တာလည်း အဟုတ်တကယ်၊
သေနတ်နဲ့ ပစ်ခဲ့တာလည်း အဟုတ်တကယ်၊
ပြည်သူတွေ ဆင်းရဲကြပ်တည်းနေခဲ့တာလည်း အဟုတ်တကယ်၊
မကျေနပ် ဒေါသဖြစ်ကြတာလည်း အဟုတ်တကယ်၊
ဆန္ဒပြသင့်၊ ခေတ်ပြောင်းသင့်တာလည်း အဟုတ်တကယ်၊
တောကြောင်လို့ သမုတ်တဲ့ အခွင့်အရေးသမားတွေ ထကြွကြတာလည်း အဟုတ်တကယ်။
အစိုးရရဲ့ စီမံခန့်ခွဲမှု အညံ့အဖျင်းတွေကြောင့် တိုင်းပြည်ဆင်းရဲကျပ်တည်းခဲ့ရတယ်။
အစိုးရက အစိုးမရလို့ကို ဆင်းရဲတယ်၊ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်တယ်၊
လာဒ်စားမှုတွေဖြစ်တယ်၊ ဆန္ဒပြပွဲဖြစ်တယ်
ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆူပူသောင်းကျန်းမှုတွေဖြစ်တယ်။
စစ်တပ်က ဝင်ထိန်းတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ စစ်တပ်၊ အစိုးရဝန်းထမ်းတွေရဲ့ အဂတိလိုက်စားမှု အသစ်အဆန်းတွေ ဆက်ဖြစ်တယ်။
(ဒီအပိုင်းက နည်းနည်းလက်ရာမြောက်အောင် သက်သက်ရေးရမယ့် အပိုင်း)
(မင်းကရော သူတော်ကောင်းလားဆိုရင် ပါးစပ်နဲ့ပါ ဖျား)
ဒီလိုနဲ့ပဲ စစ်တပ်ကို လူမုန်းများသွားတယ်။
စစ်တပ်နဲ့ စစ်အာဏာရှင်ကို ပြည်သူတွေခွဲ မမြင်ပါဘူး။
နိုင်ငံရေးသမားတွေက ခွဲမမြင်ချင်ပါဘူး။
အခွင့်အရေးသမားဆိုတာ နေရာတိုင်း၊ ခေတ်ကောင်း ခေတ်ပျက် အခြေအနေအမျိုးမျိုးမှာ ရှိပါတယ်။
အခွင့်အရေးသမားကို အပစ်တင်တာထက် သူတို့ကို လုပ်ခွင့်မသာအောင်၊ အခြေအနေ မဖန်တီးနိုင်အောင်
စနစ်ခိုင်မာ ထက်မျက်တဲ့ အစိုးရသူ၊ အစိုးရလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေး၊ အစိုးရယန္တယားရဲ့ သရုပ်သကန်ဟာ တစ်နိုင်ငံလုံး လမ်းတွေကို
ချိုင့်လေးတွေ့လိုက်၊ ကတ္တရာသော၊ ရာဘာသော၊ တာရာသော ရောကြိုချက်လို့ ဖာထေးခြင်း၊
ပက်ကြားအက်တွေ့လိုက် ပေါ်က နောက်တစ်လွှာအုပ်လိုက် ကိုကြည့်ခြင်းဖြင့် အထင်အရှား မြင်တွေ့နိုင်ပါတယ်။
လမ်းအပိုင်းလိုက် စနစ်တကျ စီမံချက် မဆွဲနိုင်ခြင်း၊
ဘက်ဂျက်ချရင်း သမင်မွေးလိုက် ကြားစားလိုက်ဖြစ်ခြင်း၊
အကောင်းဆုံး စီမံချက် လုပ်နည်းလုပ်ဟန်သည် စာရွက်ပေါ်မှာသာရှိခြင်း၊
