“ ဘူ..ဘော်..”
ရထားကြီးရဲ့ ဥသြဆွဲသံကို ခုမှကြားရတော့သည်။
ရထားစထွက်ကတည်းက အသံတွေက ဆူညံနေတာ။ ရထားပေါ်ရောက်နေတာလား။ နတ်ကန္နားပွဲ ရောက်နေတာလား မှားလောက်သည်။
အလုပ်ကိစ္စရှိလို့ ရန်ကုန်ကနေ မီးရထားဖြင့် မန္တလေးကို ထွက်ခဲ့ခြင်းဖြစ်သည်။ ရထားထိုင်ခုံပေါ် ထိုင်ပြီး အေးအေးလူလူဖြစ်ကမှ ဘေးဘီကိုကြည့်မိသည်။ တစ်ခုခုတော့လွှဲနေပြီ။
တစ်တွဲလုံးနီးပါး အခြောက်တွေ။ သူတို့အသံတွေက ဆူညံပွက်လောရိုက်နေသည်။ ဒီနေ့တော့ ရထားစီးမိတာ မှားပြီထင်သည်။ ကျွန်တော်ကလည်း ဒါတွေကို လုံးလုံးမျှကြည့်မရ။
တော်သေးသည် ဘေးခုံနှင့် ရှေ့ခုံက ခရီးသည်တွေက ကိုယ့်အတွက် အဖော်ရပေလို့။ သူတို့လည်း ကိုယ့်လိုခံစားနေရပုံရသည်။
“ အင်း.. တောင်ပြုန်းပွဲက နီးပြီလေ။ ဒီတော့ ရထားတွေ၊ ကားတွေက သူတို့ချည်းပဲ ”
ရှေ့ခုံကတစ်ယောက် ပြောသံကြားမိသည်။
သြော်…တောင်ပြုန်းပွဲဆိုပါလား။
……………………
မန္တလေးမြို့၏ မြောက်ဖက် တောင်ပြုန်းအရပ်တွင် တည်ထားမည့် စေတီတစ်ဆူ ဌာပနာ ဆောက်လုပ် ရာတွင်ပါဝင်ရန် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီနောင်တို့အား အနော်ရထာမင်းက ခိုင်းစေခဲ့ရာ ငြင်းပယ်ခဲ့ သဖြင့် ရာဇမာန်ရှခြင်း ခံခဲ့ကြရသည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။
ညီနောင်နှစ်ဦးအား အညှိုးအေတးထားရှိသော သူတို့သည် စေတီတွင် အုတ်နှစ်ချပ်စာနေရာကို အနော်ရထာမင်းကြီး မြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရထာမင်းကြီးသည် အမှုသွားအမှုလာကို စုံစမ်းကြားနာ စစ်ဆေးတော်မူပြီးနောက် ၎င်းညီနောင်နှစ်ဦးအား အမိန့်တော်မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ချမှတ်ခဲ့သည်။
သို့ရာတွင် ၎င်းညီနောင်တို့သည် ပြစ်ဒဏ်အစား ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။
၎င်းတို့ကို ကွပ်မျက်ပြီးနောက် အနော်ရထာမင်းကြီး၏ ဖောင်တော်သည် ရွေ့လျား၍မရပဲ ဖြစ်နေ ခဲ့သည်။ ဤသို့ဖြစ်ခြင်းကို အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်းများက ရွှေဖျင်းညီနောင် တို့သည် အနော်ရထာမင်းကြီးအား သစ္စ္စာစောင့်သိစွာ အမှုတော်ထမ်းခဲ့သော်လည်း မတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ်ချက်ကို ဖော်ပြသည့်အနေဖြင့် တော်ဝင်ဖောင်တော်၏ တက်မကို ဆွဲကိုင်ထားသောကြောင့် ဖောင်တော်ရွေ့လျားမရ ဖြစ်နေသည်ဟူ၍ လျှောက်တင်ကြသည်။ ထိုသို့လျှောက်တင်ကြသောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင် နှစ်ဦးအား ရည်စူး၍ နတ်ကွန်းကြီးတစ်ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ်ပသစေသည်။

