Quantcast
Viewing all articles
Browse latest Browse all 1811

ဖေ့စ်ဘုတ် ထဲ က သတ္တ၀ါကြီး




Photo- ကျွန်တော့် အိပ်ခန်းလေး
===================
ကျွန်တော် ဖေ့စ်ဘုတ်ကို ....
၂၀၁၁ နှစ်ကုန်ခါနီးမှာ စသုံး ဖြစ်ခဲ့ပါတယ်….

သတင်းတွေ ဖတ်ရုံ သက်သက် ပါပဲ …..
အမှန်အတိုင်းပြောရင် ......
မြန်မာလိုတောင် စာ မရိုက်တတ်ခဲ့ ပါဘူး….
သုံးရင်း သုံးရင်းနဲ့ ....
ကိုယ် ကျင်လည်ခဲ့ ဖူးတဲ့  တပ်မတော်သားတွေရဲ့ ဘ၀ကို .....
လူအများ နားမလည်ကြ ပါလားဆိုတာ .....
တွေ့  မြင်ရ များလာချိန်မှာ….
ကျွန်တော် စာ စ ရေးဖို့ ကြိုးစားမိပါတယ်….

မြန်မာလို စာ မရိုက်တတ်တဲ့ အတွက် ….
ကျွန်တော့်ရဲ့ ပထမ ဦးဆုံး ဆောင်းပါး .....
၈၈ ကျောင်းသား နဲ့ နိုင်ငံရေးသမားများ သိထားဖို့ အချက် ၈ ချက် ဆိုတာကို ....
ကျွန်တော်က ပါးစပ်က ရွတ်ပြီး ....
တပည့် မလေး တစ်ယောက်က စာ လိုက်ရိုက်ပေးကာ ....
ဖေ့စ်ဘုတ် လောကကို စ၀င်ရောက်ခဲ့တယ် ဆိုရမှာပါ…..


၂၀၁၂ တစ်ခုလုံး ....
ကဗျာတို ကဗျာစလေးတွေ ရေးလိုက် ….
သူငယ်ချင်း အကောင့် တစ်ချို့ မှာ ....
မှတ်ချက် အတိုအထွာ လေးတွေ ရေးလိုက် ….
ဒါ ကျွန်တော့် ဖေ့ဘုတ်ဘ၀ အကုန်ပါပဲ…..

၂၀၁၂ အကုန် လောက်မှာတော့ ....
နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအတိုအစ လေးတွေ ....
အတော် ရေးဖြစ်ပါတယ်…..
ဒါပေမယ့် တကယ်တန်း ပြောရရင်တော့ .....
ကဗျာတွေ ရေးသလောက်ကို မရေးဖြစ်ခဲ့တာပါ…..

ဒီ ဇာတ်လမ်းမှာ ....
ခြေတစ်ချက် ကျွံမိသွားတာက ၂၀၁၃ မှာ စဖြစ်ပါတယ်…..
အပြင်လောက က.....
စိတ်ထိခိုက်စရာ အဖြစ်အပျက် တစ်ချို့ ကို မေ့ထားဖို့ …..
ဖေ့စ်ဘုတ်ကို ပို သုံးရင်း….သုံးရင်း….
တပ်မတော် ဘာလဲ ဘယ်လဲ ဆောင်းပါးတွဲ တွေကို ....
စ ရေး ဖြစ်ပါတယ်….

စာဖတ်တဲ့ သူ တွေတော့ မသိပါဘူး….
ကျွန်တော်ကတော့ ....
နောက်ပြန်လှည့်မရတဲ့  ခရီးရှည်ကြီး တစ်ခုကို .....
ခရာမှုတ် တာထွက်လိုက် မိပါပြီ ….