အသိဥာဏ်ရော ငွေပါဆင်းရဲခြင်း၊ အခြေခံ အကြောင်းတရား (ပက်ကြားအက်ခြင်း၊ ချိုင့်ဖြစ်ခြင်း၏) ကို မရှာဘဲ လက်တလော အပေါ်ယံကုစားခြင်း၊
လူကြီးမင်းများလာသောအခါမှ အရေးပေါ် (ကုန်ချင်သလောက်ကုန်) လမ်းပြုပြင်ခြင်း၊
အလုပ်သမားအရေအတွက်ထက် လာစစ်ဆေးသော လူကြီးမင်း အသေး၊ အလတ်၊ အကြီး အရေအတွက်က ပိုများခြင်း၊
လမ်းခင်းခြင်းအား အောင်ပွဲအဖြစ် ဆိုင်းဘုတ်များထူခြင်း၊
လမ်းနှင့် ရေမြောင်း မပေါင်းစပ်ခြင်း၊ လမ်းသည် ရေမြောင်းဖြစ်ခြင်း၊
လမ်းမြှင့်၍ ရပ်ကွက်ရေမြုပ်ခြင်း
လမ်းပေါ် ကွမ်းသွေး၊ အမှိုက်မပစ်တော့ခြင်း၊
စသည့် စသည့် လမ်းဋီကာ ဖွင့်စရာမရှိတော့သည့် နေ့၌
မြန်မာ့နိုင်ငံရေးစနစ် လမ်းကြောင်းမှန်ပေါ် ရောက်ရှိပြီး၊
ဆန္ဒပြပွဲများ မမြင်ရတော့ သလောက်ဖြစ်ကာ၊ စစ်တပ်လည်း
ဘယ်တော့မှ အာဏာသိမ်းတော့မည် မဟုတ်ကြောင်း ယုံကြည်နေမိပါသည်။
သက်ထွေးအောင် (စစ်ဗိုလ် ငြိမ်း)
၈-၈-၂၀၁၃ — with Ye Moe and 10 others in Singapore, Singapore.
Clik here to view.

==============================
၈၈ အကြောင်းပြောတော့
တစ်ချို့က သတ်တဲ့အကြောင်း ပြောကြတယ်။
တစ်ချို့က သေတဲ့အကြောင်းပြောကြတယ်။
တစ်ချို့က လုခံရတဲ့အကြောင်းပြောကြတယ်။
တစ်ချို့က မီးအရှို့ခံရတဲ့အကြောင်း
တစ်ချို့က ခေါင်းဖြတ်ခံရတဲ့အကြောင်း
တစ်ချို့က စစ်တပ်နှိပ်စက်မှု
တစ်ချို့က အောင်ပွဲ
တစ်ချို့က စစ်တပ်အာဏာသိမ်းပွဲ
စစ်တပ်ကတော့ ကယ်တင်တယ်လို့ဆိုတယ်။
တစ်ချို့က…………
ကိုယ်ကြုံခဲ့တာ၊ ကိုယ်မြင်တာ၊ ကိုယ်ထင်တာ ပြောနေကြတာဆိုတော့
အကြောင်းအရာပေါင်းစုံက မှန်ဖို့များရင်များမယ် ပြည့်စုံမှာတော့မဟုတ်ဘူး။
အဲ့ဒီခေတ်အခါက ကိုယ်တိုင်အနည်းနဲ့အများကြုံခဲ့
အပြည့်အစုံမမှန်နိုင်တာ
၈၈ မှာ မမွေးသေးတဲ့ လူငယ်တွေက အကြား၊ အထင်နေနဲ့တုတ်နေတာဆိုတော့
မမှန်ဖို့ပိုများတာ အဆန်းမှမဟုတ်ပေပဲ။
လူငယ်အချို့က ပြောတယ်၊ ကိုယ်တိုင်ကြုံဖူးမှ အမှန်သိရမယ်ဆို
သမိုင်းသင်စရာတောင် မလိုဘူးတဲ့၊
ဟုတ်ပါလိမ့်မယ်။ သမိုင်းဆိုတာလည်း အပြည့်အစုံမဟုတ်သလို
