Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ကျွန်တော်တို့မြို့လေးအကြောင်း

$
0
0
Photo: (ကျွန်တော်တို့မြို့လေးအကြောင်း)  ဇာတိမြေပွင့်လန်း၍ နိုင်ငံအနှံ့ပြန့်ပါစေ …………………… (၁)  " ဤတံဆိပ်တုံးသည် အသုံးမကျချေ။  ငါသေလျှင် တံဆိပ်တုံးကြီးကို ခေါင်းအုံးနံဘေး ချထားမည်ကို ငါရှက်နိုးလှသည် "  မင်းတုန်းမင်းတရားကြီး ဆက်ကပ်သည် ရာဇဂုရုခတ်နှိပ်သော မင်းဆရာ တံဆိပ်တော်ကို ပယ်တော်မူ၍ ကျောင်းသို့ ပြန်ကြွှတော်မူ သည့်ဆရာတော်ကြီးမှာ ပထမထွဋ်ခေါင်ဆရာတော်ကြီးပင် ဖြစ်သည်။    မင်းတုန်းမင်းတရားကြီးက ကြည်ညိုတော်မူ၍ ၀တ်မြေများကို လှူတော်မူသည်။  ဆင်မချောင်ကိုလည်း ဓမ္မိကချောင်ဟု ကျောက်စာကမ္ပည်း စိုက်ထူပြီးလျှင် အခိုင်အမာပြုပြင်လှူဒါန်းလေသည်။  ဘုရင်မင်းမြတ်သာ လျှင်မဟုတ်၊ မင်းမိဖုရား၊ မှူးမတ်ကြီးငယ်တို့သည်လည်း ကြည်ညိုဆည်းကပ်၍ ဆောက်လုပ်လှူဒါန်းအပ်သော အဆောက်အဦတို့ကား များလှစွာ၏။  ဆရာတော်ကြီးသတင်းသုံးတော်မူသည့် ဓမ္မိကချောင်၌ ၀ိပဿနာ ဓူရာဝဟဖြစ်ကုန်သော ပဋိပတ္တိ သာသန၀န်ထမ်းရဟန်းသံဃာတော် သုံးရာကျော်ရှိသည့်အပြင် လူသူလေးပါးတို့နှင့် ရာပြွန်းထွေးယှက် ၀င်ထွက်သွားလာခြင်းတို့ဖြင့် ၀ိဝေက မရလောက်အောင် စည်ကားပြည့်သိပ်လာသည်။ သို့ဖြစ်၍ ဆရာတော် ဘုရားကြီးသည် ၀ါလနီးတိုင်း ဓမ္မိကချောင်မှ မင်းကွန်းရွှေမြင်တင်တောင်သို့ ကြွရောက်၍ ၀ါကပ်တော်မူခဲ့သည်။  ထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် ပါမောဇ္ဇကျမ်း ၁၃ ကျမ်းကိုပြုစုတော်မူခဲ့ပါသည်။  ထိုကဲ့သို့ ဘုန်းတန်ခိုးကြီးတော်မူသော ဆရာတော်ဘုရားကြီးကို  ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြင်းကုန်းရွာ၌ လယ်ရှင်ဖြစ်သော ဦးလူကြီး၊ ဒေါ်မေတို့မှ သက္ကရာဇ် ၁၁၆၀ ပြည့်နှစ်၊ တပေါင်းလပြည့် အင်္ဂါနေ့နံနက်တွင် ဖွားမြင်တော်မူခဲ့ခြင်း ဖြစ်ပေသည်။ (၂)   ၁၁၂၇ ခုနှစ် (ခရစ်သက္ကရာဇ် ၁၇၆၅ )တွင် မြန်မာပဲ့နင်းကြီး သမန္တမှ ရုံးစိုက်မြို့တည်ရန်အတွက် မြေ နေရာကို ရွေးချယ်ခဲ့ပြီး ချုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်းသောအခါ စေတီ၊ မြို့ရိုးနှင့် ကျုံးဟောင်းတို့ကို တွေ့ရှိ ကြလေသည်။  အရပ်လေးမျက်နှာပတ်လည်ရှိသည့် စေတီမုဒ်ဦးနှင့် မြို့ရိုးတို့ကို အစွဲပြု၍ လေးမျက်နှာမြို့ဟု ခေါ်တွင်စေခဲ့ပါသည်။ ထိုစေတီနှင့် မြို့ရိုးမှာ ပဲ့နင်းကြီး သမန္တမြို့မတည်မီ နှစ် ၅၀ က မွန်ဘုရင် ဗညားဒလ တည်ထားသည့် စေတီနှင့် မြို့တို့ဖြစ်လေသည်။ လေးမျက်နှာမြို့သည် ယခင်က မွန်ဒေသဖြစ်ခဲ့လေသည်။  ထိုမွန်ဒေသတို့အား အလောင်းမင်းတရားကြီးမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ မြို့ပျက်၍ တောအဖြစ် တည်ရှိခဲ့သည်။  ပဲ့နင်းကြီး သမန္တမှ မြို့တည်ရန်အတွက် တောများကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။  လေးမျက်နှာမြို့သည် နှစ်အားဖြင့် ၂၄၈ နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။   (၃)    မွေးရပ်မြေဇာတိ လေးမျက်နှာမြို့ကို ပြန်သည့်အခါတိုင်း မိမိမြို့လေးအကြောင်းကိုရေးချင်နေ သည်မှာကြာမြှင့်ပြီဖြစ်သော်လည်း မရေးဖြစ်ခဲ့ပါ။  အချက်အလက်များ လိုအပ်မှု၊ တိကျမှုရှိရန်လိုနေသော ကြောင့်ဖြစ်သည်။  ကျွန်တော်တို့ မြို့လေးအကြောင်း ကျွန်တော်ဘယ်အရပ်ဒေသရောက်ရောက် ဂုဏ်ယူစွာ ပြောဆိုလေ့ ရှိပါသည်။  ဘယ်နေရာရောက်ရောက် မွေးရပ်မြေကို ပြန်ချင်စိတ်က ရှိနေသည်ပင်ဖြစ်သည်။  မင်းက ဘယ်ကလဲကွဟုမေးတိုင်း ဧရာဝတီတိုင်း၊ လေးမျက်နှာကပါဆိုလျှင် မသိကြ။  ဟင်္သာတ ဘက်ကဆိုလျှင်တော့သိကြသည်။  ဒီတော့ကျွန်တော်တို့မြို့လေးအကြောင်းကို ပို၍ပြောပြချင်မိပါသည်။ ကြွား သည်ဟုဆိုဆို ကျွန်တော်ကတော့ ကျွန်တော်တို့မြို့ကထွက်သည့် ဆရာတော်ကြီးတွေအကြောင်း၊ မျိုးချစ် ပုဂ္ဂိုလ်တွေအကြောင်း၊ စာပေအနုပညာရှင်များအကြောင်း ပြောပြဖြစ်ခဲ့ပါသည်။  ပထမထွဋ်ခေါင်ဆရာတော်ကြီးအပါအ၀င် ဟံသာဝတီဆရာတော် ဦးဂန္ဓမာလာဆရာတော်၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တတေလာဝံသ ရေတံခွန်ဆရာတော်၊ နိုင်ငံတော်သြ၀ါဒစရိရ ဘဒ္ဒန္တပဏ္ဍိတသီရိ ရွှေဟင်္သာ ဆရာတော်ဘုရာကြီးနှင့် အောင်ဆန်းဆရာတော်ဘုရားကြီးတို့သည် လေးမျက်နှာမြို့မွေးဇာတိများဖြစ်ကြ ပါသည်။   အနုပညာယဉ်ကျေးမှုဘက်တွင် ဦးဘသော်(ဇာတ်မင်းသား)၊ ဦးခင်မောင်(အောက်ချင်းဗိုလ်)၊ ၀ဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ စန္ဒရားလူမော်၊ ဆိုဗီယက်ပြန် အာဇာနည်စန်းစန်းနှင့် ဦးမော့်စ်ဟူသော ထင်ရှားသောပညာရှင်များသည်လည်းကောင်း၊ ကဗျာဆရာ ဦးစောရန်နောင်(ဦးစောမောင်မောင်)သည် လည်း ကောင်း လေးမျက်နှာမြို့မှမွေးထုတ်ပေးရာ ပညာရှင်များဖြစ်ကြပါသည်။ (စာပေနယ်ဘက်တွင် လက်ရှိအချိန် တွင် ထင်ရှားသောသူများရှိပါလိမ့်ဦးမည်။ လေ့လာမှုအားနည်းချက်ကြောင့် ကျန်ခဲ့ရခြင်းဖြစ်ပါသည်။  စာရေး ဆရာမောင်ပိုင်တစ်ယောက်ထည့်သွင်းမည်ဆိုပါက နောင်အနာဂတ် မြို့သမိုင်းအတွက် အသင့်ဖြစ်ပါလိမ့်မည် ဟု)  သခင်ပညာလောကနှင့် ၀ိဓူရသခင်ချစ်မောင်မှာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင် ပုဂ္ဂိုလ်များဖြစ်ပါ သည်။   (၄)  ၁၉၉၃ ခုနှစ်တွင် င၀န်ဖြစ်ကမ်းပါးတိုက်စားမှုကြောင့် မြစ်၏အနောက်ဘက်ခြမ်းမှ အရှေ့ဘယ်ခြမ်းသို့ ပြောင်းရွှေ့မြို့တည်ခဲ့သည်။  ယခင်ကသင်္ဘောဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။  လှေများ၊ သင်္ဘောများဖြင့် ဟင်္သာတ၊ ပုသိမ်မြို့များသို့ ရေကြောင်းမှ ကူးလူးသွားလာနိုင်ခဲ့သည်။ သို့ကြောင့် ကုန်စည်သွားလာမှု များပြားခြင်းကြောင့် ဖွံ့ဖြိုးခဲ့သောမြို့ဖြစ်သည်။  အရှေ့ဘက်၌ ဟင်္သာမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်၊ တောင်ဘက်တွင် သာပေါင်းနှင့် ရေကြည်မြို့နယ်၊ မြောက်ဘက်၌ အင်္ဂပူမြို့နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး