Quantcast
Viewing all articles
Browse latest Browse all 1811

တလွဲဆံပင် ကောင်းရာကနေ လိမ္မာကြဖို့ ကောင်းပြီ..



ဒီနေ့ #Voice က သံလွင်မြစ်ပေါ် ဆောက်မယ့်ဆည်တွေ ရပ်တန့်ဖို့ အဖွဲ့အစည်း အသီးသီးက ကန့်ကွတ်ကြတဲ့အကြောင်း သတင်းလေးဖတ်မိတော့ သံလွင်မြစ်ပေါ်က ရေကာတာတွေအကြောင်း သူတို့ကန့်ကွတ်ကြတဲ့ အကြောင်းအရာတွေကို လိုက်လေ့လာမိပါတယ်... အဓိကကတော့ ဇီဝမျိုးကွဲတွေ ထိခိုက်ပျက်စီးမယ်... ဒေသခံတွေ ထိခိုက်မယ်... ငလျှင်ဒဏ်ကြောက်ရတယ်... သဘာဝပတ်ဝန်းကျင် ထိခိုက်မယ် စသဖြင့် ကြားနေကြ အကြောင်းအရာတွေပါပဲ...

ဆည်ခွဲတမ်း ပြန်ကြည့်ကြည့်ရင် တရုတ်က မြစ်ညှာမှာ ဆည် ၁၃ ခုဆောက်မှာပါ... မြန်မာပြည်မယ်က ၇ခု ဆောက်မှာပါ... ဒီဆည်တွေ မြစ်ညှာကနေ ရေတားလိုက်ရင် အောက်မှာ ဆည်တားဖို့ မပြောနဲ့ သံလွင်မြစ်ကြီး ရေရှိမရှိကို တရုတ်ပြည်လှမ်းမေးရမယ့် အပေါက်ပါခင်ဗျာ... သူတို့ရေအားတာဘိုင်တွေ လည်ကာမှ ရေစီးမယ့် အနေအထား ရှိပါတယ်... 


ကမ္ဘာ့တစ်ဖက်ခြမ်းမှာ လိပ်ပြာအတောင်ပံ ခပ်တာကြောင့် ကျန်တဲ့ဘက်မှာ မုန်တိုင်းဖြစ်တယ်လို့ ဟာသဆန်ဆန် ပြောကြပါတယ်... ဘာမှမဆိုင်သလို ထင်ကြပေမယ့် အင်ဒိုမီးလောင်တာ စင်္ကာပူတစ်ကျွန်းလုံး ကျပ်တိုက်ထားသလို ဖြစ်တာတော့ အမှန်ပါပဲ... ပင်လယ်ကမ်းခြေက မြို့ကြီးတွေ ဖန်လုံအိမ်အာနိသင် တိုးလာတာမို့ ကမ္ဘာ့အပူချိန်တက်တာနဲ့ ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်ပြီး မြုပ်မယ်ဆိုတာ ဒီကမ်းစပ်က မြို့တွေကပဲ မီးခိုးတွေ ထုတ်နေလို့ မဟုတ်ပါဘူး... တစ်ကမ္ဘာလုံးက ထုတ်နေကြတာပါ...

အခု ဖန်လုံအိမ် အာနိသင်ထွက်လို့ တားဆီးနေကြတဲ့ နိုင်ငံတွေဟာ ကိုယ့်ထက်ဦးအောင် ကမ္ဘာပျက်လောက်အောင် ထုတ်ခဲ့ကြပြီးလို့ တိုးတက်နေတဲ့ နိုင်ငံတွေဆိုတာ မေ့မထားကြပါနဲ့... ပိုကောင်းတဲ့နည်းလမ်း ဈေးကြီးပြီး သန့်ရှင်တဲ့နည်းလမ်းတွေနဲ့ အစားထိုးနိုင်ခဲ့ကြတာဟာလဲ ဒီမီးခိုးတွေ ကမ္ဘာကို ကြပ်ခိုးရိုက်လောက်အောင် မှုတ်ထုတ်ခဲ့ကြလို့ပါ...

မြန်မာနိုင်ငံဟာ ဖွံဖြိုးဆဲနိုင်ငံတစ်ခုပါ လျှပ်စစ်ဓါတ်အား ဘယ်လောက်တောင် လိုအပ်နေတယ်ဆိုတာလဲ မြန်မာပြည်နေဖူးသူတိုင်း သိကြပါတယ်... ကျွန်တော်တို့ဟာ ဆည်ဆောက်တိုင်း ကန့်ကွတ်မယ့် လူစားတွေ... သဘာဝပတ်ဝန်းကျင်ကို ထိုင်ကြည့်ပြီး အလိုလို ဗိုက်ပြည့်မယ့်သူတွေ မဟုတ်ဘူးလို့ပဲ ယူဆပါတယ်...

