Quantcast
Viewing all articles
Browse latest Browse all 1811

တန်ဖိုးမြင့် ထုတ်ကုန်များဆီသို့


================
( အယ်ဒီတာ အာဘော်၊ SME Myanmar business magazine )

ဒီမိုကရေစီနိုင်ငံဆီသို့ လျှောက်လှမ်းနေသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အနောက်နိုင်ငံများက အထူးစိတ်ဝင်စားမှုခံရသည့် အနေအထား၌တည်ရှိနေသည်။
တိုင်းပြည်စီးပွားရေးတိုးတက်မှုဖော်ဆောင်ရာတွင် နိုင်ငံအချင်းချင်း အပြန်အလှန်ကုန်သွယ်ရေးတွင်လည်း အရေးပါသည့် အခန်းကဏ္ဍတွင်ရှိသည်။ ထိုကဲ့သို့ အပြန်အလှန်ကုန်သွယ်နိုင်ရေးနှင့် ရင်းနှီးမြှပ်နှံမှုများ စီးဝင်လာအောင် ဖော်ဆောင်နိုင်ရန်အတွက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကောင်းမွန်မှုသည်လည်း အရေးကြီးလှသည်။

မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၃၀ ကျော်နှင့် အပြန်အလှန်ကုန်သွယ်မှု ပြုလျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပထမအဆင့်တွင် တည်ရှိနေသည့်အားလျော်စွာ မြန်မာနိုင်ငံတွင် Made in China ကုန်ပစ္စည်းများ တွေ့ရသည်မှာ မထူးဆန်းလှပေ။
တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံဧ။် အဓိကကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့်အားလျော်စွာတရုတ်နိုင်ငံသည် ၂၀၁၁-၁၂ တွင် အမေရိကန် ၆.၅ ဘီလျံဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျှက်ရှိသည်။
ထိုင်းနိုင်ငံနှင့် အပြန်အလှန်ကုန်သွယ်မှု၌ ၂၀၁၁-၁၂ တွင် ၄ ဒဿမ ၅ ဘီလျံရှိခဲ့သည်။

ပြည်တွင်းတွင် တန်ဖိုးမြင့်ထုတ်ကုန်အားနည်းပြီး ကုန်ကြမ်းထုတ်လုပ်နိုင်မှုအဆင့်သာရှိသည့် အကျိုးဆက်များကြောင့် made in China ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ပေါများစွာ တွေ့ရှိရပေသည်။
အဆိုပါနေရာ၌ မြန်မာပြည်တွင် ထုတ်လုပ်သည်ဟူသော စာတန်းပါသည့် ကုန်ပစ္စည်းများအစားထိုးဝင်ရောက်လာနိုင်ရန်များစွာ လိုအပ်ပေသည်။ ထိုကဲ့သို့ တွေ့မြင်နိုင်ရန်ထုတ်လုပ်မှုအတွက် လိုအပ်သည့်အဆင့်မြင့်နည်းပညာပိုင်း၊ ကျွမ်းကျင်လုပ်သားရရှိစေခြင်း စသည်တို့ မြှင့်တင်ရန် လိုအပ်ပေမည်။ ကုန်ကြမ်းအဆင့်တွင်သာ တင်းတိမ်နေရုံမျှဖြင့် မလုံလောက်ပေ။
ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်လာငည့် အားလျော်စွာ ပြည်ပနိုင်ငံများသို့ နည်းပညာဖလှယ်ရေးခရီစဉ်များ၊ ထုတ်လုပ်မှု နည်းပညာများ စသည်တို့ကို ပြုလုပ်လျက်ရှိသော်လည်း တိုးတက်မှု အရိပ်အယောင်ကို တွေ့ရခဲနေသည်။

ယင်းကဲ့သို့ မြန်မာပြည်တွင် ထုတ်လုပ်သည်ဟူသော အမှတ်တံဆိပ်ပါသည့် ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ပါက ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းလည်း ယခုထက်ပိုမိုရရှိလာနိုင်မည့်အပြင် တိုင်းပြည်ဝင်ငွေလည်း တိုးလာနိုင်မှာ အမှန်ပင်ဖြစ်သည်။

မြန်မာပြည်တွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကိုလည်း ပြည်ပသို့ တင်ပို့နိုင်ရန် အရည်အသွေးပြည့်မီရန် လိုအပ်သလို ပြည်တွင်းနေသူများကလည်း သုံးစွဲရန် လိုအပ်လှပေသည်။ ပြည်တွင်းထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီပါက ပြည်တွင်းနေသူများ အားပေးရန် ၀န်လေးမည် မဟုတ်ပေ။

ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းဖြစ်ကို အရည်အသွေးမီ ကုန်အမှတ်တံဆိပ်ဖြစ်လာရန် ဖော်ဆောင်လာနိုင်ပါက အိမ်နီးချင်းနိုင်ငံများဧ။် ထုတ်ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်လာနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။
ကုန်ကြမ်းပေါများသည့် မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးမီ ကုန်ပစ္စည်းများ၊ ကုန်အမှတ်တံဆိပ် ပိုမိုထုတ်လုပ်ရန် လိုအပ်နေပါသည်။ ထိုသို့မဟုတ်ပါက တရုတ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းလွှမ်းမိုးမှုကို ကျွန်ုပ်တို့ ယခုထက်ပိုမိုတွေ့မြင်နေရပေဦးမည်ဖြစ်သည်။

အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ပါက တခြားနိုင်ငံများက ကုန်ပစ္စည်းများထက် မိမိနိုင်ငံထုတ်ကုန်ပစ္စည်းကို အလေးပေးကာ သုံးစွဲသွားရန် လိုအပ်ပေသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>