င၀န်မြစ်သည် မြို့၏ အလယ်မှဖြတ်သန်းစီးဆင်းလျက်ရှိသည်။  ယခင်က လမ်းပန်းဆက်သွယ်မှုနှင့် သွားလာမှုကွန်ယက်ဆုံရာမြို့ ဖြစ်ခဲ့သည့်အတွက် စည်ကားလှသော မြို့တစ်မြို့ဖြစ်ခဲ့ပါသည်။    လက်ရှိမြို့သစ်အဖြစ်ပြောင်းခဲ့သည်မှာ နှစ်ပေါင်း ၂၀ မျှကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြို့ဟုခေါ်လောက် သည့်ဂုဏ်မရှိခဲ့ပါ။  မြို့ယဉ်ကျေးမှုနှင့်တူသော လက္ဘက်ရည်ဆိုင်ကောင်းကောင်း၊ စာကြည့်တိုက်၊ ပန်းဥယျာဉ်၊ ဈေးရုံကောင်းကောင်း မရှိသော်လည်း အရက်ဆိုင်၊ စားသောက်ဆိုင်နှင့် ဘိလိယက်ခုံတို့ကတော့ ရှိနေလေပြီ။  ကျွန်တော့်မြို့လေးအကြောင်း ရေးသားနိုင်ရန် သမိုင်းအချက်အလက်များ ဖတ်ရှုမိသောအခါ ဖြစ်ခဲ့သည်၊ စည်ကားခဲ့သည်ဆိုသည့် စကားများအရေးသားများကို ဖတ်ရှုခဲ့ရသည်။  ကျွန်တော်ရေးသားရာ တွင်လည်း ခဲ့သည် ဆိုသည်ကို သုံးနှုန်းရပါသည်။  ခဲ့သည်ဆိုသည်မှာ အတိတ်ဖြစ်သည်။  မြို့လေးက ယခင် မြို့ဟောင်းတွင် ဖွံ့ဖြိုးတိုးတက်ခဲ့သလောက် လက်ရှိအချိန်တွင် တိုးတက်နေသည်၊ ဖွံ့ဖြိုးနေသည်ဟု ကျွန်တော်မခံယူမိပါ။ မသုံးနှုန်းမိပါ။  မြို့ပြ တိုးတက်မှုအတွက်များစွာ ကျန်နေသေးသည်။  ဘုန်းတော်ကြီးကျောင်းများစွာနှင့် ပရဟိတကျောင်းတို့ တည်ရှိသော်လည်း မြို့တည်ပြီး ၁၅ နှစ်မျှ ကြာခဲ့သော်လည်း မြို့တွင် မြို့ဘုရားစေတီမရှိခဲ့ပါ။  လွန်ခဲ့သောနှစ်အနည်းငယ်က အောင်ဆန်းဆရာတော်ကြီး မှ ဦးဆောင်၍ တည်ထားကိုးကွယ်ခဲ့သည့်အခါမှ သံသရာငြိမ်းအေး ဘုရားကြီးကို ဖူးမျှော်ခွင့်ရရှိခဲ့ရပါသည်။  ကျွန်တော်တို့မြို့လေးကို အိမ်နံပါတ်၊ လမ်းအမည်တို့ဖြင့် လာရောက်ပါက တွေ့ရန်ခက်ခဲပါလိမ့်မည်။  ဘယ်သူ့သား၊ ဘယ်သူ၊ ဘာလုပ်တာဟေ့ဆိုလျှင်ဖြင့် အလွယ်တကူ ရှာဖွေတွေ့ပါလိမ့်မည်။  အချင်းချင်း သိသည်။  ကူညီကြသည်။ သာရေးနာရေးကိစ္စအ၀၀တို့ကို စည်းရုံးဆောင်ရွက်ကြသည်။ မြို့ပေါ်တွင် ပစ္စည်း ပျောက်မှုဆိုသည်မှာလည်း အလွန်နည်းပါးလှပါသည်။  တိုးတက်မှုကျန်နေသေးသည့်အတွက် တစ်ခုတော့ စိတ်ချမ်းသာမိပါသည်။  ညဘက်ရောက်လာ သည်နှင့် ကားသံ၊ စားသောက်ဆိုင်ကဆူညံသံတို့ တစ်ခုမျှမကြားရ။ တိတ်ဆိတ်အေးချမ်းလို့နေပါသည်။ ကျွန်တော့်မြို့လေးစီ အလည်လိုက်လာခဲ့သော သူငယ်ချင်းကို တရားအားထုတ်ချင်သူတွေ ဒီကိုလာလို့ ပြောခဲ့ မိပါသည်။ (၅)  မွေးရပ်မြေကို ကားစ၀င်သည်နှင့် ရပ်ကွက်က အိမ်လေးတွေငေးမော၊ တက်ခဲ့ရသည့် ကျောင်းတော် ကြီးတွေကို ငေးမောရင်း အိမ်အရောက်ဖြတ်သန်းလာခဲ့ပါသည်။   အိမ်ရောက်ပြီး မိဘ၊ သူငယ်ချင်းများကို တွေ့ဆုံရသည့်အတွက် ၀မ်းသာကြည်နူးမိသော်လည်း သူငယ်ချင်းတချို့ လုပ်ငန်းအဆင်ပြေသဖြင့် ဘယ်မြို့ကိုဖြင့် ပြောင်းရွှေ့သွားကြပြီ။ ဘယ်မိသားစုတော့ မရှိ တော့ဆိုသည့် စကားတွေကြားရသည့်အခါတိုင်း ကျွန်တော်ရင်ထဲတွင် ခံစားရမိပါသည်။  မြို့ပေါ်တွင် ၅ ရပ်ကွက်ရှိသည်။  ယခင်က အိမ်ခြေစိတ်၍ လူဦးရေများသည်။  