Quantcast
Viewing all articles
Browse latest Browse all 1811

လင်းယုန်နှင့်နဂါး သတိထား

လင်းယုန်နှင့်နဂါး သတိထား
---------------------------------
အမေရိကန်က ဆီးရီးယားကိုတွယ်တော့မယ်။

ရုရှားကဒီလိုလုပ်ရင် ကြီးစွာနောင်တရစေမယ်လို့ ပြင်းထန်စွာသတိပေးတယ်။

ပေါက်ဖေါ်ကြီးက အသာလေး လက်လျှိနေတယ်။

ရုရှားက သတိပေးသံနဲ့ အတူအမေရိကန်ကဆီးရီးယားကို ကြာသာပတေးနေ့ 
နံနက်မှာဘဲစတင်တိုက်ခိုက်မယ်လို့ သတင်းတွေထွက်လာတယ်။

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ လီကွမ်ယူပြောသလိုဘဲ USဟာ အနည်းဆုံး
၁၀-စုနှစ်လေးငါးခုလောက်အထိ ဆက်ပြီးဦးဆောင်သွားနိုင်တယ်လို့ တစ်ချို့ ကပြောတယ်။

ကျနော်တော့အဲ့ဒီလိုမထင်မိဘူး။

USဟာ လက်ရှိပုံစံအတိုင်းသာဆက်သွားနေမယ်ဆိုရင် မကြာခင်မှာဘဲ တရုက်ရဲ့ ရင်ဘောင်တန်း
ခွါရာတိုင်းတာကို ၁၀-စုနှစ် နှစ်ခုလောက်အတွင်းမှာကိုပီပီပြင်ပြင်ခံရနိုင်သည်ဟုယူဆမိပါတယ်။

အခုလည်းရင်ဘောင်တန်းနေတာဘဲလို့ မေးရင် မတန်းနိုင်သေးဘူးလို့ ဘဲတိုတိုနဲ့ လိုရင်းဖြေရမှာဘဲ
တစ်ခြားနေရာတွေတော့မသိဘူး ရေတပ်အင်အား/နည်းပညာမှာUSကို တရုပ်မှီဘို့ ဆိုတာအနည်းဆုံး ၁၀-နှစ်အထက်မှာ ရှိနေသေးတယ်။လေတပ်ခြင်းယှဉ်ရာမှာလည်း လေတပ်ရဲ့ 
ရွှေ့ ပြောင်းနိုင်တဲ့လေယဉ်ကွင်းတွေရဲ့ မိခင်ဖြစ်တဲ့ ရေတပ်ကိုအမှီမလိုက်နိုင်သေးလို့ မဖြစ်နိုင်သေးပါဘူး။

သို့ သော် ယခုကဲ့သို့ သာ USအနေဖြင့် ၎င်းတို့ ၏ စင်္ကြာဝတေးမင်းတံဆိပ်ကို ကာကွယ်လိုဇောဖြင့် တိုင်းပြည်ဘဏ္ဍာငွေအမြောက်အများကို ဆုံးရှုံးခံကာကမ္ဘာအနှံ့ စစ်ပွဲများဆင်နွဲနေခြင်းသည် ၎င်းတို့ တိုင်းပြည်၏စီးပွားရေး နိုင်ငံရေးကဏ္ဍများတွင်မည်မျှအထိအနှုတ်လက္ခဏာဆောင်မည်လည်းဆိုသည့်အချက်သည်
၎င်းတို့ ကို တရုပ်အနေဖြင့် ကဏ္ဍာမျိုးစုံတွင် ပီပီပြင်ရင်ဘောင်တန်း ခွါရာတိုင်းနိုင်မည်လည်းဆို့ သည့်အဖြေပင်ဖြစ်လာပါလိမ့်မည်။

ပြည်တွင်းစီးပွားရေး နိုင်ငံရေးကဏ္ဍာများအပေါ် နိုင်ငံတကာတွင်စစ်ဆင်နွဲခြင်းများ၏ အနှုတ်လက္ခဏာအညွှန်းကိန်း များလျှင်များသလို နည်းရင်နည်းသလို တရုပ်သည်USအားရင်ဘောင်တန်းနိုင်ပါလိမ့်မည်။

ဤနေရာတွင်သတိပြုရန်လိုသည်မှာ US၏ပြည်ပနိုင်ငံများအပေါ်စစ်ဆင်နွဲနေခြင်းသည်၎င်းတို့ နိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍကိုအမှန်တကယ် အနုတ်လက္ခဏာဆောင်/မဆောင်ဟူသည့်အချက်
ဖြစ်သည်။သာမန်အားဖြင့်ကြည့်မည်ဆိုပါက စစ်တိုက်လျင်တိုင်းပြည်ဘဏ္ဍာငွေဆုံးရှူံးသည်ဟု
ယူဆဖွယ်ရာဖြစ်သော်လည်း ကမ္ဘာ့လူလည်ကြီးUSတို့ အဖို့ ၎င်းအချက်ကိုထည့်သွင်းစဉ်းစားဖွယ်
ရှိ/မရှိကိုမိတ်ဆွေများသာသုံးသပ်ကြည့်ကြပါ။

