Quantcast
Viewing all articles
Browse latest Browse all 1811

ချောင်းကြည့်ပေါက်များ


သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်...တဲ့။

(၂)
"ခြေထောက်တွေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်...တဲ့။

(၃)
ဆိုတော့ကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်...တဲ့
အင်း
ပျင်းတယ်....ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...
.......။

ရဲသင်ရန် (ထူးအိမ်သင်)
၂၀ဝ၂၊ အောက်တိုဘာ၊ ပန်မဂ္ဂဇင်း

==========================================================

(ထူးအိမ်သင် ကွယ်လွန်ခြင်း -၉- နှစ်ပြည့်အမှတ်တယ)

(ဂီတငှက် နှစ် (၅၀) ပြည့် အမှတ်တယ)

ပုဂံကို ဘုရားဖူးထွက်ရာက ကန်တော့ပလ္လင်ဘုရားပေါ်ကို ညအချိန် တက်ရောက်ကြည့်ရှုမိရာက ဧရာဝတီရဲ့ သမိုင်းကို သွေးသစ်လောင်းစီးမျောမိပြီး ........ရာဇ၀င်များရဲ့ သတို့သမီးကို ........ ရေးစပ်သီဆိုသူ၏ အမှတ်တရ

အဝေးရောက်သားများစွာအား အမေကို သတိရတတ်အောင် တမ်းတတတ်အောင် အမေ့အိမ်ကို တည်ဆောက်ပေးခဲ့သူ၏ အသက် -၅၀- ပြည့် အထိန်းအမှတ်)

(ဆရာကြီး ဒဂုန်တာရာ ထံ ချည်းကပ်ပြီး မဟာဂီတကို နိုင်ငံအတကာသိအောင် သုတေသနလုပ် ထုဆစ်နိုင်ရန်ကြိုးစားရင်း ကွယ်လွန်ခဲ့သူ၏ အထိန်းအမှတ်.

မိုးဇော်ကို ဆိုသော ရွှေတံဆိပ်စုရ ဆိုင်းဆရာနှင့် ဆိုင်းအကြောင်း note အကြောင်း အနုပညာချင်း ဖလှယ်ရန် ကြိုးစားနေစဉ် ကွယ်လွန်ခဲ့သူ၏ အမှတ်တရ.။

ကမ္ဘာကျော် ဂီတ ပညာရှင်တစ်ဦးအာ ပုဂံသို့ သွားရောက်စေပြီ သဘာဝ ဂီတ အနှစ်သာရကို ချ ပြခဲ့သော သူ၏ အမှတ်တရ...။

ပတ္တလား အပါအ၀င် ခေတ်ပေါ်နှင့် ရိုးရာတူရီယာ ရှစ်မျိုးခန့်ကို ကျွမ်းကျင်စွာ တီးမှုတ်နိုင်သူ၏ အမှတ်တရ

ငယ်စဉ် ကျောင်းသားဘ၀ကတည်းက Slow Jazz ဂီတပုံစံဖြင့် ကိုယ်ပိုင်သံစဉ် (ဝေးသွားတဲ့အခါ) ကို ပထမဆုံး ရေးစပ် ဖော်ထုတ်နိုင်သူ၏ အမှတ်တရ..။

ကမ္ဘာ မြေ စိမ်းလန်းပါစေ ......ဟုသောသီချင်းကို ယနေ့ငြိမ်းချမ်းရေး ပွဲတော်များတွင် ပြန်မဆို လို့ မရသည်အထိ စွဲနစ်အောင် ဖန်တီးခဲ့သူ၏ အမှတ်တရ..။

မြစ်ကမ်းနားက မြို့များတွင် နေထိုင်ရင်း (ပုသိမ်၊ မော်လမြိုင်) “ဟိုက်ရာကလီတပ်စ်”၏ “သူသူငါငါ မြစ်တစ်စင်းထဲတွင် ရေနှစ်ခါ မချိုးနိုင်” ဟုသော သဘောတရားကို ဖွဲ့ဆိုခဲ့သူ...။

ငယ်စဉ်တုန်းက သံလွင်မြစ် ရေတက်ချိန် သင်္ဘောပျက်ထဲတွင် မိမိကိုယ်ကို အဆုံးစီရင်ရံကြံသော်လည်း မိခင်၏ ဖျောင်းဖျမှုကြောင့် အသက်မသေခဲ့သူတ်ဦး၏ အမှတ်တရ

၈၈ နောက်ပိုင်း အမှောင်..။ ရက်စက်ကြမ်းကြုတ်သော ခြင်္သေ့များရဲ့ ဝေးရာကိုသွားချိန်မှာ ..ကောက်ကျစ်တတ်တဲ့ ၀ံပုလွေများရ့အကြောင်း .... သိလာသော သူ၏ အမှတ်တရ..။

အိမ်နာမည် ဘဲဥ ခေါ် ပေါ်စွမ်းခေါ် သန်းထွန်းစိုး ခေါ် ကျော်မြင့်လွင် ၏ ကွယ်လွန်ခြင်း ၉ နှစ်ပြည့် အမှတ်တယ

လူငယ်များ၏ ပါးစပ်ဖျားတွင် စွဲနေသော ကိုငှက်/ငှက်ကြီး ဆိုသူ ကွယ်လွန်ခြင်း ၉ နှစ်ပြည့်အမှတ်တရ...။

တိုင်းအဆင့်ဆရာဝန် တစ်ဦးနှင့် နွေးထွေးသော သူနာပြုတစ်ဦးတို့ မွေးဖွားခဲ့သူ၏= အမှတ်တရ

ရဲသင်ရန်၊ သျှပ်မှူးကျော် အစရှိသော ကဗျာ ဆရာ တစ်ယောက်၏ အမှတ်တရ

အဆိုတော် ဂီတ မှော်ဆရာ ... ထူးအိမ်သင် ကွယ်လွန်ခြင်း (၉) နှစ်ပြည့် အသက် (၅၀) ပြည့် အမှတ်တရ..။

=======================================================

ခင်ဗျားတို့ ယုံကြမလား ..။.

သူ့သီချင်း တစ်ပုဒ်က ............ မြစ်ဆုံကို ...... ရပ်ဆိုင်းဖို့ အထောက်အကူ ပြုခဲ့တယ်ဆိုရင်...။

သူ့သီချင်းတစ်ပုဒ်က ............. အဝေးရောက်သားများစွာ... ... အမေ့ကို တမ်းတသတိရတတ်စေခဲ့တယ်ဆိုရင်။

သူ့သီချင်း တစ်ပုဒ်က ........ ငြိမ်းချမ်းရေးအတွက် ........ တေးသွားတွေ ဖြစ်ခဲ့တယ်ဆိုရင်..။

သူ့သီချင်းတစ်ပုဒ်က .........လူငယ်တွေကို စိတ်အားတက်ကြွစေခဲ့တယ်ဆိုရင်...။.

သူ့သီချင်း တစ်ပုဒ်က ......... လွမ်းသူ-ချစ်သူပုံရိပ်တွေကို ... ပီပြင်စေခဲ့တယ်ဆိုရင်..။

ခင်ဗျားတို့ ..... ငြင်းမလား..။

Photo -- Nyein Aye Ein
— with Myo Set and 32 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...