Quantcast
Viewing all articles
Browse latest Browse all 1811

ကရင်ပြည်နယ် မှ ဖားစည်သံ


ကရင်ပြည်နယ် မှ ဖားစည်သံ *****

ကျနော် စစ်သား ဘ၀ စစ်ဆင်ရေး အဓိက သွား ခဲ့ သည်မှာ ကရင်ပြည်နယ် ရွှေကျင် ကျောက်ကြီးနှင့် ကမ မောင်း လေး ကေ ဂွင် များဖြစ်သည် ။

ဖခင် ဖြစ်သူ လည်း ကရင်ပြည်နယ် တွင် ကျ ဆုံးခဲ့သည် ။

ကျနော် အခု ထိ ကရင်ပြည်နယ် ကရင် လူမျိုးကို မုန်း ဖို့ နေ နေ သာ သာ ချစ်မြတ်နိုး နေဆဲ ။

ဘာကြောင့်လည်း အ ဖြေရှာကြည့်တော့ ကျနော် သွားခဲ့သော ဒေသ က ကရင် အဖိုး အဖွား များ နဲ့ ဖိုးမူ က လေး များက ကျနော့် တို့ အား ချစ်ခင် စွာ ဆီးကြိုခဲ့ကြပါလို့ ဘဲ ။

ရှေ့ တန်း သွားခဲ့ တုန်းက ကမ မောင်း လေး ကေ ဘက် ! သာလွန် ရေပူ ကတိုင် တိ အထိ လှုပ် ရှားခဲ့ရ ပါတယ် ။

ရွာတွေ ရောက် ရင် သူကြီးက အမျိုးသမီးကြီး တွေပါပဲ ။ စစ်ကြောင်း လာလို့ ရှိရင် အသက် ကြီးတဲ့ ဖထီး အမိုး နဲ့ မိန်းမပျို က လေး တွေပဲ ရှိပါတယ် ။ အသက် ၂၀ နှစ်က နေ ၄၅ နှစ် အထိ ဖထီး တွေ က ရှောင် ထွက်သွား ကြတယ် ။

ဒါ ကြောင့် အသက်ကြီးတဲ့ သူ တွေနဲ့ ပိုမို ခင် ခဲ့ ကြပါတယ်

ရိုးသားဖြူစင် ကြတဲ့ တိုင်းရင်း သား ညီနောင် တွေ ပါ ပဲ ။

ကျတော် စစ်ဆင် ရေးသွား တော့ KNU က ခွဲထွက် လာတဲ့ ဗုဒ္ဓ ဘာသာ ကရင် အဖွဲ့  DKBA က ဗိုလ်ချုပ် ကျော်သန်း နဲ့ နှစ်လ လောက် စစ်ဆင် ရေး အတူ လက်တွဲ ခဲ့ ရဖူးတယ် ။

အသား ဖြူဖြူ ပိန် သေး သေး နဲ့ အရပ် မ နိမ့် မမြင့် နဲ့ ပေါ့ ။ အ နေ အေး ပြီး အရမ်း ခင် မင် ခဲ့ ပါတယ် ။ စိတ် ထား အရမ်း နူး ညံ ခဲ့ သူပါ ။

ကျ သောင်း ဆိပ် ရွာမှာ နေ တုန်းက ဒုံ သမိ ချောင်း ထဲ ရေဆင်း ချိုး ရင် သူ့ ရဲ ဘော် တွေ က ချောင်း အ ထက် အောက် လုံ ခြုံ ရေး တင်းကျပ်စွာ ယူ စေ ခဲ့ ပြီးမှ ဗိုလ် ချုပ် ကျော်သန်း ကို ရေ ဆင်း ချိုး စေခဲ့ ပါတယ် ။ အဲ့ လောက် ထိ သူ့ ကို သူ့ ရဲ ဘော် တွေ က ချစ် ခဲ့ တာပါ ။

ထူး ဆန်း တာ တစ်ခု ပြောပြ ချင် သေးတယ် ။ သူ တို့ ဗိုလ် ချုပ် ရေ ချိုး တဲ့ အချိန် ဘယ် မိန်းမသား မှ ရေဆင်း မချိုး တာပါပဲ ။ စုံစမ်းကြည့် တော့ သူ တို့ အထက်လူကြီး ဘုန်းကံ နိပ် ကျ မှာ ဆိုး လို့ ပါတဲ့ ။

ဟာ သ အ နေ နဲ့ တစ် ခု ထည့် ပြောရရင် ကျနော် တို့ စစ်သည် တွေ ရေ ဆင်း ချိုး ရင် မိန်း က လေး အရွယ် စုံ က ထမိန် လျှော် ဘာလျှော် နဲ့ ခပ် တည်တည် ပဲ ဗျို့  ။

