အမေရိကန်ရေတပ်၏ လေယာဉ်တင်သဘောင်္တင် Chance Vought F 4U Corsair ဗုံးကြဲတိုက်လေယာဉ်
Chance Vought F 4U Corsair အမျိုးအစား အမေရိကန်ရေတပ် ၏ လေယာဉ်တင်သင်္ဘောသုံး ဗုံးကြဲတိုက်လေယာဉ်မှာ ဒုတိယ ကမ္ဘာစစ် နှင့် ကိုရီးယားစစ်ပွဲတို့တွင် အဓိက ဗုံးကြဲတိုက်လေယာဉ်အဖြစ်အမှုတော်ထမ်းခဲ့သည့် လေယာဉ်ဖြစ်သည်။ လေယာဉ် အား ထုတ်လုပ်သူ Vought မှာ လေယာဉ်ထုတ်လုပ်ပြီးမကြာမှီမှာပင် Demand များလာခဲ့သဖြင့် Goodyear နှင့် Brewster တို့အား ခွဲဝေလုပ်ကိုင်စေခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် အမေရိကန်ရေတပ်သို့ ရှေ့ပြေးပုံစံ စတင် ပေးသွင်းခဲ့သည်မှ စ၍ ၁၉၅၃ ခုနှစ် ပြင်သစ်တို့ထံနောက်ဆုံးပေးသွင်းခဲ့သည့်အသုတ်အထိ စုစုပေါင်း စင်းရေ ၁၂၅၇၁ စင်း ထုတ်လုပ်ခဲ့သည်။ F 4U အား အဓိက သုံးစွဲခဲ့သော တပ်များမှာ အမေရီကန်ရေတပ် နှင့် ကမ်းတက်တပ်၊ ဗြိတိသျှ ရေကြောင်း လေတပ်ဖွဲ့၊ တော်ဝင် နယူးဇီလန် လေတပ်၊ ပြင်သစ်လေတပ်မတော် တို့ဖြစ်သည်။ F 4U သည် လေယာဉ်တင်သဘောင်္သုံး ဗုံးကြဲတိုက် လေယာဉ် များတွင် စွမ်းဆောင်ရည်အပြည့်ဝဆုံးလေယာဉ်အမျိုးအစားဖြစ်ခဲ့ပြီး ဂျပန်လေသူရဲများ၏ ကြောက်ရွံ့ခန့်ညားမှု အခံရဆုံး လက်နက်တစ်ရပ်ဖြစ်ခဲ့သည်။ အမေရိကန် ရေတပ်၏တွက်ချက်မှုအရ F 4U ၏ Kill to Loss ratio မှာ ၁၁း ၁ ရှိကြောင်း သိရသည်။ အလွန်ကောင်းမွန်သော ဗုံးကြဲတိုက်လေယာဉ်တစ်စီးဖြစ်သည့် အတွက် F 4U အား ကိုရီးယားစစ်ပွဲ နှင့် ပြင်သစ် တို့၏ အင်ဒိုချိုင်းနား နှင့် အယ်လ်ဂျီးယား ကိလိုနီစစ်ပွဲကာလများအထိ အောင်မြင်စွာအသုံးပြုနိုင်ခဲ့သည်။
အမေရိကန်ရေတပ် နှင့် ကမ်းတက်တပ်တို့နှင့် F 4U ၏ စစ်ဆင်ရေးသမိုင်းများ
F 4U ၏စွမ်းဆောင်ရည်မှာအထင်ကြီးလောက်ဖွယ်ဖြစ်သည်။ F 4U1 ၏အမြန်နှုန်းမှာ Grumman F 6F Hellcat ထက် သိသိ သာသာမြင့်မားပြီး P47 ထက် အနည်းငယ် (13 mph)(21 Kmph) ခန့်သာ လျော့သည်။ အဆိုပါလေယာဉ် သုံးမျိုးစလုံး မှာ (P&W – R 2800) အင်္ဂျင်ကိုသာသုံးထားကြခြင်းဖြစ်သည်။ ၁၉၄၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် အမေရိကန် ရေတပ်မှ ပထမအသုတ် လက်ခံယူရာတွင် လေယာဉ်တင်သဘောင်္ ၌ အသုံးပြုရန် အဆင်မပြေမှုများ တွေ့ကြုံရသည်။ လေယာဉ်၏ငှက်လှောင်အိမ်သဏ္ဍန်Canopy နှင့်ရှည်လျားသောရှေ့ပိုင်းစက်ခေါင်းတို့ကြောင့် ကုန်းပတ်တွင် taxiing လုပ်ရန်မှာမြင်ကွင်း ကန့်သတ်သလိုဖြစ်နေသည်။ ထို့ပြင် ကုန်းပတ်ပေါ်ဆင်းသက်ရာတွင် ခုန်လွန်းသောကြောင့် ဂျိတ်နှင့်မချိတ်မိခြင်း