Quantcast
Viewing all articles
Browse latest Browse all 1811
↧

Professional make Professional


Professional make Professional ဆိုတဲ့ စကားကို ဆယ်တန်းအောင်စလောက်မှာ စင်္ကာပူ ပေါ်လီကျောင်းတစ်ခုမှာတက်နေတဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ သိပ်နားမလည်ခဲ့ဘူး။အတိုပဲ ဆိုရရင်တော့ ကျွမ်းကျင်အတတ်ပညာရှင်တွေက ကျွမ်းကျင်ရာနှင့်ုပဲ ကျွမ်းကျင်စွာအသက်မွေးတယ်။ဒီလိုပဲ ဘာသာပြန်ပါရစေ။ထို pro make pro ရဲ့ နောက်မှာ အများကြီး အကျယ်ချဲ့မယ်ဆိုရင် ရတယ်ဆိုတာကိုတော့ အခု ဒီနိုင်ငံရေးစာပေတွေ နိုင်ငံရေးကိစ္စတွေ ပဋိပက္ခတွေ ပြသနာတွေ နဲ့ဆက်စပ်လေ့လာ မိတော့မှ သေသေချာချာနားလည်လာခဲ့ရတယ်။ 
 
လူတစ်ယောက်ဟာ ဘယ်လောက်အားနည်းချက်တွေပြည့်နေပါစေ ဘယ်လိုပဲ အသုံးမကျမကျ ဖြစ်နေပါစေ။ ထိုသူမှာ အားသာချက် တစ်ခုတစ်လေတော့ရှိမြဲပဲ။ဒါကို ကာယကံရှင်ကိုယ်တိုင်က သိချင်မှသိနိုင်မယ် အသုံးချတတ်ချင်မှလဲ အသုံးချတတ်နိုင်မယ်။ဆိုလိုတာက သူ့ရဲ့ professional ကို သူကိုယ်တိုင်သိချင်မှသိနိုင်ပါမယ်။ကနေ့ခေတ် ထူးချွန်ထက်မြက်သူ တော်တော်များများဟာ ကံကောင်းလို့ သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဆိုတာတွေထက် သူ့ရဲ့ professional ကို ကိုယ်တိုင်သိရှိပြီး professional ပီပီ professional အဆင့်လုပ်ပြသွားလို့သို့မဟုတ် လုပ်ပြခွင့်ရရှိသွားလို့ ပဲလို့ ပြောနိုင်ပါတယ်။ကိုယ့် professional ကို ကိုယ်တိုင် သိရင်လဲ ကိုယ်တိုင်က ကိုယ့်professional ကို အသုံးချခွင်ရပါမှ အသုံးချပါမှသာလျှင် professional ကျကျ အလုပ်တွေဖြစ်လာပါလိမ့်မယ်။
 
ဒါဖြင့် ကိုယ့် professional ကို ဘယ်လို သိနိုင်မလဲ ဒါကတော့ ကိုယ်စိတ်ပါဝင်စားမှု နှင့်ဆိုင်သလို ကိုယ်နေထိုင်ကြီးပြင်းရာ ပါတ်ဝန်းကျင်ရေခံမြေခံနဲ့လည်း ဆက်စပ်ပါတယ်။ဥပမာ ဆိုကြပါဆို့ တံငါသည်တွေချည်းရှိတဲ့ရွာမှာ ကိုယ်က တံငါအလုပ်လုပ်ကို မီရိုးဖလာ လုပ်ရိုး လုပ်စဉ်ကျွမ်းကျင်သူ တစ်ယောက်ဖြစ်နေပေမယ့် ကိုယ်က၀ါသနာပါတာသည် လယ်ယာစိုက်ပျိုးရေး ကိုလေ့လာဆည်းပူးချင်တာသည် စိုက်ပျိုးရေးကိစ္စဆိုပါတော့ထိုသူသည် စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း professional ဖြစ်ဖို့ရာ အင်မတန် ခဲယဉ်းပါတယ်။ ထို့အတူ ကျင်လည်ရာ တံငါလုပ်ငန်းသည်လဲ စိတ်မ၀င်စားပဲ တာဝန်အရသာ မီရိုးဖလာလုပ်နေရတဲ့အတွက် လုပ်ငန်းတိုးတက်မှုရှိမည်မဟုတ်ပါဘူး။ 
 
