Quantcast
Viewing all articles
Browse latest Browse all 1811

ချေးထိုးပိုးကောင်များ


"ချေးထိုးပိုးကောင်များ " ( The Voice Daily _ 25.11.13 )


. . . . . ကျွန်တော် နှစ်သက်ခဲ့မိတဲ့ ရုရှဟာသလေးတစ်ခုကို တမြန်နေ့က အိပ်မက်အဖြစ် မက်ပါတယ်။ နွားချေးပုံကြီးထဲက ချေးထိုးပိုးသားအဖ အကြောင်းပေါ့။
. . . . . သားချေးထိုးပိုးလေးက ပြောတယ်။ "အဖေ .. ဒီ နွားချေးပုံကြီးရဲ့ အပြင်မှာ ဘာရှိသလဲ ဟင် "
"အင်မတန်သာယာလှပတဲ့ သြကာသလောကကြီး ရှိတာပေါ့သားရယ် "
"ဒါဖြင့် သားတို့ ဒီထဲကထွက်ပြီး သြကာသလောကကြီးထဲကို သွားကြမယ်လေ .. အဖေ "
. . . . . ချေးထိုးပိုးအဖေကြီးဟာ သက်ပြင်းချပြီးသားငယ်ကို ပြန်ဖြေသတဲ့။ "ဟင်း ... သား ကြီးတော့ နားလည်လာကောင်းပါရဲ့ကွာ။ ဒို့ချေးထိုးပိုးတွေမှာလည်း ချစ်ခင်မြတ်နိုးအပ်တဲ့ 'အမိမြေ'ဆိုတာ ရှိတယ်ကွဲ့"။

x x x x x x x

. . . . . အိပ်မက်မမက်ဖြစ်ခင် ရက်အတန်ကြာတုန်းက ကျွန်တော်ဟာ သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံဖြစ်တယ်။ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နိုင်ငံကြီးရဲ့ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်ကနေ ဘွဲ့လွန်ဒီကရီ ရယူခဲ့တဲ့သူ တစ်ယောက်ပေါ့။ သူ့မွေးရပ် တိုင်းပြည်မှာ ဘယ်လိုမှ ရှာဖွေဖို့မဖြစ်နိုင်တဲ့ လုပ်ခလစာတွေကို စွန့်ထားခဲ့ပြီး ပြည်တော်ပြန်လာခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ကျန်သူငယ်ချင်းများရဲ့ "လူမိုက်"ဆိုတဲ့ ဂုဏ်ပြုစကားသံကို အပြုံးနဲ့ တုန့်ပြန်နိုင်သူပါ။ သူ့ကို လူမိုက်လို့မခေါ်တတ်တဲ့ ကျွန်တော်နဲ့တွေ့တော့ ပြုံးမပြနိုင်စွမ်းတဲ့ သူ့အဖြစ် အပိုင်းအစတွေ ဖွင့်ဟပါတော့တယ်။
. . . . . သံရုံးက အစ ၊ လေဆိပ်ဝန်ထမ်းများမှ အလယ် ၊ တက္ကစီဒရိုင်ဘာ အဆုံး သူချစ်မြတ်နိုးတဲ့ သူ့လူမျိုးများရဲ့ ကြိုဆိုမှုအကြောင်း ပြန်ပြောင်းပြောပြတော့ ကျွန်တော်လည်း ပြုံးလို့ မရတော့ပါ။ အဆိုးဆုံးကတော့ ဟိုနိုင်ငံကြီးမှာ သူရနိုင်မယ့်လခရဲ့ ဆယ်ပုံတစ်ပုံကို ဖွင့်ပြောတောင်းမိလို့ သူ့ရဲ့ကိုယ်ရေးဖိုင် ပြန်ပစ်ပေးတာ ခံရတဲ့အကြောင်းဖြစ်ပါတယ်။ ပြန်ပစ်ပေးသူဟာလည်း သူက တကူးတကန့်ရှာဖွေထားခဲ့တဲ့ သူသိပ်ချစ်မြတ်နိုးသော သူ့လူမျိုး အရင်းကြီးများ ဖြစ်ကြပါသတဲ့လေ။
. . . . . သူဟာ ဈေးဝယ်တိုင်းလည်း ဆိုင်များကို ကြိုးစားပြီး အချိန်ယူ ခွဲခြားလေ့ရှိသူတစ်ဦး ဖြစ်ပြန်တယ်။ သို့သော်လည်း ကံမကောင်းတာက များတတ်သူပါ။ သူရွေးချယ်ခဲ့သမျှ သူ့လူမျိုးပိုင် ဆိုင်များရဲ့ သူ့လူမျိုးအရောင်းဝန်ထမ်းတွေက တလေးတစား ဖော်ရွေဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံမှုမျိုး မရရှာပါဘူး။ တောက်တောက်ပြောင်ပြောင်နဲ့ အဆင်တန်ဆာ ပေါ်လွင်အောင် မ၀တ်တတ်တဲ့ အကျင့်ကြောင့်ပဲလား ၊ သူဌေးလေသံ သူဌေးဟန်နဲ့ မပြောတတ်ပဲ ရိုကျိုးနှိမ့်ချစွာ ခင်ဗျား၊ ကျွန်တော်၊ ဗျာ၊ ဟုတ်ကဲ့ တွေ လှိုင်လှိုင်သုံးတတ်လို့ပဲလားတော့ မခွဲခြားနိုင်ပါ။ သူရရှိတဲ့ဝန်ဆောင်မှုတွေက သူပေးခဲ့တဲ့တန်ဘိုးငွေနဲ့လည်း မတန်ပါ။ သူ့စေတနာနဲ့လည်း ပိုလို့ပင် မတန်တော့ပါ။

