Quantcast
Viewing all articles
Browse latest Browse all 1811

ကျနော်ဒီလိုမြင်ပါတယ်

-------------------------
ဦးနေဝင်းလည်းတိုင်းပြည်ကို သူ့ နည်းသူ့ ဟန်နဲ့ ချစ်ခဲ့တာပါဘဲ။

သခင်သန်းထွန်းလည်းတိုင်းပြည်ကိုသူ့ နည်းသူ့ ဟန်နဲ့ ချစ်ခဲ့တာပါဘဲ။

ဦးနုလည်းတိုင်းပြည်ကိုသူ့ နည်းသူ့ ဟန်နဲ့ ချစ်ခဲ့တာပါဘဲ။

လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာစိတ်ရောကိုယ်ပါတိုင်းပြည်အတွက်အလုပ်လုပ်ခဲ့ကြသူတွေဆိုတာကိုမည်သူမျှငြင်းပယ်၍မရနိုင်ပါ။

ဗိုလ်ချူပ်နှင့်အထက်ဖေါ်ပြပါပုဂ္ဂိုလ်များအားတန်တူထား နှိုင်းယှဉ်ရေးသားလိုသောသဘောဆန္ဒမရှိပါ။

ဗိုလ်ချူပ်အောင်ဆန်း၏တိုင်းပြည်ချစ်ပုံနှင့်ရိုးသားဖြူစင်မှုတွေကိုတော့အထူးတလည်
ရေးသားတင်ပြစရာမလိုလောက်အောင်ဖြစ်၍အထူးဖေါ်ပြရန်မလိုပါ။

ဒီနေရာမှာထင်ရှားတဲ့ ကျနော်တို့  နိုင်ငံမှ နိုင်ငံရေးသမားများ၏ ထူးခြားသောဝိသေ
မှာ ရေဆန်တွင်ချောပြီး ရေစုန်တွင် ပုဂ္ဂလိကအတ္တမာနအတွင်းမျောပါခဲ့ကြသည်ကို
ကျနော့်မိတ်ဆွေများအားလုံးသိရှိလက်ခံနိုင်ကြလိမ့်မည်ဟုယုံကြည်ပါတယ်။

ထို့ နည်းတူ အွန်လိုင်းတွင်အတော်များများက ကလော်လို့ ရသည့်အချိန်မှ ရဲရဲတောက်ဝိုင်းကလော်ခြင်းကိုခံနေရသော ဗိုလ်ချူပ်မှုးကြီးသန်းရွှေကိုယ်တိုင်လည်း
တိုင်းပြည်ကို သူ့ နည်းသူ့ ဟန်ဖြင့်ချစ်ခဲ့မှာပါဘဲ။

ယခုလိုရေးသားမိ၍ထောက်ကွက်ပေါင်းမြောက်များစွာဖြင့်ကျနော့်ကိုကလော်ကြမည်ဆိုလျှင်လည်းကျနော်ခံပါ့မယ်။

ကျနော်တစ်ဦးတည်း၏အမြင်သဘောထားကိုတင်ပြခြင်းသာဖြစ်ပြီး စစ်အာဏာရှင်များဟု အများကတင်စားနေသောအသိုင်းအဝိုင်း/ခရိုနီအသိုင်းအဝိုင်း/လက်ခစားလော်ဘီအသိုင်းအအဝန်းမှသူတစ်ဦးလုံးဝမဟုပ်ပါကြောင်းရိုးသားစွာဝန်ခံ
===
အပ်ပါတယ်ခင်ဗျ။

သေခြာတာကတော့မည်သို့ သောနောက်ခံတရားကိုယ်အကြောင်းအခြင်းအရာများ
ရှိနေသည် ဖြစ်စေ ဒီမိုကရေစီပြောင်းလဲရေးမြန်မာ့နွေဦးကို အသက်သွင်းပေးရန်
အတွက် ဦးသန်းရွှေသာ စတင်ခြေလှမ်းမလှမ်းခဲ့ပါက ယနေ့ လက်ရှိကာလ နိုင်ငံရေးသမား/စတုတ္ထမဏ္ဍိုင်တို့ အပါအဝင် လက်ရှိအစိုးရနှင့်တပ်မတော်ကို ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြနေသူများ၏အခွင့်အရေးများရှိလာနိုင်ပါမည်လောဆိုသည်ကိုအမုန်းတရားနှင့်နာကျဉ်းချက်များကိုဘေးချိတ်၍စဉ်းစားမည်ဆိုပါက သင့်မြက်သောအဖြေတစ်ခုထွက်လာလိမ့်မည်ဟုယုံကြည်ပါတယ်ခင်ဗျာ။

