Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဆရာတော် ဦးဥတ္တမနှင့် မြန်မာ့အောင်ဆန်း

$
0
0
Photo: ဆရာတော် ဦးဥတ္တမနှင့် မြန်မာ့အောင်ဆန်း ……………………………………………………  မြန်မာတို့၏ သမိုင်းကြောင်းတွင် ပေါ်ပေါက်ထင်ရှားခဲ့သော မျိုးချစ်အာဇာနည် သူရဲကောင်းကြီးများတွင် (၁) “ရန်ကြီးအောင်၊ ကုန်းဘောင်စ၊ ဘိုးတော်ဒေသ“ ဆိုသောအတိုင်း မြန်မာပြည်ကြီးကို တတိယအကြိမ် အထွတ်အထိပ်သို့ ရောက်စေလျက် ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်သူ ဦးအောင်ဇေယျ၊ (၂)မြန်မာတို့သည် ကျွန်တွင်းတွင် နစ်မွန်းမျောပါနေစဉ် တော်လှန်ရေးစိတ်ဓာတ်ကို ထကြွလေအောင် စတင်နှိုးဆွလိုက်သူ ဆရာတော်ဦးဥတ္တမနှင့် (၃) ဆရာတော် ကမ်းလှမ်းပေးအပ်လိုက်သော တော်လှန်ရေး မီးရူးမီးတိုင်ကြီးကို ကိုင်ဆောင်ကာ နယ်ချဲ့အင်္ဂလိပ်တို့၏ ကိုလိုနီဗိမာန်ကြီးကို ပြာကျအောင် ရှို့မြိုက်လျက် မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သော ရဲဘော်သုံးကျိပ်တို့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ဤသုံးဦးတို့ ပါဝင်ကြလေသည်။  “တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂ အိုးဝေမဂ္ဂဇင်း စာတည်းအဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမကိုယ်တော်၏ ဟောပြောချက်များကို နာကြားရ၏။ အသိဥာဏ်တစ်ခုသည်လည်း ကျွန်ုပ်ဦးနှောက်တွင်း ပွင့်လင်းလာ၏။  “ထို့ကြောင့် သမဂ္ဂကြေညာချက်တွင်လည်းကောင်း၊ အိုးဝေမဂ္ဂဇင်းတွင်လည်းကောင်း နိုင်ငံတော် ပညာတော်သင်များအား ဂျပန်နိုင်ငံသို့သာ လွှတ်သင့်ကြောင်း၊ အရှေ့သို့ ရှေးရှုသင့်ပြီဖြစ်ကြောင်းများကို ရေးသားခဲ့ဖူး၏။  “ဗမာ့လွတ်လပ်ရေးသည် အရှေ့ဘက်တွင်သာ ရှိ၏။ အရှေ့ရှိ နိပွန်တို့ နှင့်သာရှိ၏ ဟူသောအချက်ကို ကျွန်ုပ် များစွာ ယုံကြည်နှလုံးသွင်းမိခဲ့တော့၏။“ စသည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ခေတ် (၁၉၄၃) ခုနှစ်၊ သြဂုတ်လ (၃) ရက် လွတ်လပ်ရေးနေ့တွင် အထူးထုတ်သော ဗမာ့ခေတ်သတင်းစာတွင် ရေးသားခဲ့သည်။  ယင်းရေးသားချက်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရန် ဗိုလ်ချုပ်အောင်ဆန်းအား ဂျပန်ပြည်သို့သွားဖို့ အသိဥာဏ်တစ်ခုကို သွတ်သွင်းခဲ့သူမှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ထို့ကြောင့် ဆရာတော်သည် တော်လှန်ရေး မီးရှုးမီးတိုင်ကြီးကို ဗိုလ်ချုပ်လက်သို့ ကမ်းလှမ်းပေးလိုက်သည် ဟူ၍ ဆိုသင့်ဆိုထိုက်သဖြင့် ဆိုလိုက်ခြင်း ဖြစ်၏။   (မိုးကြိုးဦးအုန်းခင်၏ “မြန်မာပြည်ဇာတ်လမ်းရှုပ်သမျှ” စာအုပ် (စာ- ၁၄၂-၁၄၃၊ အခန်း (၁၁)၊ ဆရာတော် ဦးဥတ္တမ) မှ ကောက်နှုတ်ချက်)  ၉၊၉၊၂၀၁၃ နေ့တွင် ကျရောက်မည့် “ဆရာတော်ဦးဥတ္တမနေ့“ ကို ဂုဏ်ပြုသောအားဖြင့် ထုတ်နှုတ်မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ မိမိအနေဖြင့် ဤခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင်ရေးလိုပါ၏။ ဤပုဂ္ဂိုလ်နှစ်ဦးတို့အကြား အခြေအနေသည် စိတ်ဝင်စားစရာကောင်းမည်မှာကား အမှန်ပင်ဖြစ်ပါသည်။မည်သည့်အချိန်တွင် စဖြစ်မည်ကားမသိသေးပါ။  ထပ်ဆင့်မျှဝေသူ - ဇွဲသစ် (ရမ္မာမြေ)
……………………………………………………

