Quantcast
Viewing all articles
Browse latest Browse all 1811

စစ်ပွဲတစ်ခုသို့ ချဉ်းကပ်ခြင်း

စစ်ပွဲတစ်ခုသို့ ချဉ်းကပ်ခြင်း
(မိမိ ၏ ကိုယ်ပိုင်သုံးသပ်ချက်များသာ ဖြစ်ပါသည်)

အာဆဒ်
---------
ပညာတတ်၊ ပင်ကို က လူအေးတစ်ယောက်၊ မိန်းမ မိုက်မိုက်ကလေး ရထားသူ။
မိမိနိုင်ငံသားပေါင်းထောင်နဲ့ ချီ ကို ကတုတ်ကျင်း တွင်းမှ သတ်ခိုင်းခဲ့သူ၊ ထိုင်ကြည့် နေခဲ့သူ။
အိုဘားမား ကို လျှော့တွက်မိလို့ အကွက်မှားခဲ့သူ
ဓာတုလက်နက်ကို လွယ်လွယ် လေး သုံးခဲ့ သူ
ကလေးသူငယ် ၄၀၀ကျော် အပါအဝင် လူပေါင်း၁၄၀၀ ကို လက်တည့်စမ်း သတ်ဖြတ်ခဲ့သူ
အရှေ့အလယ်ပိုင်း က ငြိမ်းချမ်းရေးကို နိုင်ငံတကာ လုံခြုံရေးကို အီရန်ကဲ့သို့ ခြိမ်းခြောက်နေသူ
မိတ္ထီလာမှာ ကင်တားနားကားကို ဝိုင်းပြီး ရန်ပြုတဲ့ ကိစ္စထက် မိုက်မဲတာကို လုပ်နိုင်သူ တစ်ဦးတည်းသော ပုဂ္ဂိုလ်
(ကုလ ယာဉ်တန်းကို သေနတ် ဖြင့်ချောင်းပစ်ကာ အန္တရာယ် ပြုခဲ့သူ)
Image may be NSFW.
Clik here to view.
Photo
အိုဘားမား
--------------
ခပ်ပျော့ပျော့လို့ ထင်ရပေမဲ့ နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်နိုင်ပါက ဆတ်ဆတ်ထိမခံနိုင်သူ
မဟာမိတ် ဗြိတိန် ဘက်က အကူအညီမရနိုင်သေးလို့ ကွန်ဂရက်အဖြေစောင့်ဦးမယ် ဆိုပြီး လောလောဆယ်အချိန်ဆွဲနေသူ
တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုကောင်းသူ၊ မြေထဲပင်လယ်မှာ ရော၊ ဘေးနိုင်ငံတွေမှာ ရော တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။
ရေနံ ချုပ်ကိုင် မှု၊ အရှေ့အလယ်ပိုင်း ပြဿနာများကို အရေးကြီးဆုံး အဆင့်မှာ ထားထားသူ
အစ္စရေး ရဲ့ ရပ်တည်မှုအတွက် လိုအပ်ရင် ဆီးရီးယားကို အပြုတ်တိုက်မယ် ဆိုပေမဲ့ အီရန်ကို တော့ မထိရဲသူ
ဆီးရီးယားပြည်သူတွေ က သူအချိန်ဆွဲလိုက်တာကို စိတ်ပျက်လက်ပျက် ဖြစ်သွားပါပြီ။