တဖြည်းဖြည်း နှစ်ကာလကြာလာသည့်အခါ အိမ်ခြေတွေပါးလာကုန်ကြသည်။ တစ်ခေါက်ရောက်တိုင်း အိမ်တွေအစား ချုံနွယ် ပိတ်ပေါင်းများကိုသာ မြင်တွေ့နေရသည်။    လူဆိုသည်မှာ မိမိ မိသားစု၊ မိမိလုပ်ငန်း၊ မိမိဘ၀တိုးတက်ရေးအတွက် ရေကြည်ရာ မြက်နုရာတွင် ပြောင်းရွှေ့လုပ်ကိုင်ကြရမည်ပင်။  သို့သော်လည်း ကိုယ့်မြို့ကိုယ့်ရွာ၏ ဖွံ့ဖြိုးတိုးတက်နိုင်မှုကို လုပ်ဆောင် နိုင်ခြင်းမရှိပဲ အခြားအရပ်ဒေသ၏ ဖွံ့ဖြိုးမှုတွင် ဇိမ်ခံယူနေပါက ဇာတိကို တာဝန်မဲ့ရာကြသည်ဟု ကျွန်တော် မြင်မိပါသည်။ ကျွန်တော်ပင်လျှင် ၀န်ထမ်းဖြစ်သည်နှင့်အညီ မြို့လေးသို့ အလည်လောက် သာရောက် ဖြစ်တော့သည်။  သို့အတွက် ကျွန်တော်ထိခိုက်မိပါသည်။ ကိုယ့်မြို့ရွာ၊ ကိုယ့်ရပ်ရွာတိုးတက်ရေး အတွက် ကျွန်တော်ဘာမျှ လုပ်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါ။    ဒီမြို့လေးတွင် မွေး၊ ဒီမြို့လေးတွင်ကြီး၊ ဒီမြို့လေးတွင် ပညာသင်ကြားခဲ့ပြီး ဘ၀အတွက် အခွင့်အလမ်း တွေ၊ တိုးတက်လမ်းတွေရှာဖွေလုပ်ကိုင်နေသော်လည်း မြို့လေးအတွက် ဘာမျှပေးဆပ်နိုင်ခြင်းမရှိခဲ့ပါ။ ဇာတိတာဝန်မကျေပွန်ခဲ့ပါ။  မျက်နှာများသည်ဟုဆိုလေ့ရှိသော ဇာတိချက်ကြွေ လေးမျက်နှာမြို့လေးအတွက် တစ်မျက်နှာမှ မကျေခဲ့ခြင်းအတွက် မျက်နှာပျက်စရာဖြစ်နေလေပါပြီ။  (၆)  တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော စိတ်ဓာတ်တွေဖြင့် ကိုယ့်ဇာတိမြေကို ပစ်၊ ကိုယ့် နိုင်ငံကို မချစ်လေသောအခါ သေချင်သည့်ကျား တောပြောင်းမိသောအဖြစ်သို့ ရောက်ရှိသွားတတ်ပါသည်။  လူတစ်ဦးသည် မိမိကို မွေးဖွားပေးခဲ့သော မိဘကို ချစ်ရမည်။  ထို့အတူ မိမိမွေးဖွားရာ ရပ်ကွက်၊ ရွာ၊ မြို့ကိုချစ်ရပါလိမ့်မည်။  မိမိမြို့ကိုချစ်မှသာလျှင် မိမိမြို့တည်ရှိရာ တိုင်း၊ ပြည်နယ်ကို ချစ်လာပါလိမ့်မည်။ တိုင်း၊ ပြည်နယ်ကို ချစ်မှသာလျှင် အမိမြန်မာပြည်ကြီးကို ချစ်လာနိုင်ပါသည်။    ထိုသို့ မိမိဇာတိချက်ကြွေမွေးရပ်မြေကို ချစ်သည့်အခါ မိမိဇာတိကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် လာပါလိမ့်မည်။  လူတစ်ဦးချင်းစီက ဤသို့ မိမိ၏ အရပ်ဒေသကို ချစ်စိတ်၊ ဖွံ့ဖြိုးတိုးတက်ချင်စိတ်၊ စည်ပင် တိုးတက်အောင်ဆောင်ရွက်ချင်စိတ်၊ ငြိမ်းချမ်းအောင်လုပ်ကိုင်ပေးချင်စိတ်တွေ ရှိမှသာလျှင် လုပ်ကိုင်မှာ သာလျှင် အရပ်ဒေသအသီးသီးသည် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။  ထိုအခါ မိမိမြို့လေးကို ဘယ်ဒေသရောက်ရောက် ဒေသတိုင်းကလူတွေ သိပါလိမ့်မည်။ မိမိမြို့လေး၏ ဂုဏ်သတင်းမွှေးပျံ့ပါလိမ့်မည်။  ထိုမှတဆင့် တိုင်း၊ ပြည်နယ်နှင့် နိုင်ငံတော်ကြီး၏ ဂုဏ်ရနံ့သည်လည်း ကမ္ဘာ့ နိုင်ငံအနှံ့တွေ မြန်မာဟေ့ဟုဆိုသည်နှင့် သိအောင်၊ ဂုဏ်ယူနိုင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။  သို့မှသာ မိမိဇာတိမြေပွင့်လန်းမှုမှသည် နိုင်ငံအနှံ့ပြန့်နှံ့ပါပေမည်။  *************************  မောင်ပိုင် ၁၂-၁၁-၂၀၁၃ လေးမျက်နှာမြို့