မြန်မာတို့၏ သမိုင်းကြောင်းတွင် ပေါ်ပေါက်ထင်ရှားခဲ့သော မျိုးချစ်အာဇာနည် သူရဲကောင်းကြီးများတွင် (၁) “ရန်ကြီးအောင်၊ ကုန်းဘောင်စ၊ ဘိုးတော်ဒေသ“ ဆိုသောအတိုင်း မြန်မာပြည်ကြီးကို တတိယအကြိမ် အထွတ်အထိပ်သို့ ရောက်စေလျက် ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်သူ ဦးအောင်ဇေယျ၊ (၂)မြန်မာတို့သည် ကျွန်တွင်းတွင် နစ်မွန်းမျောပါနေစဉ် တော်လှန်ရေးစိတ်ဓာတ်ကို ထကြွလေအောင် စတင်နှိုးဆွလိုက်သူ ဆရာတော်ဦးဥတ္တမနှင့် (၃) ဆရာတော် ကမ်းလှမ်းပေးအပ်လိုက်သော တော်လှန်ရေး မီးရူးမီးတိုင်ကြီးကို ကိုင်ဆောင်ကာ နယ်ချဲ့အင်္ဂလိပ်တို့၏ ကိုလိုနီဗိမာန်ကြီးကို ပြာကျအောင် ရှို့မြိုက်လျက် မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့သော ရဲဘော်သုံးကျိပ်တို့၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ဤသုံးဦးတို့ ပါဝင်ကြလေသည်။

“တက္ကသိုလ်ကျောင်းတိုက်၌ တက္ကသိုလ်သမဂ္ဂ အိုးဝေမဂ္ဂဇင်း စာတည်းအဖြစ် လုပ်ကိုင်နေစဉ် ဦးဥတ္တမကိုယ်တော်၏ ဟောပြောချက်များကို နာကြားရ၏။ အသိဥာဏ်တစ်ခုသည်လည်း ကျွန်ုပ်ဦးနှောက်တွင်း ပွင့်လင်းလာ၏။

“ထို့ကြောင့် သမဂ္ဂကြေညာချက်တွင်လည်းကောင်း၊ အိုးဝေမဂ္ဂဇင်းတွင်လည်းကောင်း နိုင်ငံတော် ပညာတော်သင်များအား ဂျပန်နိုင်ငံသို့သာ လွှတ်သင့်ကြောင်း၊ အရှေ့သို့ ရှေးရှုသင့်ပြီဖြစ်ကြောင်းများကို ရေးသားခဲ့ဖူး၏။

“ဗမာ့လွတ်လပ်ရေးသည် အရှေ့ဘက်တွင်သာ ရှိ၏။ အရှေ့ရှိ နိပွန်တို့ နှင့်သာရှိ၏ ဟူသောအချက်ကို ကျွန်ုပ် များစွာ ယုံကြည်နှလုံးသွင်းမိခဲ့တော့၏။“ စသည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ခေတ် (၁၉၄၃) ခုနှစ်၊ သြဂုတ်လ (၃) ရက် လွတ်လပ်ရေးနေ့တွင် အထူးထုတ်သော ဗမာ့ခေတ်သတင်းစာတွင် ရေးသားခဲ့သည်။

ယင်းရေးသားချက်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရန် ဗိုလ်ချုပ်အောင်ဆန်းအား ဂျပန်ပြည်သို့သွားဖို့ အသိဥာဏ်တစ်ခုကို သွတ်သွင်းခဲ့သူမှာ ဆရာတော်ဦးဥတ္တမပင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ထို့ကြောင့် ဆရာတော်သည် တော်လှန်ရေး မီးရှုးမီးတိုင်ကြီးကို ဗိုလ်ချုပ်လက်သို့ ကမ်းလှမ်းပေးလိုက်သည် ဟူ၍ ဆိုသင့်ဆိုထိုက်သဖြင့် ဆိုလိုက်ခြင်း ဖြစ်၏။


(မိုးကြိုးဦးအုန်းခင်၏ “မြန်မာပြည်ဇာတ်လမ်းရှုပ်သမျှ” စာအုပ် (စာ- ၁၄၂-၁၄၃၊ အခန်း (၁၁)၊ ဆရာတော် ဦးဥတ္တမ) မှ ကောက်နှုတ်ချက်)

၉၊၉၊၂၀၁၃ နေ့တွင် ကျရောက်မည့် “ဆရာတော်ဦးဥတ္တမနေ့“ ကို ဂုဏ်ပြုသောအားဖြင့် ထုတ်နှုတ်မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ မိမိအနေဖြင့် ဤခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင်ရေးလိုပါ၏။ ဤပုဂ္ဂိုလ်နှစ်ဦးတို့အကြား အခြေအနေသည် စိတ်ဝင်စားစရာကောင်းမည်မှာကား အမှန်ပင်ဖြစ်ပါသည်။မည်သည့်အချိန်တွင် စဖြစ်မည်ကားမသိသေးပါ။

ထပ်ဆင့်မျှဝေသူ - ဇွဲသစ် (ရမ္မာမြေ)
— with NayHtet HtetAung and 54 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>