ကျနော့်ထင်မြင်ချက်ကတော့ USအနေဖြင့်၎င်းတို့ 
ဆင်နွှဲသောစစ်ပွဲတစ်ခု၏ကုန်ကျစားရိတ်ကို ကာမိစေမည့်အစီအမံများမလွဲမသွေရှိနေသည့်အပြင်
၎င်းတို့ စစ်ပွဲဆင်နွှဲလိုပါက ကမ္ဘာပေါ်ရှိမည်သည့်အဖွဲ့ အစည်း/နိုင်ငံကြီးများမှကန့်  ကွတ်နေသည်ဖြစ်စေ လုံးဝဂရုမစိုက်ဘဲ ဖြစ်အောင်လုပ်နိုင်သည့်၎င်းနှင့်NATOစစ်အုပ်စု၏သြဇာ
အာဏာကိုအသုံးပြု၍ နိုင်ငံတကာစီးပွားရေးနယ်ပယ်တွင် စီးပွားရေးအရအသာစီးရယူအမြတ်ထုတ်
မှုများဖြင့်၎င်းတို့ ဆင်နွဲသော စစ်ပွဲကုန်ကျစားရိပ်များကို ကာမိစေရန်ဆောင်ရွက်နေသည်ဟုယူမိပါသည်။

တင်ပြပါUS၏စစ်ဆင်နွှဲခြင်းနှင့်စစ်အသုံးစားရိတ်ပြန်လည်ရှာဖွေခြင်းနည်းလမ်းကို တရုပ်တို့ အနေဖြင့် ကောင်းစွာရိပ်စားမိသောကြောင့်သာ US၏ ပြည်ပစစ်များဆင်နွှဲနေခြင်းများကို
ရုရှားနိုင်ငံကဲသို့ သတိပေးခြင်း ဝေဖန်ခြင်းများ ကမ္ဘာသိပြုလုပ်ခြင်းမရှိဘဲ အသာလက်လျှိုနေသည်ဟုထင်မြင်ယူဆဖွယ်ရာဖြစ်ပါသည်။

တရုပ်တို့ အနေဖြင့်US၏ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနေမှုကိုထိန်းချူပ်နိုင်ရန်နှင့်
ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင်တရုပ်၏သြဇာအာဏာကျယ်ပြန့် လာစေရေးမဟာဗျူဟာအနေဖြင့်ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် စီးပွားရေးအရကြိုတင်လက်ဦးမှုရယူပြီး
၎င်းတို့ ကို့ ကိုစီးပွားရေးအရမဖြစ်မနေမှီခိုနေရသောအခြေအနေများဖန်တီးကာ USဆန့် ကျင်ရေး
သဘောထားများကိုကျယ်ကျယ်ပြန့် ပြန်.့ ဖြစ်ပေါ်နေစေရေးမဟာဗျူဟာကိုစွဲကိုင်လျက် တစ်ချိန်တွင် ကိုဆိုဗိုရှိတရုပ်သံရုံးမှားယွင်းဗုံးကြဲခံခဲ့ရမှုအကြွေးကိုပြန်ဆပ်နိုင်ရန်ကြံစဉ်နေမည်မှာ
အသေအခြာပင်ဖြစ်ပါသည်။

အချူပ်အားဖြင့်တင်ပြလိုသည်မှာ ကျနော်တို့ နိုင်ငံအနေဖြင့် တင်ပြပါနိုင်ငံကြီးနှစ်ခု၏အထူးအာရုံစိုက်ခြင်းကိုခံနေရသည့်ယခုလိုအချိန်မျိုးတွင် အကွက်ရွှေ့ မှားလျင်အစားခံရမည့်အခြေအနေမှန်သမျှကိုရှင်းရှင်းလင်းနားလည်သိမြင်ကြပြီး တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေးကိုအရေးတကြီး ၊အဆောတလျင်တည်ဆောင်နိုင်ကြပါစေလို့ တိုက်တွန်းတင်ပြအပ်ပါတယ်ခင်ဗျာ။

ကျွဲနှစ်ကောင်ခတ်သည့်ကွင်း
မြန်မာပြည်မဖြစ်ပါစေနှင့်ဟုဆန္ဒပြုလျက်

ငြိမ်းချမ်းလူ
၂၈-၈-၂၀၁၃
 — with Yaung Ni Oo and 12 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>