ဤသို့ဖြင့် တောင်ပြုန်းရွာသည် ငါးရက်ခန့်စည်ကားသော တောင်ပြုန်းပွဲတော်ကြီးကို နှစ်စဉ် ကျင်းပရာ ဌာနေတစ်ခု ဖြစ်လာသည်။ မန္တလေးမြို့ မြောက်ဖက် ၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်းရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီး နတ်ကွန်း ၂၀၀၀ နီးပါးသည် ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီးနှင့် ရွှေဖျဉ်းလေးတို့အား ရည်စူးကိုးကွယ်ထားခြင်း ဖြစ်သည်။
(ဤသည်မှာ အင်တာနက်တွင် တောင်ပြုန်းနှင့် ပတ်သက်၍ ရှာဖွေရရှိမှု သမိုင်းအား ပြန်လည် တင်ပြခြင်းဖြစ်ပါသည်)
ယခုလက်ရှိအချိန်တွင် အဘယ်ကြောင့် တောင်းပြုန်းဘုရားပွဲကြီးဟု ဖြစ်သွားရသည်ကိုတော့ ကျွန်တော် မသိရှိပါ။
နောက်တစ်ခုကား အဘယ်ကြောင့် တောင်ပြုန်းပွဲအား နတ်ကတော်များ၊ အခြောက်များ သွားရောက် ကာ ဦးခိုက်ပွဲလုပ်နေသည်မှာ ဘယ်ကစခဲ့သည်ကို မသိရှိရပါ။
(သမိုင်းကြောင်းသိရှိသူများ ပြောပြပေးကြပါခင်ဗျား)
………………..
လွန်ခဲ့သော တစ်နှစ် နှစ်နှစ်မှာ လှိုင်သာယာက အမျိုးသမီးတစ်ဦး ယောကျာ်းဘ၀ပြောင်းသွားသည်ကို ကြားသိရသည်။ ဗွီဒီယိုဖိုင်ကြည့်ခဲ့ရသည်။ သူ့အတွက် ၀မ်းသာကြည်နူးမိပါသည်။
မြန်မာနိုင်ငံရဲ့အခြောက် show ကို အခွေနဲ့ကြည့်ခဲ့ရဘူးတယ်။ ဆုရခဲ့တဲ့ ဘယ်လိုပြောရမလဲ ကောင်က (ရုပ်ကတော့တကယ့်မိန်းမရုပ်) သူ့ကို မေးခွန်းတစ်ခုမေးတယ်။ ယောကျာ်းဘ၀နဲ့ မိန်းမဘ၀ ဘာကို လိုချင်သလဲ။ ဘယ်ဘ၀က မြင့်မြတ်သလဲတဲ့။ သူက ဖြေခဲ့ပါတယ်။
ယောကျာ်းဘ၀ပဲလိုချင်တယ်။ ယောကျာ်းကမြင့်မြတ်တယ်တဲ့။
သူကတော့ ယောကျာ်းဘ၀ရပြီး မိန်းမစိတ်ဝင်နေတာလေ။
ရုပ်ရှင်လောကမှာလည်း မင်းသားတွေက ဘုန်းကညာတစ်ပါး လုံးရာကပြားတာကို တန်းစီရိုက်လိုက် ကြတာ။ မိန်းမလိုဝတ်၊ မိန်းမလို ဟန်ဆောင်နေရတာကို သဘောခွေ့နေကြတယ်တူပါတယ်။ ဟာသဖြစ်မယ် ထင်နေကြပုံရပါတယ်။

ဒီနေရာမှာ ယောကျာ်းက မြင့်မြတ်တယ်။ မိန်းမက မြင့်မြတ်တယ်လို့ ကျွန်တော်မဆိုလိုချင်ပါ။ ဘာလို့ လဲဆိုရင် ယောကျာ်းဘ၀ရပြီး ယုတ်ညံ့တဲ့၊ နိမ့်ကျတဲ့ ယောကျာ်းတွေအများကြီးရှိလို့ပါ။
