ကျွန်မက အနုပညာနဲ့ ပတ်သတ်လာရင် အင်မတန်မှ ဒုံးဝေးတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်မဘဝမှာ ရုပ်ရှင်ရုံကို၃ခေါက်ပဲ သွားကြည့်ဖူးပါတယ်။ ကလေးဘဝတုန်းက ၂ခေါက်၊ တတိယနှစ် ကျောင်းသူဘဝက တစ်ခေါက်၊ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ်တုန်းက တစ်ခေါက်ပါ။ကျွန်မနှစ်သက်တဲ့ သဘောကျတဲ့ အဆိုတော်တွေ မင်းသားမင်းသမီးတွေ ဆိုတာလည်း မရှိပါဘူးးး။ သီချင်းတွေကိုလည်းကြုံမှပဲ နားထောင်တာပါ။ တကူးတက နားမထောင်ပါဘူး။
တစ်ရက်မှာတော့ မန္တလေးမြို့ ရတနာပုံဈေးကို မီးမလောင်ခင်တုန်းက အပေါ်ထပ်က စကိုင်းဝေါ့ခ် ရှော့ပင်းမော ရှိတဲ့အထပ်ကို သူငယ်ချင်းတွေနှင့် ရောက်သွားပါတယ်။မထင်မှတ်ဘဲတွေ့လိုက်တာက ဖြူဖြူကျော်သိန်းပါ။ ပထမဆုံး စီးရီးခွေ ထွက်ခါစအချိန်လောက်ထင်ပါတယ်။ အဲ့တုန်းက သူမရဲ့ သီဆိုဟန် ဝတ်ဆင်ပုံနဲ့ အမူအရာတွေဟာ ပရိတ်သတ်နဲ့ လုံးဝသဟဇာတ မဖြစ်သေးပါဘူးးး။ သူမသီဆိုနေတဲ့ စင်နိမ့်နိမ့်လေးရှေ့မှာ ယောက်ျားလေးတွေက ဝိုင်းပြီးလှောင်ပြောင်နေကြပါတယ်။ ပူပြင်းလှတဲ့ မန္တလေးနွေကို လေအေးပေးစနစ်တွေက မနည်းတွန်းလှန်နေရချိန်မှာ အားမာန်အပြည့်နဲ့ သီဆိုလှုပ်ရှားနေတဲ့ ဖြူဖြူကျော်သိန်းရဲ့ ဘော်ဒီဟိဒ်ကို မလွှမ်းခြုံနိုင်တော့ပါဘူး။ သူမရဲ့ အညိုရင့်ရောင်အသားပေါ်မှာ ခပ်ထူထူလိမ်းထားတဲ့ မိတ်ကပ်တွေက အရည်ပျော်ကျနေပါတယ်။
အလင်းရောင်နဲ့ဟပ်တော့ပြာနှမ်းနှမ်းအသားရောင်အဖြစ် ပြောင်းနေပါတယ်။ ဘေးနားက အမျိုးသားတစ်ယောက်က ပြောပါတယ်..."ဒီမိန်းမက ဒီလိုရူးပေါပေါပုံစံနဲ့ သူ့ကိုသူ နာမည်ကြီးအောင်လုပ်နေတာ"တဲ့။ နောက်တစ်ယောက်ကတော့ "ဟယ်....ရုပ်ဆိုးလိုက်တာ..."