အဲ့ဒီခေတ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး ရသလောက် ကျောက်၊ ပေ၊ ပရပိုက်နဲ့ ပြုစုတာပါ။
အဲ့ဒီခေတ်မှာ ဖြစ်ပျက်သမျှအကြောင်းအရာတွေကို မခြယ်မှုန်းနိုင်ပါဘူး။
အများသောအားဖြင့် နန်းတွင်းမူးမတ်တွေက ရေးသားလေ့ရှိပြီး
ဘုရင်မကောင်းကြောင်းထက်၊ ကောင်းကြောင်းပိုများလိမ့်မယ်။
တိုင်းသူပြည်သားတွေရဲ့ အခက်အခဲ၊ အလိုဆန္ဒအမှန်တွေပါဖို့နည်းပါလိမ
သူငယ်ချင်းရဲ့ ကဗျာထဲမှာ ပုဂံခေတ်က ယောင်္ကျားနဲ့ သား တရုတ်နဲ့ တိုက်ပွဲမှာ ကျသွားလို့
မုဆိုးမ အမေအိုဟာ ရှိစုမဲ့စုလေးနဲ့ ဘုရားတည် ကောင်းမှုကုသိုလ်ပြုသတဲ့။
မင်း၊ မူးမတ်၊ သူဌေးသူကြွယ်တွေရဲ့ ပုထိုးတွေကြားမှာ
အုတ်ပုံအဖြစ်နဲ့တောင် စာရင်းမဝင်ဖြစ်နေလောက်ပြီသဘောမျ
လွမ်းမောဖွယ် ရေးစပ်တယ်။
ဒါဟာ လောကဓမ္မတာပါပဲ။ ခေတ်တစ်ခေတ်ကို ဘယ်လောက် ပုံဖော်နိုင်မလဲ
တစ်ယောက်ချင်းဆီက အရေးပါပေမယ့်
တစ်ယောက်တစ်ပေါက် ပြောဆိုနေတဲ့ သမိုင်းဟာ မှတ်သားရမယ်ဆိုရင်
ဘဝပေါင်း ကဋေကဋာလူပြန်ဖြစ်ရင်တောင် မှတ်လို့မကုန်နိုင်လောက်ဘူး။
ဒါဖြင့် ရွေးနှုတ်မှတ်တမ်းတင်ကြမှာလား၊ ဒါက သမိုင်းသုတေသီပညာရပ်ဖြစ်မယ်
ကျွန်တော်နားမလယ်ဘူး။ ကာလာဖူး ဖြစ်ရင်ကောင်းတာပေါ့။ ကွန်ပရိုမိုက် လုပ်ရမယ်ထင်တယ်။
ဒါဖြင့် ဘာအတွက် အတိတ်အကြောင်းတွေပြောနေကြ၊ ငြင်းခုန်နေကြတာလဲ။
ဘာကို လိုချင်တာလဲ၊ ဘာဆက်ဖြစ်စေချင်တာလဲ။
စစ်တပ်ကောင်းကျိုးခံစားဖူးသူတွေ
စစ်တပ်ကောင်းကျိုးတစ်ခါမှ မခံစားရဘူးတဲ့ ဒုက္ခပေးတာပဲ ကြုံဖူးတဲ့သူတွေ
စစ်တပ်နဲ့ စစ်သားအကြောင်းမကောင်း ပြောတာဘာဆန်းလဲ။
အင်အား ငါးသိန်းလို့ပြောနေတဲ့ စစ်တပ်မှာ ကကဥ ကိုရောက်တဲ့ အမှုပေါင်း
တစ်ရက်ကို သုံးထောင်ခန့်ရှိတယ်။ အဲ့သုံးထောင်ကို ၃၆၅ နဲ့မြောက်၊
ရလာဒ်ကို နှစ် ၂၀ နဲ့ထပ်မြောက်၊ နေ့တိုင်း စစ်တပ်မကောင်းကြောင်း၊ စစ်သားမကောင်းကြောင်း ထိုင်ပြော
ထမင်းမစားနဲ့ ရေမသောက်နဲ့ ဘယ်နှ နှစ်အသက်ရှင်ဖို့လိုအပ်မလဲ။
စာမတင်၊ စာမဝင်၊ ကိုယ်တွေ့အဖြစ်အပျက်ကြုံတဲ့ ပြည်သူ တစ်သန်းလောက်ရဲ့
စစ်တပ်ဒုက္ခပေးပုံတွေဆက် ဖော်ထုတ်ကြ….
ပြည်သူမကောင်းကြောင်းပြောမယ်…..