Crash barrier များနှင့်ဝင်တိုက်နိုင်ခြင်း အခြေအနေဆိုးများဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် Carrier qualification ခေါ် လေယာဉ် တင်သဘောင်္တင်အရည်အသွေး နှင့် မပြည့်စုံမှုအား ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ တွင် USS Sangamon ပေါ် ၌စမ်းသပ်တွေ့ရှိရ သဖြင့် ရေတပ်အနေနှင့် F 4U များအား ကမ်းတက်တပ်၌သုံးရန်လွှဲပြောင်းခဲ့သည်။ အစောပိုင်းကာလများ၌ ရေတပ်လေသူရဲများသည် “ ၀က်ကြီး” “ နှာခေါင်းရှည်” “ တောင်ပံကွေးမုဆိုးမလုပ်စက်” စသဖြင့် F 4U အားနာမည်ပြောင် များ သမုတ်ခဲ့ကြသည်။ ထို့ပြင် ရေတပ်အနေနှင့် F 4U လောက်စွမ်းရည်မမြင့်လှသော်လည်း သဘောင်္ပေါ်အဆင်းအတက် ၌ အလွန်သင့်တော်လှသော F 6F များရှိနေသောကြောင့် F 4U များအားသိပ်မကြိုက်လှပေ။ ကမ်းတက်တပ်မှာမူ မြေပြင်ကွင်းမှ အတက်အဆင်းလုပ်ခြင်းဖြစ်သဖြင့် F 4F ထက်အရည်အသွေးကောင်းသောလေယာဉ် များလိုအပ်နေပေသည်၊ ထို့ကြောင့်ပင် F 4U ကြီးများမှာ ရေတပ် ထက် ကမ်းတက်တပ်၏ သမိုင်းဝင်သူရဲကောင်းကြီးများဖြစ်ခဲ့ရပေသည်။
F 4U များအား ကမ်းတက်တပ်သို့သာထုတ်ပေးရန်ဆုံးဖြတ်ခဲ့သော်လည်း ရေတပ်ဖွဲ့ ၂ ခုဖြစ်သော VF 12 နှင့် VF 17 တို့ အား ၁၉၄၂ နှင် ၄၃ ခုနှစ်တို့တွင် F 4U များစတင်တပ်ဆင်ပေးခဲ့သည်။ VF 12 မှာ F 4U များအား Carrier Landing အောင် မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း မကြာမီမှာပင် ၎င်း၏လေယာဉ်များအား ကမ်တက်တပ်သို့ လွှဲပြောင်းပေးခဲ့သည်။ VF 17 မှာ ၎င်း၏လေယာဉ်များအား USS Bunker Hill သို့လွှဲပြောင်းပေး ခဲ့သည်။ ၁၉၄၃ ခုနှစ် နိုဝင်ဘာတွင် VF 17 မှ၎င်း၏ F 4U များအား Tail hook များပြန်လည်တပ်ဆင်ပြီး လေယာဉ်တင်သဘောင်္ပေါ်သို့ ဆီဖြည့် အတက်အဆင်း ပြုလုပ်၍ Rabual တွင် တိုက်ပွဲဝင် နေသော မြေပြင်တပ်များ အား ကာပစ် ပစ်ကူ ကောင်းစွာ ပေးနိုင်ခဲ့သည်။ ၁၉၄၃ ခု ဖေဖေါ်ဝါရီ တွင် F 4U ၁၂စင်း ဂွာဒါကန်နယ် ရှိ ဟင်ဒါဆင် လေယာဉ်ကွင်း သို့ရောက်ရှိလာပြီး ဂွာဒါကန်နယ်စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည်။ ထိုအချိန်ထိ ရေတပ်မှာ F 4U များအား တိုက်ပွဲတွင်းအသုံးပြုမှုမရှိသေးပေ။ ၁၉၄၄ ခုနှစ် ဧပြီလ မှသာ စတင်သုံးစွဲခဲ့ပါသည်။ အမှန်တကယ် လေယာဉ်တင်သင်္ဘောပေါ်တွင် F 4U များနှင့် အောင်မြင်စွာတိုက်ပွဲဝင်နိုင်ခဲ့သော ယူနစ်များမှာ ကမ်းတက် တပ် မှ VMF 124 နှင့် VMF 