ကချင် ဆိုတာလည်း တိုင်းရင်းသား မြန်မာ လူမျိုး တွေပါပဲ ။
ကျနော် တိုင်းရင်းသား ညီအစ်ကို တွေ အားလုံးကို ချစ့်မြတ်နိုးပါတယ်
ကျနော် နိုင် ငံ ရေး လုံးဝ စိတ်မ၀င် စားပါ.....

စစ်ရေး ကို ထမ်းဆောင် ခဲ့ တာ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တာရယ် အဖိုး အ ဖေ က စစ်သားဖြစ်ခဲ့လို့  သားစဉ် မြေး ဆက် ဆက်ခံ တဲ့ သဘောပါ ။
ဘယ် အစိုးရ တက်တက် ကျနော် က စစ်သားက စစ်သားပါပဲ....
စစ်သားဆိုတဲ့ အတိုင်း အမိန့် နာခံ ရတယ် ။ တိုင်းပြည် အန္တရယ် မ ကျ ရောက် အောင် အသက်ပေး ကာ ကွယ် ကြရ တယ် ။
လမ်းဘေး မှာ အရက် သောက် ပြီး အ အေး ပတ် သေ သွား မှာ ထက် စစ်သား တစ်ယောက် အ နေ နဲ့ တိုင်းပြည် တာဝန် ထမ်းရင်း ကျဆုံး သေဆုံးခဲ့ ရင် ဂုဏ်ယူ ချင် လို့ ပါ ။
တစ်ခု တော့ အသိ ပေး ချင် တယ် ။ မသိ သေးတဲ့ သူငယ် ချင်း တွေ ကို လေ ။
အစ ဆွဲ ထုတ်တာ မဟုတ်ပါဘူး ။
ကချင်ပြည် နယ် မှာ တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန် ကို လုပ်ကြံ ခဲ့ တာ ဘယ်သူ ပါလဲ ? ? ?
KIA က ပါပဲ ။
အခုချိန် ကချင်ပြည်နယ် အေး ချမ်း နေပါပြီ ။
ဘာမ ဟုတ်တဲ့ အ ကြောင်း လေး တစ် ခု ကြောင့် စကား များ နေရမယ် ဆို လျှင် နှစ် ဖက် လူကြီး တွေ ဆွေး နွေး ခဲ့ ကြတာ အလကား ဖြစ်သွားပါလိမ့်မယ် ။
ကျနော် စစ်သား
တိုင်းရင်း သား အချင်း ချင်း စစ်မတိုက် ချင် ပါ ။
အကယ်၍ အခြား ပြည်ပ နိုင် ငံ ရပ် ခြား တိုင်း တစ်ပါးက ကျနော် တို့ မြန်မာပြည် ကြီးကို လာ ရောက် ထိခိုက် မယ် ဆိုလျှင်
အခု ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့ တွေ ကော ကျနော် တို့ စစ်သားတွေ ရော အခု စစ်သားကို အမုန်းကြီး မုန်းနေတဲ့ သူ တွေက ရော တိုင်းပြည် အတွက် အသက်ပေး ကြမှာပါ ။
ပြည်သူ လူ ထု ပါ ရ ရာ လက်နက်စွဲပြီး တော်လှန်ကြမှာပါ
အဓိက ပြော ချင် တာက Facebook က နေ ညီ အစ်ကို အချင်း ချင်း စိတ် ၀မ်း မ ကွဲ ကြဖို့ နဲ့ တိုင်းရင်းသား အချင်းချင်း ညီညွှတ် ကြဖို့ ပါ ။
ကျ နော် က လေး ဘ၀ ကတည်းက ဂျ ပန် ပြည် က သံလိုက် ရထား စီး ချင် လို့  အိပ်မက် မက်ခဲ့ တယ် ။ အ ခု အ ချိန် ထိ မြန်မာပြည် မှာ မ တွေ့ ခဲ့ ရဘူး
ဘာကြောင့်လဲ
တိုင်းရင်းသား အချင်းချင်း တိုက် နေ လို့ ပါပဲ
အခု ငြိမ်းချမ်းရေး ရ နေ ပြီ
ကျနော် အပါ အ၀င် တိုင်း ရင်း သား ညီ အစ် ကို တို့  မကြာခင် ရောက် ရှိ လာတော့မယ့် ငြိမ်းချမ်းရေး သံလိုက် ရထား ကို အတူတူ စီး ရင်း အနာဂတ် မျိုးဆက် ပန်း က လေး တွေ ပွင့်လန်း ကြ စေ လို့ လား ဗျာ ။
တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်း မကွဲ စည်းလုံး ညီညွှတ်ကြပါ စေ လို့ သာ ။
ကိုကိုအောင် ( ဘုရင့်နောင် )
က ချင် ပြည်နယ် လိုင် ဇာ ဌာနချုပ် မှ ကို အပု လေး လည်း အာ ဃာ တ အငြိုး တွေ ပြေ လို့  ကျနော် တို့  တိုင်းရင်းသားချင်း လက်တွဲ ပြီး ပြည်ပ ရန် ကာကွယ် ရင်း တိုင်းပြည် ဖွံဖြိုး တိုးတက် အောင် ကြိုးစား ဆောင် ရွက်ကြပါလို့ 
ညီငယ်
အမိမြေ ချစ်မြတ်နိုးသူ— with Ye Moe and 96 others.