မြန်မာ့တပ်မတော်(ရေ)၏ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော Stealth Frigate
ဒီပုံက အများမျှော်လင့်နေတဲ့ Stealth Frigate စစ်ရေယာဉ် ကျန်စစ်သား (F-12) ပါ။ လွန်ခဲ့သော လအတန်ကြာက ရိုက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ရဲ့ တက်ကြွသော fan မိတ်ဆွေကြီး ကို Htet Aung မှ Myanmar Military Discussion Group ရှိ ကိုအဓိပတိ ထံမှ ကူးယူပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။ F-12 နှင့်ပတ်သက်ပြီး မေးမြန်းသူများ စိတ်ဝင်စားသူများ ရှိနေတာမို့ လေ့လာမိသလောက်ထဲက အချို့အချက်တွေကို တင်ပြပေးလိုက်ပါတယ်။
ဒီပုံက အများမျှော်လင့်နေတဲ့ Stealth Frigate စစ်ရေယာဉ် ကျန်စစ်သား (F-12) ပါ။ လွန်ခဲ့သော လအတန်ကြာက ရိုက်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ရဲ့ တက်ကြွသော fan မိတ်ဆွေကြီး ကို Htet Aung မှ Myanmar Military Discussion Group ရှိ ကိုအဓိပတိ ထံမှ ကူးယူပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။ F-12 နှင့်ပတ်သက်ပြီး မေးမြန်းသူများ စိတ်ဝင်စားသူများ ရှိနေတာမို့ လေ့လာမိသလောက်ထဲက အချို့အချက်တွေကို တင်ပြပေးလိုက်ပါတယ်။
တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော F-12 Frigate စစ်ရေယာဉ်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရေချခဲ့သည်။ ရေယာဉ် Design မှာ မူလစမ်းသပ် အောင်မြင်ထားသည့် ပထမအစီး(F-11) အပေါ်တွင် အခြေခံထားသည်ဟု ယူဆရသော်လည်း မတူနိုင်သည့်အချက်မှာ Stealth နည်းပညာကို ဆန်းသစ်တီထွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)၏ ပထမဆုံး Stealth နည်းပညာ အစပျိုးခြင်းဖြစ်၍ ပြီးပြည့်စုံမှု အားနည်းနိုင်သော်လည်း သိသာထင်ရှားသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်မည်ဟု ယုံကြည်ပါသည်။
ဖော်ပြပါစစ်ရေယာဉ်တွင် Multirole ဆောင်ရွက်နိုင်ရန် ရေပေါ်၊ရေအောက်၊လေကြောင်းရန် နှင့် အီလက်ထရောနစ် စစ်ဆင်ရေး Capability ရှိသည့် လက်နက်ပစ္စည်းနှင့် စနစ်များ တပ်ဆင်သွားဖွယ်ရှိသည်။ (၁၂၀)ကီလိုမီတာ အထိပစ်ခတ်နိုင်သော ဒုံးများ၊ မြန်နူန်းမြင့် အမြောက်များ၊ CIWS များ၊ ရေငုပ်သင်္ဘောပစ်ဒုံးနှင့် Torpedo များ၊ Active/Passive EW စနစ်များ၊ OTH Target (မိုးကုပ်စက်ဝိုင်းလွန် ပစ်မှတ်) များအပါအဝင် ရေပြင်၊ရေအောက် နှင့် ဝေဟင် ပစ်မှတ်များကို ထောက်လှမ်းနိုင်မည့် အဆင့်မြင့် အာရုံခံစနစ်များ ပါဝင်မည်ဟု ခန့်မှန်းရသည်။ F-11 ကဲ့သို့ပင် သာမန် Combat System ထက် အဖက်ဖက်က အလေးသာသော Integrated Combat System တပ်ဆင်နိုင်ဖွယ်ရှိပြီး F-11 မှ စမ်းသပ်ရရှိထားသော အားသာချက် / အားနည်းချက်များပေါ်တွင် အခြေခံမည်ဖြစ်၍ လက်နက်များ၊ လက်နက်စနစ်များ၊ အာရုံခံစနစ်များနှင့် Integrated Combat System သည် F-11 ထက် ပို၍ အဆင့်မြင့်မားမည်ဟု သိရှိရသည်။
ထူးခြားချက်မှာ ရေယာဉ်၏ အနောက်ပိုင်းတွင် Heli Deck နှင့် Hanger ပါရှိသဖြင့် ASW / SAR / OTHT အထောက်အကူပြု ရဟတ်ယာဉ် တင်ဆောင်နိုင်မည့် အနေအထား ဖြစ်ပါသည်။ယင်းသည် မြန်မာ့တပ်မတော်(ရေ)၏ Naval Aviation အတွက် အဖိုးတန်သော ရှေ့ထွက်ခြေလှမ်းဦး ဖြစ်သလို 3D အနက်မှ Above Surface စွမ်းရည်အတွက်လည်း အခွင့်အရေးကောင်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။
ရေယာဉ်အမြန်နူန်းမှာ (၂၈ )မိုင်ခန့် ဖြစ်နိုင်ပြီး Standardisation အရ Engine အမျိုးအစားမှာ F-11 နှင့် ဆင်တူနိုင်သည်။ F-12 Stealth Frigate တည်ဆောက်ရေးအား သတ်မှတ်ထားရှိသော Schedule အတိုင်း စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းခန့်မှစ၍ လက်နက်စနစ်များအပါအဝင် ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသော စနစ်အမျိုးမျိုးနှင့် ပင်လယ်ပြင် မောင်းနှင်မှုအမျိုးမျိုးအား အချိန်တစ်ခုယူ၍ လက်တွေ့စမ်းသပ်နိုင်ကြောင်း ခန့်မှန်းရသည်။ ထို့ကြောင့် မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်လျက်ရှိသော Stealth Frigate ၏ တပ်တော်ဝင်အခမ်းအနားအား လာမည့် ၂၀၁၄ ခုနှစ်တွင် မြဝတီရုပ်သံမှ ကြည့်ရှုနိုင်တော့မည် ဖြစ်ပါကြောင်း ဖော်ပြအပ်သည်။
မောင်ဝါဆို
(Myanmar Navy)
မှတ်ချက်။ ကို Htet Aung ပေးပို့ထားသော အခြားဓါတ်ပုံများအား လိုအပ်သလို ဆက်လက်တင်ပြ သွားမည် ဖြစ်ပါသည်။