Quantcast
Viewing all articles
Browse latest Browse all 1811

ရှက်စိတ်........



Photo copied from Internet
ပြောရရင်တော့ မြန်မာလူမျိုးအများစု ရှက်စိတ် အတော်နည်းကြတယ် ဆိုရမယ်....... ရှက်စိတ် ဆိုတဲ့နေရာမှာ မလုပ်သင့်တာကို လုပ်တာကို ရှက်ဖို့၊ လုပ်သင့်တာကို မလုပ်တာ ရှက်ဖို့၊ မတရားမှု လုပ်တာကို ရှက်ဖို့ စိတ်ကလေးတွေ အတော်နည်းကြတယ် ဆိုရမယ်....... ဟိုနေ့က ဆရာ ဦးမောင်မောင်သန်း ရေးထားတဲ့ စာတစ်ခု ဖတ်မိတယ်..... အစိုးရ ဝန်ထမ်းတွေ ပျက်စီးတာမှာ ပြည်သူတွေဖြစ်တဲ့ ကိုယ့်လူမျိုးတွေကလည်း တစ်တပ်တစ်အား ပါဝင်နေတယ်ဆိုတဲ့ကိစ္စ.....

သူပြောတာလည်း ဟုတ်ပါတယ် အစိုးရ ဝန်ထမ်းတစ်ယောက် အရပ်ထဲမှာ ချောင်လည်လာပီး တိုက်ဆောက်၊ ကားစီးလာပီဆိုရင် လူတွေ အထင်ကြီးလာကြတယ် ကောင်လေး လုပ်တတ် ကိုင်တတ်တယ်ဟဲ့နဲ့ လေးစားလာကြတယ်..... သူတို့ သားသမီးတွေကိုလည်း တွေ့လား ဟိုက ဘယ်သို့ ဘယ်ချမ်းသာနဲ့ နည်းနာယူဖို့ သင်ပေးကြလေ့ ရှိတယ်..... အဲ ရိုးရိုးသားသား ဝန်ထမ်း စစ်စစ်မှန်မှန်လုပ်ကိုင်နေတဲ့ ဝန်ထမ်း အစစ်ကြီးတွေ ဆင်းရဲနေရင်တော့ မလုပ်တတ် မကိုင်တတ်လို့ မွဲနေတာ ကြည့်ဦး နင်တို့ အဲ့ဒါတွေ အတုမခိုးနဲ့ အစရှိသဖြင့် ဆုံးမကြလေ့ ရှိကြတယ်.....

အဲ့ဒိမှာတင် လမ်းလွဲလာကြပီး မလုပ်သင့်တာနဲ့ လုပ်သင့်တာကို သေခြာမခွဲခြားတော့ပဲ ဂုဏ်၊ ပကာသနနဲ့ ငွေကြေးချမ်းသာမှုနောက်ကို လိုက်လာကြတယ်..... အဲ့ဒိကနေ သမာအာဇီဝ ဆိုတဲ့ စကားလုံးဟာ ချောင်ထဲကိုရောက်ပီး မလုပ်သင့်တာကို လုပ်လို့ ရှက်ရမှာကို ရှက်ဖို့ မသိကြတော့ဘူး...... အဲ့ဒိလိုတွေ ဆင့်ပွား ဆင့်ပွား ဖြစ်လာကြတာတွေ၊ အဲ့ဒိလူတွေကိုပဲ သင်ခန်းစာယူဖို့ နမူနာယူဖို့ လက်ညှိုးထိုးရင်း များသထက် များလာတာတွေနဲ့ မလုပ်သင့်တာကို လုပ်နေလို့ ရှက်ရမယ့်စိတ်၊ လုပ်သင့်တာကို မလုပ်လို့ ရှက်ရမယ့်စိတ် နည်းသထက် နည်းလာတာ တွေ့ရတယ်..... ဒါတွေဟာ ပြည်သူတွေရဲ့ တလွဲအားကျမှုတွေ ဖြစ်တဲ့အတွက် ပြည်သူတွေဘက်က ရှက်တတ်ဖို့လည်း လိုပါလိမ့်မယ်......

