Image may be NSFW.
Clik here to view.
(၁)
မနေ့က ကိုနေမင်းသူရဲ့ သမိုင်းဟာကွက်များကို ဖတ်ရပါတယ်။
ဦးနုရဲ့ တာတေစနေသားက စလို့ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြဖို့ လိုနေတာလေးတွေကို ထောက်ပြ သွားပါတယ်။
ထိုမှတဆင့် တပ်မတော်နှင့် ပြည်သူ၊ တိုင်းရင်းသားတွေရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ တွေကို ရေးပြသွားတာဖတ်မိတော့ ကျွန်တော်အတွေးလေးတွေဝင်လာမိသလို ရေးချင်စိတ်လေးဖြစ်လာလို့ ဒီစာလေးကို ရေးလိုက်ရတာပါ။
ကျွန်တော်ကတော့ သမိုင်းကြောင်းကျွမ်းကျင်သူမဟုတ်သလို ဗဟုသုတပိုင်းဆိုင်ရာလည်း အားနည်းလှ သူပါ။ သို့သော် ကျွန်တော်မြင်သော သမိုင်း၊ ကျွန်တော် ခံယူသော သမိုင်းအကြောင်းလေးကို ပြောပြလိုရင်းပါ။
(၂)
သမိုင်းဆိုတာကို ကျွန်တော်တို့ ကျောင်းနေစဉ်ကတည်းက စတင်ထိတွေ့ခဲ့ရပါတယ်။ ဘာတွေသင် သလဲပြောရင် အရင်တုန်းက အရင်လူတွေဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေလို့ ဆိုချင်ပါတယ်။
ပထမကမ္ဘာစစ်ဖြစ်တယ်၊ ဒုတိယကမ္ဘာစစ်ဖြစ်တယ်။ နပိုလီယံက နေမ၀င်အင်ပါယာ တည်ထောင် တယ်၊ ဟီရိုရှီမားကို အနုမြူဗုံးကြဲတယ်၊ ဟစ်တလာက ဂျူးလူမျိုးတွေကို သတ်တယ်၊ မြန်မာက သူ့ကျွန်လက် အောက်ရောက်တယ် ဒီလိုဖြစ်စဉ်တွေ ဖြစ်စဉ်တွေက အရင်အတိတ်က ဖြစ်ခဲ့တဲ့အကြောင်းတွေပါ။ ဒါကို ကျွန်တော်တို့တွေက သမိုင်းတစ်ခုအနေနဲ့ ပြန်လည်သိကြရပါတယ်။
သမိုင်းဆိုတာ စစ်မှန်သော အဖြစ်အပျက်တွေပါ။ လူတစ်ဦးတစ်ယောက်က သူ့ဘ၀မှာ လူသတ်ချင်သတ်ခဲ့မယ်၊ လူကယ်ချင်ကယ်ခဲ့မယ်။ ဒါက သူ့ရဲ့ သမိုင်းကြောင်းပါ။ ထို့အတူ သူ့သမိုင်းကြောင်းကို ရေးတဲ့သူက လူသတ်တာကြီးပဲ ရေးခဲ့ရင်တော့ သမိုင်းမဖြစ်နိုင်ပါဘူး။ ထို့အတူ လူကယ်တာကြီးပဲ ရေးခဲ့လျှင် လည်း သမိုင်းမဖြစ်နိုင်ပါဘူး။
မြတ်စွာဘုရားရှင်ဟာ ဟိုးသုမေဓာရှင်ရသေ့ဘ၀စပြီး လေးသင်္ချေကမ္ဘာတစ်သိန်းဖြည့်ခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည်ဟောပြောရာမှာ စစ်မှန်သော သမိုင်းကိုသာ ဟောကြားခဲ့ပါတယ်။
ဘုရားအလောင်းဘ၀တွေမှာ ဘုရားလောင်းဖြစ်မယ့်သူဟာ သူကောင်းကြီးပဲ မဟုတ်ပါဘူး။ လူဆိုး အဖြစ်ဇာတ်တွေလည်း ဟောပြခဲ့ပါတယ်။
ဒါက မြတ်စွာဘုရားရှင်ရဲ့ စစ်မှန်သော သမိုင်းကြောင်းပါ။
(၃)
လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးရတာ တဲ့။
ဒီစကားကို ကျွန်တော်ကတော့ လောကုတ္တရာအနေနဲ့ အမှန်လို့ဆိုချင်ပါတယ်။
လောကီမှာတော့ တစ်ခါတစ်လေမှားတယ်လို့ ထင်ပါတယ်။ လူသာသေစေ နာမည်မသေစေနဲ့ ဆိုတဲ့ စကားဟာ လူတစ်ယောက်ရဲ့ ပြုမူနေထိုင်ခဲ့တဲ့ ဘ၀နဲ့ဆက်စပ်ပါတယ်။
တစ်ဦးတစ်ယောက်က သူ့ဘ၀မှာ ဂုဏ်သိက္ခာရှိရှိနေထိုင်သွားခဲ့ရင် လူသေသော်လည်း နာမည်မသေ ပါဘူး။ သူ့အတွက် သမိုင်းကြောင်းလှတယ် ဆိုပါစို့။
