Quantcast
Viewing all articles
Browse latest Browse all 1811

အောင်ဆန်းနီတိ (၃)


"အခု နိုင်ငံတော်ဘာသာဟာ ဗုဒ္ဓဘာသာဖြစ်စေရမယ်လို့ စာရွက်စာတမ်းတွေ ကမ်းလှမ်းလာကြတယ်။ဒါဟာ ခြေထိုးတာ။ အဲ့ဒီထဲမှာ ၀န်ကြီးမလုပ်ရတဲ့လူတွေ နိုင်ငံရေးအာဏာမရတဲ့လူတွေက ဘုန်းကြီးတွေကို ဘန်းပြပြီးလုပ်တဲ့အလုပ်ပဲ။သမ္မတ ဗုဒ္ဓဘာသာဝင်ဖြစ်ရမယ်လို့ဆိုရင် မှားတယ်။ဒီလိုလုပ်လို့မရဘူး၊ကျုပ် အတိအလင်း ဗေဒင်ဟောချင်တယ်၊ဒီလူတွေတစ်ခုခုဖန်တီးကြလမ့်မယ်။ အဲ့ဒါ မှားတယ်၊မကောင်းဘူး၊ တစ်သီးပုဂ္ဂလ ကျွန်တော့်စိတ်မှာ ယုံကြည်ယူဆထားတာကိုတော့ အလျှော့ မပေးနိုင်ဘူး။ အသက်နဲ့လဲပြီးတိုက်မယ်။ဒီလိုလုပ်ကြရင် နိုင်ငံဟာတော့ ကံဆိုး မိုးမှောင်ကျမှာပဲ။ မပေးနိုင်တာတော့မပေးဘူး။"

အထက်ပါစကားမှာ ကျဆုံးလေသူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ဖဆပလ ပဏာမ ညီလာခံတွင်ပြောကြားခဲ့သောစကားဖြစ်ပေသည်။မနက်ဖြန် ၂၆ရက်၈လ တွင် ကျရောက်သော နိုင်ငံတော်ဘာသာနေ့ဆိုတာကြီးအားထိုဗိုလ်ချုပ်အောင်ဆန်း၏စကားဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
လာမဆဲကြနဲ့နော်။ကိုယ့်ကိုယ်ကို ဗုဒ္ဓတရားတော်တွေကို ဒီပင်္ကရာ ဘုန်းကြီး ကျောင်းသားဟောင်း၊ ဆရာတော် ဦးသောပိတ တပည့် လွတ်လပ်ရေးဖခင် အောင်ဆန်းထက်ပိုသိမယ် လို့ထင်တဲ့လူတွေ ဆိုရင်တော့လဲ မပြောတတ်ဘူးပေါ့ဗျာ။

ထပ်တင်လိုက်ဦးမယ် အောင်ဆန်းပြောသွားတာလေး

"ဒီမှာဆရာ....တိုင်းပြည်ကို တိုင်းပြည်ရေးလိုတွေးစမ်းပါ။ဘာသာရေးတွေ ..ညာတွေလုပ်မနေစမ်း ပါနဲ့။ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံးစည်းလုံးကြ ဖို့လိုတယ်။..ယခုအချိန်မှာလိုချင်တာက ပြည်တောင်စုထဲမှာရှိနေကြတဲ့ လူမျိုးအားလုံး၊ဘာသာအားလုံး ဘယ်တော့မှမပြိုကွဲပဲ ခွဲထွက်သွားမည့် လူတွေပေါ်မလာစေပဲ။နိုင်ငံရေး စိတ်ဓါတ်တစ်ခုတည်းရှိအောင် သိမ်းသွင်းပြီး စည်းလုံးဖို့လိုတယ်။နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်ရင် ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာ့ဘာသာ ကြေငြာ ကျွန်တော်မပါဘူး။"
ဟုနိုင်ငံရေးသုခမိန် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းမှ ဆရာဒီဒုတ်ဦးဘချိုကို ဆူပူခဲ့လေသည်။သို့သော်လည်း အာဏာငန်းဖမ်းနေသော ၀န်ကြီးချုပ် ဦးနုလက်ထက်တွင် မဲရရှိရေးတစ်ခုတည်းကိုသာကြည့်ပြီး တိုင်ပြည်ဖြစ်ချင်ရာဖြစ် ပစေဆိုသော ဦးနောက်ဖြင့် မဲဆွယ်စည်းရုံးပြီး နိုင်ငံရေးခြေထိုးခဲ့သောကြောင့်မနက်ဖြန်တွင် ကျရောက်လတ္တံသော နိုင်ငံတော် ဘာသာနေ့ဆိုတာကြီး ဖြစ်ပေါ်လာရ
ပေသည်။

အောင်ဆန်းဝါဒီ(ဆန်းသစ်)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...