သောမတ်စ်ကန်တားနားကိစ္စလေးကို ပြန်တွေးနေမိတယ်။
တစ်ကယ်တော့ သောမတ်စ်ကန်တားနားကို ဒီလို ဆက်ဆံခံရတဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်ပါပဲ။
လုပ်ထုံးလုပ်နည်းမှားယွင်းခြင်းပေါ့။ ကာဖျူးထုတ်ထားတဲ့အချိန် ဒီလို လူအုပ်လိုက်ထွက်လာလို့ ရလို့ လုပ်ကြံမှုလို့ ယူဆကြတာတွေကိုလဲတွေ့ရတယ်။ ဒါကိုလဲ ငြင်းဆန်လိုခြင်းမရှိပါဘူး။
ကန်တားနားရယ်၊ နောက်ကွယ်က လက်မဲ ဆိုတာတွေ၇ယ်ကို ဖယ်ကြည့်လိုက်ရင် ဘာသာရေးစိတ်ဓါတ်ပြင်းထန်ရန်လိုနေတဲ့ လူတွေကိုတွေ့ရမယ်။ သူတို့တွေဟာ အဓိက အင်အားတွေပဲ။ စဉ်းစားမိတယ်။
ဒီလူတွေ ဘာကြောင့် ဒီလို ဖြစ်နေတာလဲ။
ဒီလူတွေကို စွမ်းအားရှင်တွေလို့သမုတ်ကြတယ်။ ငွေပေးလို့ အကျိုးအမြတ်တစ်စုံတရာကြောင့် လုပ်တယ်ဆိုရင် ပြဿနာမရှိဘူး။ ငွေထပ်မပေးရင်ပြဿနာမဖြစ်ဘူးလို့မှတ်ယူလို့ရတယ်။
အဲ...ငွေပေးထားတာလဲမဟုတ်ဘဲ..ယုံကြည်ချက်၊ သံသယ၊ အကြောက်တရားတွေနဲ့ ဒီလို လူစုလူဝေးဖြစ်လာတယ်ဆိုရင်...???
အင်မတန်ကို ကြောက်စရာကောင်းတဲ့ အနေအထားတစ်ရပ်ကို Liberalization Phase မှာ ရင်ဆိုင်နေရပြီလို့ သဘောပေါက်မိပါတယ်။
ကျနော်တို့ဆီက နိုင်ငံရေးဓလေ့က ပြဿနာတစ်ရပ်ဖြစ်လာ၇င် အဖြေအရင်မရှာဘဲ ဓါးစာခံ အရင်ရှာတယ်။
ဓါးစာခံကိုတွေ့လိုက်ရရင် စိတ်နေသာထိုင်သာရှိသွားကြတယ်။
မြန်မာ့နိုင်ငံရေးပြဿနာများစွာမှာ ဒီလို ဓါးစားခံ(Scapegoat) ရှာတဲ့ သဘောတရားတွေကို အများကြီးတွေ့ရပါတယ်။ ဥပမာ ဆန်ရှင်သက်သက်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းတယ်ဆိုပြီး ဒေါ်စုကို ဓါးစာခံရှာတာမျိုးပေါ့။ ( ဆန်ရှင်နဲ့ စီးပွားရေးကျဆင်းမှုကို ပြောလိုရင် ဗီယက်နမ်စီးပွားရေးတိုးတက်မှုနဲ့ ဆန်၇ှင်ဘယ်နှခုနှစ်မှပြန်ဖွင့်ပေးတာလဲကို အရင်တီးခေါက်ကြည့်ပါ)
ဒီတော့ ဒီလို ဓါးစားခံရှာတာဟာ တစ်ကယ့်တရားခံစစ်စစ်ကို လက်ညှိုးထိုးမိရင်ကိစ္စမရှိဘူး။ တရားခံစစ်စစ် မဟုတ်ရင်ကော.....??
