Quantcast
Viewing all articles
Browse latest Browse all 1811

ကိုမိုးဇေညိမ်း သို့  အိတ်ဖွင့်ပေးစာ….


ကိုမိုးဇေညိမ်း သို့  အိတ်ဖွင့်ပေးစာ….
----------------------------------------

ကိုမိုးဇေညိမ်းရေ…….
ကွန်မန့် ဘောက်စ် လဲ ပိတ်ထားပြီး …..
ဖရန်းလဲ အက်လို့ မရတဲ့ အတွက်…….
အိတ်ဖွင့်ပေးစာ လို့ …..
ရေးလိုက်ရတာကိုတော့ ……
ခွင့်လွှတ်စေချင်ပါတယ်……….

ခင်ဗျား ရဲ့ အသက်အရွယ် ….
အဖွဲ့ အစည်း ….
အလုပ်အကိုင်တွေကို လျှို့ ဝှက်ထားတဲ့ အတွက်…….
ခင်ဗျားလို့ ပဲ သုံးနူန်းလိုက်ပါတော့တယ်……
ခွင့်ပြုပါ…….။

ဘာကိစ္စလဲလို့ မေးရင်တော့ ……
ခင်ဗျား ဖော်ပြခဲ့ တဲ့  နော်သင်းစု ရဲ့ ဆောင်းပါး ကိစ္စပါပဲ …..
ဖတ်လို့ သိပ်ကောင်းပါတယ်……
ရင်ထဲမှာလဲ နင့်ကနဲ ခံစားရပါတယ်……
မျက်ရည်တွေဝဲလာပြီး……
ဒေါသလဲ အမျက်ချောင်းချောင်း ထွက်ခဲ့ ရပါတယ်…….
ဒီလို အဖြစ်မျိုးသာ….တကယ်ဖြစ်ခဲ့ ရိုးမှန်ရင်……..
ကျူးလွန်တဲ့ ရာဇ၀တ်ကောင်တွေကိုလဲ …..
အရေးယူမှကို ဖြစ်ပါလိမ့်မယ်……
တပ်မတော် တစ်ခုလုံးက အရာရှိ စစ်သည်တွေဟာလည်း
ကျုးလွန်သူတွေကို စစ်ခုံရုံးက…..
ထိုက်သင့်တဲ့ အပြစ်ပေးဖို့ ……
ဝမ်းသာအားရ ထောက်ခံကြပါလိမ့်မယ်……
ကျွန်တော်တို့ ဟာ…..လူတွေပါ…..
လူမဆန်တဲ့ ပြစ်မှုတွေကို….
ဘာမှ ခွင့်လွှတ်ထားစရာ အကြောင်းမရှိပါဘူး……
စစ်သားစစ်စစ် တစ်ယောက်ဟာ …..
ဒီလို ပြစ်မှုမျိုးကို ဘယ်လိုမှလက်ခံမှာ မဟုတ်ပါဘူး………။

ဒါပေမယ့် ……
ရုတ်တရက် ခေါင်းထဲကို ပေါ်လာတဲ့ ဖြစ်ရပ်တစ်ခုဟာ….
ဒေါသထွက်နေတဲ့ ကျွန်တော့်ကို .....
ချက်ချင်း အရှိန်သတ်သွားစေခဲ့ ပါတယ်……
၁၉၈၈ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ ည ၈နာရီ ၄၅မှာ…..
ဘီဘီစီက လွှင့်ထုတ်ခဲ့ တဲ့ …..
မအေးငြိမ်းသူနဲ့ မိန်းကလေးတွေ…..
ထောင်ထဲမှာ…အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းပါ…..
အဲဒီသတင်းကြောင့် …
၈၈ အရေးအခင်းဟာ …..
အရှိန်အဟုန် မြှင့်တက် မီးဟုန်းဟုန်းတောက်သွားခဲ့ပြီး …..
လူထုရဲ့ အမုန်းတရားတွေကြောင့်…..
သွေးထွက်သံယို ကိစ္စတွေ …..
အများအပြားဖြစ်ပွားခဲ့ ရပါတော့တယ်…..

