Quantcast
Viewing all articles
Browse latest Browse all 1811

ချိုပေါ့ဆိမ့်ကျ

Image may be NSFW.
Clik here to view.
Photo: ချိုပေါ့ဆိမ့်ကျ …………………. (၁)  " ဘုန်း..ဘုန်း…ဘုန်း.."   စားပွဲပေါ်ကို ရိုက်ခတ်သည့်အသံကြောင့် စာဖတ်နေရာမှာ ကျွန်တော်လှည့်ကြည့်မိသည်။  ဦးလေးကြီး တစ်ဦး။ သူနှင့်အတူ သူ၏မြေးဖြစ်ဟန်တူသည့် ကလေးနှစ်ဦးပါတွေ့ရသည်။  " မင်းတို့ကလဲ..ခေါ်ရတာကြာလိုက်တာ။ ခေါ်နေတာကြာပြီ။ ဒီစားပွဲပေါ်က ဟာတွေသိမ်း၊ စားပွဲကို ရှင်းပေးဦး "  " ဟုတ်ကဲ့..ဟုတ်ကဲ့..ဦးလေး "  ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်လေးမှာ ဂျာနယ်လေးဖတ်၊ လက်ဖက်ရည်လေးသောက် ဇိမ်ခံရင်း ကျွန်တော်ထိုင်နေခြင်းဖြစ်သည်။ ကျွန်တော်စ၀င်စဉ်ကတည်းက ဆိုင်ကလေးထဲမှာ လူစည်နေပြီ။ စားပွဲထိုး လေးကတော့ ခပ်ငယ်ငယ်ပင်ရှိသေးသည်။  သူ့ခမျာတော့ ဟိုဝိုင်းပြေးလိုက် ဒီဝိုင်းပြေးလိုက်နှင့် အလုပ်ရှုပ် နေပုံရသည်။ တခြားစားပွဲထိုးတွေ ဘယ်ရောက်နေသည်မသိ။  စားပွဲကို စိတ်မရှည်ဟန်ဖြင့် ပုတ်လိုက်သည့် ဦးလေးကြီးကို သေချာကြည့်လိုက်မိသည်။  ဘောင်းဘီတို တို၊ တီရှပ်ကလူငယ်စတိုင် မျက်နှာပေးကတော့ ပိုက်ဆံပေးသောက်တာ ဆိုင်ကလူတွေကို ထီမထင်သည့်ပုံမျိုး။ စားပွဲထိုးလေးကတော့ ကပျာကယာရှင်းပေးရှာသည်။  " ဦးလေး ဘာစားမလဲ၊ ဘာမှာမလဲမသိဘူးခင်ဗျာ "  " အီကြာကွေးချ..ပေါ့ဆိမ့် ၃ ခွက် "  ကောင်လေးက လက်ဖက်ရည်မှာပြီး အီကြာကွေးအရင်လာချပေးသည်။  " ကြော်ပြီးသား မရှိဘူးလားကွ "  ကျွန်တော်နည်းနည်းကြောင်သွားမိသည်။ အီကြာကွေးက ကြော်ထားတာမဟုတ်ဘူးလား။ မကြော်ပဲ စားလို့ရလို့လား။ ကောင်လေးကတော့ အတွေ့အကြုံရင်ပုံရသည်။ အေးအေးဆေးဆေးပဲ ပြန်ဖြေသည်။  " ဦးလေး..ကြော်ပြီးသား ပူပူလေးက ကုန်နေလို့ပါ ဦးလေး။  ပလာတာတော့ ရှိတယ် "  " အေး အဲဒါဆို ပလာတာချ။  ကြွပ်ကြွပ်လေးနော်..ပျော့နေရင် မစားဘူး "  " ဟုတ်ကဲ့..ဟုတ်ကဲ့.. ပလာတာကြွပ်ကြွပ်လေးဆရာရေ.."  အင်း ရောင်းဝယ်တဲ့နေရာမှာ ၀ယ်သူအမှန်ဆိုတဲ့ စကားတော့ကြားဖူးပါသည်။  သို့သော်လည်းပဲ စာနာ စိတ်လေးတွေ၊ နားလည်မှုလေးတွေ မရှိသင့်တော့ဘူးလား။  ပိုက်ဆံပေးစားတာ မရလို့မဖြစ် ဆိုတဲ့ စိတ်တွေပဲ ထားကြတော့မည်လား။    ဒီလိုလူမျိုးကိုတော့ ခဏခဏတွေ့ဖူးသည်။ တွေ့တိုင်းလည်း စိတ်ထဲဘ၀င်ကမကျပါ။ ဆိုင်တစ်ဆိုင် အနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးရမည်ဖြစ်သည်။  