အခု ကန်တားနားလာတဲ့ကိစ္စ၊ နောက် ထစ်ခနဲရှိမီးတောက်လွယ်နေတဲ့ ဘာသာရေးပဋိပက္ခတွေမှာ
ငြိမ်းချမ်းရေးလိုလားသူတွေဟာ ဖော်ဆောင်နည်းကို သေသေချာချာ ဂရုစိုက်ဖို့လိုတာကိုတွေးမိတယ်။
ဘာသာရေးကိစ္စမှာ သံသယ၊ အာဃာတတွေကြီးနေပြီဆိုရင် ဒီတိုင်းပြည်ရဲ့ ဒီလူမှုအဖွဲ့အစည်း အခြေခံအုတ်မြစ်ဟာ လှုပ် လာတော့မယ်။ ဒါဆို တိုးတက်ဖို့ ခက်တော့မယ်။
ယနေ့ လစ်ဘရယ်ဒီမိုကရေစီမှာ လူနည်းစု ကာကွယ်ရေးသဘောတရားပါတယ်။ ဒီသဘောမှာ လူများစု ဆန္ဒကို မမေ့လျော့ပါဘူး ဆိုတဲ့သဘောပါတယ်ဆိုတာကို အလိုလို နားလည်ပြီးသား ဖြစ်ရမယ်။
မဟုတ်ရင် လူနည်းစုကို ကာကွယ်တယ်ဆိုပြီး လူများစုကို ဆန့်ကျင်ရင် ဒီမိုကရေစီအရေးဖော်ဆောင်သူမဟုတ်ဘဲ လူနည်းစုကိုရှေ့နေလိုက်ပေးသူ ရှေ့နေသက်သက်သာ ဖြစ်လိမ့်မယ်။
အခု ဘာသာရေးပြဿနာတွေမှာ လူများစုထဲကလူတွေဟာ အခကြေးငွေနဲ့ လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်နေတာဆိုရင် ကိစ္စမရှိလှပေမယ့်...တစ်ကယ်ကြီးကို ဘာသာရေးလွှမ်းမိုးခံရမှာ စိုး၇ိမ်မှုတွေ ဖြစ်နေခဲ့တာဆိုရင် ဒီ မတူတဲ့ဘာသာရေးအဖွဲ့အစည်း နှစ်ခုကို ရင်ကြားစေ့ပေးဖို့ အများကြီးကြိုးစားရပါတော့မယ်။
အခု ပဋိပက္ခ လက္ခဏာတွေကိုကြည့်ကြည့်ပါ။ လုပ်ကြံမှု လက္ခဏာတွေကို တွေ့ရပါတယ်။
သို့သော်........ဒီလို ဘာသာရေးအလွှမ်းခံရမှာ စိုးတဲ့ သံသယတွေကော ကင်းသလား။ သံသယတွေကို မြင်နေရတယ်။ကျနော်ကတော့ အကြောက်တရား၊ သံသယတွေဟာ ပဋိပက္ခတွေရဲ့ မူလရင်းမြစ်တွေလို့ ကောက်ချက်ချတယ်။ (မနေ့က ဂျပန်က ပဋိပက္ခဆိုင်ရာကျွမ်းကျင်သူကလဲ အလားတူကောက်ချက်ချတာတွေ့မိတယ်။)
ဒီလိုသာ အကြောက်တရားတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် သံသယတွေကြောင့် ပဋိပက္ခတွေ ဖြစ်ရတယ်ဆိုရင်.....
လက်ညှိုးထိုးခြင်း၊ စွပ်စွဲခြင်း၊ တစ်ဖက်ဖက်ကို ဘက်လိုက်ပြခြင်းနဲ့ ရင်ကြားစေ့လို့၊ ငြိမ်းချမ်းတဲ့ လူ့ဘောင် တည်ထောင်လို့ ရမယ် ထင်ပါသလား...?
ဗုဒ္ဓဘာသာလူများစုတွေကို လစ်ဘရယ်ဒီမိုကရေစီလိုလားသူတွေက လူနည်းစုတွေကို မသက်ညှာရကောင်းလား ဆိုပြီး "ဆန်ရင်းနာနာဖွပ်" လို့ ဘယ်သူတွေကျိုးကြေသွားမလဲ။
လစ်ဘ၇ယ်ဒီမိုကရေစီဆိုတာ ဘာသာပျောက်မယ့်ကိန်း ဆိုတဲ့ အမြင် မြင်လာမယ့် အခြေကို ကိုယ့်ဖာသာ ဖော်ဆောင်သလို ဖြစ်မနေစေဘူးလား..။ စဉ်းစား နေမိတယ်။
အလားတူပဲ လူနည်းစု မွတ်ဆလင် တွေဖက်ကို အလွန်အမင်းသံသယရှိနေခြင်း၊ အမှုအခင်းမှန်သမျှ ဒီလူတွေက ကျူးလွန်နေခြင်းဆိုတဲ့ သံသယတွေနဲ့ မယုံမကြည် ဆက်ဆံခြင်း ခွဲခြားဖိနှိပ်ခြင်းတွေကရော ဒီတိုင်းပြည်ကို တိုးတက်စေတယ်လို့ တစ်ကယ်များ ယုံကြည်နေလား။
ကိုယ် ဆိုရှယ်မီဒီယာတွေ၊ ဂျာနယ်တွေမှာ ပြောနေ ရေးနေ တာတွေဟာ ပဋိပက္ခကို ပိုကြီးစေလား၊ ပိုငြိမ်းစေလား...?