ထိုအခါမျိုးတွင် ထိုသူအတွက် professional သည် သူကိုယ်တိုင်ပင်မျက်ကွယ်ပြုခံလိုက်ရပြီး Duty အရသာ professional မဟုတ်တဲ့ product တွေကို ထုတ်လုပ်ပေးလိုက်ပါတော့တယ်။ထိုDuty အရသာ ထုတ်တဲ့ ထုတ်ကုန် product တွေသည် အရည်အသွေးပိုင်းတွင်ကျတော့ professional တစ်ယောက် ပြုလုပ်တဲ့ professional thing ဒါမှမဟုတ် product တွေနှင့်ဘယ်လိုမှ မယှဉ်နိုင်ဖြစ်ရပါတတ်ပါသည်။နိုင်ငံတစ်နိုင်ငံသည် ထုတ်ကုန်များများ ထုတ်လုပ်နိုင်ပြီး သွင်းကုန်များများ လျှော့ချနိုင်လျှင် ထိုနိုင်ငံအဖို့ ချမ်းသာကြွယ်ဝနိုင်သည်ဟု ယေဘုယျ သဘောမှတ်ယူရမည်။သို့ဆိုလျှင် နိုင်ငံများသည် ထုတ်ကုန်ထုပ်လုပ်ရာတွင် လည်းကောင်း ကုန်ထုတ်စွမ်းအားစုများသည် Professional ဖြစ်လျှင် အကုန်အကျ အဖိတ်အစင် သက်သာမည် အလေအလွင့်နည်းပါးသောကြောင့်ရင်းနှီးမှုတန်ဖိုး လျှော့ပါးစေနိုင်ပါသည်။ထို့အတူ professional ထုတ်လုပ်ထားသော professional ထုတ်ကုန်ဖြစ်သောကြောင့် ဈေးကွက်အားသာချက်ရရှိနိုင်ပါသည်။ 
 
ထိုနည်းအတူ နေရာတိုင်းနယ်ပယ်တိုင်းတွင်လည်း PROFESSIONAL နှင့် PROFESSIONAL မဟုတ်သူတို့၏ တွေးတောကြံဆ လုပ်ဆောင်ပုံချင်း ကွာခြားလှပေသည်။ဥပမာဆိုကြပါဆို့ ကျောင်းဆရာတစ်ယောက်သည် သူ၏ professtional သည် စာသင်ကြားပြသခြင်းသာလျှင်ဖြစ်ရပါမည်။ထိုသို့ စာသင်ကြားပြသခြင်း professional အဆင့်သို့ရောက်ရန်မှာ သူ့တွင် စာသင်ကြားပြသခြင်းကို ၀ါသနာပါရပါမယ် ဆိုလိုတာက မိမိ လုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုရှိရပါမယ်။ထို့ပြင် စာသင်ကြားခွင့်လဲရှိရပါမယ် အခွင့်အအလမ်းရှိရပါမယ် ဘယ်လောက်ပဲ ၀ါသနာကြီးကြီး ဘယ်လောက်ပဲ စိတ်ပါဝင်စားနေပါစေ စာသင်ဆရာက မြေဖြူမကိုင်ရပဲ ပေါက်တူးကိုင်နေရရင် ဘယ်လိုမှ proအဆင့် ဖြစ်လာမှာမဟုတ်ပါဘူး။နောက်တစ်ခုကတော့ သူ့ဝါသနာနဲ့ သူ့ အဆင့်နဲ့ ထိုက်တန်တဲ့ ချီးမြှောက်မှု မြေတောင်မြှောက်ပေးမှုမျိုးရှိရပါမယ်။ဆိုလိုတာက စာလဲသင်နေရပါရဲ့ ၀ါသနာလဲပါပါရဲ့ သို့သော် ၀မ်းရေးအတွက် မပြေမလည်ဖြစ်လို့ မိမိဝါသနာကနေသွေဖယ်လိုက်ရတာမိမိpro ကို မိမိဖာသာ ပြန်လည်ဖျက်ဆီး ရင်းနှီးလိုက်ရလျှင်လဲ ဘယ်တော့မှ pro ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ထို့ကြောင့် pro make pro ဖြစ်ဖို့ရာ (၁) ၀ါသနာပါမှု (၂) အခွင့်အရေး (၃) မြေတောင်မြှောက်ထောက်ပံ့မှုတို့ရှိရပါမယ်။
 
