Quantcast
Viewing all articles
Browse latest Browse all 1811

ဖေ့ဘုတ် ပေါ်က သတ္တ၀ါကြီး - ၂



ဖေ့ဘုတ် ပေါ်က သတ္တ၀ါကြီး - ၂
====================

ဖေ့ဘုတ် သုံးတာ သက်တမ်းကြာလာတာနဲ့ အမျှ….
ဖေ့ဘုတ် ပေါ်က စတေးတပ် နဲ့ ကောမန့် ရေးသားသူတွေကို ….
အမျိုးအစား ခွဲခြားတတ်လာတာပါပဲ….
အကြမ်းဖျင်းတော့ ….
တပ်မတော် ထောက်ခံသူ အုပ်စု ကြားနေအုပ်စု နဲ့ ….
ဆန့် ကျင်ဘက် အုပ်စုဆိုပြီး သုံးခု ခွဲခြားနိုင်ပါတယ်….
အဲဒီကမှ ကြားနေ နဲ့ ဆန့် ကျင်ဘက် ကို ….
အမျိုးအစားခွဲမယ်ဆိုရင်…
ခြောက်မျိုးလောက် ထပ်ခွဲလို့ ရပါတယ်….။



ပထမ တစ်မျိုးက ….
ကိုယ် ရေးတဲ့ စာတွေကို တကယ်စိတ်ဝင်စားသူ အုပ်စုပါ…..
သေချာဖတ်ပါတယ်…
ဆိုလိုရင်းကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပါတယ်….
ပြီးရင် ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ….
ချက်ကျလက်ကျ မေးခွန်းတွေထုတ်တော့တာပါပဲ…..
ကိုယ်ကလဲ သေသေချာချာ ပြန်ရှင်းပြရပါတယ်…..
မတူညီတဲ့ အမြင် ကွဲပြားခြားနားတဲ့ ရူထောင့်က သုံးသပ်ချက်တွေနဲ့ …..
အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ အမျိုးအစားပါ…..
သူ ဆွေးနွေးနေတဲ့ ကိစ္စအတွက် ….
လုံလောက်တဲ့  ဗဟုသုတ ရှိပြီးဖြစ်တဲ့ အတွက်….
သူ့ မေးခွန်းတွေက တစ်ဆင့် …..
ကိုယ်လဲ အများကြီး ပညာ ပြန်ယူရတာတွေ ကြုံရတတ်ပါတယ်….။

ဒုတိယ အမျိုးအစားကတော့ ….
သူ့ မှာ ခိုင်မာတဲ့  ယုံကြည်မှု ရှိပါတယ်…
ထိုက်သင့်တဲ့ ဗဟုသုတ ရှိပြီး ….
တစ်ချို့ အချက်တွေကို တိတိကျကျ ထောက်ပြနိုင်ပါတယ်….
အမြင်မတူတာကို လက်ခံနိုင်စွမ်း ရှိပါတယ်….
ဒါပေမယ့် အဖြစ်များတာကတော့ ….
မြန်မာ့ နိုင်ငံရေးဖြစ်စဉ် တစ်ခုလုံးကို overview က မကြည့်ပဲ ….
အဖြစ်အပျက် တစ်ခုချင်းစီကိုပဲ ဦးတည်သုံးသပ်လေ့ရှိပါတယ်….
သူတို့ ထောက်ပြတဲ့ အချက်တွေကလဲ ….
အဖြစ်အပျက်တစ်ခုချင်းစီရဲ့ လွဲချော်မှုတွေ …
အံဝင်ခွင်ကျ မဖြစ်မှုတွေ….ညံဖျင်းမှုတွေ ..
ဒါတွေကို ပဲ ဦးတည် လေ့ရှိပါတယ်….
ဒါတွေ ဆက်မဖြစ်အောင်ဘယ်လို လုပ်ရမယ် ….
ဘယ်လို ပြောင်းလဲသင့်တယ် ဆိုတဲ့ ….
အနာဂတ် စီမံခန့် ခွဲမှု အပိုင်းမှာတော့ ….
တွေးထားတာ မရှိသလောက် ….
အတော် အားနည်းတတ်တာကို တွေ့ ရပါတယ်….။

