Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ကျွန်တော်နှင့်ဂေါက်

$
0
0

ဂေါက်အကြောင်းအစချီတော့ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော် ဂေါက် golf အကြောင်း ဘယ်လောက်သိသလဲ ပြန်စဉ်းစားမိတယ်။
ကျွန်တော်အဆင့်နဲ့ ဂေါက်ဆိုတာ ခပ်ကင်းကင်းပါ။ အဲ ဂေါက် သီးအိတ်သယ်တာတို့၊ ဂေါက်ကွင်း အမိုက်ရှင်းတာတို့၊ မြက်ဖြတ်တာတို့တော့ လုပ်ဖူးလို့ ဂေါက်နဲ့ နည်းနည်းထိတွေ့ဘူးတယ်ပြောပါတော့
ဘယ်ခေတ်ကာလက ဘယ်သူကစခဲ့လို့ ဂေါက်သီးအားကစားပေါ်လာသလဲဆိုတာလည်း မသိဘူး။ အင်း ဂေါက်သီးအကြောင်း မသိတာတွေပြောရင်တော့ အများကြီးပါပဲ။ ဒါဆို ဂေါက်အကြောင်း ဘာပြောစရာ ရှိလဲဆိုတော့ ဟာသလေးတစ်ပုဒ်ဖတ်မိတာကစပြီး ပြောချင်မိတာပါ။
မိန်းမတစ်ယောက်ရဲ့ ဘ၀ဟာ အသက် ၂၀ ၀န်းကျင်မှာ ဘောလုံးတစ်လုံးနဲ့တူတယ်တဲ့။ သူ့နောက်က လူ ၂၂ ယောက်လိုက်ကြတယ်။