တဲ့ ကျွန်မကတော့ ဒီလိုတွေးပါတယ်... ဖြူဖြူကျော်သိန်းဟာ တော်တော်သတ္တိကောင်းတဲ့မိန်းကလေးးး သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိတဲ့ မိန်းကလေးးး အသံအားကောင်းလွန်းပြီး အဆိုပညာပိုင်နိုင်တဲ့မိန်းကလေးးး။ဒီလောက်ဝိုင်းကောနေတဲ့ ယောက်ျားထုရှေ့မှာ မျက်နှာတစ်ချက်မပျက်ဘဲ ကိုယ်နေဟန်တစ်ချက်မယွင်းဘဲ သူ့အလုပ်သူလုပ်နေတဲ့ မိန်းကလေးးး။ သဘောအကျဆုံးက သူမမျက်လုံးထဲမှာ မြင်နေရတဲ့ သူမရဲ့မတုန်မလှုပ်သော ယုံကြည်ချက်တွေ....။ ကျွန်မဖြူဖြူကျော်သိန်းရဲ့ သီချင်းလေးတွေကို ဝယ်ယူအားပေးတဲ့ အမာခံပရိတ်သတ်တစ်ယောက် ဖြစ်လာပါတယ်။
တစ်ရက်မှာ လမင်းနဲ့ပင်လယ်သီချင်းကို ထီတွန်းလှည်းကဖွင့်နေတာကြားတော့ ကျွန်မက သူငယ်ချင်းကို မေးပါတယ်... "ဘယ်သူဆိုတာလဲဟင်?? " "ဟာာာ နင်ကလည်းးးး မပြောချင်တော့ဘူးးး အဲ့ဒါနာမည်ကြီးအဆိုတော် ဝိုင်းဝိုင်းသီးချင်းဟဲ့။" "ငါလေ...တရုတ်လိုဆိုထားတဲ့ မူရင်းသီချင်းကို သိတယ်ဟ။ ဒါပေမယ့် သူကဗမာလိုလေးဆိုလိုက်မှ အသံပိုင်းရော ဂီတဘက်မှာပါ ပိုကောင်းသွားသလိုပဲ... ငွေလမင်းးးးးရေ....လို့အော်လိုက်တဲ့ အသံလေးက နားထဲစိမ့်သွားပြီး ငါ့ကိုများခေါ်လိုက်သလားလို့ ခိခိ။" ဒီလိုနဲ့ ဝိုင်ဝိုင်းရဲ့ သီချင်းချိုချိုလေးတွေကို တကူးတက နားထောင်ဖြစ်ခဲ့ပါတယ်။
မန္တလေးမြို့တော်ခန်းမမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲကို သူငယ်ချင်းတစ်ယောက်က စီစဉ်ကျင်းပပါတယ်။
မန္တလေးမြို့တော်ခန်းမမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲကို သူငယ်ချင်းတစ်ယောက်က စီစဉ်ကျင်းပပါတယ်။
စီစဉ်သူ သူငယ်ချင်းကိုအားပေးဖို့ လှုံဆော် စည်းရုံးလိုက်တာ မောင်နှမဝမ်းကွဲတွေ တစ်လှေကြီး ရှိုးပွဲကြည့်ဖြစ်သွားပါတယ်။ယောက်ျားလေးတွေကတော့ ဆိုင်ကယ်ကိုယ်စီနဲ့ သွားပြီး ခန်းမရှေ့ကစောင့်ကြပါတယ်။ကျွန်မတို့ မိန်းကလေး၃ယောက်ကိုတော့ ဖေဖေက ကားနဲ့လိုက်ပို့ပါတယ်။ရှိုးပွဲမှာ လူတွေကအုံးအုံးကျက်ကျက်ပါပဲ။ အင်္ကျီချွတ်ပြီး ဆေးမင်ကြောင်တွေ အလှထိုးထားတဲ့ ယောက်ျားလေးတွေ ကလည်း ရန်တွေဖြစ်ကြတာ ခဏခဏပါပဲ။ နယ်ခံအဆိုတော်လူသစ်တွေ ကိုလည်း လှောင်ကြပြောင်ကြနဲ့...။ နယ်ခံအဆိုရှင်တွေ ဖျော်ဖြေပြီးတော့ ပထမဆုံး စင်ပေါ်တက်လာတာက နာမည်ကြီး အမျိုးသားအဆိုတော်အဖွဲ့ပါ။ သူတို့ကို ရေသန့်ဘူးတွေနဲ့ ဝိုင်း