(ကျွန်တော်တို့မြို့လေးအကြောင်း)

ဇာတိမြေပွင့်လန်း၍ နိုင်ငံအနှံ့ပြန့်ပါစေ
……………………
(၁)
"ဤတံဆိပ်တုံးသည် အသုံးမကျချေ။ ငါသေလျှင် တံဆိပ်တုံးကြီးကို ခေါင်းအုံးနံဘေး ချထားမည်ကို ငါရှက်နိုးလှသည် "
မင်းတုန်းမင်းတရားကြီး ဆက်ကပ်သည် ရာဇဂုရုခတ်နှိပ်သော မင်းဆရာ တံဆိပ်တော်ကို ပယ်တော်မူ၍ ကျောင်းသို့ ပြန်ကြွှတော်မူ သည့်ဆရာတော်ကြီးမှာ ပထမထွဋ်ခေါင်ဆရာတော်ကြီးပင် ဖြစ်သည်။
မင်းတုန်းမင်းတရားကြီးက ကြည်ညိုတော်မူ၍ ၀တ်မြေများကို လှူတော်မူသည်။ ဆင်မချောင်ကိုလည်း ဓမ္မိကချောင်ဟု ကျောက်စာကမ္ပည်း စိုက်ထူပြီးလျှင် အခိုင်အမာပြုပြင်လှူဒါန်းလေသည်။ ဘုရင်မင်းမြတ်သာ လျှင်မဟုတ်၊ မင်းမိဖုရား၊ မှူးမတ်ကြီးငယ်တို့သည်လည်း ကြည်ညိုဆည်းကပ်၍ ဆောက်လုပ်လှူဒါန်းအပ်သော အဆောက်အဦတို့ကား များလှစွာ၏။
ဆရာတော်ကြီးသတင်းသုံးတော်မူသည့် ဓမ္မိကချောင်၌ ၀ိပဿနာ ဓူရာဝဟဖြစ်ကုန်သော ပဋိပတ္တိ သာသန၀န်ထမ်းရဟန်းသံဃာတော် သုံးရာကျော်ရှိသည့်အပြင် လူသူလေးပါးတို့နှင့် ရာပြွန်းထွေးယှက် ၀င်ထွက်သွားလာခြင်းတို့ဖြင့် ၀ိဝေက မရလောက်အောင် စည်ကားပြည့်သိပ်လာသည်။ သို့ဖြစ်၍ ဆရာတော် ဘုရားကြီးသည် ၀ါလနီးတိုင်း ဓမ္မိကချောင်မှ မင်းကွန်းရွှေမြင်တင်တောင်သို့ ကြွရောက်၍ ၀ါကပ်တော်မူခဲ့သည်။
ထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် ပါမောဇ္ဇကျမ်း ၁၃ ကျမ်းကိုပြုစုတော်မူခဲ့ပါသည်။
ထိုကဲ့သို့ ဘုန်းတန်ခိုးကြီးတော်မူသော ဆရာတော်ဘုရားကြီးကို ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြင်းကုန်းရွာ၌ လယ်ရှင်ဖြစ်သော ဦးလူကြီး၊ ဒေါ်မေတို့မှ သက္ကရာဇ် ၁၁၆၀ ပြည့်နှစ်၊ တပေါင်းလပြည့် အင်္ဂါနေ့နံနက်တွင် ဖွားမြင်တော်မူခဲ့ခြင်း ဖြစ်ပေသည်။
(၂)
၁၁၂၇ ခုနှစ် (ခရစ်သက္ကရာဇ် ၁၇၆၅ )တွင် မြန်မာပဲ့နင်းကြီး သမန္တမှ ရုံးစိုက်မြို့တည်ရန်အတွက် မြေ နေရာကို ရွေးချယ်ခဲ့ပြီး ချုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်းသောအခါ စေတီ၊ မြို့ရိုးနှင့် ကျုံးဟောင်းတို့ကို တွေ့ရှိ ကြလေသည်။ အရပ်လေးမျက်နှာပတ်လည်ရှိသည့် စေတီမုဒ်ဦးနှင့် မြို့ရိုးတို့ကို အစွဲပြု၍ လေးမျက်နှာမြို့ဟု ခေါ်တွင်စေခဲ့ပါသည်။ ထိုစေတီနှင့် မြို့ရိုးမှာ ပဲ့နင်းကြီး သမန္တမြို့မတည်မီ နှစ် ၅၀ က မွန်ဘုရင် ဗညားဒလ တည်ထားသည့် စေတီနှင့် မြို့တို့ဖြစ်လေသည်။ လေးမျက်နှာမြို့သည် ယခင်က မွန်ဒေသဖြစ်ခဲ့လေသည်။
ထိုမွန်ဒေသတို့အား အလောင်းမင်းတရားကြီးမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှ မြို့ပျက်၍ တောအဖြစ် တည်ရှိခဲ့သည်။ ပဲ့နင်းကြီး သမန္တမှ မြို့တည်ရန်အတွက် တောများကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
လေးမျက်နှာမြို့သည် နှစ်အားဖြင့် ၂၄၈ နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။
(၃)