ကိုယ် သိထားပြီးသား အဖြစ်အပျက်တွေပေမယ့် ......
စာနဲ့ တိတိကျကျ ရေးဖို့ စဉ်းစားချိန်မှာ …..
စာတွေ အများကြီး ပြန်ဖတ် ....
ဖုန်းတွေ အများကြီး ပြန်ဆက် .....
စကားတွေ အများကြီး ပြန်ပြောရပါတော့တယ်…..

မှတ်မှတ်ရရ ....
တပ်မတော် ဘာလဲ ဘယ်လဲ အပိုင်း တွေထဲက ....
ယိုးဒယားနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲစဉ်တွေမှာ…
ကျွန်တော်…မိတ်ဆွေ ၃၀ ၄၀ လောက်ထိ ဖုန်းဆက် ပြီး ....
ဖြစ်ရပ်တွေကို အတည်ပြုခဲ့ရပါတယ်….
တစ်ချို့ ကို လဲ အပြင်မှာ သွားတွေ့ ဖြစ်ပါတယ်…
လေတပ်က သူငယ်ချင်းတွေ…
အမြောက် ပစ်ကူပေးခဲ့တဲ့  အမြောက်တပ်က ဘော်ဒါတွေ….
ပါချီးစခန်း တိုက်ခံရတုန်းက ရှိခဲ့တဲ့ မိတ်ဆွေတွေ….
စသဖြင့်ပါ …..

အချက်အလက်တွေကို တိတိကျကျ တင်ပြနိုင်ဖို့ ......
ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်တော်ဟာ….
တစ်ဖြေးဖြေး ဖေ့စ်ဘုတ်ထဲကို ရောက်မှန်းမသိ ရောက် .....
ကျွံမှန်း မသိ ကျွံဝင်လာပါတယ်…

တဖြည်းဖြည်း နဲ့ ကိုယ့် ရဲ့ အပြင်ဘ၀က ....
မှုန်ဝါး ဖျော့တော့လာပြီး ....
ဖေ့စ်ဘုတ် ထဲက ဘ၀က ....
တကယ့် ဘ၀ အစစ်အမှန် လိုလို .....
ဘာလိုလို.... ဖြစ်လာပါတယ်….

တကယ်တော့ ကျွန်တော် ဟာ.....
ဖေ့ဘုတ်ထဲက ညှို့ ယူတတ်တဲ့ သတ္တ၀ါ တစ်ကောင်ရဲ့ .....
တရွတ်တိုက် ဆွဲခေါ်ခြင်းကို ခံနေရပါပြီ…..
အပြင်လောက က အဆင်မပြေမှု တစ်ချို့ .....
စိတ်ဒဏ်ရာ တစ်ချို့ ကြောင့် များ .....
ငါ ရုန်းကန်သင့်သလောက် မရုန်းကန်ဘဲ ......
စိတ်လျော့လိုက် မိသလားလို့ လဲ .....
ကိုယ့် ကိုယ် ကို ခဏခဏ တွေးမိပါတယ်…

ကျွန်တော် မပျော်တော့ပါဘူး….
တကယ်တော့ ကျွန်တော်ဟာ ....
သာမန် စစ်သားလူထွက် ...
လူလတ်ပိုင်း တစ်ယောက်ပါ….

တစ်ယောက်တည်း နေပါတယ်….
ညနေဆို ခြံထဲမှာ ကုလားထိုင်လေးချပြီး ...
တစ်ယောက်တည်း အာမီရမ်လေး သောက်ပါတယ်…
အမြည်းလဲ အိမ်ရှိတဲ့ ကြက်ဥလေးကြော် ..ပဲခြမ်းကြော် .....
နှမ်းဖတ်ချဉ်လေး သုပ် .....ဒီလောက်ပါပဲ ….

စိတ်လိုလက်ရ ရှိရင်လဲ ....
အပြင်က သာမန်ဆိုင်လေးတစ်ဆိုင်မှာ ....
ဘီယာ သောက် တတ်ပါတယ်…
စိတ်နည်းနည်း ရှုပ်တဲ့ နေ့ ဆို ....
နည်းနည်း ပိုသောက်ပါတယ်.....