ငါးသိန်းတောင် အဲ့လောက်များနေတာ
သန်းခြောက်ဆယ်ခန့်ဆိုတာကြီး တွေးတောင် မတွေးရဲဘူး။
ကြုံတုန်း မြိတ်မြို့နားက အကြော်ရောင်းတဲ့ အဖွားအိုအကြောင်းပြောဦးမယ်
သူ့က အရင် ဥယာဉ်ခြံပိုင်တယ်၊ အကြော်ရောင်းနေတာကိုက သူပိုင်ခဲ့ဖူးတဲ့ ဥယာဉ်ခြံကို မြင်နေရတဲ့နေရာ
ကျွဲကောသီး၊ သံပရာ၊ သီဟို၊ အစုံဗျာ၊ အသီးတွေပြွတ်ခိုင်နေတာ။
အဖွားက ဆက်ပြောတယ်၊ မြိတ်မြို့သစ်တည်မယ်ဆိုလို့ အသိမ်းခံရတာတဲ့။
ရောကြေးမရဘူးလားဆိုတော့၊ နိုး…..
ဦးစီးမှူးကို အသီးလေးတော့ ပေးခူးပါ၊ အသီးတွေလည်း ကျချိန်မဟုတ်လား။
မရဘူး၊ ဘယ်နေ့ ဘယ်ရက်က စသိမ်းပြီး၊ နိုင်ငံပိုင်ဖြစ်ပြီဆိုတော့ ခူးခွင့်မရှိတော့ဘူးပေါ့။
ဌာနဆိုင်ရာကလူတွေ ခူးနေတာတော့ တွေ့တယ်တဲ့။
ထုံးစံအတိုင်း လူကြီးမင်းလည်း မိုးကျရွှေကိုယ်တွေလေ။
ဒီနေရာမယ်
အဖွားကြီး ခင်ဗျား တပ်/အစိုးရ မကောင်းကြောင်း လျောက်ပြောနေတာမဟုတ်လား
အဲ့လိုမေးသင့်သလား၊ ကျွန်တော် ယုံလွယ်သူလား၊ သူက ဝါဒဖြန့်သူလား။
နောက်ပြီး
စစ်တပ်နဲ့ စစ်အာဏာရှင် ခွဲပြောပါလို့ သူ့ကို ကျွန်တော့်ဘက်က အရေးဆိုမယ်။
သူ ကျွန်တော့်ကို ကြောင်ကြည့်နေမှာလို့ မြင်ယောင်တယ်။
နောက်
ခင်ဗျား စစ်တပ်မကောင်းကြောင်း လျောက်ပြောနေတာ သေချင်ပြီလား။
အေးပါကွယ် အဖွားလည်း အိုနေပါပြီ၊ သေဖို့နီးနေပါပြီလို့ ပြောမှာလို့ တွေးမိတယ်။
တကယ်တော့ ဦးနေဝင်းဟာ စစ်တပ်ကနေ နိုင်ငံအုပ်ချုပ်သူ၊ တစ်ပါတီဥက္ကဌဖြစ်ခဲ့တယ်။
အင်္ဂလိပ်နဲ့ ဂျပန်ကို အသက်ပေးတော်လှန်ခဲ့တဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ ဝင်တွေကိုယ်တိုင်
အပြန်အလှန်တိုက်ခိုက် ပြည်တွင်းစစ်ကြာညောင်းခဲ့တယ်။
တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ဘက်စုံကျဆင်းခဲ့တယ်။
တိုင်းရင်းသားလူမျိုးတွေ အကြောင်းအမျိုးမျိုးနဲ့ လက်နက်ကိုင် သူပုန်ထတယ်။
အခုခေတ်တော့ ယဉ်ကျေးစွာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းလို့ ခေါ်ဝေါ်တယ်။
နှစ်ပရိစ္စေဒကြာမြင့်သွားတဲ့အခါ
အားလုံးရဲ့ ဘုံရန်သူဟာ စစ်တပ်ဖြစ်သွားတယ်။
အံ့သြဖို့ကောင်းလေစွ၊ ဝမ်းနည်းဖို့ကောင်းလေစွ။
