နံနက်ခင်းက ပြာလဲ့ကြည်လင်နေသော ကောင်းကင်ကြီးသည် ဒီညတွင်သော ကတ္တီပါနက်တွင် ငွေရောင်များ ပျိုးပြက်လင်းလက်နေသည့်ပမာ သာယာလှပနေသည်။
ကမ္ဘာမြေကြီးရဲ့ တစ်နေရာသည် ကြယ်၏ အရောင်ကြောင့် အလင်းရောင်လည်းမမည် အမှောင်လည်း မတွင်ပဲ ခပ်မှိန်မှိန်လေး လင်းရောင်ယှက်ဖြာနေသည်။
သည်ညတွင်တော့ လမင်းသည် ဘယ်ကမ္ဘာဆီများပြေးပုန်းနေသည်မသိ
ည၏ အချိန်သည်လည်း ပို၍ နက်နက်လာပါသည်။
………..
အချိန်သည် လူကိုဝါးမျိုသည်ဟု ဆိုကြသည်။ ထို့ကြောင့်လည်း အသက်ဆိုတာကြီးကြီး လာတာဖြစ်ပါ လိမ့်မည်။ သို့သော် အချိန်၏ ၀ါးမျိုမှုကို မခံပဲ အချိန်နှင့်တပြေးညီ ရင်ဘောင်တန်းပြေးလွှားနေရင်းသာ အသက်ကိုကြီးကြီးသွားချင်လှသည်။
သို့မဟုတ်က ကိုယ်ကသာ အရင်ဦးအောင်ပြေးလိုက်ပြီး “ အလို ငါအသက်ရလာ ပကောရယ်လို့ ” အချိန်ကို ပျက်ရယ်ပြုလိုက်ချင်ပါရဲ့။
လူ့တစ်သက်မှာ တစ်ခါသာ မွေးနေ့ရှိပါသည်။ အမေ့ဝမ်းတွင်းက လူကကြီးကို ပစ်ဝင်လာတဲ့နေ့သည် ကိုယ့်ရဲ့တစ်သက်တာ မွေးနေ့တစ်နေ့ပင်ဖြစ်သည်။ ထိုရက်က တုပ၍ နှစ်စဉ်မွေးနေ့လုပ်ခြင်း၊ ရောက်ခြင်းသည် ရင့်ကျက်လာခြင်းကို ပြဆိုလာစေခြင်းပဲလား။
တစ်နေ့ထက်တစ်နေ့ အသက်ဆိုတာ ကြီးလာပြီလို့ သတိပေးခြင်းပေလား။
ဇရာတဲ့။ ရင့်ကျက်ခြင်းကို နှစ်သက်ပေမယ့် အိုမင်းရင့်ရော်ခြင်းကို မနှစ်သက်နိုင်ကြပါ။ ဒီလိုပါပဲ အသက် ရှည်ခြင်းကို လိုလားကြပေမယ့် နုပျိုခြင်းထက် မည်သူမျှ မပိုစေချင်ပါ။ မလိုချင်ကြပါ။ နုပျိုခြင်းအတွက် အမျိုးမျိုး ကြံဆောင်နေကြတာပဲ မဟုတ်ပါလား။
အင်း ဘာပဲဖြစ်ဖြစ်လေ အချိန်ဆိုတာကို မတားနိုင်တဲ့အရာဆိုတော့ ကျွန်တော့်တို့ အသက်တွေကလည်း ပိုပို တိုးတိုးလာနေတာပါပဲ။
…………
ဘ၀ဆိုတာ အတွေ့အကြုံတွေကနေ အသိတရားတွေ၊ အတွေးအခေါ်တွေ၊ လေ့ကျင့်မှုတွေ၊ ပညာတွေ တိုးလာရပါမှ ဘ၀ရဲ့ကြီးရင့်မှုဟာ တိုက်တန်မှာပေါ့။ အဲဒီလို အတွေ့အကြုံတွေဆိုတာလည်း အသက်ကြီးလာ လေပိုမိုးများလာလေ မဟုတ်လား။
အတွေ့အကြုံသာများပြီး ယူတတ်တဲ့ အသိတရားတွေ မရှိပြန်ရင်လည်း ချိနဲ့နဲ့ဇရာနဲ့ ဒယိမ်းဒယိုင်လူအို သာဖြစ်လာတော့မှာပါ။ ဒီတော့ ကိုယ်ကအချိန်တွေကုန်လာတာတာနှင့်
အတတ်ပညာကို သေရွာယူသွားလို့မရပါဘူး။ အသိပညာကတော့ ကိုယ်လေ့ကျင့်ပျိုးထောင်မှုနှင့်
…………
မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ ဒီအထဲမှာမှ မိမိကိုယ်ကို ကိုးကွယ်လွန်းတဲ့ သူတွေကြတော့ အတ္တသမား တွေဖြစ်နေတတ်ပါတယ်။ သူတစ်ပါးဆိုတာ သူတို့အတွက် အသုံးချစရာ၊ အသုံးပြုစရာလို့ပဲ တွက်တတ်ကြ ပါတယ်။ သူတစ်ပါးက ကိုယ့်အပေါ် ဘယ်လောက်အကျိုးပြုမလဲ ဆိုတာသာ တွေးပြီး ကိုယ်က တစ်ပါးသူကို ဘယ်အထိ အကျိုးပြုနိုင်မလဲဆိုတာတော့ မတွေးတတ်ပါဘူး။
ဒီတော့ သူတစ်ပါးကို အကျိုးပြုစေနိုင်မယ့် ပြုမူမှု၊ ပြောဆိုမှုတွေကို သူတို့ပေးဖို့ သိပ်ခက်ခဲနေတတ် ပါတယ်။ ကိုယ်ဘယ်အသက်ရွယ်ရောက်နေပြီလဲ။ ကိုယ်ရောက်နေတဲ့အသက်အရွယ်ကနေ ပြန်တွေးကြည့်ရင် ဘာတွေ လုပ်ခဲ့ပြီးပြီလဲ။ အများအကျိုးဘာတွေ စွမ်းဆောင်ပြီးပြီလဲ။
……………
ညကောင်းကင်ယံက ကြယ်တစ်ပွင့်ဟာ လမ်းပျောက်နေတဲ့ လူတစ်ဦးအတွက် လမ်းတစ်လမ်းကိုဖြင့် မြင်နိုင်စွမ်းရှိပါလိမ့်မယ်။
ကြယ်တစ်ပွင့်ရဲ့ အလင်းရောင်ဟာ လမင်းကြီးလောက် မထွန်းလင်းပေမယ့် ပိုးစုန်းကြူးထက်တော့ သာမှာ အမှန်ပါ။
အချိန်တွေနဲ့အတူ ဖြတ်သန်းလာတဲ့ ကြယ်ပွင့်ဟာ ညဥ့်နက်လာသည်နှင့်အမျှ ပိုမိုတောက်ပလင်းလက် လို့ လာလာနေပါတယ်။ ထို့အတူ ဇရာဆိုတဲ့ အသိလေးတွေ တစ်နှစ်ထက်တစ်နှစ် ကုန်ဆုံးဝင်ရောက်တာတာနဲ့ အမျှ ဘ၀အသိတွေဟာ တဖြည်းဖြည်းရင့်ကျက်လာတာပေါ့။
ကိုယ်ရည်ကိုယ်သွေး ပိုမိုတောက်ပလာရမှာပေါ့။
တဖြည်းဖြည်း ရင့်ကျက်လာခြင်းနှင့်အတူ လောကလူတွေအကျိုးအတွက်လည်း ထိုက်သင့်သော ပေးဆပ်မှု၊ ပေးအပ်မှုတွေ ပြုမူဆောင်ရွက်လာနိုင်ပါပြီ။
ကြယ်လေးတစ်ပွင့်ကြောင့် လမ်းပျောက်နေသူတွေ လမ်းမှန်ရောက်စေနိုင်ပါပြီ။
…………….
ဒီညကတော့ ဒီကြယ်လေးရဲ့ ညလေးပဲလား။ လူတိုင်းသတိမူမိသည်ဖြစ်စေ၊ အမှတ်တမဲ့ဖြစ်နေသည် ဖြစ်စေ ကြယ်ကလေးကတော့ ဒီညအတွက်သာမက ညစဉ် ညတိုင်း ညကောင်းကင်မှ ထွန်းလင်းတောက်ပပြီး လမ်းမှန်ကိုတွေ့ရှိလာအောင် လမ်းမပျောက်အောင် ပေးစွမ်းနေဦးမယ်ဆိုတာ …ယုံကြည်ရင်း…
၂၀၀၇ ခုနှစ်က သူငယ်ချင်းရဲ့ ၂၄ နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရအဖြစ် ရေးပေးတဲ့စာလေးပါ။
ကျွန်တော့်ရဲ့ မိတ်ဆွေအပေါင်းလည်း ကြယ်ပွင့်လေးတွေကိုယ်စီဖြစ်လို့
ကျယ်ပြောလှတဲ့ ကောင်းကင်လွှာကြီးမှာ…ကြယ်ပွင့်ေ
လောက လူအများကောင်းကျိုးအတွက် ထွန်းလင်းတောက်ပသော ကြယ်ပွင့်လေးတွေ ကိုယ်စီဖြစ်ကြ မယ်လို့ ယုံကြည်ရင်း…..။ ။
မောင်ပိုင်
၂၀-၈-၂၀၁၃