တတိယ အမျိုးအစားကတော့ ပိုယေဘုယျ ဆန်ပါတယ်…
လက်ရှိ အဆင်မပြေမှုတွေကို တစ်ချိန်လုံး လက်ညိုးထိုးပါတယ်…..
သူတို့ ဆီမှာ အစိုးရ မုန်းတီးရေး ၀ါဒ ဟာ ….
အတော်အမြစ်တွယ်နေပါပြီ….
သူတို့ ကိုတော့ ရှင်းပြရအတော်ခက်ပါတယ်…
လက်ရှိကို မကြိုက်ဘူး ….
နောက်လူက ဘယ်သူဖြစ်ဖြစ် လက်ရှိ မဟုတ်ရင် ပြီးတာပါပဲ …
ဒီထက်တော့ ကောင်းအောင် လုပ်နိုင်မယ်…
ဘယ်လိုလုပ်မလဲ လို့ တော့ မမေးနဲ့ စိတ်မ၀င်စားဘူး…….
လက်ရှိထက်တော့ ကောင်းမှာပဲ လို့  ယုံကြည်တတ်ပါတယ်…..
မသိလို့ မဟုတ်ပဲ စိတ်ခံစားမှုပေါ်မူတည်ပြောနေတာ ဖြစ်လို့ ….
ကျွန်တော် ကိုယ်တိုင်လဲ ….
သိပ် တိတိကျကျ ပြန်ရှင်းလေ့မရှိပါဘူး…..
ဟီးဟီး..ဟားဟား…အပြောင်အပျက် ရယ်စရာတွေနဲ့ ပြီးသွားတာပါပဲ……။

စတုတ္ထကတော့ ….
လူငယ်အများစု နဲ့ လူလတ်ပိုင်း တစ်ချို့  အထိ ပါပါတယ်….
စာဖတ်အတော်နာတဲ့ လူငယ်တွေလဲ ….
ညှပ်ပါလာတာကို တစ်ချက်တစ်ချက် တွေ့ ရတတ်ပါတယ်…..
စစ်တပ် ဆန့် ကျင်ရေး အားကောင်းတဲ့ ခေတ်မှာ မွေးလာသူတွေ ဖြစ်လို့  …..
စစ်တပ်သာ နိုင်ငံရေးက ထွက်လိုက်ရင်…
အားလုံးကောင်းပြီလို့  ယူဆတဲ့ သူက အများစုပါ….
သမိုင်းကို မဆလ ခေတ်ကလို လိုသလောက်ပဲ ကွက်ပြီး အသိပေးခံရတဲ့ အတွက်….
လက်ရှိ တိုင်းပြည် ဒီအနေအထား ရောက်သွားတာသည် ….
စစ်တပ်ကြောင့်လို့ တစ်ထစ်ချ ယုံကြည်ကြပါတယ်…
ပြည်တွင်းစစ်ဟာ စစ်တပ်က မွေးထားတာ ….
စစ်တပ်ကြောင့်ဖြစ်လာတာ ဆိုတာမျိုး အထိ ….
အစွန်းရောက်တဲ့ သူတွေလဲ ပါဝင်တတ်ပါတယ်…
စကားများရတာက လွဲပြီး ဘာမှအဖြေမရတဲ့ အတွက် ….
ကျွန်တော် ပြန်ပြောလေ့ မရှိတဲ့ အုပ်စုပါ…
စိတ်ရှုပ်နေချိန် ဆိုရင် အာရုံနောက်လို့ ….
ဘလော့လိုက်တဲ့ အထဲ ပါတဲ့ အုပ်စုမျိုးဆိုလဲ မမှားပါဘူး…..။

ဒီ အမျိုးအစား လေးမျိုး ထိက ….
တိုင်းပြည်ကို ကောင်းစေချင်တဲ့ စိတ် …..
တိုးတက်စေချင်တဲ့ စိတ်ရှိတာ ….
အကုန်တူညီစွာ ရှိတာတွေ့ ရပါတယ်…..။