ထို့ နည်းတူစွာပင်-

သမ္မတကြီးဦးသိန်းစိန်လည်းသူ့ နည်းသူ့ ဟန်ဖြင့်တိုင်းပြည်ကိုချစ်တယ်ဆိုတာ
ယုံကြည်ပါတယ်။

လွှတ်တော်ဥက္ကဌကြီးသူရဦးရွှေမန်းလည်းတိုင်းပြည်ကိုသူ့ နည်းသူ့ ဟန်ဖြင့်တိုင်းပြည်
ကိုချစ်တယ်ဆိုတာယုံကြည်ပါတယ်။

ဒီမိုကရေစီအိုင်ကွန် အတိုက်အခံခေါင်းဆောင် အမေစုလည်းတိုင်းပြည်ကိုသူ့ နည်း
သူ့ ဟန်ဖြင့်ချစ်တယ်ဆိုတာယုံကြည်ပါတယ်။

လက်ရှိတပ်မတော်ခေါင်းဆောင်များနှင့်တပ်မတော်ကြီးတစ်ခုလုံးသည်လည်းတိုင်း
ပြည်ကိုချစ်တယ်ဆိုတာယူံကြည်ပါတယ်။

တိုင်းရင်းသားအပေါင်းနှင့်ပြည်သူလူထုတစ်ရပ်လုံးသည်လည်း ပြည်ထောင်စုကြီးတစ်ရပ်လုံးကိုချစ်တယ်ဆိုတာယုံကြည်ပါတယ်။

ကျနော်တို့ အားလုံးတိုင်းပြည်ကိုလူတစ်ဦးခြင်းဆီ၏မိမိတို့ သန်ရာသန်ရာယုံကြည်မှု
အလျောက်ချစ်ပုံချစ်နည်းသာကွဲပြားနေကြသည်ဖြစ်သော်လည်း မိမိတို့ အားလုံးတိုင်း
ပြည်ကိုချစ်ကြသည်မှာကတော့မည်သူမျှငြင်းပယ်ခြင်းငှာမဖြစ်နိုင်သောအမှန်တရား
တစ်ခုအဖြစ်စွဲမြဲစွာယုံကြည်မိပါတယ်။

အားလုံးချစ်သည့်ပြည်ထောင်စုကိုအားလုံးမှအေးချမ်းသာယာပြီးဖွံ့ ဖြိုးတိုးတက်သည့်
နိုင်ငံတော်ကြီးအဖြစ်မြင်တွေ့ လိုကြသည်မှာလည်း ဘုံရည်မှန်းချက်တစ်ခုဖြစ်၍ပကတိ
အရှိအမှန်တရားပင်ဖြစ်ပါတယ်။

ထို့ ကြောင့်
ကျနော်တို့ ပြည်ထောင်စုသားအားလုံးအနေဖြင့်ဖွံ့ ဖြိုးတိုးတက်သည့်ပြည်ထောင်စုကြီး
ကိုတည်ထောင်ပြုကြရာဝယ် လူတစ်ဦးခြင်းဆီ၏ အတ္တမာနကြောင့်ဝိဝါဒများကွဲပြား
နေကြမည့်အစားဒီမိုကရေစီအိုင်ဒီယော်လိုဂျီစံနစ်အောင်မြင်ဖြစ်ထွန်းရေးနှင့်ပြည်
သူ့ ဘဝကောင်းစားရေးကိုဖေါ်ဆောင်ကြရာဝယ် အမုန်းတရားဟူသောဗီလိန်ကို
ပြည်သူ့ ဘဝကောင်းစားရေးကိုငဲ့ကွက်၍ မြန်မာ့လူ့ အဖွဲ့ အစည်းအသီးသီးအနေဖြင့်
ရှင်းလင်းရိုးသားသောယုံကြည်မှုများ အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြု
တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ခင်ဗျာ။

လေးစားစွာဖြင့်
ငြိမ်းချမ်းလူ
၂၆-၉-၂၀၁၃
— with Yaung Ni Oo and 13 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>