ဘုရားရှင်လက်ထက်မှာလည်း တန်းခိုးအရာ၊ ဥာဏ်ပညာအရာတွေကအစ ဧတရ်ရတဲ့ ရဟန္တာမကြီး တွေအများကြီး ရှိခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကလည်း ယောကျာ်းမှ တရားထူးရနိုင်တာ မဟုတ်ပါဘူး။ မိန်းမတွေလည်း တပြေးညီအခွင့်အရေးရှိတယ်။ ရထိုက်တယ်။ ရပါတယ်။
……………
ပဏ္ဍကဆိုတဲ့ ပါဠိကို ပဏ္ဍုက်လို့ အနက်ပြန်ထားတာရှိပါတယ်။
ပဏ္ဍုက်ဆိုတာ လိင်အင်္ဂါချို့တဲ့သူ၊ စက်ဆုပ်ဖွယ်ကိုပြုတတ်သူလို့ အဓိပ္ပာယ်ရပါတယ်။ ပဏ္ဍုက် ၅ မျိုး ရှိတဲ့အထဲမှာ သြပက္ကမိကပဏ္ဍုက် (ဝှေးစေ့ကို သင်းကွပ်ထုတ်ပစ်ထားသူ)၊ နပုံသကပဏ္ဍုက်(မိန်းမအင်္ဂါဇာတ်၊ ယောကျာ်းအင်္ဂါဇာတ် နှစ်ပါးလုံး ထင်ထင်ရှားရှားမပါသူ) လို့ရှိပါတယ်။
အခြောက်(ယောကျာ်းကမိန်းမစိတ်)ပေါက်နေသူများသည် ထိုပဏ္ဍုက်နှစ်ပါးတွင် ပါဝင်မည်ထင်သည်။ ဗီဇပါသော်လည်း ဗီဇအထုတ်ခံရသောသူများကဲ့သို့ စိတ်ဗီဇ ပြောင်းလဲနေခြင်းဖြစ်သည်။
ထိုဘ၀ဖြင့် များစွာအောင်မြင်သူတွေလည်းရှိပါသည်။ အလှူဒါနများလည်း ပြုလုပ်နေသည်များကို လည်းတွေ့မြင်ရပါသည်။ မိမိဝါသနာပါရာကို လုပ်ကိုင်နေကြပါသည်။
ဤကဲ့သို့ စိတ်ဗီဇပြောင်းလဲနေသာ ဘ၀မျိုးထဲတွင် နတ်ကတော်အဖြစ်က အဆိုးဆုံးဖြစ်သည်။
ထေရ၀ါဒဗုဒ္ဓဘာသာတိုင်းပြည်တွင် နတ်ကိုးကွယ်မှုသည် များစွာရှိနေပါသေးသည်။ ထိုနတ်ကိုးကွယ်မှု တွင် နတ်ကတော်များ၏ အခန်းကဏ္ဍကလည်း အရေးပါမှုရှိနေသည်။ နတ်ကတော်များ၏ လွှမ်းမိုးမှုက များစွာ ကြီးစိုးနေသေးသည်။

မှားယွင်းသောအယူများကို ခင်းကျင်းလမ်းကြောင်းနေသော နတ်ကတော်များကတော့ ဒီဘ၀တွင် စားသာနိုင်မည်ထင်သော်လည်း သူတို့ဘ၀၏ လားရာသည် ကောင်းမွန်ဖို့မလွယ်ကူလှပါ။
အရှင်အာနန္ဒာလောင်းလျာသည် တစ်ခုသောဘ၀က ပန်းတိမ်ဆရာတစ်ဦးဖြစ်ခဲ့သည်။ ထိုဘ၀၌ တစ်ကြိမ်မျှ ကာမေသုမိစ္ဆာစာရကံ လွန်ကျူးမိခဲ့သည်။ ထိုကံကြောင့် ရောရုဝငရဲကျခဲ့သည်။ ငရဲမှ လွတ်သော် မိန်းမဘ၀၊ နပုန်းပဏ္ဍုက်ဘ၀နှင့် ၁၄ ဘ၀တိုင်အောင် ဗီဇအထုတ်ခံရသော နွား၊ မျောက်များအဖြစ် ကျင်လည် ခဲ့ရပါသည်။
လက်ရှိနတ်ကတော်တွေ၊ အခြောက်တွေကရော ဘယ်ဘ၀တွေက၊ ဘယ်လိုကံတွေကြောင့် ဒီလို အခြေအနေမျိုးတွေ ရရှိနေရတာလဲ။
“ ယခင်မကောင်းလို့ ခုမကောင်းပါ၊ ခုကောင်းလျှင် နောင်ကောင်းပါလိမ့်မည် ” တဲ့။
လက်ရှိပစ္စပ္ပုန်အချိန်မှာမှ အသိတရားရှိရှိ မပြုမပြင်ကြပါလျှင် နောင်တွင် ပိုးဆိုးသောဘ၀တွေကို ပိုင်ဆိုင်ပါလိမ့်မည်။
……………..