တစ်ခါတစ်လေ…
ဘာကိုမှန်းမသိ ၀မ်းနည်းရင် .....
ခြံထဲမှာ ဂီတာဆင်း တီးတယ်….
နည်းနည်းအေးရင် ....
စစ်ဆွယ်တာ အဟောင်းလေး ထ ၀တ် တတ်တယ်….
အိပ်ခါနီး စာအုပ်လေးဖတ်တယ်…
ဘုရားတရားလေး သာမန်လောက် လုပ်တယ်…..
ပုတီးလေး နည်းနည်းပါးပါး စိပ်တယ်….
ကျွန်တော့် ဘ၀လေးကို ကျွန်တော်ပျော်ပါတယ်….

ဒါပေမယ့် ....
အခု အဲဒါတွေ ပျောက်ဆုံးနေခဲ့တာ ....
လ အတော်ကြာ သွားပါပြီ…
ဒီဖေ့စ်ဘုတ်ထဲက သတ္တ၀ါကြီး တစ်ကောင်က .....
ကျွန်တော့်ကို တတိတတိ ၀ါးမျိုနေသလို .....
ခံစား လာရပါတယ်….

ကြာတော့ ...
သူများတွေ စွပ်စွဲကြသလို ...
တာဝန်အရ ရေးနေသလိုလို ကြီးလဲ ဖြစ်လာပါတယ်….
ဒီနေ့ ..ငါ ဘာမှ မရေးရသေးပါလား .....
မဖြစ်သေးပါဘူး ရေးအုန်းမှပါ ဆိုတာမျိုးလဲ .....
ခံစားမိလာတယ်….

တစ်ခါတစ်လေ…
၂၀ - ၃၀ လောက်ရှိနေတဲ့  မက်ဆေ့ဘောက်ကို .....
ဖွင့်ရမှာ စိတ်ပျက်လာတယ်….

ကိုယ် ရေးတာက တစ်ခြား .....
သူ ပြောနေတာက တစ်ခြား ဆိုတဲ့ အဖြစ်အပျက်တွေကို .....
အံသြလာတယ်…

အပျင်းပြေလေး ....
ဝင်ဆဲသွားလိုက်အုန်းမယ် ဆိုတဲ့ လူမျိုး တွေကိုလည်း .....
စက်ဆုပ်လာတယ်….

အချစ် ကဗျာတစ်ခုရဲ့ အောက်မှာတောင် ....
စစ်အစိုးရမကောင်းကြောင်း ....
မျက်နှာပြောင်ပြောင်နဲ့ ဝင်ရေးတဲ့ .....
ပုဂ္ဂိုလ် တွေ ကိုလည်း နှာခေါင်းရှုံ့ လာတယ်….

နာမည် ၀ှက်နဲ့ ရေးတဲ့ အကောင့်ကနေ .....
နာမည် အစစ်နဲ့ ရေးတဲ့ အကောင့်တွေကို .....
လက်ခမောင်း ထ ထ ခတ် ပြနေတာ တွေကိုလဲ ....
နားမလည် ဖြစ်လာတယ်….

ဘယ်လောက် ရှင်းပြပြ ....
တစ်ပတ် လောက်ကြာရင် ....
အစက ပြန်ပြန် ရှင်းပြနေရတဲ့ လူတစ်ချို့ ကိုလဲ ....
ငြီးငွေ့ လာတယ်…

ကျွန်တော် တင်လိုက်တဲ့ ပို့ စ် ရဲ့  လမ်းကြောင်းကို ......
ရည်ရွယ်ချက် တစ်ခုနဲ့ .....
စနစ်တကျ ပြောင်းပြစ်ဖို့ အမြဲ ကြိုးစားတတ်တဲ့ .....
အရေးအသား တစ်ချို့ ကိုလဲ ....
သတိပြုမိလာတယ်….

