Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

တို့လူလေးများ ဆိုသလေး

$
0
0


ဒီနေ့ခေတ်မှာ သတင်းတွေသိပ်များလွန်းတယ်။ ပြည်တွင်း၊ ပြည်ပ၊ ဒေသသတင်း။ စစ်တိုက်တာ တွေကလည်း သိပ်များသလိုပဲ။ အကြမ်းဖက်မှုတွေကလည်း နေ့တိုင်းလိုလို။ စိတ်ဆင်းရဲစရာ၊ ထိတ်လန့်စရာသတင်းတွေဟာ နေ့စဉ်ဘ၀ထဲကို နည်းမျိုးစုံနဲ့ တိုးဝင်နေပါတယ်။ လူတွေပိုဆိုးလာကြသလား။ ပိုကြမ်းတမ်းလာကြသလား။

အဖြေကတော့ မဟုတ်ပါဘူးတဲ့။

(၁ ) ၂၁ ရာစုမှာ စစ်ပွဲတွေ အနည်းဆုံးပါ။ သတင်းပြန့်ပွားမှုဟာ အဆပေါင်းများစွာ လျှင်မြန်တိုးတက်လာတာမို့ ကမ္ဘာတစ်ဖက်ခြားတယ်လို့တောင်မထင်ရတာမို့ပါ။

(၂) မီဒီယာရဲ့ သဘောသဘာဝအရ ပရိတ်သတ်ရဲ့ ဟာဒယကို ညှို့ယူနိုင်မှ ရောင်းအားတက်မှာမို့ ကြောက်စရာ၊ လန့်စရာ၊ ထူးဆန်းထွေလာဆိုတာတွေကိုပဲ ရွေးချယ်ဖော်ပြလေ့ရှိကြတာမို့ပါ။

ဒီသတင်းဆိုးတွေဟာ ကိုယ်တွေရဲ့ အချိန်တွေနဲ့ စိတ်ငြိမ်းချမ်းမှုကို ဖဲ့ယူနေပါတယ်။ မရှိမကောင်း ရှိမကောင်းတည့် ဆိုတာလိုပါပဲ။

စိတ်အေးလက်အေးတွေးကြည့်တဲ့အခါ ဘယ်လိုသတင်းမျိုးတွေကို ပိုလိုလားပါသလဲ။ ပိုကြားချင်ပါသလဲလို့ မေးခွန်းထုတ်ကြည့်မိပါတယ်။
ဒုက္ခရောက်နေသူကို ကူညီလိုက်တဲ့သတင်းတွေ၊ တာဝန်ကျေတဲ့ ယာဉ်ထိန်းရဲသတင်း၊ အလှူဒါနအံ့ချီးဖွယ်တွေနဲ့ အများအကျိုးဆောင်သတင်းတွေဟာစိတ်ကို လှိုက်လှိုက်လှဲလှဲ သာဓုခေါ်စေနိုင်တာကို တွေ့ရပါတယ်။ ၀မ်းသာပီတိဆိုတာမျိုးပေါ့။
ဒီလိုသတင်းမျိုးဖတ်ပြီး သာဓုခေါ်တတ်တာလည်း မြန်မာလူမျိုးတစ်မျိုးပဲ ရှိမယ်ထင်ပါတယ်။ တိုင်ပင်ထားသလို တူနေကြတာလေ။

ကိုယ့်မြန်မာတွေရဲ့ စိတ်ကို အသာကလေးပြန်ဖတ်ကြည့်နေမိပါတယ်။ စိတ်ဓါတ်တက်လွယ်၊ ကျလွယ်တယ်။ ကူညီလိုစိတ်ရှိကြတယ်။ သနားကြင်နာတတ်တာနဲ့ ပျော်ပျော်နေတတ်တဲ့ လူမျိုးတွေ။ အထင်ရှားဆုံးကတော့ ကျတဲ့နေရာမှာ အံဝင်အောင် လိုက်လျောညီထွေ နေနိုင်စွမ်းရှိကြတယ်။ ရေအိုင်ထဲပဲဖြစ်ပါစေ ပင်လယ်ကြီးလောက် သဘောထားနိုင်ကြတယ်။ ပင်လယ်ကြီးထဲပစ်ချလိုက်လည်းတစ်ဖက်ကမ်းကို သူများတန်းတူရောက်ရပါစေ့မယ်။ ဆရာကြီး ဒါဝင်ရဲ့ အဆိုအမိန့်နဲလည်း ကိုက်ညီတယ်။ အပြောင်းအလဲမှာ ရှင်သန်နိုင်သူဆိုတာ ခွန်အားအကြီးဆုံးလည်း မဟုတ်ဘူး။ အသိဥာဏ်အရှိဆုံးလည်း မဟုတ်ဘူး။ ပြောင်းလဲနိုင်သူတွေတဲ့။ အပြင်းအထန်ဖိနှိပ်ထားတဲ့ အာဏာရှင်စနစ်အောက်မှာ အပြုံးမပျက် နှစ် ၅၀ ဘယ်လိုရှင်သန်ခဲ့လဲ ဆိုတာက သက်သေပဲ။