မင်းတုန်းမင်းလက်ထက်တော်က ဘုရင်မင်းတရားနဲ့ မိဖုရားခေါင်ကြီးတို့ မြှောက်စားကြတဲ့ သီလရှင် မယ်ကင်းဆိုတာရှိပါတယ်။ သီလရှင်မယ်ကင်းဟာ စာပေတတ်ကျွမ်းတယ်။ သီလရှင်တွေကို စာပေပို့ချ ပါတယ်။

တစ်နေ့မှာ သီလရှင်ငယ်များကို ဗန်းမော်ဆရာတော်ထံ လွှတ်ပြီး သင်္ဘောသီး အလှူခိုင်းသတဲ့။ အလှူ ခိုင်းတာလည်းရိုးရိုးမဟုတ်ပါဘူး။ ဗန်းမော်ဆရာတော်ထံ သင်္ဘောသီးလှူပြီးရင် သင်္ဘောသီးလှူရသော ကောင်းမှုကြောင့် ဘုရားဆုကို ရလိုကြောင်း ဆုတောင်းပါသည်လို့ လျှောက်ခဲ့ဖို့ မှာပါတယ်။
သီလရှင်ငယ်တွေက မှာတဲ့အတိုင်း လျှောက်တင်ကြတော့ ဗန်းမော်ဆရာတော်ကြီးက
“ ဟဲ့.. သီလရှင်ကလေးတွေ နင်တို့ ဆရာကင်း ဘုရားဆုကို မပန်စေနှင့်ဦး၊ ငါ့ပေါင်ကြားက၀တ္ထု သူ့ပေါင်ကြားရောက်အောင် ဆုတောင်းဦး” လို့ မိန့်ကြားလိုက်ပါတယ်။
……………..
“ မောင်လေးကလည်း ပါးစပ်က ကတ္တရားစေးထည့်ထားတာကြနေတာပဲ၊ ဟွန့်…. တစ်လမ်းလုံး အသံကိုတိတ်လို့ ”

လူကြည့်တော ကျား ၉ ကောင်စားမကုန်ဘူး။ ပြောတော့ ညောင်နာနာနဲ့။ ကျွန်တော့်စိတ်ထဲမှာ သူတို့ ကိုကြည့်ပြီး စိတ်ကူးတစ်ခုပေါ်လာတယ်။ ဒီလောက် ခွန်အားဗလ ကြီးတဲ့သူတွေ(စိတ်ကသာ မိန်းမစိတ် ဖြစ်နေတာ)ကို တပ်ထဲသွင်းပြီး ရှေ့တန်းထွက်ခိုင်းလိုက်ရင်ကောင်းမယ်လို့။
“ မောင်လေး..ကလည်း..မန္တလေးလည်းရောက်ပြီ။ အစ်မတို့နဲ့ လိုက်ခဲ့ပါလား ”
“ ဟာ..မလိုက်ပါဘူးဗျာ..”
“ မလိုက်ချင်လည်းနေပေါ့. သူများက..စေတနာနဲ့ခေါ်တာကို ”
ကျွန်တော်လည်း ပစ္စည်းတွေ ကပျာကယာသိမ်းပြီး ရထားပေါ်က အပြေးဆင်းလာမိပါတယ်။
ကျွန်တော့်စိတ်ထဲမှာတော့ ဗန်းမော်ဆရာတော်ဘုရားကြီးပြောတာလေး သတိရမိရင်း တွေးနေမိ ပါတယ်။
တော်တော်ဆိုးတဲ့လူတွေ ၀တ္ထုအပြည့်ရတာတောင် တစ်ဝက်ပဲယူတဲ့သူတွေလို့။

မောင်ပိုင်
၁၅-၈-၂၀၁၃။
—