အဲ့ ဒီ လို နေ လာ ခဲ့ ကြ တာပါ ။ သင်္ကြန် ကာ လကြီး မှာ ပေါ့ ။ စစ်သည် လူပျို လေး တွေက ကောင် မ လေး တွေ ရေ လောင်း ချင် တောင် လုံခြုံ ရေး အ ရ မ ထွက် ရလို့  မျက်နှာ ပျက် နေ လို့  အမိုး သူကြီး ကို ခေါ်ပြီး လက် ဆောင် ပေး စည်း ရုံးပြီး ရွာထဲ က အပျို လေး တွေ ကို သင်္ကြန် ယိမ်း နဲ့ ကရင် ဒုံး ယိမ်း က ခိုင်း ခဲ့ တာ ပေါ့ ။

ပြီး တော့ မှ စစ်သည် များကို မသိ မသာ ရေ လောင်း ခိုင်း ခဲ့ ရ တာ မ မေ့ ခဲ့ ပါဘူး ။

ဆရာ တော်ကြီး ကို လည်း လျှောက် ထားပြီး ဘုန်းကြီး ကျောင်းဝင်း ထဲ ရေ သဘင် ဆင်နွှဲ ခဲ့ ရတာပါ ။

ဆရာ တော်က နားညီး လို့  မျက်စောင်း တခဲခဲ ပေါ့ လေ ။ နောက် တော့ မှ ပြုံး တော် မူခဲ့ တယ် ။

ဘ၀ တသက်သာ အမှတ် ရ စ ရာ က တော့ ၀ဲ ပျံ ဂူ ဖူး ခဲ့ ရခြင်း ပါ ။ သ ဘာ ၀ လိုဏ် ဂူ ထဲ မှာ စမ်းချောင်း လေး စီးလို့  ရေ တွေကလည်း ကြည် လင် နေ လို့ ပေါ့ ။

နောက် အကြိမ်ကြိမ် ထပ်သွား မိချင် သေးတယ် ။

က မ မောင်း က နေ စက် လှေ စီးပြီး မြိုင် ကြီး ငူ ဆရာ တော် လည်း ဖူးခဲ့ ရ တယ် ။

ဆရာတော် ဆု ပေး တာ တိုးလွန်း လို့ မကြား ခဲ့ ရပါဘူး ။ ဆရာ တော် စွန့် တဲ့ တီးမွှေး ငှက် ပျောသီး နှစ် လုံး က ရင် ထဲကို စိမ့်အေး ချို မွှေး စေခဲ့ ပါတယ် ။

က ရင် ပြည် နယ် ကို ကိုကိုအောင် ချစ် နေဆဲပါ ။ နောင် လည်း ချစ်နေ အုံး မှာပါ ။

လွမ်း မိတယ် မီးဇီုင်း တောင် တန်း နဲ့
လေး ကေ တောင်
ဒုံ သမိ နဲ့ သံလွင် မြစ်ကြီး ရေ ။

သွေး ချင်း များ ရှိရာ က ရင် မြေ သို့  ခရီး သွား ချင်နေ သေးတယ် ။ ကြုံခဲ့ ရင် ပေါ့ ။

မြစ်ကျိုး ရွာက ရွာသူကြီး အမိုး ဒေါ်ခင် စန်းက တပ်မ တော် က ထွက် ပြီး နေ ချင် ရင် အချိန် မ ရွေး သား အဖြစ် မွေးစား မယ်တဲ့ ။

သူ က ရွာမှာ ချမ်းသာ တယ် ။ အလွန် ချော မော လှ ပတဲ့ ကျောင်း ဆရာမ သမီး လေးလဲ ရှိတယ် ။ တစ်ဦးတည်း သော သမီး လေး ပေါ့ ။

အခုချိန် ထိ သွား ရ လာရ မလွယ်ကူ သေး လို့  အဲ့ ဒီက ပြန် ကတည်း က အဆက် အသွယ် မရခဲ့ ပါဘူး ။

ကျနော် က လည်း သက်ပြည့် ထိ တိုင်းပြည် တာ ၀န် ထမ်း ဆောင် မှာ မို့  အသက် ၆၀ ပြည့် မှ မြစ်ကျိုး ရွာသွား ရင် အမိုး မရှိပေမယ့် အမိုးသမီး ရှိသေးမှာပါပဲ ။

ခုဆို အိမ်ထောင် ကျရော ပေါ့ ။

ကိုကို အောင် ( ဘုရင့်နောင် )
— with Ye Moe and 94 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...