သို့သော် တစ်ချို့သောကိစ္စရပ်လေးများတွင်တော့ စားသုံးသူ၊ ၀ယ်ယူသူအနေဖြင့် နားလည်ပေးနိုင်မှုရှိဖို့ လိုမည်ထင်ပါသည်။ လက်ဖက်ရည်ဆိုင်လေးတွင် ထိုင်လိုက်သည့် ၀ိုင်းက ရေနွေးကြမ်းကုန်နေတာမျိုး၊ တစ်ရှူးကုန်နေတာမျိုး ကြုံဖူးကြပေမည်။ ထိုအဖြစ်မျိုး ကြုံသည့်အခါ ဆိုင်အခြေအနေပေါ်မူတည်၍ စားပွဲထိုးကို လဲခိုင်းတာ၊ ထည့်ဖြည့်ခိုင်းတာမျိုး ခိုင်းခဲ့ဖူးသလို အခြေအနေအရ ကိုယ်တိုင် လွတ်သည့်ဝိုင်းမှ ထယူတာမျိုးလည်း လုပ်ခဲ့ဖူးပါသည်။  တစ်ချို့သော လူတွေကတော့ ထိုင်ပြီဆိုလျှင် အားလုံးပြည့်စုံနေမှ။ လိုအပ်လို့ နှောင့်နှေးနေလျှင် ဟောက်တတ်ပါသေးသည်။ ပိုက်ဆံပေးထားသည် တန်အောင်လုပ်ရမည်ဆိုသည့် စိတ်၊ ပိုက်ဆံပေးပြီး ခိုင်းချင်ရာခိုင်းလို့ရသည် ဆိုသည့်စိတ်၊  တန်ရာတန်ကြေးဆိုတာ၏နောက်တွင် လူသားချင်း စာနာနားလည်မှု စိတ်တွေလိုအပ်မည်ထင်ပါသည်။  သိုမဟုတ်ပဲ စာနာနားလည်ခြင်းတရားတွေ၊ စိတ်ဓာတ်တွေ ကွယ်ပျောက် ကုန်ကြဖြင့် ခက်ရချည်ပါရဲ့။ (၂)  ခေတ်ကာလရွှေ့လျားလာမှုများအရ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ၀န်ဆောင်မှုတို့ကို ပိုပိုများလာ သည်။ ဟိုးယခင်က လက်ဖက်ရည်လေးသောက်၊ စကားစမြည်ပြောကြသည်။ ၀ိုင်းဖွဲ့ကြသည်။ ထို့နောက် ဆိုင်မှာ ရေဒီယို၊ ကက်ဆက်လေးနားထောင်ကြ။ စီးပွားရေးသမားတွေ၊ စာပေသမားတွေ၊ ဘ၀အထွေထွေ တို့ကို ဆိုင်လေးမှာလာစုကြသည်။  တဖြည်းဖြည်း ပြောင်းလဲလာလိုက်တာ တီဗွီ၊ အောက်စက်၊ စလောင်းကနေ လက်ရှိ အချိန်တွင်တော့ တချို့ဆိုင်တွေက Internet Wifi free လွှင့်ပေးတဲ့အထိ ဖြစ်လာကြပေပြီ။  ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်ကို ရွေးထိုင်ဖြစ်သည်။  အထူးသဖြင့် စာဖတ်လို့ရသည့် ဆိုင်မျိုး တွင် အထိုင်များသည်။  ဂျာနယ်၊ သတင်းစာတို့ ချထားပေးသည့်ဆိုင်ဆိုလျှင် ဖင်ပူအောင်ထိုင်ကြသည်။  သူငယ်ချင်း၊ မိတ်ဆွေများဖြင့် ဆုံတွေ့စရာရှိလျှင်လည်း လက်ဖက်ရည်ဆိုင်တွင်သာ ချိန်းဆိုကြသည်။ တွေ့ဆုံ ဖြစ်ကြသည်။  လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုထွန်းကားခဲ့သည်မှာ ကြာမြှင့်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ထွန်းကား နေဆဲပင်ဖြစ်သည်။  လက်ဖက်ရည်ဆိုင်ထိုင် အချိန်ကုန်သည့်လူငယ်တွေထက် ဘီယာဆိုင်၊ အရက်ဆိုင်၊ ဘိလိ ယက်ခုံ၊ ကာရာအိုကေဆိုင်များတွင် အချိန်ကုန်သည့်လူငယ်ထက် နည်းနည်းတော့သာမည် ထင်ပါသည်။  