ထုကြပါတယ်။သူတို့ကလည်း ရှောင်ရင်းတိမ်းရင်း ဆက်ဆိုကြပါတယ်။ အဖွဲ့ခေါင်းဆောင် သရုပ်ဆောင်လည်း လုပ်တဲ့အဆိုတော်ရဲ့ မျက်နှာကို ရေဘူးကြီးက တည့်တည့်ပိတ်မှန်ပါတယ်။ သူတို့အဖွဲ့က ပရိတ်သတ်ကို ယဉ်ကျေးသိမ်မွေ့စွာ တောင်းပန်ပြီး ဆက်ဆိုကြပါတယ်။
ထုကြပါတယ်။သူတို့ကလည်း ရှောင်ရင်းတိမ်းရင်း ဆက်ဆိုကြပါတယ်။ အဖွဲ့ခေါင်းဆောင် သရုပ်ဆောင်လည်း လုပ်တဲ့အဆိုတော်ရဲ့ မျက်နှာကို ရေဘူးကြီးက တည့်တည့်ပိတ်မှန်ပါတယ်။ သူတို့အဖွဲ့က ပရိတ်သတ်ကို ယဉ်ကျေးသိမ်မွေ့စွာ တောင်းပန်ပြီး ဆက်ဆိုကြပါတယ်။
အမျိုးသမီး အဆိုတော်အဖွဲ့တစ်ခုက "ပရိတ်သတ်ထဲမှာ ဆေးကျောင်းသားတွေ ပါလားးးး" လို့မေးရင်း စကတ်တိုနံ့နံ့လေးတွေနဲ့ တက်လာပြီး သီချင်းတွေဆိုကြ ကကြပါတယ်။ အမျိုးသားတွေက တစ်ခဲနက်အားပေးပြီး စင်အောက်တည့်တည့်ကို အပြေးအလွှားသွားပြီး ကင်မရာတွေနဲ့ ပင့်ပြီးဓါတ်ပုံတွေ အလုအယက် ရိုက်ယူကြပါတယ်။ဒီလိုနဲ့ နာမည်ကြီး အဆိုတော်တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြီးသွားပါတယ်။နောက်ဆုံးဖျော်ဖြေမယ့်သူ စိုင်းစိုင်းခမ်းလှိုင် အလှည့်ရောက် လာပါတယ်။အမျိုးသမီးပရိတ်သတ်ရဲ့ အားပေးသံတွေက အမျိုးသားပရိတ်သတ်ကြီးရဲ့ ဆဲဆို အော်ဟစ် ရန်လုပ်သံတွေကြားမှာ ပျောက်သွားပါတယ်။ ဂျေမီ....ဂျေးမီ နဲ့အော်ဟစ်ပွဲတောင်းသံတွေ ဆူညံကျယ်လောင်စွာ ထွက်လာပါတယ်။ ရေသန့်ဗူးတွေလည်း စင်ပေါ်ကို ပလူပျံပြီး လွင့်ဝဲလာပါတယ်။ ကျွန်မကတော့ ဝရုန်းသုန်းကားနဲ့ မိုက်ရိုင်းလွန်းတဲ့ ပရိတ်သတ်တွေနဲ့ အိညောင့်အိညောင့် အမျိုးသားအဆိုတော်တွေကို တော်တော်စိတ်ကုန်နေပါပြီ။ ဒါပေမယ့် ကျွန်မသာ စင်ပေါ်ကလူဆိုရင်...ဒီလူအုပ်ကို ဘယ်လိုရင်ဆိုင်မှာလဲ ဘယ်လိုဖြေရှင်းမှာလဲ????လို့ တွေးမိတော့ ကျွန်မမှာလည်း အဖြေမရှိပါဘူးးး။