အသက် ၃၀ အရွယ်ရောက်တဲ့အခါ အဲဒီမိန်းမကို ဟောကီဘောလုံးလိုပဲ သဘောထားသတဲ့။ သူ့ နောက်လူ ၁၂ ယောက်သာ လိုက်တော့သတဲ့။ (ဟော်ကီအသင်းက တစ်ဘက်ခြောက်ယောက်ကိုး)။
အသက် ၄၀ မှာတော့ သူဟာ စားပွဲတင်တင်းနစ်ဘောလုံးလိုပဲတဲ့။ ကစားတဲ့သူနှစ်ယောက်က သူတို့ဆီမရောက်အောင် တွန်းထုတ်နေတာတဲ့။
နောက်ဆုံး အသက် ၅၀ မှာ အဲဒီမိန်းမဟာ ဂေါက်ဘောလုံးလိုဖြစ်လာတယ်တဲ့။ ဒီဂေါက်ဘောလုံးဆိုတာ သေသေချာချာတည်ပြီး အဝေးရောက်အောင် နာနာရိုက်လို့တဲ့။ သူ့ကိုရိုက်တာ လည်း အဘိုးကြီးတွေပဲတဲ့။
ဒီနေရာမှာ ကျွန်တော်တွေးမိတာကတော့ ဂေါက်သီးအကြောင်းပါပဲ။
……………..
ကျွန်တော် သတင်းစာထဲမှာ သတင်းတစ်ခုဖတ်ရတယ်။
အဲဒါက တစ်ချက်တည်းကျင်းဝင် တဲ့။ ဘယ်ကျင်းအမှတ်၊ ဘယ်လောက်မှာ ရိုက်တာ တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတယ်တဲ့။
ကျွန်တော်ကလည်း တော်တော်အတွေးချော်တယ်ပြောရမလားပဲ။ တစ်ချက်တည်းကျင်းဝင်တယ် ဆိုတော့ နောက်အချက်တွေတော့ ကျင်းမ၀င်တော့ဘူးလားပေါ့။
တစ်ချက်တည်းနဲ့ တန်းဝင်တာတော့ သတင်းစာထဲပါလာပါရဲ့ နောက်ကျင်းတွေမှာ သတ်မှတ် ရိုက်ချက်ထက် ပိုသွားတာတော့ ပါမလာဘူးလားပေါ့။
နိုင်ငံရေးမဲဆွယ်သူတွေ၊ နိုင်ငံရေးလုပ်နေသူတွေ၊ ဘာအရေးညာအရေးလုပ်နေသူတွေရဲ့ သတင်းတွေက အမြဲတက်လာပါတယ်။ ဒါ ၀မ်းသာစရာပါ။ အများအကျိုးလုပ်တဲ့သူတွေရဲ့ သတင်းပိုကြား ရလေ ၀မ်းသာရတာပိုလေပါပဲ။
သို့သော် အများအကျိုး၊ နိုင်ငံ့အကျိုးကို ခုတုံးလုပ်နေသူတွေရဲ့ သတင်းတွေက တစ်ချက်တည်း ကျင်းဝင်တဲ့ သတင်းလိုပဲ ကောင်းကွက်တွေက ပါပါလာပြီး နောက်ကွယ်မှာ သူတို့ကြောင့် ဘယ်သူတွေ ဘယ်လောက် ဒုက္ခရောက်သွားတယ်ဆိုတာတော့ ပျောက်နေတတ်ကြပါတယ်။
ပြီးတော့ ကိုယ်ရဲ့လုပ်ပိုင်ခွင့် (သတ်မှတ်ရိုက်ချက်) ထက် ပိုပြီးလုပ်တဲ့သူတွေ၊ အလွဲသုံးစားလုပ်သူ တွေအများကြီးရှိနေတတ်ပါတယ်။ ဒီတော့ တစ်ချက်တည်းကျင်းဝင်တာကြီးပဲ ဂုဏ်ယူနေတာနဲ့ မလုံလောက်သေးပါဘူး။ လုပ်ပိုင်ခွင့်ထက် ကျော်လုပ်နေသူတွေ၊ ပါဝါပြချင်သူတွေကိုပါ ဖော်ထုတ် ကြရမှာပါ။
..............
လူကြီးတစ်ယောက်ကပြောဘူးတယ်။ ဘယ်ကောင်ကများစထွင်တယ် မသိဘူးတဲ့။ ဒီလောက် ဂေါက် သီးသေးသေးလေးကို ကျင်းထဲရိုက်တာနည်းနည်း။ ပြီးတော့ ယူထားတဲ့ နေရာကအကျယ်ကြီး။ လုပ်ဆောင်ရတဲ့ ဗာဟီရကများလိုက်တာတဲ့။ သူက ဂေါက်သီးအားကစားနည်းကို သဘောမတွေ့တဲ့ပုံပေါ် ပါတယ်။
ကျွန်တော်ကတော့ ချမ်းသာတဲ့သူတွေဟာ ဒီအားကစားနည်းနဲ့ ကျန်းမာရေးလုပ်တဲ့သဘောမျိုး အဖြစ်မြင်မိပါတယ်။ ဒါပေမယ့် အဲဒီမြေနေရာတွေကိုတော့ နှမြောမိတာတော့အမှန်ပါပဲ။
အဲဒီမြေနေရာတွေကို စာသင်ကျောင်းတွေ၊ ကလေးကစားကွင်းတွေ ဆောက်လိုက်ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးကလည်း ခဏခဏ၀င်မိတာအမှန်ပါ။
ဂေါက်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်သူက၊ ဘယ်နိုင်ငံကစခဲ့သလဲဆိုတာတော့ မသိပါဘူး။ ဂေါက်ကစားနည်းမှာတော့ ယှဉ်ပြိုင်မှုတွေ၊ မှန်းစမှုတွေ၊ ချိန်စနိုင်မှုတွေဆိုတဲ့ ပညာတွေပါမှာအမှန်ပါ။ ပြီးတော့ ကိုယ်ရိုက်လိုက်တဲ့ ဂေါက်သီးလေးက မြေပေါ်မှာလိမ့်ကာလိမ့်ကာနဲ့ ကျင်းထဲကို ၀င်သွားတာကြည့်ပြီး ခံစားမှု အနုပညာမျိုးပါမှာလည်း အမှန်ပါပဲ။
တကယ့်ချမ်းသာသူများကစားကြတဲ့ ဂေါက်တံတစ်ချောင်းရဲ့ တန်ဘိုးဟာ သိန်းချီတန်တယ် ဆိုတာကြားဘူးပါတယ်။ ဂေါက်သီးတွေနဲ့ ဂေါက်ကွင်းမှာ ကစားလို့ ကုန်သွားငွေကို လူတွေက မြင်မှာမဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အားကစားနည်းအဖြစ်၊ လူချမ်းသာတွေရဲ့ အလုပ်အဖြစ်မြင်ကြ တာကိုး။
..............
ကျွန်တော်တို့နိုင်ငံမှာ ဂေါက်ကွင်းတွေ ပေါများလာရင် လူချမ်းသာတွေပေါများလာတယ်လို့ ယူဆရင်ကောင်းမလား။ ဒါမှမဟုတ် မြေနေရာတွေ တန်ဘိုးမဲ့ဆုံးရှုံးလိုက်ရတယ်လို့ ထင်ရမလား။
ပြီးတော့ ဂေါက်ရိုက်သူအချိုးနဲ့ လူဦးရေ(လက်လုပ်လက်စား)အချိုးချကြည့်ရင်တော့ ဘယ်လိုမှ ယှဉ်နိုင်မယ် မထင်ပါဘူး။ ဂေါက်ရိုက်နိုင်သူက လူနည်းစုပါ။
ထိုလူနည်းစု (ကျန်းမာရေးအတွက်ပဲပြောပြော၊ အားကစားနည်းလို့ပဲပြောပြော၊ ဇိမ်ခံတာပဲ ပြောပြော)အတွက် ကျွန်တော်တို့နိုင်ငံရဲ့ မြေတွေကို ပေးဆပ်လိုက်ရရင်........။
ဟာသလေးဖတ်ရင်း ကျွန်တော်စဉ်းစားမိတာပေါ့လေ။ အသက် ၅၀ အရွယ်မိန်းမတစ်ယောက်လို ကျွန်တော်တို့နိုင်ငံကြီး အိုမင်းလာတဲ့အချိန်မှာ အဝေးရောက်အောင်၊ နာနာအရိုက်ခံရအောင် အဘိုးကြီးတွေ ရိုက်လိုက်ရင်ဖြင့် နောင်အနာဂတ်လူတွေတော့ မတွေးဝံ့စရာပါပဲ။
သူတို့အတွက် ကစားကွင်းတွေ၊ ကျောင်းတွေ ဆုံးရှုံးတော့မှာပါပဲ။
ဂေါက်ကနေ ကျွန်တော်တွေးမိတာလေးတွေကို ရေးပြမိတာပါ။ အယူအဆတူတွေရှိနိုင်သလို၊ အယူအဆမတူတွေလည်း ရှိမှာပါပဲ။ ဒါကတော့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။
အင်း..ကျွန်တော်ကတော့...ဒါတွေတွေးနေလို့....ဂေါက်တောက်တောက်ဖြစ်သွားပြီလို့လဲ တွေးနိုင်ကြောင်း ပါခင်ဗျား။

မောင်ပိုင်

၂၄-၈-၂၀၁၃။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>