လက်ဖက်ရည်ဆိုင်တွင် ရပ်ကွက်ထဲမှ သတင်းကအစ၊ ကမ္ဘာကြီး၏ သတင်းတွေအကြောင်း မျှဝေယူ နိုင်သည်။  ကွမ်းဈေးကနေ၊ ခေတ်မီနည်းပညာတို့၏ လူသုံးကုန်ပစ္စည်းများအထိ ဈေးနှုန်းတွေကို လေ့လာနိုင် သည်။  ပွဲဖြစ်နိုင်သည်။ ပွဲလည်းပျက်နိုင်ပါသေးသည်။   လက်ဖက်ရည်ဆိုင်လေးက အမည်ခံနေရပြီး အံလွှဲနေသော စကားတစ်ခုတော့ရှိသည်။ လက်ဖက် ရည်ဖိုး ပေးသည်ဆိုသည့် စကားဖြစ်သည်။  လက်ဖက်ရည်ဖိုးကို လက်ဖက်ရည်ဆိုင်တွင်သာ ပေးကြပါလျှင် ကောင်းမည် ထင်ပါသည်။  အဘယ့်ကြောင့်ဆိုသော် ရုံးစာရေးသည်လည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သည်လည်းကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူတို့သည်လည်းကောင်း လက်ဖက်ရည်ဆိုင်က စားပွဲထိုးများ မဟုတ်ကြသလို လက်ဖက်ရည်ဆိုင်ပိုင်ရှင်များ မဟုတ်ကြပါ။  သို့ကြောင့် လက်ဖက်ရည်ဆိုင်တွင်သာ လက်ဖက်ရည်ဖိုးလေး ပေးကြ၊ ရှင်းကြစေလိုပါသည်။ (၃)  " စင်ကာပူက အငယ်ကောင်ငွေပို့မယ်ဆိုပြီး ခုထိမပို့သေးဘူးကွာ "  " မင်းက ငွေလိုနေလို့လား "  " မလိုပါဘူး…ဟိုဘက်အကွက်ထဲက..တစ်ကွက်လောက်ယူထားမလို့ကွ..အငယ်ကောင်က ဟိုနေ့ ပို့မယ် ဒီနေ့ပို့မယ်ဆိုပြီး မပို့သေးတာ "  " ကိုယ့်မြို့ကိုယ့်ရွာမှ မဟုတ်တာကွာ တခြားနိုင်ငံမှာအလုပ်လုပ်ရတာ ဘယ်လွယ်မလဲ။ မင်းသိတဲ့ အတိုင်း ငါသွားလုပ်ခဲ့တဲ့ မလေးရှား၊ ဂျပန်ဆိုလဲ ဒီအတိုင်းပဲ "  ဟင်း.. သက်ပြင်းချမိတာကတော့ ကျွန်တော်ပါ။  စကားသံတွေက နားမစွင့်ပါပဲ နားထဲကိုရောက်လာ မိတော့ ကြားရတာနဲ့တင် မောသွားသည်။  ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူဆိုသည်ကား ဘယ်ဆီ နေမှန်းပင်မသိ။  တိုင်းတပါးရောက်ဖူးဖို့နေနေသာသာ မြန်မာပြည်တွင်းမှာပင် မရောက်သေးသည့် နေရာ တွေကအများကြီး။  မြန်မာပြည်အတွင်းထဲက နှံ့အောင်သွားချင်နေသေးသည်။ လည်ပတ်ချင်မိပါသေးသည်။  သြော် ကိုယ့်ဘ၀နှင့် သူတို့ဘ၀တွေကလည်း ကွာလိုက်ပါဘိ။ တစ်ချို့တွေက တိုင်းတပါးကို ဈေးဝယ် ထွက်သတဲ့။ ဆေးကုသွားသတဲ့။  အင်း ရပ်ကွက်ဈေးလေးထဲကို ပုံမှန်မရောက်နိုင်သည့်ဘ၀တွေ၊ လမ်းဘေး ဆေးဆိုင်လောက်က ပါရာစီတမော့၊ ဘာမီတွန်လောက်နဲ့ ကုသရတဲ့ဘ၀တွေနဲ့တော့ ကွာခြားလွန်းလှပါဘိ။  လက်ဖက်ရည်လေးကို တစ်ကျိုက်လောက်သောက်လိုက်သည်။  လက်ဖက်ရည်က အေးနေပြီ။  ကျစိမ့် အရသာလေးကတော့ လျှာပေါ်စွဲသွားသည်။  ပုံမှန်အချိန်ဆိုလျှင်တော့ ပေါ့ဆိမ့်သောက်ဖြစ်တာများသည်။  