အဲ့ဒိလိုပဲ အစိုးရ ယန္တရားပိုင်းက တာဝန်ရှိသူများအနေနဲ့လည်း ရာထူးကို မလျော်သြဇာ အသုံးပြုပြီး လာဘ်စားတာ၊ လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်တာတွေဟာ ရှက်စရာဆိုတာကို သိဖို့ လိုပါတယ်......... တရားဥပဒေပြုရေး မဏ္ဍိုင်ကို ပြန်ကြည့်ပြန်တော့ အခုနောက်ပိုင်းမှ အသက်ဝင်လာပေမယ့် အရင်ကဆို နိုင်ငံအဆင့် လွှတ်တော်မှာ မြောင်းပြင်တာ၊ ခြံစည်းရိုးကာတာ၊ ဓါတ်တိုင်ဆိုက်တာနဲ့တင် တစ်နေ့တစ်နေ့ လွှတ်တော် ကျင်းပတဲ့စားရိတ် သိန်းပေါင်း ဆယ်ဂဏန်းကျော်ကို ဖြုန်းနေတာ သူတို့အတွက်တော့ ရှက်စရာလို့ မထင်ပေမယ့် ဘေးက ဝိုင်းဝေဖန်နေသူတွေအတွက်တော့ အဲ့ဒိလူတွေကို စိတ်ပျက်ကြတာ အမှန်ပဲ...... ဒါဟာလည်း ရှက်သင့်ရင် ရှက်စရာတစ်ခုလို့ မှတ်ယူရမှာဖြစ်တဲ့အတွက် လွှတ်တော် အမတ်တွေလည်း ရှက်သင့်ပါတယ်........

နောက် တရားဥပဒေပြုရေး မဏ္ဍိုင်က အကြီးဆုံး ပြည်ထောင်စု လွှတ်တော် နာယကကြီးဟာ စစ်မှန်တဲ့ တရားဥပဒေကို ဖော်ဆောင်ဖို့ လုပ်နေပေမယ့်လည်း ပြည်ထောင်စု လွှတ်တော် နာယကကြီးရဲ့ သားတော်မောင်ပိုင်တဲ့ ဧရာရွှေဝါက ဧရာဝတီတိုင်းမှာ လယ်သိမ်းတာတွေ ပြန်မပေးသေးတာဟာ တရားဥပဒေပြုရေး မဏ္ဍိုင်ရဲ့ အကြီးဆုံးတာဝန်ကို ယူထားတဲ့ ပြည်ထောင်စု လွှတ်တော် နာယကကြီးအနေနဲ့ ရှက်သင့်မယ်ဆိုရင် ကြီးမားတဲ့ ရှက်စရာကြီး တစ်ခုပါ...... ဒါကြောင့် ပြည်ထောင်စု လွှတ်တော် နာယကကြီးလည်း ရှက်ဖို့ လိုတယ်လို့ မြင်မိပါတယ်......

အဲ့ဒိလိုပဲ အတိုက်အခံဆိုတဲ့ လူတွေဟာ နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ရပ် လုပ်ကိုင်မှုတွေ လွဲမှားနေရင်၊ လုပ်သင့်တာကို သေခြာကျနစွာ မလုပ်ရင်၊ ဥပဒေပြုရေး မဏ္ဍိုင်က စောင်းငန်းစောင်းငန်းနဲ့ ယိမ်းယိုင်နေရင် ထောက်ပြ တည့်မတ်ရမှာ အရေးကြီးတဲ့ နေရာကို ယူထားလို့ အတိုက်အခံဆိုတာကို ခေါ်တွင်တာပါ...... အစိုးရလုပ်သမျှ၊ အကုန် ကလန့်တိုက်၊ ငါတို့နဲ့ အဆင်ပြေရင် လုပ်သမျှကို မျက်လုံးမှိတ် ငြိမ်နေလိုက်၊ ဖြစ်သမျှ ကိစ္စတွေမှာ နာမည်ကောင်းရဖို့ မသေခြာရင် ရူးချင်ယောင်ဆောင် ရှောင်နေလိုက်၊ နာမည်ကောင်းလေး ရမှ ဖျာဝင်ခင်းလိုက်ဆိုတာဟာ အတိုက်အခံ ဆိုတဲ့ စကားလုံးနဲ့ မထိုက်တန်တာကို ရှက်ဖို့ လိုပါလိမ့်မယ်......