နောက်ပိုင်းမှာ ....
ကျွန်တော် သဘောပေါက်လာပါတယ်….

လက်ခံ သဘောပေါက်နိုင်မယ့် ...
စိတ်အခြေအနေ မရှိသေးတဲ့ ....
လူတစ်ချို့ ကို ရှင်းပြဖို့ ကြိုးစားနေတာသည် ....
ကျွန်တော့် အချိန်တွေကို ....
အလဟတ်သတ် ဖြုန်းတီး ပြစ်နေတာပဲ ဆိုတာကိုပါ…

ပဋာဇာရီ ဇာတ်တော်ထဲမှာ ....
အရူး တစ်ပိုင်း အ၀တ်မကပ် ဖြစ်နေတဲ့ မိန်းမငယ်ကို ....
ချက်ချင်း တရားဟောဖို့ မကြိုးစားပဲ .....
လူမသေတဲ့ အိမ်က မုန်ညင်းဆီကို အရင် ရှာခိုင်းပြီး .....
စိတ်ကို ဆောက်တည်မှုရသွားအောင် .....
အရှိတရားကို လက်ခံ သတိပြုမိသွားအောင် လုပ်ပြီးမှ ....
တရား စဟောခဲ့တဲ့  ....
မြတ်စွာ ဘုရားရှင် ရဲ့ နည်းဗျူဟာကိုလဲ ....
ပိုပို သဘောပေါက် ကြည်ညို လာမိပါတယ်…

နောက်ပိုင်း ...ကျွန်တော် ပြောင်းသွားပါပြီ….
သိပ် စိတ်ရှုပ်ခံ မနေတော့ပါဘူး…..
ကိုယ် ရေးစရာရှိတာ ရေးတယ် ....
ထောက် ပြစရာရှိတာ ထောက် ပြတယ်…
ရှင်းပြလို့ နားမလည်လောက်ဘူး ထင်တဲ့ သူ တစ်ချို့ ကို လဲ .....
ကြိုးစား ရှင်းပြ မနေတော့ပါဘူး..
စိတ်အနှောက်အယှက် လာပေးတယ်ထင်ရင်လဲ ....
ဘလော့ လိုက်ပါတယ်….

အဲဒီလိုတွေ လုပ်လို့ .....
ဒီမိုကရေစီ မကျဘူးဆိုလည်း ....
မကျဘူးပဲ ထားလိုက်ပါ…..

ဒါတွေကို ဦးစား မပေးတော့ပဲ ....
ပို့ စ်တွေကိုပဲ အချက်အလက် ပိုပြည့်စုံအာင် ....
အထောက်အထား ပိုခိုင်လုံအောင် ....
ပိုပြီး လက်တွေ့ ကျလာအောင် ....
ပိုပြီး အင်အား ရှိလာအောင်......
ကြိုးစားသွားမယ်လို့ ပဲ စဉ်းစား မိပါတယ်…

ကောမန့် တွေထဲက ....
အားလုံးလဲ သိသင့်တယ် ထင်တဲ့  .....
သဘောရိုးနဲ့ လဲ မေးတယ် ထင်တဲ့ .....
မေးခွန်းတွေကို ပြန်ဖြေပါမယ်….

သာမန်ကတော့ ....
ကျွန်တော် ခပ်ပြုံးပြုံးပဲ နေပါတော့မယ်….
ဖေ့စ်ဘုတ်ထဲက သတ္တ၀ါကြီး ကို လဲ ကြိုးစား ခုခံရင်း……
လက်တွေ့ မကျတဲ့  ...
အိပ်မက် ဆက်မက်နေသူ တွေကို လဲ လှုပ်နိုးရင်း .....
ကျွန်တော် ၀ါသနာပါတဲ့ .....
ကဗျာလေးတွေ တစ်ချို့ လဲ ညှပ်ရေးရင်းပေါ့ဗျာ….
    
Ye Moe

( လေးစားစွာဖြင့် ရဲမိုး )


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...