Quantcast
Viewing all articles
Browse latest Browse all 1811

တရားမျှတခြင်းကို တရားမျှတစွာ ရှာဖွေနိုင်ကြပါစေ



တရားမျှတခြင်းကိုတရားမျှတစွ
ရှာဖွေနိုင်ကြပါစေ။
------------------------------------
တရားမျှတမှုဆိုတာ--ဘာလည်း?
ကျူပ်တို့ လူဆိုတဲ့သတ္တဝါတွေနေ
တဲ့ဒီကမ္ဘာကြီးမှာတရားမျှတမှုဆိုတဲ့
သည်းခြေကြိုက်ဝေါဟာရ ရဲ့ အ
ဓိပ္ပါယ်အကျိုးသက်ရောက်မှုကိ
လောကဓမ္မ သဘာဝတရားကြီးက
လှည်းနေ လှေအောင်းမြင်းဇောင်းမကျန်လ
တိုင်းအတွက်သာတူညီမျှပေးထားပါ
သလား?

လုံးဝမပေးထားဘူး။
ဗုဒ္ဓဘာသာအယူအဆ အရပြောရ
ရင် လူတစ်ဦးချင်းစီဟာသူတို့ လုပ်ခဲ့
သမျှကံ ကံ၏အကျိုးပေးအတိုင်းသာ
ချမ်းသာ ဆင်းရဲ ကွာဟကြတယ်ဆို
တာခင်ဗျားတို့ ကျူပ်တို့ အားလုံး
လုံးလက်ခံထားကြပြီးသားဆိုတာ
တော့အားလုံးနားလည်ကြမှာပါ။

အရာရာကိုဇလုပ်တိုက်တန်းတူညီ
မျှဖြစ်ဖို့ ဆိုတာနတ်ပြည်မှာတောင်
မရနိုင်ဘူး။သိကြားမင်းလည်းသူ့ ကံ
အကျိုးပေးနဲ့ တန်တဲ့စည်းစိမ်ခံစားရ
သလို ရိုးရိုးနတ်သား/နတ်သမီးတွေလည်းသူတို့ နဲတန်တဲ့
စည်းစိမ်ဘဲသူတို့ ခံစားရမှာဘဲ။

မာတလိနတ်သားကသိကြားမင်း
စည်းစိမ်ကိုမရနိုင်ပါဘူး။

ကျူပ်တို့ လူဖြစ်လာရ ခဏတာဘဝ
မှာသာတူညီမျှတရားမျှတခြင်းကိုမ
ရလို့ စိတ်ဓါတ်ကျ စိတ်ဆိုး ဒေါသ
ထွက် အပြစ်တင်နေမဲ့အစား အဲဒီ
သာတူညီမျှ တရားမျှတခြင်းတွေ
ကိုကျူပ်တို့ ဘာလို့ မရခဲ့တာလည်း
တရားမျှတခြင်းရဲ.့ အကျိုးတရားကို
ရတဲ့သူတွေကရောဘာကြောင့်ရခဲ့
တာလည်းဆိုတာကိုလေ့လာသုံး
သပ်ပြီး--------------

***တရားမျှတခြင်းကိုတရားမျှတစွာ
ရှာဖွေဖေါ်ထုတ်ပြီးတရားမျှတစွာ
ကျင့်သုံးနိုင်ကြဖို့ ***

အလေးအနက်တိုက်တွန်းလိုပါတယ်

ဒါကကျူပ်ရှင်သန်ခွင့်ရနေတဲ့လူ့ ဘဝ
အပေါ်ထားတဲ့ကျူပ်ရဲ.့ သဘောထား
အမြင်သတ်သတ်ပဲဖြစ်တယ်။
ဘာနိုင်ငံရေးသဘောထားမှမပါဘူးဆိုတာ
ရိုးသားစွာဝန်ခံထားပါရစေ။
အောက်မှာတော့နိုင်ငံ့အရေးနဲ့ပါက်
သတ်တဲ့ကျူပ်ရဲ့ သဘောထားကို
ဆက်ပြီးရေးမယ်။

လက်ရှိတိုင်းပြည်အခြေအနေမှာ
အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ဒေါ်စု
လိုသူမျိုးကတောင်အစိုးရနဲ့ ပူးပေါင်း
ပြီးတိုင်းပြည်အကျိုးရှိစေမည့် ကိစ္စ
တွေမှန်သမျှလက်တွဲလုပ်သွားမည်ဟု
ပြောနေချိန်မှာဆန္ဒပြမှုပုံစံမျိုးစုံ
နဲ့ ထစ်ကနဲရှိလမ်းပေါ်ထွက်ဖို့ လို
သလား/မလိုဘူးလားခင်ဗျားတို့ 
ကျူပ်တို့ သေချာစဉ်းစားကြဖို့ လို
မယ်လို့ ကျူပ်တော့မြင်တယ်ဗျာ။