စိတ်မသက်မသာနဲ့ တွေးနေတုန်းမှာပဲ စိုင်းစိုင်းက သီချင်းဆိုတာရပ်ပြီးးး "လေးဖြူ...လေးဖြူ" ဆိုပြီး မိုက်ကြီးနဲ့အော်ပြီး ပွဲတောင်းပါတယ်။
စိတ်မသက်မသာနဲ့ တွေးနေတုန်းမှာပဲ စိုင်းစိုင်းက သီချင်းဆိုတာရပ်ပြီးးး "လေးဖြူ...လေးဖြူ" ဆိုပြီး မိုက်ကြီးနဲ့အော်ပြီး ပွဲတောင်းပါတယ်။
အားလုံးအူကြောင်ကြောင် ဖြစ်ကုန်ပြီး အသံတွေ တိတ်သွားပါတယ်...။ အဲ့အချိန်လေးကိုပဲ စိုင်းစိုင်းက အမိအရယူသုံးလိုက်ပါတယ်။ "ကျွန်တော်တို့လည်း ဒီလိုပဲ ကိုယ်သဘောကျတဲ့လူကို အော်ပြီးပွဲတောင်းခဲ့တာပဲ။အခုကျွန်တော့် ရှေ့ကနေ အားလုံးဆိုပြီးသွားပြီ။ ကျွန်တော်နောက်ဆုံးဆိုတာပါ။ကျွန်တော့်နောက်မှာ ဆိုမယ့်သူ ဘယ်သူမှ မရှိတော့ပါဘူးးး။ဒီက အကိုတွေညီတွေ ကျွန်တော်ဆိုတာ မကြိုက်ရင် နားမထောင်ချင်ရင် ပြန်လို့ရပါပြီ။ နားထောင်မယ့်သူ တစ်ယောက်ထဲ ကျန်ခဲ့ရင် အဲ့ဒီပရိတ်သတ် တစ်ယောက်ထဲကို ကျွန်တော်ဖျော်ဖြေပါ့မယ်။ ပြီးတော့ ဟိုနားက အကိုတွေ၊ဒီဘက်က အကိုတွေညီတွေ ခင်ဗျားတို့ ရေဗူးတွေနဲ့ ထုနေတာ ကျွန်တော်မြင်ပါတယ်၊ ခင်ဗျားတို့ထဲမှာ တိုက်ကွမ်ဒို သမားလည်းပါမယ် လက်ဝှေ့သမားလည်း ပါမယ်..ကျွန်တော်ခင်ဗျားတို့နဲ့ ရန်ဖြစ်ဖို့လာတာ မဟုတ်ပါဘူးးး သီချင်းဆိုဘို့ လာတာပါ။ ကျွန်တော်ဆိုတာ နားမထောင်ချင်ရင် ခင်ဗျားတို့ ပြန်လို့ရပါပြီ။ ကျွန်တော့်ပရိတ်သတ်နဲ့ ကျွန်တော် ဆက်ပြီးသီချင်းတွေ ဆိုပါရစေ။" သူ့စကားဆုံးတဲ့ထိ အသံတွေ တိတ်ဆိတ်နေပါတယ်။
ကျွန်မကတော့ ခပ်တည်တည်နဲ့ ထပြီး လက်ခုပ်တီးလိုက်ပါတယ်။နောက်ထပ်ပွဲဖျက်တဲ့ အော်ဟစ်သံတွေနဲ့ ရေသန့်ဘူးတွေ ထပ်မံမထွက်ပေါ်လာတော့ပါဘူး။ဟစ်ပ်ဟော့သီးချင်းတွေကို နားဆူတယ်လို့ ယူဆပြီး နားထောင်လေ့မရှိတဲ့ ကျွန်မဟာ အဲ့ဒီကတည်းက စိုင်းစိုင်းရဲ့အသံကြားရင် နားညည်းတယ်မထင်ဘဲ နားဆင်အားပေး နေခဲ့တာ ခုချိန်ထိပါပဲ။
နေထက်ထက်အောင်— with Maung Paing and 67 others.