…………….
ဒီနေ့က ၈၈ ရဲ့ ၂၅ နှစ်မြောက်ဖြစ်တော့ စာတွေဖတ်တော့လည်း ၈၈၊ သတင်းတွေကြား တော့လည်း ၈၈၊ တွေ့မြင်ရတော့လည်း ၈၈ တွေပါပဲ။
ဆူပူမှုတွေ၊ ဒုက္ခသည်စခန်းတွေ၊ ရေလွှမ်းမိုးမှုတွေကို ခဏမေ့ပြီး ၈၈ ကို ၀ိုင်းဝန်းလိုက်ကြတာဟာ ညီညွတ်မှု၊ စည်းလုံးမှု၊ ပူးပေါင်းပါဝင်မှု တွေလို့တော့မြင်မိပါတယ်။
ဒီလို ညီညွတ်မှုတွေ၊ စည်းလုံးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ငြိမ်းချမ်းရေး၊ တိုင်းပြည်တည် ဆောက်ရေးတွေမှာ အင်တိုက်အားတိုက် ဆောင်ရွက်လိုက်ကြပါရင် ဘယ်လောက်ကောင်းလိုက်ပါ့မလဲ။
………
ဆရာဇာဂနာ ရဲ့ “၈၈၈၈” ဆိုတဲ့ Popular News Journal ပါဆောင်းပါးလေးကို ဖတ်လိုက်ရပါတယ်။
ဒီအထဲက ကြိုက်နှစ်သက်မိတဲ့ စာသားတချို့ကို ထုတ်နှုတ်ပြလိုပါတယ်။
- ကျွန်တော်နဲ့အရိုင်းလည်း အဆိုတော်တွေ၊ မင်းသားမင်းသမီးတွေရဲ့ လိပ်စာ ဖုန်းနံပါတ်စုံစမ်းပြီး
လိုက်ခေါ်ခဲ့ကြပါတယ်။ မှတ်မှတ်ရရ ဘယ်အိမ်ကမှ တံခါးဖွင့်မပေးပါဘူး။
- ဒီလောကနဲ့ မစိမ်းပါဘူး။ ဒါပေမဲ့ အရေးတော်ပုံမှာ ပါဝင်ဖို့ကိုတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ
နားတောင် ထောင်မပေးခဲ့ကြပါဘူး။
- တကယ်တမ်း မှန်မှန်ကန်ကန် သုံးသပ်ကြည့်ရင် အဲဒီတုန်းက ကြားဖြတ်အစိုးရဖွဲ့ကြပါလို့
ပြောရင်တောင် ကိုယ်တွေမှာ ဘာမှ အဆင်သင့်မရှိကြပါဘူး ဆိုတာကို မှန်မှန်ကန်ကန်လေး မြင်ကြဖို့
လိုပါတယ်။
- လူထုဘက်ကို တပ်မတော်ပါလာပြီ၊ အနောက်ပိုင်းအားကစားရုံမှာ တပ်မတော်သားတွေ ပြည်သူ့ရင်ခွင်
ခိုဝင်ပြီ၊ ရေတပ်က ရန်ကုန်ကို အမြောက်တွေနဲ့ ပစ်ပေးမယ်။ လေတပ်က ဗုံးကြဲပေးမယ်လို့ စာတွေဝေ
အမျှော်ကြီးမျှော်ပြီး တပ်က အာဏာသာ သိမ်းသွားပါရော။
- ဒီနေ့ထက်တိုင် တပ်က အရာမယွင်းပါဘူး။
- သည်တော့ ၈၈ သင်ခန်းစာဆိုတာ တော်တော်ထူးပါတယ်။ ဈေးလည်း တော်တော်ကြီးပါတယ်။ ဈေးကြီး
သလောက် တန်ဖိုးလည်း ကြီးကြစေချင်ပါတယ်။
…………….