"မင်းမှာ ကူးစက်ရောဂါပိုး ရှိလို့လား " . . သူက မေးပါတယ်။
"ဘာရောဂါလဲ . . . မရှိပါဘူး "
"အေးပါ ၊ ငါသိပါတယ် ၊ ဒါပေမယ့် ဟိုကကောင်တွေက မယုံကြဘူးကွ ၊ ဒီမှာပဲ ဆက်ကျန်နေခဲ့တဲ့လူတွေဟာ ခပ်ညံ့ညံ့မဟုတ်ရင် ရောဂါပိုးရှိတဲ့လူတွေပဲလို့ သူတို့ကထင်နေတာ "
ကျွန်တော်လည်း သူ့ကို ပြုံးမပြနိုင်တော့ပါ။

x x x x x x x

. . . . . ဖတ်ဘူး ကြားဘူးခဲ့တဲ့ ဟာသပုံပြင်လေးက ပြီးသွားပေမယ့် ကျွန်တော့်အိပ်မက်က မပြီးဘူးဖြစ်နေပါတယ်။
"ဒါဖြင့် .. ကျွန်တော်တို့ကိုက သိပ်ကံဆိုးလို့ ဒီလိုနွားချေးပုံကြီးထဲမှာ ချေးထိုးပိုးကောင်အဖြစ် မွေးဖွားလာတာပေါ့ . . . ဟုတ်လား အဖေ "
"ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ သားရယ်။ ငါတို့ဟာ အင်းဆက်တွေထဲမှာ အသန်မာဆုံးမျိုးနွယ်ဖြစ်တယ်ကွ။ တို့အမျိုးထဲက တချို့ဟာ နွားချေးပုံကထွက်ပြီး ပြင်ပလောကထဲရောက်တာနဲ့ အရောင်အသွေးစုံပြီး သိပ်လှပတဲ့အကောင်ကြီးတွေ ဖြစ်လာကြတယ်။ သန်မာလိုက်တာလဲ မပြောနဲ့တော့။ ကိုယ့်မျိုးနွယ်ကို တန်ဘိုးထားတတ်ဖို့နဲ့ ချစ်မြတ်နိုးတတ်ဖို့ပဲ လိုတာပါကွာ "
. . . . . ချေးထိုးပိုးအဖေကြီးက ပြင်ပလောကကို ငေးကြည့်နေတယ်။
. . . . . သားချေးထိုးပိုးလေးက အဖေချေးထိုးပိုးကြီးကို အားကျဂုဏ်ယူစွာ ငေးကြည့်နေပါရဲ့။

. . . . . အိပ်မက်ကမနိုးခင် အိပ်ချင်မူးတူးမှာ ကျွန်တော်ဟာ ချေးထိုးပိုးကောင်တွေသံပြိုင်ဆိုလိုက်တဲ့ ကမ္ဘာမကြေသီချင်းသံကို ကြားနေရပါသေးတယ်။


(ယက္ခ) ရဲကြီး ။ ၁၄ .၁၁ .၁၃ ။ ( The Voice Daily _ 25.11.13 )
http://yekkhayejee.blogspot.com/
https://www.facebook.com/yekkha.yegyii.fanpage
https://www.facebook.com/yekkha.yejee
 — with Hmuu Zaw and 99 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...