ပဉ္စမ အမျိုးကတော့ ….
ရည်ရွယ်ချက်တစ်ခုနဲ့ လုပ်နေတဲ့ အုပ်စုပါ…
မုန်းတီးမှုကြောင့်ဖြစ်ဖြစ်…
နိုင်ငံရေး ရည်ရွယ်ချက်ကြောင့်ဖြစ်ဖြစ် …
စနစ်တကျ အထောက်အထားတွေနဲ့ ….
ဦးတည် ထိုးနှက်လေ့ရှိပါတယ်….
များသောအားဖြင့် ပြည်ပက အုပ်စုတွေပါ…
စတေးတပ်စ်တစ်ခု တင်လိုက်တာနဲ့ …
အဲဒီ စတေးတပ်စ်က ပေးချင်တဲ့ အချက်ကို မရောက်အောင် …..
ကွန့် မန့် တွေနဲ့  စနစ်တကျ လမ်းကြောင်းကို လွှဲခေါ်သွားလေ့ရှိပါတယ်….
သူတို့  ကောမန့် တွေဟာ…
အစိုးရရဲ့ အားနည်းချက်ကို ….
ထပ်ခါတလဲလဲ ထောက်ပြပြီး…..highlight လုပ်လေ့ရှိပါတယ်…
ဒီလိုလုပ်ခြင်းအားဖြင့် …..
အစိုးရရဲ့ လုပ်ဆောင်ချက် အကောင်းတွေကို ….
မှေးမှိန်ဖျော့တော့ သွားစေပြီး….
မုန်းတီးရေးကို ပိုအား ကောင်းသထက်ကောင်းအောင် …..
ရေးသားတတ်လေ့ရှိပါတယ်….
သူတို့ ရေးတဲ့ အချက်မှာ ၀င်ဆွေးနွေးလိုက်တာနဲ့  ….
ကောမန့်  သုံးလေးရာလောက်ဖြစ်သွားပြီး ….
တင်လိုက်တဲ့ စတေးတပ်စ်ကိုတောင် ….
ဖတ်ရူနေသူက မေ့လျော့ သွားစေပါတယ်….
ကျွန်တော့်  Blocklist ထဲက လူအများစုပါ….။

ဆဋ္ဌမ အမျိုးအစားကတော့ ….
ဆဲမယ်ဆိုတဲ့ သူတွေနဲ့ …
ပေါကြောင်ကြောင် လာရေးတဲ့ သူတွေပါ…..
ဆဲတဲ့ သူက တော့ တန်းဘလော့လိုက်လို့ ကိစ္စပြတ်သွားပေမယ့်….
ပေါကြောင်ကြောင် လူတွေကတော့ ….
တစ်ခါတစ်လေ…စိတ်လိုလက်ရရှိရင်လဲ ထားထားတတ်ပါတယ်…
များသောအားဖြင့် အခြေအမြစ်မရှိတဲ့ ….
ကောလဟာလတွေ လာရေးနေတာမျိုးပဲ များပါတယ်….
ဒါ ကျွန်တော် ကြုံတွေ့ နေကြ ဖေ့ဘုတ်ထဲက ….
ကောမန့် ရေးနေကြ လူ ၆ မျိုး ပဲ ဖြစ်ပါတယ်…..။

ဒါပေမယ့် ကျွန်တော် တစ်ချက်သတိထားမိတာက ….
ဘယ်ထဲမှာမှ မပါပဲ ….
အားလုံးရဲ့ ငြင်းခုန်ဆွေးနွေးမှုတွေကို ….
စောင့်ကြည့်နေတဲ့ သူတွေပါ …..
တကယ်တော့ ဒီလူအုပ်စုကပဲ ဖေ့စ်ဘုတ်ပေါ်မှာ အများဆုံးပါ….
သူတို့ ထဲမှာ တကယ်တတ်သိနားလည်တဲ့  ပုဂ္ဂိုလ်တွေ ….
အများကြီးပါဝင်နေမယ်ဆိုတာ…
ဘာမှ သံသယရှိစရာ မလိုဘူးလို့  ….
ကျွန်တော် သေချာပေါက်ယုံကြည်မိပါတယ် ခင်ဗျား……။

( ကောမန့် များနဲ့  လုံးချာလည် ရဲမိုး ) —

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>