တချို့သော ဂျာနယ်တွေမှာတော့ မျိုးစုံဖတ်ရပါတယ်။ ဆောင်းပါးရှင်ကရော တွေ့ဆုံမေးမြန်းတာတွေ ဖော်ပြထားတာတွေကို ဖတ်ရပါတယ်။
- ဒီလောက်အင်အားကြီးတဲ့ စစ်တပ်ကို ရင်ဆိုင်တာဟာ မိုက်ရူးရဲဆန်တာပဲ။ အဲဒါနဲ့ အကျိုးဆက်ကတော့
ဘယ်မှာလဲ။ ကျွန်တော်ကတော့ အဲဒါကြောင့် ဒီစစ်တပ်က ကျွန်တော်တို့ကို နောက်ထပ်နှစ် ၂၀ ကျော်
သံဖနှောင့်အောက်မှာ ဆက်ထားခွင့်ရခဲ့တာလို့ပဲထင်တယ်။
- စစ်အစိုးရလားဗျာ။ နိုင်ငံအပေါ်ပြည်သူအပေါ် စေတနာထားတယ်ဆိုတာ ဒီပုံအတိုင်း ဆက်သွားရင်
အကျနာမယ်ဆိုတာသိလို့ ဒီအကွက်ကို ခင်းတာလို့ပဲ ကျွန်တော်တော့ မြင်တယ်။
- စစ်တပ်က အာဏာသိမ်းတဲ့နည်းအပြင် တခြားနည်းရှိသလားဆိုရင် အာဏာမသိမ်းလို့မရအောင် လုပ်ခဲ့
တယ်။ အကွက်ဆင်ခဲ့တယ်ပြောရမှာပေါ့။
- ယနေ့အချိန်အထိ အရေးတော်ပုံကို မျက်မြင်မကြုံတွေ့လိုက်ရဘဲ ပုံသွင်းထားသည့် အတိုင်းသာ
သိရှိခဲ့သူ မျိုးဆက်သစ် တပ်မတော်သားအချို့သည်လည်း ၈၈ သည် မင်းမဲ့စရိုက်ဖြစ်လာသောကြောင့်
တပ်မတော်က အာဏာသိမ်းလိုက်ခြင်းဟု လက်ခံနေကြဆဲဟု အဆိုပါတပ်မတော်သားများကို မေးမြန်းမှုများအရ သိရှိရသည်။
………..
၈၈ မှာ ၅ နှစ်သားသာ ရှိခဲ့တဲ့ကျွန်တော်ဟာ ၈၈ ဘာဆိုတာကို ၂၀၁၃ ရောက်မှ သိခဲ့ရပါသည်။
ဒီနေ့မှာ ငွေရတုပွဲကို ခမ်းနားစွာကျင်းပခဲ့ကြသည်။ ငွေရတုအခမ်းအနားသို့ အစိုးရထိပ်ပိုင်းအရာရှိများကို
ဖိတ်ကြားခဲ့သည့်အတွက်လည်း လိုလားချက်များအပြည့်အစုံမရှိသေ
၈၈ ဆိုတာ ဒီမိုကရေစီရေးအတွက် ပြည်သူတွေရဲ့ တိုက်ပွဲဝင်သမိုင်းနေ့ တစ်နေ့ပါ။
ထိုသမိုင်းသည် ဘယ်လိုဘာတွေပြောပြော အမှန်အတိုင်းရှိနေမည်ဖြစ်သည်။
ထိုအမှန်အတိုင်းရှိသော သမိုင်းကို အခြေခံပြီး ချဲ့ကားလာခဲ့ရင် ရှေ့ဆက်မည့် ခရီးက ပိုမိုခက်ခဲသွားနိုင် သည်ဟု မြင်မိပါသည်။
၈၈ ကြောင့် စစ်တပ်ကို ပိုမုန်းသွားသောအမြင်များ မမြင်သွားစေလိုပါ။
စစ်တပ်ကို မုန်းသွားခြင်းဖြင့် ဒီမိုကရေစီသည် စစ်မှန်သော ဒီမိုကရေစီဖြစ်မလာနိုင်ပါ။