သို့သော် သူ့သမိုင်းကို နောက်လူတွေသိဖို့ သူ့နာမည်ကောင်း ဆက်လက်ရှင်သန်ဖို့ ဆိုရာမှာတော့ သမိုင်းကြောင်းရေးသူတွေနဲ့ ဆက်စပ်သွားတယ်လို့ ထင်ပါတယ်။ သူဘယ်လောက်ကောင်းကောင်း သမိုင်း ကြောင်းရေးသူက ပြုပြင်သွားရင် နောက်လူတွေရဲ့ အသိမှာ လူကောင်းနာမည်ကောင်းဖြစ်ဖို့ ခက်ခဲသွားပါပြီ။
ကိုယ်သမိုင်းကို သူများလည်း ရေးတတ်ကြပါသေးတယ်။ ဒီတော့ သမိုင်းကြောင်းရေးသူတွေ၊ သမိုင်းကြောင်းတည်ဆောက်သူတွေရဲ့ အသွင်သဏ္ဍာန်မှန်ကန်ဖို့လည်း လိုမယ်ထင်ပါတယ်။
တပ်မတော်ဆိုတာ တကယ်တော့ ရှေးအစဉ်အလာကတည်းက သမိုင်းကြောင်းကောင်းခဲ့တာပါ။ သို့သော် လူတစ်စုရဲ့ နောက်ပိုင်း သမိုင်းကြောင်းရေးခြစ်မှားခဲ့လေတော့ စစ်တပ်ဆိုရင် မကောင်းဘူးဆိုတဲ့ အသိမှားတွေ ၀င်နေကြပါတယ်။
ကောင်းမွန်သော သမိုင်းကြောင်းကို အလွဲသုံးစားလုပ်ခဲ့လို့ သမိုင်းမှာ အမည်းစက်အဖြစ် အထင်ခံရ တာပါ။ ဒီအမည်းစက်ကို ပြန်လည်ပြုပြင်ဖို့လိုပါတယ်။ သမိုင်းကြောင်းသစ်၊ သမိုင်းကောင်းသစ် ပြန်လည်ရေးထိုးနိုင်ဖို့လိုပါတယ်။
နောက်လူတွေအတွက် သမိုင်းကြောင်းအမှန်တွေ၊ ကောင်းသောသမိုင်းကြောင်းတွေ လက်ဆင့်ကမ်းဖို့ အချိန်တန်ပါပြီ။
(၄)
ဆရာကြီး ဒေါက်တာ သန်းထွန်းက သမိုင်းဆိုတာ မအအောင် သင်တာလို့ ပြောခဲ့ပါတယ်။
ကျွန်တော်တော့ သမိုင်းထဲက ကောင်းကွက်ဆိုးကွက်တွေကို ယူပြီးပြုပြင်စရာရှိတာတွေပြုပြင်၊ တည်ဆောက်စရာတွေတည်ဆောက်ရမှာပါ။
သမိုင်းကို အမှန်တရားသိဖို့လည်း သင်ရပါမယ်။ အတုယူတတ်အောင်လည်း သင်ရပါမယ်။ သင်ခန်းစာယူတတ်အောင်လည်း သင်ရပါတယ်။ နောင်အနာဂတ် သမိုင်းကြောင်းကို ကောင်းမွန်စွာ ပုံဖော်နိုင်ဖို့ လည်း သင်ရပါမယ်။
ပြီးတော့ စစ်မှန်သော သမိုင်းကြောင်းကိုလည်း အနာဂတ်လူတွေကို သင်ပေးရပါမယ်။ ထိမ်ချန်တဲ့ သမိုင်းတွေ၊ ကွယ်ဝှက်တဲ့သမိုင်းတွေ၊ လိုရာဆွဲသမိုင်းတွေကို ဖျောက်ဖျက်ရပါမယ်။
လက်ရှိလူတွေဟာ သမိုင်းကြောင်းရေးနေသူတွေပါ။ အတိတ်က သမိုင်းက ပြန်လည်လက်ဆင့် ကမ်းပေးရမှာဖြစ်သလို၊ ကောင်းမွန်သော အနာဂတ်သမိုင်းကြောင်းတွေဖြစ်အောင်လည်း လက်ဆင့်ကမ်းပေး ရမှာပါ။
ဒီလက်ဆင့်ကမ်းယူသူတွေကိုလည်း သမိုင်းအစစ်ကို ချစ်စိတ်ရှိဖို့၊ သမိုင်းအမှန်ကို ဖော်ပြရတဲ့သတ္တိရှိဖို့ မွေးမြူပေးသွားရမှာပါ။
ကိုယ်တိုင်လည်း သမိုင်းကြောင်းကောင်းအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ကိုယ့်သမိုင်းကို ရေးမယ့် သမိုင်းကြောင်းရေးခြစ်သူများလည်း သမိုင်းအမှန်ကို ရေးခြစ်နိုင်ပါကြပါစေ။
သမိုင်းကြောင်းရေးခြစ်သူများရဲ့ သမိုင်းလည်း လှပပါစေလို့သာ။
မောင်ပိုင်

၈-၉-၂၀၁၃။
— with William Tuntunko and 31 others.