နှစ်ပေါင်းများစွာဖိနှိပ်ခံလာရလို့ အခု
လို ပွင့်လင်းမြင်သာမှုရေးရေးလေ
မြင်လာရချိန်မှာတစ်ချိန်က
ဖေါ်ထုတ်ခွင့်မသာခဲတဲ့ ခံစားချက်တွေကိုဖွင့်
အန်လို့ ရသမျှဖွင်ံအန်နေကြတယ်ဆို
တာကိုကျူပ်တို့  ခင်ဗျားတို့ ကိုယ်
ချင်းစာနားလည်ထောက်ခံပေးလို
ရပါတယ်။

ဒါပေမဲ့ တမင်သတ်သတ်အစိုးရကို
အကျဉ်းအကျပ်ထဲရောက်အောင်
တွန်းပို့ နေသလိုမျိုးအစိုးရကထင်
မြင်ယူဆလာရင်တော့ကျူပ်တို့ 
ခင်ဗျားတို့ အားလုံးလိုချင်တဲ့စစ်
မှန်ပြီးပြည်ဝတဲ့ဒီမိုကရေစီစံနစ်ကို
ကျူပ်တိုအားလုံးလက်လွတ်ဆုံးရှုံး
သွားနိုင်တယ်ဆိုတာကိုလည်းသတ
ပြုကြဖို့ လိုမယ်လို့ ကျူပ်ကတော့ရိုး
သားစွာယုံတယ်၊ခင်ဗျားတို့ ကတော့
ယုံချင်ယုံမယုံချင်နေ လွပ်လပ်စွာသ
ဘောထားကွဲလွဲနိုင်ပါတယ်။

ကျူပ်တိုအားလုံးအခုအချိန်မှ
နာစရာရှိလွမ်းစရာနဲ့ ဖြေပြီးအစိုးရ/အတိုက်
အခံအားလုံးစုပေါင်းပြီးကျုပ်တို့ ပြည်
သူတွေရဲ့ အကျိုးကိုဖေါ်ဆောင်နိုင်အောင်
လိမ္မာပါးနပ်ဖို့ လိုမယ်လို့ ကျူပ်ယူဆတယ်၊

အဖေနဲ့ အမေအိမ်ထောင်ရေးအဆင်
************************************
မပြေလို့ လင်မယားကွဲပြီးမိသားစုပြို
***********************************
ကွဲရင် အဲဒီဒဏ်ကိုသားသမီးတွေအ
************************************
ပြင်းအထန်ခံစားရပြီးအဲဒီသားသမီး
************************************
တွေဟာလောကအလယ်မှာဘယ်
*************************************
တော့မှမိမိကိုယ်မိမိယုံကြည်ချက်ရှိ
**************************************
ရှိနဲ့လှပပြီး ထူးချွန်ပြောင်မြောက်တဲ့
***************************************
ဘဝတွေကိုဖန်တီးနိုင်မှာမဟုပ်ဘူးဆိုတာကို
********************************************
ခင်ဗျားတို့ ကျူပ်တို့ အားလုံး
****************************
ရှင်းရှင်းလင်းသိမြင်တတ်ကြရ
*******************************
မှာပဲဖြစ်တယ်။
****************

ဒီလိုမှမမြင်တတ်ကြရင်တော့
ကျူပ်တို့ ခင်ဗျားတို့ ရဲ့ ကံပဲလို့ သဘော
ထားလိုက်ရုံပဲပေါ့ဗျာ။

{ဒီမိုကရေစီဆိုတဲ့အိုင်ဒီရော်လိုဂျီစနစ်
နဲ့ ပြည်သူ့ ဘဝကောင်းစားရေးဆိုတဲ့
လက်တွေ့လုပ်ငန်းစဉ်ကိုဖေါ်ဆောင်ရာမှာ
အမုန်းတရားဆိုတဲ့ဗီလိန်ကို
လုပ်ငန်းအောင်မြင်ရေးအတွက်ဖျက်
မြင်းတစ်ကောင်အဖြစ်}သတ်မှက်ပြီး
ဓမ္မဓိဌါန်ကျကျစဉ်းစားဝေဖန်နိုင်ကြ
ပါစေလို့ ဆန္ဒပြုလျှက်---------------

ငြိမ်းချမ်းလူ
၂၁-၉-၂၀၁၂
၁၇း၅၉ နာရီ
ရန်ကုန်မြို့ ။

မှက်ချက်။ငြိမ်းချမ်းလူသည်မတရားအနိုင်ကျင့်မှုမျိုးစုံကိုရင်ဆိုင်ခဲ့ရဘူးသူတစ်ယောက်ဖြစ်ပြီးယခုလည်းခံနေရဆဲသူတစ်
ဦးဖြစ်ပါသည်။သို့ သော်ယနေ့ အချိန်အထိမတရားမှုကိုမတရားမှုနှင့်ဘက်ပြိုင်ခဲ့ခြင်းမရှိဘဲတရားမျှတခြင်းကိုတရားမျှတခြင်းဖြင့်သာရှာဖွေဆဲသူတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...