စစ်တပ်သည် မှားခဲ့သည်။ အာဏာရှင်ဖြစ်ခဲ့သည်။ ဒါကို အသက် ၂၀ အောက်လူငယ်ကအစ သိနေ ကြပါသည်။
ထိုအမှားကို နောက်ထပ် တဖန်မဖြစ်ဖို့၊ ထပ်ပြီး အာဏာရှင်မဆန်ဖို့သည် လက်ရှိ ပြည်သူလူထု လက်ထဲတွင် အခွင့်အရေးများစွာရှိနေပါသည်။
အစိုးရကို မကောင်းကြောင်း၊ စစ်တပ်မကောင်းကြောင်းပြောနေယုံမ
နိုင်ငံအတွက် ခေါင်းဆောင်ကောင်းများ လိုအပ်နေချိန်၊ ထပ်မံမျှော်လင့်နေချိန်တွင် အားကိုးအားထား ယုံကြည်နေရသော ပြည်သူ့ခေါင်းဆောင်များက တစ်ဘက်သူနင်းပြီး ကိုယ်က တက်နေရင် အမှတ်ရလာဖို့ ထက်အမှတ်လျော့လာနိုင်ပါသည်။
ပြည်သူထဲက တပ်မတော်သားတွေကို ပြည်သူနှင့် တသားတည်းကျအောင် စွမ်းဆောင်နိုင်ဖို့လိုပါသည်။
ဒါတွေက ကျွန်တော့်အမြင် သက်သက်သာဖြစ်ပါသည်။ ပြည်သူထဲက တစ်ဦး၏ အမြင်သာဖြစ်ပါသည်။
………….
ကျွန်တော် ဆရာ့ ဇာဂနာ ဆောင်းပါးလေးထဲက
- ၈၈ အရေးတော်ပုံကြီး ကိုယ့်အိမ်ရှေ့က ဖြတ်သွားတာတောင် ခြင်ထောင်ထဲကနေ စောင်ခေါင်းမြီးခြုံပြီး
ကြည့်ခဲ့သူတွေက အခု လက်ခမောင်းခတ်တာ များလွန်းလို့ အမှန်အတိုင်း ရေးဖို့ကောင်းပြီလို့ ယုံကြည်လို့ပါပဲ။
ဆိုတာလေး ဖတ်မိတော့ ဦးငမော့စ်ကို သတိရမိပါသည်။
မြ၀တီအငြိမ့်ပြိုင်ပွဲတုန်းကဖြစ
ဦးမိုးဒီတို့က နယ်ချဲ့တွေကို ခုခံချသည်။ ဦးငမော့စ်က စင်ရဲ့ တစ်နေရာမှာ ထိုင်လို့။ နယ်ချဲ့တွေ မှောက်သွားတော့ ဦးငမော့စ်က ထအော်ပါတယ်။
“ ငမော့စ်ကွ….အဲဒါ ငမော့စ်ကွ ”တဲ့
ဒီလိုနဲ့ ဂျပန်တွေကို ဆက်ပြီးတော်လှန်ပြန်သည်။ ဂျပန်တွေ ကျရှုံးပြန်တော့ ဦးမိုးဒီတို့က(တကယ် လက်တွေ့တော်လှန်ခဲ့ရသူတွေက) ဘာမှမပြောခင်မှာ စင်ရဲ့ ထောင့်မှာ အိပ်နေတဲ့ ဦးငမော့စ်က ထပြီး
“ငမော့စ်ကွ….အဲဒါ ငမော့စ်ကွ ”တဲ့။
သြော် ၂၅ နှစ်ငွေရတုစီက တချို့သောအရာ၊ တချို့သော လူတွေ၊ တချို့သော အသံတွေကို ဖတ်ရ၊ ကြားရ၊ မြင်ရတာတွေကတော့ ကြားတဲ့နားထဲမှာ
“ငမော့စ်ကွ….အဲဒါ ငမော့စ်ကွ ” ဆိုတဲ့ အသံတွေဆူညံနေပါတော့တယ်။
မောင်ပိုင်
၈-၈-၂၀၁၃။ —