(၁) ပထမအချက်အနေနဲ့ မြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေရှိပါတယ်... သုံးမရသေးရင် သုံးရအောင်အထိ ပြင်ဆင်ရပါမယ်... ဆည်ဆောက်တိုင်း ကန့်ကွတ်တာထက် သက်ဆိုင်ရာ EIA SIA HIA တွေကို သေသေချာချာ စနစ်တစ်ကျ လုပ်သလား... လုပ်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်သလား ကြည့်ရမှာပါ... ဒီလိုကိုက်ညီခဲ့လို့ မြန်မာပြည်အတွက် အကျိုးရှိမယ်ဆိုရင် လက်ခံရပါမယ်...

(၂) ဒုတိယအချက်က မြန်မာပြည်ထဲမှာ ဆည်မဆောက်ခဲ့လဲ တရုတ်ကဆည်တွေကြောင့် အနည်းနဲ့အများ ထိခိုက်ကြမှာပါ... တရုတ်လိုနိုင်ငံမျိုးက သူ့စီမံကိန်းတွေကို ရပ်ပေးမှာလား... နိုင်ငံတကာဆိုင်ရာ မြစ်ချောင်းများဆိုင်ရာ အကျိုးအမြတ်အနေနဲ့ မြန်မာပြည်အတွက် ဘာတွေထိခိုက်လာနိုင်ပါမလဲ... မြန်မာပြည်က ဆည်တွေရပ်ချင်ရင် လွယ်ပါတယ်... ဆိုးကျိုးကို ပြည်သူလူထုကို သေသေချာချာ ချပြရင် ကန့်ကွတ်ကြလို့ အဆင်ပြေကြမှာပါ... တရုတ်ပြည်က ဆည်တွေကိုရော...

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုရင် တရုတ်ကဆည်တွေအတွက် ကျွန်တော်တို့ ဘာလုပ်ကြမလဲ... ရေအရင်းအမြစ်ဆိုင်ရာ သဘောတူညီချက်တွေ ဖြစ်လာဖို့အတွက် ကျွန်တော်တို့ ဘာလို့များ ပါးစပ်ပိတ်နေမလဲ... ကျွန်တော်တို့ဟာ နိုင်ရာလူဖိထောင်းမယ့် အိမ်ကျယ်တွေ မဖြစ်ကြဖို့ လိုပါတယ်... ဘယ်သူဖျက်ဖျက် ဘယ်သူလုပ်လုပ် ဘယ်သူဆောက်ဆောက် သဘာဝပတ်ဝန်းကျင်က ထိခိုက်မှာပါ... ကိုယ့်နိုင်ငံက ဆည်မဆောက်တာနဲ့ ကာကွယ်နိုင်ပြီလား... ကိုယ်တွေလိုမျိုး တရုတ်တွေကကော လုပ်ကြပါ့မလား တွေးစရာပါပဲ...
-----

နှစ်နိုင်ငံ ခွဲဝေရတဲ့ မြစ်ချောင်းရဲ့ ရေအရင်းအမြစ် အကျိုးအမြတ် ခွဲဝေရေးအတွက် ဘာတွေလုပ်ကြမှာပါလဲ...

ဆည်ဆိုတိုင်း ဘာကြီးဖြစ်နေနေ ဆောက်ခွင့်မပြု ကန့်ကွတ်ကြမှာလား...

စနစ်တစ်ကျနဲ့ စံချိန်မီဆောက်ဖို့ မြန်မာပြည်အတွက် အကျိုးအမြတ်ရှိဖို့ အားပေးရမှာ မဟုတ်လား...

ကိုယ့်ဆီက ဆည်တွေကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင်... တိုင်းပြည်အတွက် အကျိုးအမြတ် ဖြစ်ထွန်းအောင် မကာကွယ် လမ်းမညွှန်ကြပဲ ဆည်ဆိုတာနဲ့ ကန့်ကွတ်၇မယ်လုပ်... မြစ်ညှာမယ် သူများတိုင်းပြည်က ဆောက်တာတွေကျ ထိုင်ကြည့်နေကြရတယ်ဆိုရင် ခင်ဗျားတို့ လုပ်နေကြတဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးဆိုတာရဲ့ အဓိပ္ပါယ်ကို ပျော်ပျော်ကြီးဖွင့်ဆိုပြီး ဂုဏ်ယူနိုင်ကြပါပြီ....


Top of Form
Bottom of Form
Top of Form
Bottom of Form



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>