ဒါတွေကို စဉ်းစားမိဖို့ လိုမယ်ထင်တယ်။
ကျနော်နားလည်ထားသလောက်ကတော့ ဒီလို ပြဿနာတွေဟာ စေ့စပ်ခြင်း၊နားလည်မှုတည်ဆောက်ခြင်း တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုထားဆက်ဆံခြင်း အပြစ်ကျူးလွန်သူကို နှစ်ဖက်ပူးပေါင်းဖော်ထုတ်ခြင်း စတဲ့ အချင်းအရာများစွာကို တိကျခိုင်မာတဲ့ ဦးဆောင်သူတွေ၊ သည်းခံစွမ်းအားပြည့်ဝတဲ့ စည်းရုံးသူတွေနဲ့မှ အဆင်ပြေစေလိမ့်မယ်။
လောင်နေတဲ့မီးဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ဟင်ဒူ ဆိုပြီးခွဲခြားနေမှာမဟုတ်ဘဲ အိမ်အားလုံးကိုလောင်မှာဖြစ်သလို ဒီလို ပဋိပက္ခတွေဟာလဲ ဒီတိုင်းပြည်ထဲက လူမျိုး၊ ဘာသာ မရွေးကိုဒုက္ခရောက်စေမှာဖြစ်တယ်။
တိုင်းပြည်ဟာ တည်ငြိမ်မှ တိုးတက်တယ်။ မတည်ငြိမ်ရင် ဘာမှ လုပ်လို့မရဘူး။
ဒါကို နားလည်စေချင်ပါတယ်။
တစ်ကယ်တော့ သောမတ်စ်ကန်တားနားကို ဒီလို ဆက်ဆံခံရတဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်ပါပဲ။
လုပ်ထုံးလုပ်နည်းမှားယွင်ြး
ကန်တားနားရယ်၊ နောက်ကွယ်က လက်မဲ ဆိုတာတွေ၇ယ်ကို ဖယ်ကြည့်လိုက်ရင် ဘာသာရေးစိတ်ဓါတ်ပြင်းထန်ရန်
ဒီလူတွေ ဘာကြောင့် ဒီလို ဖြစ်နေတာလဲ။
ဒီလူတွေကို စွမ်းအားရှင်တွေလို့သမုတ်ကြ
အဲ...ငွေပေးထားတာလဲမဟုတ်ဘဲ.
အင်မတန်ကို ကြောက်စရာကောင်းတဲ့ အနေအထားတစ်ရပ်ကို Liberalization Phase မှာ ရင်ဆိုင်နေရပြီလို့ သဘောပေါက်မိပါတယ်။
ကျနော်တို့ဆီက နိုင်ငံရေးဓလေ့က ပြဿနာတစ်ရပ်ဖြစ်လာ၇င် အဖြေအရင်မရှာဘဲ ဓါးစာခံ အရင်ရှာတယ်။
ဓါးစာခံကိုတွေ့လိုက်ရရင် စိတ်နေသာထိုင်သာရှိသွားကြတယ
မြန်မာ့နိုင်ငံရေးပြဿနာများ
ဒီတော့ ဒီလို ဓါးစားခံရှာတာဟာ တစ်ကယ့်တရားခံစစ်စစ်ကို လက်ညှိုးထိုးမိရင်ကိစ္စမရှိဘ
အခု ကန်တားနားလာတဲ့ကိစ္စ၊ နောက် ထစ်ခနဲရှိမီးတောက်လွယ်နေတဲ့
ငြိမ်းချမ်းရေးလိုလားသူတွေဟ
ဘာသာရေးကိစ္စမှာ သံသယ၊ အာဃာတတွေကြီးနေပြီဆိုရင် ဒီတိုင်းပြည်ရဲ့ ဒီလူမှုအဖွဲ့အစည်း အခြေခံအုတ်မြစ်ဟာ လှုပ် လာတော့မယ်။ ဒါဆို တိုးတက်ဖို့ ခက်တော့မယ်။