မွေးရပ်မြေဇာတိ လေးမျက်နှာမြို့ကို ပြန်သည့်အခါတိုင်း မိမိမြို့လေးအကြောင်းကိုရေးချင်နေ သည်မှာကြာမြှင့်ပြီဖြစ်သော်လည်း မရေးဖြစ်ခဲ့ပါ။ အချက်အလက်များ လိုအပ်မှု၊ တိကျမှုရှိရန်လိုနေသော ကြောင့်ဖြစ်သည်။
ကျွန်တော်တို့ မြို့လေးအကြောင်း ကျွန်တော်ဘယ်အရပ်ဒေသရောက်ရောက် ဂုဏ်ယူစွာ ပြောဆိုလေ့ ရှိပါသည်။ ဘယ်နေရာရောက်ရောက် မွေးရပ်မြေကို ပြန်ချင်စိတ်က ရှိနေသည်ပင်ဖြစ်သည်။
မင်းက ဘယ်ကလဲကွဟုမေးတိုင်း ဧရာဝတီတိုင်း၊ လေးမျက်နှာကပါဆိုလျှင် မသိကြ။ ဟင်္သာတ ဘက်ကဆိုလျှင်တော့သိကြသည်။ ဒီတော့ကျွန်တော်တို့မြို့လေးအကြောင်းကို ပို၍ပြောပြချင်မိပါသည်။ ကြွား သည်ဟုဆိုဆို ကျွန်တော်ကတော့ ကျွန်တော်တို့မြို့ကထွက်သည့် ဆရာတော်ကြီးတွေအကြောင်း၊ မျိုးချစ် ပုဂ္ဂိုလ်တွေအကြောင်း၊ စာပေအနုပညာရှင်များအကြောင်း ပြောပြဖြစ်ခဲ့ပါသည်။
ပထမထွဋ်ခေါင်ဆရာတော်ကြီးအပါအ၀င် ဟံသာဝတီဆရာတော် ဦးဂန္ဓမာလာဆရာတော်၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တတေလာဝံသ ရေတံခွန်ဆရာတော်၊ နိုင်ငံတော်သြ၀ါဒစရိရ ဘဒ္ဒန္တပဏ္ဍိတသီရိ ရွှေဟင်္သာ ဆရာတော်ဘုရာကြီးနှင့် အောင်ဆန်းဆရာတော်ဘုရားကြီးတို့သည် လေးမျက်နှာမြို့မွေးဇာတိများဖြစ်ကြ ပါသည်။
အနုပညာယဉ်ကျေးမှုဘက်တွင် ဦးဘသော်(ဇာတ်မင်းသား)၊ ဦးခင်မောင်(အောက်ချင်းဗိုလ်)၊ ၀ဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ စန္ဒရားလူမော်၊ ဆိုဗီယက်ပြန် အာဇာနည်စန်းစန်းနှင့် ဦးမော့်စ်ဟူသော ထင်ရှားသောပညာရှင်များသည်လည်းကောင်း၊ ကဗျာဆရာ ဦးစောရန်နောင်(ဦးစောမောင်မောင်)သည် လည်း ကောင်း လေးမျက်နှာမြို့မှမွေးထုတ်ပေးရာ ပညာရှင်များဖြစ်ကြပါသည်။ (စာပေနယ်ဘက်တွင် လက်ရှိအချိန် တွင် ထင်ရှားသောသူများရှိပါလိမ့်ဦးမည်။ လေ့လာမှုအားနည်းချက်ကြောင့် ကျန်ခဲ့ရခြင်းဖြစ်ပါသည်။ စာရေး ဆရာမောင်ပိုင်တစ်ယောက်ထည့်သွင်းမည်ဆိုပါက နောင်အနာဂတ် မြို့သမိုင်းအတွက် အသင့်ဖြစ်ပါလိမ့်မည် ဟု)
သခင်ပညာလောကနှင့် ၀ိဓူရသခင်ချစ်မောင်မှာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင် ပုဂ္ဂိုလ်များဖြစ်ပါ သည်။
(၄)
၁၉၉၃ ခုနှစ်တွင် င၀န်ဖြစ်ကမ်းပါးတိုက်စားမှုကြောင့် မြစ်၏အနောက်ဘက်ခြမ်းမှ အရှေ့ဘယ်ခြမ်းသို့ ပြောင်းရွှေ့မြို့တည်ခဲ့သည်။ ယခင်ကသင်္ဘောဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။ လှေများ၊ သင်္ဘောများဖြင့် ဟင်္သာတ၊ ပုသိမ်မြို့များသို့ ရေကြောင်းမှ ကူးလူးသွားလာနိုင်ခဲ့သည်။ သို့ကြောင့် ကုန်စည်သွားလာမှု များပြားခြင်းကြောင့် ဖွံ့ဖြိုးခဲ့သောမြို့ဖြစ်သည်။
အရှေ့ဘက်၌ ဟင်္သာမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်၊ တောင်ဘက်တွင် သာပေါင်းနှင့် ရေကြည်မြို့နယ်၊ မြောက်ဘက်၌ အင်္ဂပူမြို့နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး င၀န်မြစ်သည် မြို့၏ အလယ်မှဖြတ်သန်းစီးဆင်းလျက်ရှိသည်။ ယခင်က လမ်းပန်းဆက်သွယ်မှုနှင့် သွားလာမှုကွန်ယက်ဆုံရာမြို့ ဖြစ်ခဲ့သည့်အတွက် စည်ကားလှသော မြို့တစ်မြို့ဖြစ်ခဲ့ပါသည်။