တစ်ဖက်မှာလည်း စိတ်ဓါတ်ထက်သန်ပြင်းပြမှုနည်းတယ်။ တစ်နည်း အပျင်းထူတယ်။ ( ကိုယ်အပါအ၀င်)။ ရတာလေးနဲ့ရောင့်ရဲလွယ်တယ်လို့ ချွေးသိပ်နိုင်ပေမယ့် လောဘနည်းတာမို့ သိပ်ကြီးပွားတိုးတက်လိုစိတ်မများကြဘူး။ အများစုကို ဆိုလိုပါတယ်။ သိပ်ချွန်ထွက်နေတဲ့ ရှေ့သို့ သမားတွေဆိုရင်လည်း ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တာများတယ်လေ။

ဒီလို ပျော်ပျော်နေသေခဲတဲ့ လူမျိုးတွေကိုမှ အမုန်းတရားဖြန့်ပွားဖို့ မီးထိုးနိုင်သူတွေကိုလည်း အံ့တော့အံ့သြမိပါတယ်။ သူတို့ခမျာ ဒီမီးမငြိမ်းအောင် အတော်ကြိုးစားရမှာပဲ။ ထမင်းကြမ်းခဲလေး ယပ်ခပ်စားချင်ကြတဲ့လူမျိုးကို ဘာသာ၊ သာသနာစကားလုံးကြီးနဲ့ ကိုင်ဆောင့်ရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပေဘူး။

တစ်ခုသတိပေးလိုတာက မြန်မာတွေဟာ အရှေ့အလယ်ပိုင်းသားတွေလို ငါသေရင် ငါ့သား၊ ငါ့သားသေရင် ငါ့မြေးကိုမှာခဲ့မယ်ဆိုတဲ့ သွေးမျိုးမရှိကြပေဘူး။ တရုတ်ကြီးနဲ့ အိမ်ချင်းကပ်ပြီး ကိုရီးယားဇတ်ကားတွေ နှစ်ခြိုက်ပေမယ့်လည်း ကလဲ့စားချေရမှ နေပျော်ကြသူများလည်း မဟုတ်ကြဘူး။

ကောက်ရိုးမီးလို ဟုတ်ကနဲ ထတောက်လိုက်၊ ငြိမ်းသွားလိုက်ဆိုတဲ့ ဒေါသမျိုးသာ ရှိကြတာ။
ဒါကြောင့်ပဲလားတော့မသိ။ ခဏ ခဏရှို့နေရတာ။

ကလေးတွေကို စာသင်သလိုပါပဲ။ သင်္ချာညံ့တဲ့ကလေးကို အင်္ဂလိပ်စာသင်နေလို့မှ မဖြစ်တာ။ လိုနေတဲ့အားနည်းချက်ကိုသာ ဖြည့်ရပါလိမ့်မယ်။ တော်နေတဲ့နေရာကို ပွတ်တိုက်အရောင်တင်ကြရမှာ။

တကယ်ကောင်းစေချင်တယ်၊ တကယ်တိုးတက်ထွန်းကားလိုစေတယ်ဆိုရင် အပျင်းစိတ်ကိုသာ ပယ်ဖျောက်ကြရမှာ။ သူများတွေဘယ်လိုစား၊ ဘယ်လိုနေလို့ ဘယ်လိုမြင့်မားဆိုတာတွေကို လောဘကို လှူံ့ဆော်တယ်ပဲ ဆိုချင်ဆို၊ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံက လှူံ့ဆော်သွေးထိုးနိုင်ရမှာ။ ဒီနေ့ထိပ်ရောက်နေတဲ့ နိုင်ငံအားလုံးလည်း သူတို့လူတွေအတွက် ဒီနည်းကိုပဲ သုံးသွားကြတာပါပဲ။ အလုပ်များများလုပ်၊ ခံစားခွင့်များများပေး၊ အကြွေးများများပေး၊ အကြွေးဆပ်ဖို့ အလုပ်များများလုပ်ဆိုတဲ့ သံသရာထဲမှာ စက်ရုပ်တွေတောင်ဖြစ်လို့။

