Image may be NSFW.
Clik here to view.
ရုံးအကြောင်း မပြောရဘူးဆိုတော့ လက်ဖက်ရည်ဆိုင်ကြောင်းပြောမယ်။
လက်ဖက်ရည်ဆိုင်မှာ ဖျော်ဆရာက တစ်လငါးသိန်းတန်တယ်။ ကိုယ်ပေးနိုင်တာက နှစ်သိန်းပဲ။ တခြားဆိုင်က ငါးသိန်းပေးခေါ်တော့ သူက သွားချင်တာပေါ့။ ကိုယ်က တစ်သောင်းတန်ကောင်ကို ငါးသိန်းတန်တဲ့အထိ သင်ပေးလာရတာဆိုပြီး ဒေါပွတယ်။
တကယ်တမ်းကျ အဲသည်ကောင်ကို ပေးမထွက်ရင် သူက တကျီကျီလုပ်နေမှာ။ ကပျက်ယပျက်လုပ်နေမှာ။ တကယ်တမ်းကျ ပေးထွက်လိုက်တာပဲကောင်းတယ်။
ခက်တာက လက်ဖက်ရည်ဆိုင်ဆိုတာက ဖျော်ဆရာမရှိလို့မရဘူး။ ဒီတော့ မနက်ထွက်သွားရင် ညနေဖျော်မယ့်သူမရှိဘူး။ ဒါကြောင့် ကိုယ်က နှစ်သိန်းပဲ ပေးနိုင်တယ်ဆိုရင် ငါးသောင်းတန်ဖျော်ဆရာကို အရန်ထားပြီး ဖျော်ဆရာအကြီးကို တစ်သိန်းခွဲပဲ ပေးနိုင်လိမ့်မယ်။ ဒီလိုမျိုးမှ လူမွေးတာ အဓိပ၌ါယ်ရှိမယ်။
ခက်ပုံက ဖျော်ဆရာက အားကျိုးမာန်တက်ဖျော်နေပေမယ့် စားပွဲထိုးတွေက သွားမပို့ရင်၊မှာမပေးရင်၊ မုန့်ဆရာက ကချော်ကချွတ်လုပ်နေရင် ဘယ်လိုလုပ်အောင်မြင်မှာတုန်း။ ဒီတော့ ကျန်တဲ့ တစ်ဆိုင်လုံးက အလုပ်သမားတွေကိုလည်း ဟန်ချက်ညီညီ လုပ်နေအောင် ထိန်းကျောင်းရဦးမယ်။ ငါက လာစာပေးထားရတာဆိုပြီး လှည့်မကြည့်ရင် ကျီးနဲ့ဖုတ်ဖုတ်ဆိုင်ဖြစ်နေမယ်။
လက်ဖက်ရည်ဆိုင်ကို စဉ်းစားလို့ ဖျော်ဆရာကြောင်းပြောနေရတာ။ ကဲ၊ ကော့တေး အရက်ဆိုင်။ တစ်နိုင်ငံလုံး ကော့တေးစပ်တဲ့သူ သုံးယောက်ပဲရှိတယ်။ ကိုယ်က လေးဆိုင်မြောက်။ ပိုက်ဆံကလည်း မပေးနိုင်။ ဒါဆိုရင် နိုင်ငံခြားက ငှားသင့်ငှားရလိမ့်မယ်။ ဒီအခါမှာတော့ ဆိုင်ရဲ့ မူဝါဒနဲ့ ငြိတော့မယ်။ ခက်ပုံက ဆိုင်မန်နေဂျာက အဲဒီအကြောင်းတွေကို ဆိုင်ရှင်ကြီးကို မပြောရဲတော့ ရှိတဲ့ ကော့တေးဆရာကိုပဲ မထွက်နိုင်အောင် နည်းမျိုးစုံသုံးခြိမ်းခြောက်ဟိန်းဟောက်နေတာ။
လက်ဖက်ရည်ဆိုင်တွေ ဖော်ဆရာကို ပေးမထွက်တာ အဲဒါပဲ။ ငါတို့ သင်ပေးခဲ့တာဆိုပြီး ချည်ထားချင်တာ။ ဖျော်ဆရာဘက်က စဉ်းစားကြည့်။ ငါးသိန်းတန်ကောင်က နှစ်သိန်းနဲ့ လုပ်ပေးနေရသေးတယ်။ ကျေးဇူးဆိုတာကြီးနဲ့ ဘယ်အချိန်ထိမှန်းမသိလုပ်ပေးနေရသေး။ လူထူရင် ကျေးဇူးမသိတဲ့ကောင်တွေလို့က အပြောခံရသေး။
ဒီဆိုင်မှာ ဒီဖျော်ဆရာတွေ မပျော်တာ ဘာဆန်းတုန်း။
(အခုစာက စာပွဲထိုးက မြင်သလောက်ပြောတာပါ၊ ဆိုင်ရှင်ဆိုတော့ စားပွဲထိုးစကား ဘယ်အရေးလုပ်မတုန်း။ ဟေဟေဟေ့)

လက်ဖက်ရည်ဆိုင်ကို စဉ်းစားလို့ ဖျော်ဆရာကြောင်းပြောနေရတာ။ ကဲ၊ ကော့တေး အရက်ဆိုင်။ တစ်နိုင်ငံလုံး ကော့တေးစပ်တဲ့သူ သုံးယောက်ပဲရှိတယ်။ ကိုယ်က လေးဆိုင်မြောက်။ ပိုက်ဆံကလည်း မပေးနိုင်။ ဒါဆိုရင် နိုင်ငံခြားက ငှားသင့်ငှားရလိမ့်မယ်။ ဒီအခါမှာတော့ ဆိုင်ရဲ့ မူဝါဒနဲ့ ငြိတော့မယ်။ ခက်ပုံက ဆိုင်မန်နေဂျာက အဲဒီအကြောင်းတွေကို ဆိုင်ရှင်ကြီးကို မပြောရဲတော့ ရှိတဲ့ ကော့တေးဆရာကိုပဲ မထွက်နိုင်အောင် နည်းမျိုးစုံသုံးခြိမ်းခြောက်ဟိ
လက်ဖက်ရည်ဆိုင်တွေ ဖော်ဆရာကို ပေးမထွက်တာ အဲဒါပဲ။ ငါတို့ သင်ပေးခဲ့တာဆိုပြီး ချည်ထားချင်တာ။ ဖျော်ဆရာဘက်က စဉ်းစားကြည့်။ ငါးသိန်းတန်ကောင်က နှစ်သိန်းနဲ့ လုပ်ပေးနေရသေးတယ်။ ကျေးဇူးဆိုတာကြီးနဲ့ ဘယ်အချိန်ထိမှန်းမသိလုပ်ပေးနေရေ