လက်ရှိမြို့သစ်အဖြစ်ပြောင်းခဲ့သည်မှာ နှစ်ပေါင်း ၂၀ မျှကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြို့ဟုခေါ်လောက် သည့်ဂုဏ်မရှိခဲ့ပါ။ မြို့ယဉ်ကျေးမှုနှင့်တူသော လက္ဘက်ရည်ဆိုင်ကောင်းကောင်း၊ စာကြည့်တိုက်၊ ပန်းဥယျာဉ်၊ ဈေးရုံကောင်းကောင်း မရှိသော်လည်း အရက်ဆိုင်၊ စားသောက်ဆိုင်နှင့် ဘိလိယက်ခုံတို့ကတော့ ရှိနေလေပြီ။
ကျွန်တော့်မြို့လေးအကြောင်း ရေးသားနိုင်ရန် သမိုင်းအချက်အလက်များ ဖတ်ရှုမိသောအခါ ဖြစ်ခဲ့သည်၊ စည်ကားခဲ့သည်ဆိုသည့် စကားများအရေးသားများကို ဖတ်ရှုခဲ့ရသည်။ ကျွန်တော်ရေးသားရာ တွင်လည်း ခဲ့သည် ဆိုသည်ကို သုံးနှုန်းရပါသည်။ ခဲ့သည်ဆိုသည်မှာ အတိတ်ဖြစ်သည်။ မြို့လေးက ယခင် မြို့ဟောင်းတွင် ဖွံ့ဖြိုးတိုးတက်ခဲ့သလောက် လက်ရှိအချိန်တွင် တိုးတက်နေသည်၊ ဖွံ့ဖြိုးနေသည်ဟု ကျွန်တော်မခံယူမိပါ။ မသုံးနှုန်းမိပါ။ မြို့ပြ တိုးတက်မှုအတွက်များစွာ ကျန်နေသေးသည်။
ဘုန်းတော်ကြီးကျောင်းများစွာနှင့် ပရဟိတကျောင်းတို့ တည်ရှိသော်လည်း မြို့တည်ပြီး ၁၅ နှစ်မျှ ကြာခဲ့သော်လည်း မြို့တွင် မြို့ဘုရားစေတီမရှိခဲ့ပါ။ လွန်ခဲ့သောနှစ်အနည်းငယ်က အောင်ဆန်းဆရာတော်ကြီး မှ ဦးဆောင်၍ တည်ထားကိုးကွယ်ခဲ့သည့်အခါမှ သံသရာငြိမ်းအေး ဘုရားကြီးကို ဖူးမျှော်ခွင့်ရရှိခဲ့ရပါသည်။
ကျွန်တော်တို့မြို့လေးကို အိမ်နံပါတ်၊ လမ်းအမည်တို့ဖြင့် လာရောက်ပါက တွေ့ရန်ခက်ခဲပါလိမ့်မည်။ ဘယ်သူ့သား၊ ဘယ်သူ၊ ဘာလုပ်တာဟေ့ဆိုလျှင်ဖြင့် အလွယ်တကူ ရှာဖွေတွေ့ပါလိမ့်မည်။ အချင်းချင်း သိသည်။ ကူညီကြသည်။ သာရေးနာရေးကိစ္စအ၀၀တို့ကို စည်းရုံးဆောင်ရွက်ကြသည်။ မြို့ပေါ်တွင် ပစ္စည်း ပျောက်မှုဆိုသည်မှာလည်း အလွန်နည်းပါးလှပါသည်။
တိုးတက်မှုကျန်နေသေးသည့်အတွက် တစ်ခုတော့ စိတ်ချမ်းသာမိပါသည်။ ညဘက်ရောက်လာ သည်နှင့် ကားသံ၊ စားသောက်ဆိုင်ကဆူညံသံတို့ တစ်ခုမျှမကြားရ။ တိတ်ဆိတ်အေးချမ်းလို့နေပါသည်။ ကျွန်တော့်မြို့လေးစီ အလည်လိုက်လာခဲ့သော သူငယ်ချင်းကို တရားအားထုတ်ချင်သူတွေ ဒီကိုလာလို့ ပြောခဲ့ မိပါသည်။
(၅)
မွေးရပ်မြေကို ကားစ၀င်သည်နှင့် ရပ်ကွက်က အိမ်လေးတွေငေးမော၊ တက်ခဲ့ရသည့် ကျောင်းတော် ကြီးတွေကို ငေးမောရင်း အိမ်အရောက်ဖြတ်သန်းလာခဲ့ပါသည်။
အိမ်ရောက်ပြီး မိဘ၊ သူငယ်ချင်းများကို တွေ့ဆုံရသည့်အတွက် ၀မ်းသာကြည်နူးမိသော်လည်း သူငယ်ချင်းတချို့ လုပ်ငန်းအဆင်ပြေသဖြင့် ဘယ်မြို့ကိုဖြင့် ပြောင်းရွှေ့သွားကြပြီ။ ဘယ်မိသားစုတော့ မရှိ တော့ဆိုသည့် စကားတွေကြားရသည့်အခါတိုင်း ကျွန်တော်ရင်ထဲတွင် ခံစားရမိပါသည်။
မြို့ပေါ်တွင် ၅ ရပ်ကွက်ရှိသည်။ ယခင်က အိမ်ခြေစိတ်၍ လူဦးရေများသည်။ တဖြည်းဖြည်း နှစ်ကာလကြာလာသည့်အခါ အိမ်ခြေတွေပါးလာကုန်ကြသည်။ တစ်ခေါက်ရောက်တိုင်း အိမ်တွေအစား ချုံနွယ် ပိတ်ပေါင်းများကိုသာ မြင်တွေ့နေရသည်။