အထက်ပါအချက်သုံးချက်ပြုလုပ်ရန်မှာ ကျတော့ ကျွန်တော်တို့မြန်မာ့လူမှုအသိုက်အ၀န်းကြီးက ပါ လိုက်ပါပြောင်းလဲပေးမှသာ ဖြစ်နိုင်မယ်။ဆိုပါတော့ ဆရာဝန်နဲ့ ကွန်ပျူတာပညာရှင် မည်သူက သာမည် နည်းဟု မြန်မာပြည်တွင်မေးလျှင် ဆရာဝန်ဟုသာ ပြောကြပေမည်။အမေရီကန်လိုပြည်မှာတော့ သူ့ pro နှင့် သူလို့ဖြေကြမည်။သူ့အရပ်သူ့ဌာနေတွင်သူ့ဟာသူ ကျွမ်းကျင်ထူးချွန်သူဖြစ်ပါက ထိုသူသည် သူ့အရပ်သူ့ဌာနတွင်တော့ ဘုရင်သာလျှင်ဖြစ်သည်။ထိုအချက်ကို မြန်မာများက လက်မခံချင် ဆရာဝန်တစ်ယောက် အိမ်ဆောက်ချင်လျှင် ကိုယ်တိုင် ဒီဇိုင်းထုတ် ပုံစံချ တွက်ချက်ပြီး ဆောက်၍မရ အင်ဂျင်နီယာ ခေါ်ရသည် ထို့အတူ အမှုဖြစ်လျှင် ရှေ့နေငှားရသည် ကိုယ်တိုင်ရှေ့နေလိုက်လျှင်ဥပဒေနားမလည် သေချာပေါက် ထောင်ကျမည်။မြန်မာများသည် လူငယ်များလွတ်လပ်စွာ ၀ါသနာပါမှုကို အထူးအားဖြင့်ပိတ်ပင်ကြကုန်သည်။ငယ်စဉ် ကလေးဘ၀ ကြီးလာလျှင် ဘာလုပ်မလဲဟုမေးလို့ ဖြေရာတွင် သားတော့ ရဲကြီးလုပ်မယ် သားတော့ ရှေ့နေကြီးလုပ်မယ် သားတော့ စာပို့သမားကြီးလုပ်မယ် စသဖြင့် သွားဖြေလျှင် သေချာပေါက် နရင်းတီးခံရနိုင်သည်။သူတို့လိုချင်သောအဖြေသည် ဆရာဝန် အင်ဂျင်နီယာ စစ်ဗိုလ် ထိုသုံးခုထဲမှ ပဲဖြစ်သည်။ထိုအခြေခံ အယူသီးမှုကို ပြောင်းလဲရမည်။ထို့မှသာ လူငယ်များလွတ်လပ်စွာ ၀ါသနာကို အကောင်အထည်ဖော်ခွင့်ရှိမည်။ရပါသည် မကောင်းသည်ကို ၀ါသနာပါသောလူငယ်များလည်း ရှိနိုင်ပါသည်။ထိုကိစ္စအတွက်လဲစိတ်ပူရန်မလို မကောင်းသောကိစ္စကိုသာ ၀ါသနာပါလျှင် သူ့အဖို့မှာလဲ ကောင်းသော အကျိုးနှင့် အမြဲသာဝေးကွာနေမည်သာဖြစ်သည်။ဤကားလောက နီယာမ ပင်ဖြစ်သည်။
 