စစ်ပွဲကို ကန့်လန့်လုပ်မည့်သူများ နှင့် အဟန့်အတားများ
---------------------------------------------------------------
ရီပက်ဘလစ်ကန်များ - သူတို့ ဆိုလျှင် ကွန်ဂရက်မမေး ဘာမမေး တန်းပြီး ဆော်မှာဖြစ်ပေမဲ့ အိုဘားမားကို တော့ ကန့်လန့်ဖြစ်အောင် လုပ်နေဦးပါမည်။
မြန်မာ အရေး စိတ်ဝင်စားသူ ဂျွန်မက်ကိန်း က ရှေ့ဆုံးက ဖြစ်ပါလိမ့်မည်။ သူတို့ ဆို ငြိမ်းချမ်းသော နည်းလမ်းကို သုံးမည်ဟု အသံကောင်းဟစ်နေဦးမှာပါ။
ရုရှ - လူတွေသေ တာ တွေ့နေတာတောင် ဗြောင်ငြင်းနေသေးသည့် မဟာဉာဏ်ကြီးရှင် ပူတင်က သူ့ လူကို ဆီးရီးယားကို လွှတ်ပြီး အကြံထုတ်နေပြီ၊
ဓာတုလက်နက် ဟန်ဆောင်ပန်ဆောင်ဖျက်ဆီးပြခိုင်းကာ ဆီးရီးယားကို အမေရိက ရဲ့ ခြေကုပ်မဖြစ်အောင် ကြိုးစားမှာပါ။
အီရန် - ဆီးရီးယားကို ဆော်တုံး ဒီအရူးက တစ်စခန်းထနိုင်သေးသည်၊ အခုလည်း သူတို့ချင်း တိုင်ပင် ညှိနှိုင်းနေပြီ။
အာရပ် နိုင်ငံများ- သူတို့ လည်းလန့်ပေမဲ့ လာဆော်မှာ တော့ မကြိုက်လှပါ။ ရေနံဈေးတက်မှာ ကို တော့ ပြုံးပြုံးကြီး ပေါ့။
တရုတ်- ဘာဖြစ်ဖြစ် အမေရိကန် တွေ ကို ဆန့်ကျင် ဦးမှာ ဖြစ်ပေမဲ့ သူတို့ က ရေနံဈေးတက်မှာ က လွဲလို့ သိပ်မပူလောက်ပါ၊
ဒီကောင်တွေ ဘာလုပ်လုပ် ငါတို့က အမေရိကန်တွေ ကို စီးပွါးရေး တိုက်ပွဲမှာ နိုင်တော့မှာ။
တူရကီ - အရင်က လို ဆီးရီးယားအစိုးရ နဲ့ မတည့်တော့ပါဘူး၊ အိုဘားမား ဘက်က သေချာပေါက် နည်းမျိုးစုံနဲ့ ကူညီမှာပါ.
အစ္စရေး နှင့် ပြည်သူများ - ဆီးရီးယားကို တိုက်တာ ထောက်ခံကြပေမဲ့၊ သူတို့ ကို အချိန်မရွေး ဓာတုလက်နက်နဲ့ ဆော်တာ ခံရနိုင်လို့ ရတက်မအေးနိုင်ပါ
ဗြိတိန် - ဘယ်အချိန် ဖြစ်ဖြစ် အကိုကြီးလုပ်ရင် ညီလေးပါပြီးသားဖြစ်ပေမဲ့ လွှတ်တော်က သဘောမတူတော့ ညီလေးလည်း စဉ်းစားရခက်နေပါတယ်၊
အိမ်က စီးပွါးရေး ကျပ်နေ တော့ အကိုကြီးရဲ့ အမှုမှာ ပါရင် ကုန်မှာတွေကို လည်း ပူပန်ရသေး
နေတိုး - မင်းသား နေတိုး လိုပဲ အကျပိုင်းလေး ရောက်နေတော့ အိုဘားမား ရေ တစ်ယောက်ထဲသာ ဆော်ပေတော့ လုပ်ဦးမှာပဲ။ နေတိုး လည်း ဘေး မထိုင်သင့်ပါ
အမေရိကန် ပြည်သူများ - ကိုယ့်အရေး သာကို စဉ်းစား၊ နိုင်ငံတကာ ဘာ ဖြစ်ဖြစ် ငါတို့အပူလား ပေါ့၊ သူတို့ ဆီ ဓာတုလက်နက်နဲ့ မဆော်မချင်း ထောက်ခံမှာ မဟုတ်ပါ။
Image may be NSFW.
Clik here to view.
Photo
တို့ မြန်မာတွေ -
----------------
ငယ်ငယ်တုံးက လူကြီးတွေ ပြောကြတာ ကြားဖူးတယ်၊ အမေရိကန် က ဆော်မှာ ဘာညာပေါ့၊ မသိခင် ကတော့ မျှော်ဖူးပါတယ်၊ အမေရိကန်တွေ ဘယ် တုံးက မှ မြန်မာကို စစ်ရေးအရ ဆော်ဖို့ မစဉ်းစားခဲ့ပါ၊ ဒေသတွင်း လုံခြုံ ရေး၊ နိုင်ငံတကာအရေးမှာ အရေးမပါလို့ပါ။
စစ်ရေးအရ အမြဲစောင့်ကြည့်နေပါသည်၊ရုရှ၊ မြောက်ကိုရီးယား နဲ့ဆက်သွယ် မှုတွေ အချိန်ပြည့် ကြည့်နေပါသည်။
အရှေ့ဥရောပနိုင်ငံတွေ တရုတ်၊ အိန္ဒိယ နဲ့ လက်နက်အရောင်းအဝယ် တွေကို လည်း မျက်ခြေမပြတ်ပါ၊ နူကလီးယား ကြိုးစားမှုကို လည်း စောင့်ကြည့်နေတာ ကြာပါပြီ။

ကျမ က ပုံမှန် တော့ ငြိမ်းချမ်းရေး သမား ဖြစ်ပေမဲ့ ဒီလို ဓာတုလက်နက် နဲ့ ခြိမ်းခြောက်မှုဖြစ်တဲ့ နိုင်ငံကို တော့ စစ်ရေးအရ အရေးယူဖို့ ထောက်ခံပါတယ်၊ ဆီးရီးယား ပြည်သူတွေ ဘက်က လည်းစာနာမိလို့ပါ။
ပြည်သူတွေ ကို ထိခိုက်မှုအနည်းဆုံးဖြစ်မဲ့ စစ်ပွဲတစ်ခုကို မြန်မြန်စတင်ပြီး အာဆဒ်ကို အဆုံးသတ်ပေးလိုက်ပါ။

မေပုပ္ပား
၂၀၁၃ စက်တင်ဘာ ၁ ရက်
နံနက် ၄ နာရီ ၃၀ မိနစ်
အမေရိက က စစ်ရေးအရ အရေးယူရင် ထောက်ခံမှုအခြေအနေကို ပြီးခဲ့တဲ့ ကိုးလ လောက်က ဝါရှင်တန် ပိုစ်က စစ်တမ်းလုပ်ထားတာရယ်၊ လက်ရှိ စစ်ရေး ပြင်ဆင်ထားပုံရယ်၊ ဆီးရီးယားက ဓာတုလက်နက်ရှိတဲ့ နေရာတွေရယ်၊ ဓာတုလက်နက်ခံရသူ တစ်ယောက်ရဲ့ ဓာတ်ပုံကို တင်ပေးလိုက်ပါတယ်
 — with Myo Set and Lynn Hpone Thant. (6 photos)




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...