Quantcast
Viewing all articles
Browse latest Browse all 1811

ခင်ဗျားတို့ ပြောတဲ့ စစ်မှုထမ်းဥပဒေ

Ye Moe's photo.
" ခင်ဗျားတို့ ပြောတဲ့ စစ်မှုထမ်းဥပဒေ "
-------------------------------------

နိုင်ငံတော် အေးချမ်းသာယာရေး နဲ့ ဖွံ့ ဖြိုးရေးကောင်စီဟာ…..
ပြည်သူ့ စစ်မှုထမ်း ဥပဒေကို …..
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့ မှာ …
ဥပဒေ အဖြစ် ထုတ်ပြန်ပြဌာန်းခဲ့ ပါတယ်….။

ဒီဥပဒေမှာ….
အသက် ၁၈ နှစ်မှ ၃၅ နှစ် ထိ အမျိုးသား အားလုံး နဲ့ ….
အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးများ အားလုံး ….
စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပြီး …..
စက်မှု လက်မှု အပါအ၀င် ....
ကျွမ်းကျင်ပညာရှင်ဖြစ်လျင်တော့….
အသက် ၁၈ နှစ်မှ ၄၅ ထိ အမျိုးသား အားလုံး နဲ့ …..
အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ အမျိုးသမီးများ အားလုံး….
အကျုံးဝင်မှာ ဖြစ်ပါတယ်….

ကင်းလွတ်ခွင့် ရမယ့်ပုဂ္ဂိုလ်တွေ ကတော့ ….
သာသနာ့ ၀န်ထမ်းများ ….( မည်သည့် ဘာသာမဆို )
အိမ်ထောင်သည် အမျိုးသမီး ….
သားသမီး ရှိသော အိမ်ထောင်ပျက် အမျိုးသမီး ….
ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန် မသင့်လျော်သူ ….
စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့ က …
သီးခြားအမိန့် ထုတ်ပြန် ကင်းလွတ်ခွင့်ပြုသူများ…..
တို့ ဖြစ်ကြပါတယ်…….

စစ်မှုထမ်းကာလကို ….
ယာယီရွေ့ ဆိုင်းခွင့်ပြုတဲ့ သူတွေကတော့….
ယာယီ ဆေးအဆင့်နိမ့်နေသူများ …
နိုင်ငံဝန်ထမ်းများ ….
ပညာသင်ကြားနေသူများ…..
အခြား ပြုစုစောင့်ရှောက်မည့်သူမရှိသည့် ……..
မိအိုဖအိုတို့ ကို ပြုစုလုပ်ကျွေးနေသူများ….
မူးယစ်ဆေးဖြတ် ကုသမှုခံယူနေသူများနဲ့ ….
ထောင်ဒဏ်ကျခံနေရသူများ တို့ ဖြစ်ပါတယ်….

တစ်ခု သတိပြုရမှာကတော့ …..
ယာယီရွေ့ ဆိုင်းခွင့်ပြုထားတုန်း….
အသက်ကန့် သတ်ချက် ကျော်လွန်သွားရင်လဲ….
ကင်းလွတ်ခွင့် မပြု ပဲ ….
ဆက်ပြီး တာဝန်ထမ်းဆောင်ရမယ် ဆိုတာပါပဲ…..

စစ်မှုထမ်းကာလ ကတော့ …..
သာမန် လူတွေ အတွက် ၂ နှစ်ဖြစ်ပြီး ….
ပညာသည်တွေ အတွက်ကတော့ ၃ နှစ်ဖြစ်ပါတယ်……
အရေးပေါ် အခြေအနေတွေမှာတော့ ……
မည်သူ့ ကို မဆို …..
စစ်မှုထမ်းကာလ ၅ နှစ်အထိ ....
တာဝန်ထမ်းဆောင်ဖို့  သက်တမ်းတိုးမြှင့်နိုင်ပါတယ်…..
( ဒါကို ကြည့်ခြင်းအားဖြင့် ….
အွန်လိုင်းပေါ်မှာ ပြောဆိုနေကြသလို ……
တပ်မတော် အစိုးရဟာ ....
ပညာရှင်တွေ အပေါ် …..
အလေးမထားဘူးဆိုတာ မဟုတ်ကြောင်း …..
အထင်အရှား တွေ့ မြင်နိုင်ပါတယ်….
ဟီးဟီး…. ဤကား …စကားချပ် )

အခုကတည်းက အွန်လိုင်းမှာ လေကျယ်တော်မူပြီး ……
ငါတို့ က မင်းတို့ လိုကောင်တွေ မဟုတ်ဘူးကွ …..
အသက်ချင်း လဲပြစ်မယ်…..
လက်ဖက်ချင်း လဲ ပြစ်မယ်ဆိုသူများအတွက်ကတော့……
စစ်မှု စထမ်းတဲ့ နေ့ ကစပြီး ….
၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို လိုက်နာရမှာဖြစ်ပြီး
အပြစ်တစ်စုံတစ်ရာ ကျူးလွန်မယ်ဆိုရင်တော့….
စစ်မှုထမ်းကာလအတွင်း .....
စစ်တရားရုံးက ဖြစ်စေ…..နယ်ဘက် တရားရုံးကဖြစ်စေ…..
ချမှတ်တဲ့ ပြစ်ဒဏ်ကာလကို ....
စစ်မှုထမ်းကာလ အတွင်း ထည့်သွင်း စဉ်းစားခြင်းမပြုပဲ …..
သတ်မှတ်ကာလ ပြည့်သည်ထိ ….
စစ်မှုထမ်းဆောင် ရပါမယ်တဲ့ ခင်ဗျ…..