နှစ်တစ်ရာနီးပါးတွယ်ခဲ့တဲ့ အင်္ဂလိပ်ကို မမုန်းကြတော့ဘူး။
သုံးနှစ်လောက် ပက်ပက်စက်စက်စော်ခဲ့တဲ့ ဂျပန်တွေကိုလည်း မစက်စုတ်တော့ဘူး။
လုပ်ခဲ့တဲ့လူလည်း သိပ်မကျန်တော့သလို၊ ခံရတဲ့သူလည်း သိပ်မရှိတော့ဘူး။
အခုခေတ် အာမိုတွေ၊ အိုနေးစံတွေ တွေ့ရင် ပလိစ် ပလိစ် နေရတယ်။
ယနေ့စစ်ဗိုလ်ချုပ် မပြောနဲ့ အစိုးရလူကြီးမင်းများတောင် ၈၈ မှာ အကြီးဆုံးရာထူးမှ ဒုမှူးကြီးလောက်ရှိမယ်။
ဦးစိုးသိမ်းဆို ဗိုလ်မှူးလောက်ရှိသေးတာ။ တပ်အနေနဲ့ဆို ဖွတ်ကြားလောက်ပေါ့။
ကိုယ့်အယူအဆ အတွေးအခေါ်ဘေးချိတ်၊ ခိုင်းတာလုပ်ရတဲ့အဆင့်ကို ပြောတာပါ။
ကျုပ်ကတော့ ဖွတ်ကြားထက်နိမ့်တဲ့အဆင့်က ကိုမတက်တာ။
ဒီမိုထဲက အငယ်ဆုံးက ခွပ်ဒေါင်းနှဖူးစီးနဲ့ လူငုပ်တုပ်၊ သွားငုပ်တုပ်အရွယ်။
ဖိုးတက်ကြွ ယုံကြည်ချက်ပြင်းထန်သူတွေက ဆယ်ကျော်သက်တွေ။
ဒီလိုအခြေအနေမှာ စစ်တပ်ဆိုတာကြီးကို မုန်းပြီး၊ အခြားဆိုရင် like ကြတာဟာ
အင်အားများလာတဲ့ စစ်တပ်မှာ အမှားတွေလည်း များလာလို့
အရင်နဲ့ မတူ တမူထူးတဲ့ အကျင့်တွေလည်း ပြောင်းခဲ့လို့
အရေးကြီးပါတယ် ဆိုတဲ့ ဦးငါး မပိုင်တော့လို့
ဆိုလိုတာက ဘာတွေကို အာဃာတများပြီး၊ ဘာတွေကို ကာကွယ်နေကြတာလည်း။ ဘာတွေကို ရှေ့မျှော်မှန်းပြီး ဘာတွေနဲ့ ရှေ့ဆက်ချင်ကြတာလဲ။
လူသတ်ခဲ့တာလည်း အဟုတ်တကယ်၊
သေနတ်နဲ့ ပစ်ခဲ့တာလည်း အဟုတ်တကယ်၊
ပြည်သူတွေ ဆင်းရဲကြပ်တည်းနေခဲ့တာလည်း အဟုတ်တကယ်၊
မကျေနပ် ဒေါသဖြစ်ကြတာလည်း အဟုတ်တကယ်၊
ဆန္ဒပြသင့်၊ ခေတ်ပြောင်းသင့်တာလည်း အဟုတ်တကယ်၊
တောကြောင်လို့ သမုတ်တဲ့ အခွင့်အရေးသမားတွေ ထကြွကြတာလည်း အဟုတ်တကယ်။
အစိုးရရဲ့ စီမံခန့်ခွဲမှု အညံ့အဖျင်းတွေကြောင့် တိုင်းပြည်ဆင်းရဲကျပ်တည်းခဲ့ရတယ
အစိုးရက အစိုးမရလို့ကို ဆင်းရဲတယ်၊ လက်နက်ကိုင် သောင်းကျန်းမှုဖြစ်တယ်၊
လာဒ်စားမှုတွေဖြစ်တယ်၊ ဆန္ဒပြပွဲဖြစ်တယ်
ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆူပူသောင်းကျန်းမှုတွေဖြစ်တယ်။
စစ်တပ်က ဝင်ထိန်းတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ စစ်တပ်၊ အစိုးရဝန်းထမ်းတွေရဲ့ အဂတိလိုက်စားမှု အသစ်အဆန်းတွေ ဆက်ဖြစ်တယ်။