နောက်ပိုင်းမှာ……
ဒါဟာ လုပ်ဇာတ်ကြီးမှန်း …..
အဖြစ်မှန်ပေါ်ပေါက်လာခဲ့ပေမယ့် …..
တိုင်းပြည်ကတော့ ကောင်းကောင်းကြီး နစ်နာသွားခဲ့ပါပြီ…….

နောက်တစ်ခုက ခင်ဗျားကိုးကားတဲ့ ......
ရှစ်စက္ကန့် ငြိမ် စာအုပ်ဟာ…
၂၀၀၅ ခုနှစ်မှာ....
ယိုးဒယားနိုင်ငံမှာ ရိုက်နှိပ်ထုတ်ဝေပြီး….
ဘားမားကန်ပိန်း (ယူကေ)တို့ က …
ငွေကြေးကုန်ကျခံ ထုတ်ဝေခဲ့တဲ့ .....
စာအုပ်ဖြစ်နေတဲ့ အတွက်…..
မှန်ကန်မှုကို အတော်လေး ….
စိစိဖို့ လိုမယ်လို့ လဲထင်ပါတယ်…..။

ဘားမားကန်ပိန်း (ယူကေ)ရဲ့ အကြောင်းကတော့ .....
ဘင်္ဂါလီ ကိစ္စမှာ ....
အထင်အရှား ဘွားဘွားပေါ်ခဲ့ ပြီမို့ ....
အကျယ်မချဲ့ လိုတော့ပါဘူး.......။

ကိုမိုးဇေငြိမ်းရေ…….
တရားဥပဒေစိုးမိုးရေး ရဲ့ အဓိက အကျဆုံး အချက်ဟာ ….
ပြန်လည်ဖြေရှင်းခွင့် ဖြစ်ပါတယ်……
ဖေ့ဘုတ်ဆိုတဲ့  ဟောဒီ လောကကြီးမှာ….
ကိုယ့်အယူအဆ…
သဘောတရားတွေ ချရေးတာက ……
အထူးအထွေ ပြသနာမရှိလှပေမယ့်……
မှုခင်းတစ်ခုခုကို ချရေးပြီး…..
တစ်စုံတစ်ယောက်ကို စွပ်စွဲပြီ ဆိုရင်တော့….
စွပ်စွဲခံရသူကို ပြန်လည်ဖြေရှင်းခွင့် ပေးဖို့ ကိစ္စဟာ ….
သေရေးရှင်ရေးတမျှ အရေးကြီးလာပါတော့တယ်……

အွန်လိုင်းမှာ ဓာတ်ပုံတွေတင် ……
တရားခံနာမည်တွေ အတိအကျ ချရေး…
အခုကတော့ ဘယ်နေရာမှာ….
ဘယ်သူဖြစ်နေပါပြီ……..
ပြီးရင်…ဒီ ဖြေရှင်းချက်မပါတဲ့ စွဲချက်ကို ….
လူအများရှေ့ ချပြလိုက်တယ်ဆိုရင်တော့…..
ဟုတ်နေရင် အသာထား……
မဟုတ်ခဲ့ဘူးဆိုရင်……
အဲဒီသူတွေရဲ့ ပျက်စီးသွားတဲ့ မိသားစုဘ၀တွေ….
သားသမီးတွေရဲ့  အရှက်တကွဲ ….
အကျိုးနည်း ဖြစ်ရမှုတွေကို……
ခင်ဗျား ဘာနဲ့ ပေးလျော်မလဲဗျာ…..
ခင်ဗျား ကိုယ်တိုင်လဲ…..
ခင်ဗျားတို့ ကျွန်တော်တို့  ၀ိုင်းဆန့် ကျင်နေတဲ့ …
စစ် အာဏာရှင်တွေနဲ့ ဘာများ ကွာတော့မလဲဗျာ…..