အခွင့်အရေးတွေ အနေနဲ့ ကတော့ …..
စစ်မှုထမ်းကာလအတွင်း ….
အဆင့်လိုက် လစာ စားရိတ်များ ခံစားခွင့်ရရှိမှာဖြစ်ပြီး ….
တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့ပါက …
တပ်မတော်က သတ်မှတ်ထားတဲ့ အတိုင်း…..
ခံစားခွင့် များ ရရှိပါမယ်……
ပါရဂူ ဘွဲ့ …အခြားအသက်မွေး ၀မ်းကျောင်းဘွဲ့ နဲ့ ….
သတ်မှတ် အရည်အချင်းပြည့်မီသူတွေကို ….
ပြန်တမ်းဝင်အရာရှိ အဖြစ် တိုက်ရိုက် ခန့် အပ်နိုင်ပါတယ်……

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တွေကို …..
မြို့ နယ် ခရိုင် တိုင်းဒေသကြီး ဗဟို အဆင့်တွေအထိ …..
ဖွဲ့ စည်းသွားမှာ ဖြစ်ပြီး….
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေဟာ…..
နှစ်စဉ် စစ်မှုထမ်းရန် အရွယ်ရောက်သူများစာရင်းကို ….
မြို့ နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ထံ…..
ဇန်န၀ါရီလ ၁ ရက်နေ့ ထက် နောက်မကျပဲ …..
အရောက်ပေးပို့ ရမှာ ဖြစ်ပါတယ်…..

မြို့ နယ် အဖွဲ့ ဟာ …
အသက်ပြည့်မီသူတွေကို ဆင့်ခေါ်ပြီး….
မှတ်ပုံတင်ထားရှိကာ ....
လက်မှတ်ထုတ်ပေးသွားမှာဖြစ်ပြီး…..
လက်မှတ်ရရှိသူတွေကိုတော့ ….
ဆေးစစ်ဖို့ ဆင့်ခေါ်မှာ ဖြစ်ပါတယ်…..

စစ်မှုထမ်းဖို့ ဆင့်ခေါ်စာကို …
သက်ဆိုင်ရာပုဂ္ဂိုလ် ကို…..
တိုက်ရိုက်ပေးအပ်ရမှာဖြစ်ပြီး…..
မတွေ့ ရှိခဲ့ ရင်တော့ ….
မိသားစုဝင်တစ်ဦးဦးဆီ …..
သက်သေတစ်ဦးရှေ့ မှာ ပေးအပ်ရပါလိမ့်မယ်…..
ဒါဟာ ဥပဒေအရ …..
သက်ဆိုင်ရာပုဂ္ဂိုလ် လက်ထဲကို ….
ပေးအပ်ခဲ့ ပြီး ဖြစ်တယ်လို့  မှတ်ယူပါလိမ့်မယ်……..

ပြစ်ဒဏ်တွေကတော့ ....
ပုဒ်မ ၂၃ အရ…..
မှတ်ပုံတင်ဖို့ ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်…..
ဆေးစစ်ဖို့ ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်…..
စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်….
မှတ်ပုံတင်ချိန်မှာ အကြောင်းအရာတစ်ခုခုကို …..
လိမ်လည်ရေးသားဖော်ပြရင်…..
စစ်မှုထမ်းဆောင်ပြီး နှစ်စေ့လို့ ပြန်ရောက်လာတဲ့ သူကို…..
မူလ အလုပ် ရာထူး မှာ ခန့် အပ်ဖို့ ....
မူလ အလုပ်ရှင်က ငြင်းဆန်ရင်……
ထောင်ဒဏ် ၃ နှစ် ထိကျခံရမှာဖြစ်ပြီး ……

ပုဒ်မ ၂၄ အရ……
စစ်မှုထမ်းခြင်းမှ ရှောင်လွဲဖို့ အတွက် …
ရောဂါရှိဟန်ဆောင်ခြင်း ….
တမင် ရောဂါရအောင် လုပ်ခြင်း…..
ရောဂါကို မပျောက်အောင် ပိုဆိုးလာအောင် လုပ်ခြင်း…..
အနာတရ ဖြစ်အောင်လုပ်ခြင်း တို့ အတွက်….
ကျူးလွန်သူက ထောင်ဒဏ် ငါးနှစ်…..
အားပေးသူ ကူညီသူဟာ ....
အရပ်သားဆို ….
ထောင်ဒဏ် တစ်နှစ် …..
ဝန်ထမ်းဆို ထောင်ဒဏ် သုံးနှစ်ကျခံရမှာ ဖြစ်ပြီး…..
ရဲအရေးပိုင်တဲ့ ပြစ်မှုတွေ အဖြစ် သတ်မှတ်ထားပါတယ်…....

ပုဒ်မ ၂၃ နဲ့ ၂၄ ကို ကျုးလွန်သူတွေဟာ…..
အပြစ် ဒဏ်ကျခံပြီးရင်တော့….
စစ်မှုထမ်းဆောင်ဖို့ …..
ပြန်လည်သတင်းပို့ ရပါလိမ့်မယ်……။

အရေးအကြီးဆုံး အချက်ကတော့…..
ဒီဥပဒေဟာ ပြဌာန်းထားပြီး ဖြစ်တဲ့ အတွက်…..
သမ္မတ အသက်သွင်းတဲ့ နေ့ မှာ ….
စတင် အသက်ဝင်မှာဖြစ်ပြီး…..
လွှတ်တော်ကို တင်ပြ စရာမလိုတော့ဘူးဆိုတဲ့ အချက်ပါပဲ…..

( ဘပြောင် ကယ်မှ ချမ်းသာရာရမယ့် ရဲမိုး )

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>