ထို့နောက်အခွင့်အလမ်းလဲရှိရမည်။ထိုကိစ္စတွင်တော့ အစိုးရတစ်ရပ်သို့မဟုတ် နိုင်ငံ၏ ပညာရေးစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲနိုင်သူအာဏာပိုင်များကသာ အကောင်အထည်ဖော်နိုင်သည်။ထိုအရာကားအခြားမဟုတ် ပညာရေးစနစ်တစ်ခု ပြုပြင်ပြောင်းလဲရန်သာလျှင်ဖြစ်သည်။ယခုလက်ရှိကျင့်သုံးနေသော တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်ဖြင့် လူတစ်ယောက်သည် သူ့ဘ၀တွင် professional တက္ကသိုလ်အနေနဲ့ တစ်ခုတည်းသာ ရွေးချယ် ခွင့်ရှိသည်။ထို့အပြင် တက္ကသိုလ်ဝင်တန်းအမှတ်တွင် အားနည်းသောကြောင့် မိမိဝါသနာပါရာ pro ကို စွန့်လွှတ်လိုက်ရတာသည်လည်းမဖြစ်သင့်။pro ကို အားပေးထောက်ပံ့သောအစိုးရရှိသည့် နိုင်ငံတိုင်းတွင် တက္ကသိုလ်ဝင်ခွင့်သည် ဘ၀၏အဆုံးအဖြတ် တစ်ကြိမ်သာရသောအခွင့်အရေးမဟုတ် ပြုလွယ်ပြင်လွယ်သော ၀င်ခွင့်စာမေးပွဲတစ်ခုသာဖြစ်သည်။လူငယ်တစ်ယောက်သည် ဆေးကုဖို့ရန် အလွန်အမင်းဝါသနာထုံနေပါရက် နဲ့ ထိုဆေးကုသည့်ဝါသနာနှင့်မဆိုင်သော ဘာသာရပ်တစ်ခုခုကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့်မရလိုက်လျှင် ထိုလူငယ်အတွက်ဆုံးရှုံးသည်သာမကပဲ နိုင်ငံအတွက်လည်း pro အဆင့်ဖြစ်လာမည့် ဆရာဝန်လောင်းတစ်ယောက် ဆုံးရှုံးလိုက်ရသည်ဟု မှတ်ယူရမည်။
 
လူတိုင်းသည်မိမိဝါသနာပါသော အလုပ်ကိုသာလျှင် မိမိအသက်မွေးဝမ်းကြောင်း ပညာအဖြစ်ဖြင့် လုပ်ကိုင်သင့်သည်။ရဲဆိုပါစို့ ရဲတစ်ယောက်သည် မိမိဝါသနာကိုက တရားဥပဒေစိုးမိုးစေချင်ရမည်။ထမင်းစားရရုံ အလုပ်လုပ်နေခြင်းမျိုးမဖြစ်သင့်။ရဲတစ်ယောက် လိုကျင့်ကြံခြင်းသည် တရားဥပဒေစိုးမိုစေခြင်းသည် ရဲတစ်ယောက်၏ professional product ပင်ဖြစ်သည်။ထိုသို့မဟုတ်ပဲ ရဲ ယူနီဖောင်းဝတ်ပြီး ရဲကိုယ်တိုင် က တရားဥပဒေကို ဖောက်ဖျက်နေလျှင် ထိုရဲနှင့် သူခိုးရာဇ၀တ်သားသည် ယူနီဖောင်းတစ်ခုသာလျှင် ခြားနားမည်ဖြစ်သည်။ထို့ကြောင့် မိမိဝါသနာပါရာအလုပ်ကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အလမ်းရှိရမည်။ထိုသို့ရှိစေရန်ကား ပညာရေးစနစ် ၀ါသနာကို အသက်မွေးပညာအဖြစ် မြှင့်တင်ပေးမယ့် ပညာရေးစနစ်မျိုးဖြစ်လာသင့်သည်။ကျောင်းများတွင် အခြေခံပညာ ဆယ်တန်းစာမေးပွဲ ကိုစစ်ရမည်။အောင်ချင်တဲ့အမှတ်နှင့်အောင် ပါစေ။ဆေးတက္ကသိုလ်တက်ချင်လျှင် ဆရာဝန်အလုပ်ကို တကယ်ဝါသနာပါသူဖြစ်ရမည် ထို့အပြင် ဆရာဝန်အလုပ်ကို တကယ်ဝါသနာပါကြောင်း ဆရာဝန်ပညာကို သင်ကြားနိုင်လောက်သော အရည်အချင်းရှိကြောင်းကိုတော့ ဆေးတက္ကသိုလ်ဝင်ခွင့်အနေနှင့် ထပ်ဖြေရမည်။ဆယ်တန်းကဲ့သို့စာများမဟုတ်တော့ပဲ ဆရာဝန် ပညာရပ်ဆိုင်ရာစာပေများအပြင်ဆရာဝန်တို့ ကျင့်သုံးအပ်သော ကျင့်ဝတ်များကိုပါ ထည့်သွင်းစစ်ဆေးစေသင့်သည်။
 