လူဆိုသည်မှာ မိမိ မိသားစု၊ မိမိလုပ်ငန်း၊ မိမိဘ၀တိုးတက်ရေးအတွက် ရေကြည်ရာ မြက်နုရာတွင် ပြောင်းရွှေ့လုပ်ကိုင်ကြရမည်ပင်။ သို့သော်လည်း ကိုယ့်မြို့ကိုယ့်ရွာ၏ ဖွံ့ဖြိုးတိုးတက်နိုင်မှုကို လုပ်ဆောင် နိုင်ခြင်းမရှိပဲ အခြားအရပ်ဒေသ၏ ဖွံ့ဖြိုးမှုတွင် ဇိမ်ခံယူနေပါက ဇာတိကို တာဝန်မဲ့ရာကြသည်ဟု ကျွန်တော် မြင်မိပါသည်။ ကျွန်တော်ပင်လျှင် ၀န်ထမ်းဖြစ်သည်နှင့်အညီ မြို့လေးသို့ အလည်လောက် သာရောက် ဖြစ်တော့သည်။ သို့အတွက် ကျွန်တော်ထိခိုက်မိပါသည်။ ကိုယ့်မြို့ရွာ၊ ကိုယ့်ရပ်ရွာတိုးတက်ရေး အတွက် ကျွန်တော်ဘာမျှ လုပ်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါ။
ဒီမြို့လေးတွင် မွေး၊ ဒီမြို့လေးတွင်ကြီး၊ ဒီမြို့လေးတွင် ပညာသင်ကြားခဲ့ပြီး ဘ၀အတွက် အခွင့်အလမ်း တွေ၊ တိုးတက်လမ်းတွေရှာဖွေလုပ်ကိုင်နေသော်လည်း မြို့လေးအတွက် ဘာမျှပေးဆပ်နိုင်ခြင်းမရှိခဲ့ပါ။ ဇာတိတာဝန်မကျေပွန်ခဲ့ပါ။ မျက်နှာများသည်ဟုဆိုလေ့ရှိသော ဇာတိချက်ကြွေ လေးမျက်နှာမြို့လေးအတွက် တစ်မျက်နှာမှ မကျေခဲ့ခြင်းအတွက် မျက်နှာပျက်စရာဖြစ်နေလေပါပြီ။

(၆)
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော စိတ်ဓာတ်တွေဖြင့် ကိုယ့်ဇာတိမြေကို ပစ်၊ ကိုယ့် နိုင်ငံကို မချစ်လေသောအခါ သေချင်သည့်ကျား တောပြောင်းမိသောအဖြစ်သို့ ရောက်ရှိသွားတတ်ပါသည်။
လူတစ်ဦးသည် မိမိကို မွေးဖွားပေးခဲ့သော မိဘကို ချစ်ရမည်။ ထို့အတူ မိမိမွေးဖွားရာ ရပ်ကွက်၊ ရွာ၊ မြို့ကိုချစ်ရပါလိမ့်မည်။ မိမိမြို့ကိုချစ်မှသာလျှင် မိမိမြို့တည်ရှိရာ တိုင်း၊ ပြည်နယ်ကို ချစ်လာပါလိမ့်မည်။ တိုင်း၊ ပြည်နယ်ကို ချစ်မှသာလျှင် အမိမြန်မာပြည်ကြီးကို ချစ်လာနိုင်ပါသည်။
ထိုသို့ မိမိဇာတိချက်ကြွေမွေးရပ်မြေကို ချစ်သည့်အခါ မိမိဇာတိကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင် လာပါလိမ့်မည်။ လူတစ်ဦးချင်းစီက ဤသို့ မိမိ၏ အရပ်ဒေသကို ချစ်စိတ်၊ ဖွံ့ဖြိုးတိုးတက်ချင်စိတ်၊ စည်ပင် တိုးတက်အောင်ဆောင်ရွက်ချင်စိတ်၊ ငြိမ်းချမ်းအောင်လုပ်ကိုင်ပေးချင်စိတ်တွေ ရှိမှသာလျှင် လုပ်ကိုင်မှာ သာလျှင် အရပ်ဒေသအသီးသီးသည် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။
ထိုအခါ မိမိမြို့လေးကို ဘယ်ဒေသရောက်ရောက် ဒေသတိုင်းကလူတွေ သိပါလိမ့်မည်။ မိမိမြို့လေး၏ ဂုဏ်သတင်းမွှေးပျံ့ပါလိမ့်မည်။ ထိုမှတဆင့် တိုင်း၊ ပြည်နယ်နှင့် နိုင်ငံတော်ကြီး၏ ဂုဏ်ရနံ့သည်လည်း ကမ္ဘာ့ နိုင်ငံအနှံ့တွေ မြန်မာဟေ့ဟုဆိုသည်နှင့် သိအောင်၊ ဂုဏ်ယူနိုင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
သို့မှသာ မိမိဇာတိမြေပွင့်လန်းမှုမှသည် နိုင်ငံအနှံ့ပြန့်နှံ့ပါပေမည်။

*************************

မောင်ပိုင်
၁၂-၁၁-၂၀၁၃
လေးမျက်နှာမြို့
 — with William Tuntunko and 13 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>