Quantcast
Viewing all articles
Browse latest Browse all 1811

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေး

The Voice Weekly's photo.
နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေး

ရန်ကုန်၊ သြဂုတ် ၃၁

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်မည် ကြွေးကြော်ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် သီးသန့်ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း NLD ပါတီ၏ နေပြည်တော် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်ရာတွင် ၎င်းတို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“သူတို့နှစ်ဦးတည်း ဆွေးနွေးတာပါ။ တခြားဘယ်သူမှ ဝင်ခွင့်မရခဲ့ပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို နှစ်ဖက် ထုတ်ပြန်မှု ပြုလုပ်ခဲ့ခြင်း မရှိပေ။

ယင်းတွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စုခရီးစဉ်တွင်တစ်ကြိမ်တွေ့ဆုံထားသည်။

၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှု အပြီးတွင် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းနှင့် လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းအချို့ ပြင်ဆင်ပေးမှုကြောင့် NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး ယင်းပါတီဥက္ကဋ္ဌရာထူး လက်ခံရယူသူ သူရဦးရွှေမန်းနှင့် သဘောထားကွဲလွဲမှုများ ဖြစ်နေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်နေကြောင်း ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုပြီး ၎င်းယှဉ်ပြိုင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်သို့ တိုက်တွန်း ထားသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>