ထိုအခါ ၀င်ခွင့်လျှောက်ထားသူသည် မိမိဝါသနာတကယ်ပါလျှင် ဆရာဝန်နှင့်သက်ဆိုင်သောဘာသာရပ်များအား အထူးအားဖြင့် အချိန်ယူလေ့လာရမည် ထို့အပြင် ဆရာဝန်တို့ကျင့်သုံးအပ်သောကျင့်ဝတ်များကိုလဲ လေ့လာကျင့်ကြံရမည်။ ထိုသို့ လက်တွေ့အားဖြင့် ကျင့်ကြံပြီးမှသာလျှင် မိမိဝါသနာပါသော ဆရာဝန်ပညာရပ်များကို အသက်မွေးဝမ်းကြောင်းပညာအဖြစ် ကျွမ်းကျင်စွာ သင်ကြားနိုင်စေသင့်သည်။ထိုနည်းအတူ အခြားသော ပညာရပ်များ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်များသည်လည်း ထိုသို့သာဖြစ်သင့်သည်။ ယခုလိုအမှတ်ပေါင်း နှင့် အကဲဖြတ်သောစနစ်သည် ၀ါသနာမပါပဲ လျှက် အဆံချောင်များရောရောင် တက်ခွင့်ရသဖြင့် အပြင်လောကတွင် အင်ဂျင်နီယာ ကုန်သည်များ ဆရာဝန်ကားပွဲစားများ အဆိုတော်ဆရာဝန်များ သိပ္ပံဘွဲ့ရ ဂျာနယ်လစ်များအယ်ဒီတာများ စသဖြင့် ဟိုမရောက်ဒီမရောက်တွေများနေသည်။မိမိဝါသနာနှင့် အသက်မွေးမှုပညာ ကွဲလွဲနေခြင်းဖြစ်သည်။ထို့ပြင် မိမိတကယ်ဝါသနာမပါပဲ ရလာသောဆရာဝန်ဘွဲ့ ကြောင့် မိမိလုပ်ငန်းခွင်တွင်လဲ ဆက်ဆံရေးဆိုးရွားစေသည်။
 
စိတ်ဓါတ်ပိုင်းဆိုင်ရာကျင့်ဝတ်ပိုင်းဆိုင်ရာမှာ အားနည်းချွတ်ခြုံ ကျမှုကြောင့် ပြသနာများ ဖြစ်ပွားစေသည်။ထိုပြသနာများသည် ၀ါသနာနှင့် အသက်မမွေးသောကြောင့်ဖြစ်ရခြင်းဖြစ်သည်။ထို့ကြောင့် ၀ါသနာနှင့် အသက်မွေးဖို့ အခွင့်အရေးလဲရှိရမည်ဖြစ်သည်။ထို့အပြင် မိမိဝါသနာအရ အသက်မွေးဝမ်းကြောင်းပြုသောအခါ လုံလောက်တဲ့အထောက်အပံ့မျိုးလဲရရှိသင့်သည်။ဥပမာဆိုပါဆို့ ဟိုတယ်လုပ်ငန်းကို ၀ါသနာပါသောသူသည် စားပွဲထိုးအဆင့်လောက်မှစတင်တက်လှမ်းရမည်ဖြစ်သည်။အဖေအမေက ဟိုတယ်ပိုင်လို့ အမွေဆက်ခံနိုင်လျှင်တော့ အထူးအနေနှင့် ချွင်းချက်ရှိကောင်းရှိနိုင်မည်။သာမာန်အားဖြင့်တော့ စာပွဲထိုးလောက်မှစတက်ရမည်။ထိုအခါမှာ စားပွဲထိုးတစ်ယောက်၏လုံလောက်တဲ့လစာအဖိုးအခ အပြင် ဘ၀အခြေအနေတိုးတက်နိုင်သော အာမခံချက်လဲရှိရမည်။ထူးချွန်လျှင် ဟိုတယ်မန်နေဂျာ အဆင့်လောက် အထိမှန်းဆနိုင်ဖို့ အခွင့်အလမ်းတွေရှိရမည်။
 
