Quantcast
Viewing all articles
Browse latest Browse all 1811

ဘယ်ဆီကို ရောက်နေပီလဲ

Voice of James Mint's photo.
 
ဘယ်ဆီကို ရောက်နေပီလဲ.......

ကျွန်တော့်ဇာတိ မြို့ဖြစ်တဲ့ ဧရာဝတီတိုင်းက ငါးသိုင်းချောင်းမြို့လေးဟာ နှစ်စဉ်မိုးတွင်းဆိုရင် အပေါ်ဘက် မေခ၊ မလိခကနေ စီးဆင်းလာတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ရေတွေကို ပင်လယ်ထဲ စီးဆင်းသွားစေတဲ့ မြစ်လက်တက်တွေထဲက တစ်ခုပါပဲ..... ဒါကြောင့် မိုးတွင်းအခါမှာ အထက်ပိုင်းက စီးဆင်းလာတဲ့ မြစ်ရေတွေနဲ့ မြို့ကလေးဟာ မြစ်ရေပြင်ရဲ့ အောက်ကို အမြဲလိုလို ရောက်နေလေ့ရှိပါတယ်.....

ကြီးမား ရှည်လားတဲ့ တာတမံတွေ ကာထားမှုကြောင့်သာ ရေအောက်ကို ရောက်မသွားခြင်းပဲ ဖြစ်ပါတယ်....... များပြားလှတဲ့ ရေတွေဟာ တာရိုးနဲ့ ကာထားခြင်း ခံရချိန်မှာ အခြား နိမ့်ရာဘက်ကို စီးဆင်းသွားတာ ထုံးစံလို ဖြစ်နေတဲ့အတွက် ငါးသိုင်းချောင်းမြို့ တစ်ဖက်ကမ်း သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ဇာတိရွာဖက်ခြမ်းတွေဟာ အမြဲလိုလို ရေတဖွေးဖွေးနဲ့ လယ်ကွင်းတွေ မြုပ်လေ့ရှိပါတယ်....

မနှစ်က မိုးတွင်းမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လာကြည့်သွားပီး မြစ်ရေလျှံခြင်းကနေ ကာကွယ်ဖို့နဲ့ ကောက်ကွေ့နေတဲ့ မြစ်ကြောင်းကို ရေစီးဖြောင့်ဖြောင့်နဲ့ အမြန်စီးဆင်းစေဖို့ မြစ်ကြောင်းသစ် ဖော်ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်...... အဆိုပါ မြစ်ကြောင်းသစ် ဖော်ဆောင်လိုက်တဲ့အတွက်တော့ အပေါ်က စီးဆင်းလာတဲ့ ရေတွေဟာ အရင်ကလို မြစ်ရဲ့ အကွေ့တွေမှာ အိ သွားပီး ပါတ်ဝန်းကျင် လယ်ကွင်းတွေထဲ ရေဝင်သွားလေ့ရှိတဲ့ ပမာဏကို အတော်အတန် ထိမ်းနိုင်တယ်လို့ ဆိုရမှာပါပဲ.......

ကျွန်တော် ပြောချင်တာကတော့ အဲ့ဒိ ငဝန်မြစ်ကြီးကို မြစ်ကြောင်းလွှဲဖို့  မြေတူးကြတဲ့အခါ ဟိုးရှေးခောတ်က ကနုတ်တွေနဲ့ ကြေးခေါင်းတလားကြီးတစ်ခု တွေ့ ရှိခဲ့တယ်လို့ သိရပါတယ်..... ကိုယ်တိုင်တော့ မမြင်ရတော့ အခက်သား ဂလား........ လူသိပ်မသိခင်မှာပဲ ချက်ခြင်း သယ်ထုတ်သွားတယ်လို့ မြစ်ကြောင်းအသစ် တူးဖော်တဲ့ နေရာတဝိုက်က ဒေသခံတွေကပြောပါတယ်.......

ဘယ်ကို ရောက်သွားတယ်၊ ဘယ်ကို ပို့ လိုက်တယ်..... ဘယ်နေရာမှာ ထားတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ရပါဘူး....... တွေ့ပီးတော့ ဖွင့်ကြည့်ကြတုန်းက အဲ့ဒိခေါင်းတလားထဲမှာ ရုပ်အလောင်းတစ်ခု ပါရှိပြီးတော့ အဲ့ဒိ ရုပ်အလောင်းဟာ မပုတ်သိုးပဲ မင်းသား အဝတ်အစားနဲ့ လို့  သိရပါတယ်....... ရှေးခောတ်မြန်မာလူမျိုးတွေရဲ့ မပုတ်မသိုးအောင် စီရင်နိုင်တာဟာ စိတ်ဝင်စားစရာပါ....... ဒါပေမယ့်လည်း အခုတော့ ဒီမင်းသား ဘယ်ကိုပြောင်းရွှေ့ ရောက်သွားပါလိမ့်လို့သာ ရေရွတ်နိုင်ပါတယ်........

တလက်စတည်း တွေးမိတာ အဲ့ဒိလိုမျိုး သမိုင်းနဲ့ ဆိုင်တာတွေ တွေ့လိုက်ရပီး နောက်ပိုင်း အာဏာပိုင်တွေက သိမ်းဆည်းသွားကြရင်း ဘယ်ကို ရောက်ကုန်တယ်ဆိုတာ ဒေသခံတွေ မသိလိုက်ရတဲ့ ကိစ္စပါပဲ..... နှစ်ကြာလာတော့ ဒေသခံတွေလည်း မေ့မေ့လျော့လျော့ ဖြစ်ကြနဲ့ စုတ်စ မြုတ်စ ပျောက်သွားတာမျိုးဟာ ကြားက အချောင်သမား မသမာသူတွေအဖို့တော့ အပျောက်ရိုက်ကောင်းတဲ့ အကွက်ကြီးတစ်ခုပေါ့........ သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူတွေ စဉ်းစားဆင်ခြင်နိုင်စေဖို့ အသိပေးလိုက်ရပါတယ်.......


မြစ်ကြောင်းသစ် တူးဖော်နေစဉ်က မှတ်တမ်း ဓါတ်ပုံများကို အောက်က ကျွန်တော်တို့မြို့ ပေ့ခ်ျလေးက လင့်မှာ ကြည့်နိုင်ပါတယ်.....

https://www.facebook.com/media/set/?set=a.273582066052819.64911

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>