ယနေ့ လစ်ဘရယ်ဒီမိုကရေစီမှာ လူနည်းစု ကာကွယ်ရေးသဘောတရားပါတယ်။ ဒီသဘောမှာ လူများစု ဆန္ဒကို မမေ့လျော့ပါဘူး ဆိုတဲ့သဘောပါတယ်ဆိုတာကို အလိုလို နားလည်ပြီးသား ဖြစ်ရမယ်။
မဟုတ်ရင် လူနည်းစုကို ကာကွယ်တယ်ဆိုပြီး လူများစုကို ဆန့်ကျင်ရင် ဒီမိုကရေစီအရေးဖော်ဆောင်သူမ
အခု ဘာသာရေးပြဿနာတွေမှာ လူများစုထဲကလူတွေဟာ အခကြေးငွေနဲ့ လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်နေတာဆိုရင် ကိစ္စမရှိလှပေမယ့်...တစ်ကယ်ြ
အခု ပဋိပက္ခ လက္ခဏာတွေကိုကြည့်ကြည့်ပါ။ လုပ်ကြံမှု လက္ခဏာတွေကို တွေ့ရပါတယ်။
သို့သော်........ဒီလို ဘာသာရေးအလွှမ်းခံရမှာ စိုးတဲ့ သံသယတွေကော ကင်းသလား။ သံသယတွေကို မြင်နေရတယ်။ကျနော်ကတော့ အကြောက်တရား၊ သံသယတွေဟာ ပဋိပက္ခတွေရဲ့ မူလရင်းမြစ်တွေလို့ ကောက်ချက်ချတယ်။ (မနေ့က ဂျပန်က ပဋိပက္ခဆိုင်ရာကျွမ်းကျင်သူက
ဒီလိုသာ အကြောက်တရားတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် သံသယတွေကြောင့် ပဋိပက္ခတွေ ဖြစ်ရတယ်ဆိုရင်.....
လက်ညှိုးထိုးခြင်း၊ စွပ်စွဲခြင်း၊ တစ်ဖက်ဖက်ကို ဘက်လိုက်ပြခြင်းနဲ့ ရင်ကြားစေ့လို့၊ ငြိမ်းချမ်းတဲ့ လူ့ဘောင် တည်ထောင်လို့ ရမယ် ထင်ပါသလား...?
ဗုဒ္ဓဘာသာလူများစုတွေကို လစ်ဘရယ်ဒီမိုကရေစီလိုလားသူေ
လစ်ဘ၇ယ်ဒီမိုကရေစီဆိုတာ ဘာသာပျောက်မယ့်ကိန်း ဆိုတဲ့ အမြင် မြင်လာမယ့် အခြေကို ကိုယ့်ဖာသာ ဖော်ဆောင်သလို ဖြစ်မနေစေဘူးလား..။ စဉ်းစား နေမိတယ်။
အလားတူပဲ လူနည်းစု မွတ်ဆလင် တွေဖက်ကို အလွန်အမင်းသံသယရှိနေခြင်း၊ အမှုအခင်းမှန်သမျှ ဒီလူတွေက ကျူးလွန်နေခြင်းဆိုတဲ့ သံသယတွေနဲ့ မယုံမကြည် ဆက်ဆံခြင်း ခွဲခြားဖိနှိပ်ခြင်းတွေကရော
ကိုယ် ဆိုရှယ်မီဒီယာတွေ၊ ဂျာနယ်တွေမှာ ပြောနေ ရေးနေ တာတွေဟာ ပဋိပက္ခကို ပိုကြီးစေလား၊ ပိုငြိမ်းစေလား...?
ဒါတွေကို စဉ်းစားမိဖို့ လိုမယ်ထင်တယ်။
ကျနော်နားလည်ထားသလောက်ကတော့
လောင်နေတဲ့မီးဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ဟင်ဒူ ဆိုပြီးခွဲခြားနေမှာမဟုတ်ဘဲ
တိုင်းပြည်ဟာ တည်ငြိမ်မှ တိုးတက်တယ်။ မတည်ငြိမ်ရင် ဘာမှ လုပ်လို့မရဘူး။
ဒါကို နားလည်စေချင်ပါတယ်။