Adversary System
( ပဋိပက္ခစနစ် )
ပဋိပက္ခစနစ်လို့ ပြောရမယ့် "ငါမှန်တယ်၊ သူမှားတယ် "ဆိုတဲ့ အတွေးအခေါ်က အခု
ခေတ်တိုင်အောင်အရိုးစွဲနေဆဲပါ။ facebook မှာလည်း ကျွန်တော်တို့ကိုယ်တိုင် ပြုမူလေ့ရှိတတ်ပါတယ်။
ခေါမဆရာတွေအစ အလယ်ခေတ်ကျောင်းတော်အဆုံး အယူအဆမတူသူတွေကို ဒီလိုပဲ ရင်ဆိုင်ခဲ့ကြပါတယ်။ဆိုကရေးတီး ကလည်း ဆန့်ကျင်ဘက်မှ ဝင်ရောက်
ငြင်းခုန်ခြင်းဟာ အမှန်ကို သွားဖို့အနီးဆုံးလို့ ဆိုခဲ့ဖူးပါတယ်။
ပဋိပက္ခစနစ် ရဲ့အဆိုအတိုင်း ပြင်ပလောကမှာလည်း ကိစ္စတစ်ခုကိုရှုမြင်ရာမှာ
အနည်းဆုံး ( အနည်းဆုံး ) အမြင်၂ခုရှိနိုင်ပါတယ်။
ဒါပေမယ့် အများအားဖြင့် လူတွေဟာ ပဋိပက္ခစနစ်ကိုပဲချဉ်းကပ်ကြတာများပါ
တယ်။ ဥပမာ - ရောမတွေဟာ လူနှစ်ယောက် သတ်တာ၊ စပိန်တွေဟာ နွား
ရိုင်းသတ်တာ၊ ယနေ့ခေတ် လက်ဝှေ့ပွဲတွေမှာ အလဲထိုးတာကြိုက်တတ်တဲ့ စိတ်သဘောမျိုး ဟာဒီသဘောပါပဲ။ ငါ - ရန်သူ
ဆိုတဲ့ အမြင်ဖြစ်ပါတယ်။
ဒီ ငါ - ရန်သူ ဆိုတဲ့အမြင်ဟာ မဖြူတာနဲ့
မည်း၊ မမှန်တာနဲ့ မှား ဆိုတဲ့ logic တစ်ခု
တည်းကိုသာ ရှုမြင်တဲ့အတွက် စီးပွားရေး မှာ ပြိုင်ဖက်ကိုအလဲထိုးဖို့၊ နိုင်ငံရေးမှာ ပြိုင်ဖက်ကို အပြီးအနိုင်ယူဖို့ ကြိုးစားကြတာဖြစ်ပါတယ်။
တကယ်တော့ အမှန်မှာ အမှားရှိသလို၊ အမှားမှာလည်း အမှန်ရှိပါတယ်။ ၂ဖက်လုံး
မှားနိုင်သလို၊ ၂ဖက်လုံး လည်းမှန်နိုင်ပါတယ်။
ပညာသဘောအရကြည့်ရင် ကိုယ်ထင်ရာကို
ဇွတ်မှန်ခြင်းဟာ ကလေးဆန်သလို နှစ်ဖက်
ပုဂ္ဂိုလ်ရေး ရန်စောင်မှုတွေအထိ ဖြစ်လာတတ်တဲ့ Lost-Lost-Relation ဖြစ်ပါတယ်။
တကယ်တော့ thesis-antithesis-synthesis လို့ ခေါ်တဲ့ မူလ-ပဋိပက္ခ-ပြေငြိမ်းခြင်း ဆိုတဲ့ new order ခေါ် အပြုသဘောဆောင်သော လက်တွဲငြင်းခုန်
ခြင်းဟာ အလွန်ကောင်းမွန်သော ပဋိပက္ခ
ဖြေရှင်းနည်းတစ်ခု ဖြစ်ပါတယ်။
မျိုးအိမ်ဇန်
( Edward Debono ၏ Word Power
မှ Adversary System ကို ဖတ်ရှု၍ ရေးသားပါသည်။ )
— with Maung Paing and 9 others.( ပဋိပက္ခစနစ် )