(ဒီအပိုင်းက နည်းနည်းလက်ရာမြောက်အောင် သက်သက်ရေးရမယ့် အပိုင်း)
(မင်းကရော သူတော်ကောင်းလားဆိုရင် ပါးစပ်နဲ့ပါ ဖျား)
ဒီလိုနဲ့ပဲ စစ်တပ်ကို လူမုန်းများသွားတယ်။
စစ်တပ်နဲ့ စစ်အာဏာရှင်ကို ပြည်သူတွေခွဲ မမြင်ပါဘူး။
နိုင်ငံရေးသမားတွေက ခွဲမမြင်ချင်ပါဘူး။
အခွင့်အရေးသမားဆိုတာ နေရာတိုင်း၊ ခေတ်ကောင်း ခေတ်ပျက် အခြေအနေအမျိုးမျိုးမှာ ရှိပါတယ်။
အခွင့်အရေးသမားကို အပစ်တင်တာထက် သူတို့ကို လုပ်ခွင့်မသာအောင်၊ အခြေအနေ မဖန်တီးနိုင်အောင်
စနစ်ခိုင်မာ ထက်မျက်တဲ့ အစိုးရသူ၊ အစိုးရလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေး၊ အစိုးရယန္တယားရဲ့ သရုပ်သကန်ဟာ တစ်နိုင်ငံလုံး လမ်းတွေကို
ချိုင့်လေးတွေ့လိုက်၊ ကတ္တရာသော၊ ရာဘာသော၊ တာရာသော ရောကြိုချက်လို့ ဖာထေးခြင်း၊
ပက်ကြားအက်တွေ့လိုက် ပေါ်က နောက်တစ်လွှာအုပ်လိုက် ကိုကြည့်ခြင်းဖြင့် အထင်အရှား မြင်တွေ့နိုင်ပါတယ်။
လမ်းအပိုင်းလိုက် စနစ်တကျ စီမံချက် မဆွဲနိုင်ခြင်း၊
ဘက်ဂျက်ချရင်း သမင်မွေးလိုက် ကြားစားလိုက်ဖြစ်ခြင်း၊
အကောင်းဆုံး စီမံချက် လုပ်နည်းလုပ်ဟန်သည် စာရွက်ပေါ်မှာသာရှိခြင်း၊
အသိဥာဏ်ရော ငွေပါဆင်းရဲခြင်း၊ အခြေခံ အကြောင်းတရား (ပက်ကြားအက်ခြင်း၊ ချိုင့်ဖြစ်ခြင်း၏) ကို မရှာဘဲ လက်တလော အပေါ်ယံကုစားခြင်း၊
လူကြီးမင်းများလာသောအခါမှ အရေးပေါ် (ကုန်ချင်သလောက်ကုန်) လမ်းပြုပြင်ခြင်း၊
အလုပ်သမားအရေအတွက်ထက် လာစစ်ဆေးသော လူကြီးမင်း အသေး၊ အလတ်၊ အကြီး အရေအတွက်က ပိုများခြင်း၊
လမ်းခင်းခြင်းအား အောင်ပွဲအဖြစ် ဆိုင်းဘုတ်များထူခြင်း၊
လမ်းနှင့် ရေမြောင်း မပေါင်းစပ်ခြင်း၊ လမ်းသည် ရေမြောင်းဖြစ်ခြင်း၊
လမ်းမြှင့်၍ ရပ်ကွက်ရေမြုပ်ခြင်း
လမ်းပေါ် ကွမ်းသွေး၊ အမှိုက်မပစ်တော့ခြင်း၊
စသည့် စသည့် လမ်းဋီကာ ဖွင့်စရာမရှိတော့သည့် နေ့၌
မြန်မာ့နိုင်ငံရေးစနစ် လမ်းကြောင်းမှန်ပေါ် ရောက်ရှိပြီး၊
ဆန္ဒပြပွဲများ မမြင်ရတော့ သလောက်ဖြစ်ကာ၊ စစ်တပ်လည်း
ဘယ်တော့မှ အာဏာသိမ်းတော့မည် မဟုတ်ကြောင်း ယုံကြည်နေမိပါသည်။
သက်ထွေးအောင် (စစ်ဗိုလ် ငြိမ်း)
၈-၈-၂၀၁၃
Image may be NSFW.
Clik here to view.![]()
Clik here to view.