ဒီလိုပဲ အစိုးရတစ်ရပ်အနေနဲ့ မူဝါဒတွေ ဖော်ဆောင်တဲ့အခါမှာ လိုက်ပါမှု အားနည်းတဲ့၊ ဖော်ဆောင်မှုပိုင်း ချွတ်ယွင်းနေတဲ့ အောက်ခြေက အစိုးရယန္တရားတွေကို ထိရောက်စွာ အရေးယူရမှာဖြစ်သလို၊ ကြားလည်က ကန့်လန့် ကန့်လန့်နဲ့ အရင် အာဏာရှင်အိပ်မက်က မနိုးထသေးတဲ့ အလယ်အလတ်က အစိုးရ ဝန်ထမ်းတွေကိုလည်း ပြတ်သားစွာ အရေးယူဖို့ လုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်..... ဒါမှမဟုတ်ရင်ဖြင့် အပေါ်က မည်သို့ပဲ ဖော်ဆောင်ပီး ရှေ့သို့ ဆောင်ရွက်ပီးသွားနေပေမယ့် အောက်ခြေက ကန့်လန့်နဲ့ တရွတ်တိုက်ပါနေတဲ့ အတွက်ကြောင့်လည်း သမ္မတကြီး ဦးဆောင်တဲ့ အစိုးရဟာ အများအမြင်မှာ အောက်ပိုင်းမပါတဲ့ မင်းသားပြဇာတ်ကို ကြည့်နေရသလို ဖြစ်နေတာဟာ ရှက်စရာပဲ ဖြစ်ပါတယ်...... ဒါကြောင့်လည်း သမ္မတကြီး ဦးဆောင်တဲ့ အစိုးရ ယန္တရားကို စွမ်းအားပြည့် ဖော်ဆောင်နိုင်ဖို့ ရှက်သင့်တာကို ရှက်ဖို့လိုပီး အရေးယူသင့်သူတွေကို ပြတ်ပြတ်သားသား အရေးယူလို့ နိုင်ငံကို ခေတ်တစ်ခေတ်ကို တွန်းပို့ဖို့ အုတ်မြစ်ချပေးနိုင်ဖို့ လိုပါတယ်.......

ထို့အတူပဲ စစ်အစိုးရလက်ထက် လက်သိပ်ထိုး လုပ်ပိုင်ခွင့်တွေနဲ့ ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီတွေဟာလည်း အခုလို နိုင်ငံကို အောက်ခြေကနေ ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်နေချိန်မှာ ကိုယ်ပေးသင့်တဲ့ အခွန်အခတွေကို နိုင်ငံတော် အစိုးရကို ကျေလည်အောင် ပေးဆပ်ခြင်းဖြင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ လိုပါတယ်....... ရောက်လေရာ နေရာတွေမှာ မြန်မာနိုင်ငံသားတွေဟာ အနှိမ်ခံနေရပီးတော့ ခရိုနီကြီးတွေဟာ မြန်မာနိုင်ငံက ဆင်းရဲနေတဲ့ ပြည်သူတွေကြားထဲမှာ ကားအကောင်းစားကြီးတွေစီး၊ အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေသုံးလို့ တိုင်းပြည်ရဲ့ ပုံရိပ်ကတော့ ဆီမီးခွက်ထွန်းနေရတဲ့ အခြေအနေမှာပဲဆိုရင်ဖြင့် ခရိုနီကြီးများဟာ တိုင်းပြည်ကို ဂုတ်သွေးစုတ်လို့ ကြီးထွားလာတဲ့ သွေးစုတ်ဖုတ်ကောင်ကြီးလို ဖြစ်နေကြမှာကို ရှက်တတ်ဖို့ လိုပါလိမ့်မယ်........

ခြုံငုံပြောရရင်တော့ ကျွန်တော်တို့ ပြည်သူတွေလည်း ဘယ်သူတရားပျက်ပျက် မပျက်ပျက် ကိုယ်ပေးဆပ်ရမယ့် အခွန်အခတွေကို တိုင်းပြည်ပြန်လည် တည်ဆောင်ရာမှာ ဖြည့်ဆည်းနိုင်ဖို့ ပေးသင့်တဲ့ အခွန်အခတွေကို မပေးပဲ ရှောင်နေခြင်းဟာလည်း ရှက်စရာတစ်ခုဆိုတာ သိဖို့ လိုပါတယ်..... တဖြည်းဖြည်းနဲ့ ချရေးလိုက်တာ စာ တော်တော် ရှည်သွားပေမယ့် ကျွန်တော်တို့နိုင်ငံမှာ အရှက်နည်းသူတွေ၊ အရှက်မရှိသူတွေ များနေတာကို ပေါ်လွင်အောင် ရေးနိုင်တဲ့အတွက် ကျေနပ်မိပါတယ်....... ကျွန်တော်တို့တွေ ရှက်တဲ့စိတ်လေး ကိုယ်စီကိုယ်စီ ရှိကြဖို့ လိုတယ်ဆိုတာလေး ထောက်ပြပါရစေ......

 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>