213 ယူနစ်များဖြစ်သည်။ ၎င်းယူနစ်များမှာ USS Bunker Hill နှင့် USS Essex တို့နှင့်တွဲဖက်ပြီး ဂျပန် ကာမီကာဇေ များအားနှိမ်နင်းရန်တာဝန်ထမ်းဆောင်ခဲ့ သည့်အတွက် F 4U ကြီးများမှာ Kamikaze killer အဖြစ်နာမည် ကျော်ကြားလာခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ်အတွင်း Vought F 4U Corsair များဆုံးရှုံးမှုစာရင်းလေကြောင်း တိုက်ပွဲ ၁၈၉ စင်းမြေပြင် နှင့် သဘောင်္တင် လေယာဉ်ပစ်အမြှောက် ၃၄၉ စင်း စစ်ဆင်ရေးများအတွင်းဆုံးရှုံးမှု ၉၂၂ စင်း မြေပြင်ပစ်ခတ်မှုကြောင့်ဆုံးရှုံးရခြင်း ၁၆၄ စင်း
ပေါင်း ၁၆၂၄ စင်း
TTK.ots73
F 4U ၏စွမ်းဆောင်ရည်မှာအထင်ကြီးလောက်ဖွယ်ဖြစ်သည်။ F 4U1 ၏အမြန်နှုန်းမှာ Grumman F 6F Hellcat ထက် သိသိ သာသာမြင့်မားပြီး P47 ထက် အနည်းငယ် (13 mph)(21 Kmph) ခန့်သာ လျော့သည်။ အဆိုပါလေယာဉ် သုံးမျိုးစလုံး မှာ (P&W – R 2800) အင်္ဂျင်ကိုသာသုံးထားကြခြင်းဖြစ်သည်။ ၁၉၄၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် အမေရိကန် ရေတပ်မှ ပထမအသုတ် လက်ခံယူရာတွင် လေယာဉ်တင်သဘောင်္ ၌ အသုံးပြုရန် အဆင်မပြေမှုများ တွေ့ကြုံရသည်။ လေယာဉ်၏ငှက်လှောင်အိမ်သဏ္ဍန်Canopy နှင့်ရှည်လျားသောရှေ့ပိုင်းစက်ခေါင်းတို့ကြောင့် ကုန်းပတ်တွင် taxiing လုပ်ရန်မှာမြင်ကွင်း ကန့်သတ်သလိုဖြစ်နေသည်။ ထို့ပြင် ကုန်းပတ်ပေါ်ဆင်းသက်ရာတွင် ခုန်လွန်းသောကြောင့် ဂျိတ်နှင့်မချိတ်မိခြင်း Crash barrier များနှင့်ဝင်တိုက်နိုင်ခြင်း အခြေအနေဆိုးများဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် Carrier qualification ခေါ် လေယာဉ် တင်သဘောင်္တင်အရည်အသွေး နှင့် မပြည့်စုံမှုအား ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ တွင် USS Sangamon ပေါ် ၌စမ်းသပ်တွေ့ရှိရ သဖြင့် ရေတပ်အနေနှင့် F 4U များအား ကမ်းတက်တပ်၌သုံးရန်လွှဲပြောင်းခဲ့သည်။
F 4U များအား ကမ်းတက်တပ်သို့သာထုတ်ပေးရန်ဆုံးဖြတ်ခဲ့သော်လည်း ရေတပ်ဖွဲ့ ၂ ခုဖြစ်သော VF 12 နှင့် VF 17 တို့ အား ၁၉၄၂ နှင် ၄၃ ခုနှစ်တို့တွင် F 4U များစတင်တပ်ဆင်ပေးခဲ့သည်။ VF 12 မှာ F 4U များအား Carrier Landing အောင် မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း မကြာမီမှာပင် ၎င်း၏လေယာဉ်များအား ကမ်တက်တပ်သို့ လွှဲပြောင်းပေးခဲ့သည်။ VF 17 မှာ ၎င်း၏လေယာဉ်များအား USS Bunker Hill သို့လွှဲပြောင်းပေး ခဲ့သည်။
ပေါင်း ၁၆၂၄ စင်း
TTK.ots73