သူများရေးတယ် ဆိုပေမယ့်လည်း
ခင်ဗျား ယုံကြည်လို့ တင်ပါတယ် ဆိုတဲ့ ပို့ စ်ကို ဖတ်ရင်း ….
ဘေးက ဘာမဆိုင်ညာမဆိုင် ကျွန်တော်တောင်…
သောင်းကျန်းသူကို ဖမ်းမိတဲ့ကိစ္စမျိုးဟာ…
ခြေလျင်တပ်က….
စစ်မှ မစစ်ရတာ……
ကနဦး အစီရင်ခံစာလောက်ပဲ ရေးသားပြီး…..
အသေးစိတ် စစ်ကြောမေးမြန်းချက်တွေကိုတော့ ….
သက်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ အစည်းတွေကပဲ ….
ပြုလုပ်ကြတယ်ဆိုတာ……
ဦးးစီးအရာရှိ အဆင့်လောက်…..
တာဝန်ထမ်းဆောင်ဘူးရင်ကို……
သိနိုင်တာပဲကွ လို့ 
မေးခွန်းထုတ်စရာ ပေါ်လာတယ်ဆို
.........................
တပ်မ ၄၄ က အရာရှိ စစ်သည်တွေ …
အွန်လိုင်းပေါ်မှာ အများကြီး ရှိနေမှာပါ…..
သူတို့ မှာ…ခင်ဗျားကို မေးခွန်းထုတ်စရာတွေ ….
တနင့်တပိုး ကြီးရှိနေမယ်ဆိုတာ …..
ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်….

နောက်ဆုံးတစ်ခုကတော့…..
ဒီ ရာဇ၀တ်မှုတွေဟာ တစ်ကယ်ဖြစ်ခဲ့ ရိုးမှန်ရင်…..
ခင်ဗျား တကယ်ဖော်ထုတ်ချင်ရိုးမှန်ရင်……
ဖေ့ဘုတ်မှာ…နာမည်အလိမ်နဲ့ လျှောက်ရေးနေတာထက်……
ခင်ဗျား ဘယ်သူဆိုတာမဖော်ပြပေးမယ့်…
အတိုက်အခံ အမတ် တစ်ဦးဦးကနေ…..
လွှတ်တော်ကို အထောက်အထား အပြည့်အစုံနဲ့ တင်ပြပြီး …
ကာကွယ်ရေး ၀န်ကြီးကို မေးခွန်းထုတ်တာပဲဖြစ်ဖြစ်……
ဒါမှမဟုတ် တရားဥပဒေစိုးမိုးရေးကော်မရှင်က …..
လွတ်လပ်မျှတတဲ့  စုံစမ်းရေး ကော်မရှင်က…..
ဒီအမှုကို ဖော်ထုတ်တာပဲဖြစ်ဖြစ်…..
ကျွန်တော်တို့ စလိုက်ကြ ရအောင်လေ…..

လွှတ်တော်ထဲမှာ…
ခင်ဗျားရဲ့ ဒီအမှုတွဲ ကြီးကို ကိုင်ပြီး……
မျက်နှာထား ခပ်တင်းတင်းနဲ့ …
ဒါက ဘယ်လိုဖြစ်တာတုန်း လို့ မေးခွန်းထုတ်ပေးမယ့် …
အတိုက်အခံ လွှတ်တော် အမတ် ……
အများကြီးရှိမယ်ဆိုတာ……
ကျွန်တော် ယုံကြည်ပြီးသားပါ……..

တစ်ခုတော့ ရှိပါတယ်….
မမှန်မကန် စွပ်စွဲမှု …
သက်သေခံမှုတွေအတွက်…..
ရာဇသတ်ကြီးထဲမှာ…..
ဥပဒေတွေကတော့ ရှိနှင့်ထားပြီး ဖြစ်နေပါပြီ….

ဖေ့ဘုတ်မှာ ကောမန့် ဘောက်စ် ပိတ်ရေးနေမယ့် အစား ……
လွှတ်တော်အမတ် တစ်ယောက်ယောက်ရဲ့ လက်ထဲ ……
ခင်ဗျား အမှုတွဲကြီး မြင်စမ်းကြည့်ရအောင်ဗျာ…….
ကျွန်တာ် မျှော်နေမယ်နော်…….

(တရားမျှတမှုကို လိုလားတဲ့ ရဲမိုး)
 — feeling wonderful.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...