ထိုနည်းလည်းကောင်းပဲ ရဲတစ်ဦး pro ပီသရန် စစ်သားတစ်ဦး pro ပီသရန် မှာ အထက်က ဆိုခဲ့ပြီးသော (၁) ၀ါသနာပါမှု (၂) အခွင့်အရေး (၃) မြေတောင်မြှောက်ထောက်ပံ့မှုမျိုးရှိရမည်။ရဲတစ်ဦးစစ်သည်တစ်ဦး ၀ါသနာလည်းပါပါသည် ၀ါသနာအတိုင်းလည်း အသက်မွေးခွင့်ရပါသည် သို့သော် ရာထူးတက်ဖို့လမ်းမမြင် စားရေးရိက္ခာ မလုံလောက် လစာ စားမလောက် ဘ၀အာမခ့ချက်မရှိလျှင် ဘယ်နည်းနှင့်မျှ pro ဖြစ်လာမည်မဟုတ်ပါ။လူတိုင်းအလုပ်လုပ်သူတိုင်း pro ဖြစ်စေရေးအတွက်မှာ အထက်က သုံးချက်နှင့် ဆက်ဆိုင်နေပါတယ်။ထို့ကြောင့် မြေတောင်မြှောက်ထောက်ပံ့ ပေးဖို့လဲ လိုအပ်ပါမည်။
ကျွန်တော်တို့နိုင်ငံသည် နှစ်ပေါင်းများစွာ အားလုံးတူတူ လွဲခဲ့မှားခဲ့ကြသည်များရှိခဲ့ပါသည်။ယခုအချိန်အခါသည် နိုင်ငံတော်၏ နှစ်ပေါင်းများစွာလွဲခဲ့မှားခဲ့သည်များကို သိရှိလာပြီဖြစ်ပါသည်။သိရှိလာရုံနှင့်မပြီးသေးပါ လွဲခဲ့မှားခဲ့သည်များကို ပြုပြင်ဖာထေးနိုင်ရပါမည်။ထို့မှသာ နိုင်ငံ့အနာဂါတ်သာယာဖြောင့်ဖြူးနိုင်ပါသည်။ 
 
ထို့ကြောင့် ယနေ့ခေတ်နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး အောင်မြင်စေရန်မှာ လူတိုင်းသည် pro ဖြစ်ဖို့လိုအပ်ပါသည်။ပြီးခဲ့သည်များကို ပြန်လည်ရယူချင်နေ၍မဖြစ်နိုင်ပါ။ယခင်က မိမိဝါသနာနှင့်အသက်မမွေးခဲ့ရသည်ကို ယခုမှ ပြန်လည်တမ်းတနေ၍ မဖြစ်နိုင်တော့ပါ။ကျွန်တော်တို့စဉ်းစားရမှာသည် ယခုလက်ရှိနှင့် အနာဂါတ်အတွက်သာ လျှင်ဖြစ်ပါသည်။ထို့ကြောင့်ယခုလက်ရှိ အချိန်တွင် မိမိပိုင်ဆိုင်ထားရသောဘ၀ကို pro ဖြစ်ဖို့နဲ့ လုပ်ဆောင်ချက်တွေ pro ဖြစ်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်ခြင်းဖြင့် နိုင်ငံကို ပြုပြင်ပြောင်းလဲ ပေးနိုင်ပါလိမ့်မည်။ထိုမှသာကျွန်တော်တို့ အားလုံးလိုချင်သော ကောင်းမွန်တဲ့ အနာဂါတ်နေ့ရက်များကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မည်ဟု ရေးသားတင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

နိုင်ငံတော်၏တစ်ထောင့်တစ်နေရာမှ
(ဆန်းသစ်)
၁၃၇၅ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁ရက်
၂၀၁၃ခုနှစ် သြဂုတ်လ ၂၂ရက်
↧

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...


ဂျူနီယာဝင်း -ဒေါက်တာဂျက်ကဲလ် နှင့် မစ္စတာဟိုက်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ကညနမှ နယ်လှည့် ပုံမှန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းအဖြစ်...


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


ဝေရှောက်ကမ်း ဘယ်ရောက်သွားပြီလဲ


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


Windows 10 19H1 Airlock Premium v4 Permantly Activated 2019 (x64)


ပဲပိုးတီ စိုက်ပျိုးနည်း


၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>