ပင်ကိုယ်က ကောက်ရိုးမီးလောက်ပဲရှိတဲ့ဒေါသကို မီးတောင်ထဲကထွက်လာတဲ့ ချော်ရည်တွေလို ပြင်းထန်လောင်မြိုက်စေရမှာမဟုတ်ဘူး။ ဒေါသရဲ့ တရားကိုယ်သဘောအရလည်း တည်ဆောက်ခြင်းကို ပံ့ပိုးနိုင်တာမှမဟုတ်တာ။ ဖျက်ဆီးခြင်းနဲ့ ပျက်စီးခြင်းကိုသာ ပေးစွမ်းနိုင်တာလေ။

နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့ ပြိုင်ပွဲတွေကိုကြည့်လိုက်ရင် မြန်မာတွေဟာ ကမ္ဘာမှာ ဘယ်လောက်မျက်နှာကောင်းရချင်နေသလဲလို့ သိသာလွန်းပါတယ်။ ရပ်ကွက်ထဲမှာ အနှိမ်ခံလာရတာကြာပြီဆိုတော့လူတိုင်းဝိုင်းကြည့်နေတုန်းမှာ အလန်းဆုံး ဒီဇိုင်းနဲ့ ဖြတ်လျှောက်ပြချင်စိတ်တွေပြည့်နေကြတာ။ ငါတို့အားလုံး ညီစေနော်လို့ တိုင်ပင်ထားစရာ မလိုပဲနဲ့ကို တစ်သွေးတစ်စည်းထဲ ရှိနေကြတာ။ ဘာပဲလုပ်ရ၊ လုပ်ရလေလို့ ဆိုရတော့မလို။ တကယ်က ဒီလို ချစ်စရာကောင်းတဲ့ တည်ဆောက်ရေးစိတ်ဓါတ်တွေကို မိုးထိရောက်အောင် လှေကားထောင်ပေးနိုင်ရင် လူထုရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်မှာပဲ။ win win ဆိုတာ ဒါပေါ့။

ဒီပေတံနဲ့ တိုင်းလိုက်ရင် အပြောင်းအလဲဆိုတာ မြင်ကို မမြင်ရသေးဘူးလို့ ဆိုရမှာပဲ။ မျက်နှာမရ ခြေထောက်ရအောင် မထိန်းနိုင် မသိမ်းနိုင်တွေ ဖြစ်နေတာဆိုတော့လေ။

စည်းရုံးနိုင်စွမ်းနဲ့ ညှို့ယူနိုင်စွမ်းဆိုတာ တစ်ညထဲနဲ့ ဖြစ်ထွန်းပေါ်ပေါက်နိုင်တာတော့ မဟုတ်ပါဘူး။ ခေါင်းဆောင်တွေရဲ့ ဓါတ်ခံမှာကိုက ကောင်းစေလိုစိတ်တွေ ပြည့်လျှံနေမှ၊ ကိုယ့်လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး တောင့်တချက်ကို ပံ့ပိုးနိုင်မှ။ အသွားအပြန်သဘောအရ သူတို့အောင်မြင်မှုဟာ ကိုယ့်အောင်မြင်မှုလို့ တင်းပြည့်ကျပ်ပြည့်ခံယူနိုင်မှ။

အီမိုဖြစ်တယ်လို့ ခေတ်စကားနဲ့ ပြောကြတယ်။ ဒေါသတွေ၊ မာနတွေ၊ မနာလိုစိတ်တွေကို နှိုးဆွပေးနိုင်ရုံလောက်နဲ့တော့ ပိုကောင်းတဲ့ ကမ္ဘာကို မတည်ဆောက်နိုင်ပါဘူး။ ဒေါသဆိုတာ နှစ်ဖက်သွားဓါးမို့ အချိန်တန်ရင် ကိုယ့်ဖက်ပြန်လှည့်လာတာကို မြင်ကြရမှာပါ။ ဟစ်တလာကို ကြည့်ပါလေ။ ကောင်းစားနိုင်လှလည်း တစ်မွန်းတည့်ပါပဲ။

ကြိုက်ရာကိုသာ ရွေးနိုင်ကြပါတယ်။
ပန်းတိုင်မတူရင် လမ်းတွေကလည်း မတူကြဘူးမို့လား။

သန္တာဝင်း
( ၀၇.၀၉.၁၃ )

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>