စာ ဖတ်ချင်ရင်း အိပ်ချင်လာတတ်သည့်အချိန်၊ ခေါင်းတွေနောက်လာသည့်အချိန်တွေ ဆိုလျှင်တော့ ကျဆိမ့်ကို သောက်ဖြစ်သည်။  မိတ်ဆွေသူငယ်ချင်းတွေနှင့် ၀ိုင်းဖွဲ့စကားပြောရင်း၊ လက်ဖက်ရည်အရသာလေးခံရင်း၊ စာလေး ဖတ်ရင်း ဇိမ်ခံရသည့် အရသာက တစ်မျိုးထူးသည်ဟု ဆိုရမည်ပင်ဖြစ်သည်။  (၄)  ဘ၀မှာ လူ့လောကမှာ ပိုက်ဆံပေး အကုန်ရသည်၊ အကုန်ဖြစ်သည်ဟူသော စိတ်ဓာတ်တွေ ထွန်းကား တွင်ကျယ်လာပါက ကမ္ဘာကြီးကိုပင် ရောင်းစားကြမည်လား သို့မဟုတ် ကမ္ဘာကြီးပေါ် လူသားတွေ၏ စာနာ စိတ်၊ ကရုဏာစိတ်၊ ရိုင်းပင်ကူညီစိတ်၊ မေတ္တာစိတ်ဓာတ်တွေကို ငွေကြေးဖြင့် တန်ဖိုးဖြတ်ကြတော့မည်လား။  " ပိုက်ဆံရှင်းမယ်ဟေ့ "  " ဟုတ်ကဲ့လာပါပြီ … အားလုံး ၁၂၀၀ ပါခင်ဗျ "  ဦးလေးကြီးက ပိုက်ဆံအိတ်ထုတ်သည်။  ပိုက်ဆံအထပ်လိုက်ကို မြင်တွေ့လိုက်ရသည်။  ထိုအထဲမှ ပိုက်ဆံကို ရွေးပြီးပေးလိုက်သည်ကို မြင်တွေ့ရသည်။ ပိုက်ဆံကို အထပ်လိုက်ကိုင်သုံးနိုင်သည့်ဘ၀တွေက မည်သည့်အရာကိုမဆို ပိုက်ဆံပေးလျှင်ရသည်ဟု ထင်သည်မှာလဲ ဆန်းလှသည်တော့မဟုတ်ပါ။  ထိုဘ၀ တွေက ပိုက်ဆံပေး၍ အရကြီးရနေကြသည်ကိုး။  လွှင့်ထွက်နေသောအတွေးကို စုစည်းရင်း ဆိုင်လေးကို မျက်လုံးကစားကြည့်မိသည်။  ဆိုင်လေး အတွင်း၌ မိသားစုတွေ၊ စုံတွဲတွေ၊ မိတ်ဆွေသူငယ်ချင်းတွေဖြင့် ထိုင်ခုံများပြည့်လုနီးနီးပင်။  စားသောက်နေသူ၊ စကားဝိုင်းဖွဲ့နေကြသူ၊ ဆိုင်ရှေ့ကဖြတ်သွားနေသည့် လူများကို ငေးမောကြည့်နေသူ၊ အေးအေးလူလူ သတင်း စာ၊ ဂျာနယ်ဖတ်နေသူတို့ဖြင့် ပုံစံအမျိုးမျိုးတွေ့မြင်နေရသည်။  ထိုပုံစံအမျိုးမျိုးဖြင့်ရှိနေကြသည့် တစ်ဦးချင်းစီတွင် ဘ၀ကိုယ်စီ၊ အဖြစ်အပျက်ကိုယ်စီတို့ ရှိနေပါလိမ့် မည်။ လက်ဖက်ရည်လာသောက်သူ၊ ဆိုင်မှာစားပွဲထိုးသူ၊ ငွေရှင်းကောင်တာထိုင်သူ၊ လက်ဖက်ရည်ဖျော်၊ မုန့် လုပ်သူ၊ ငွေသိမ်းသည့် ဆိုင်ရှင်ဖြစ်သူတို့ဖြင့် လက်ဖက်ရည်ဆိုင်လေးအတွင်းတွင် လူမျိုးစုံ၊ ဘ၀မျိုးစုံနှင့်အတူ ခံယူချက်မျိုးစုံ၊ ခံစားချက်မျိုးစုံတို့ ရှိနေကြသည်။  လက်ဖက်ရည်ဆိုင်လေး၏ အခင်းအကျင်းနှင့်အတူ ဘ၀အခင်းအကျင်းတို့က အရောင်အသွေးစုံနေပါ လိမ့်မည်။  လက်ဖက်ရည်ဆိုင်လေးမှ ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ချို့ကျ၊ ပေါ့ကျ၊ ကျဆိမ့်၊ ကျောက်ပန်းတောင်းဂိတ်ဆုံး စသည့် လက်ဖက်ရည်အရသာအမျိုးမျိုးတို့ကို ကြိုက်နှစ်သက်သလို သောက်သုံးနိုင်သည်။ ထို့အတူ ဘ၀ တွေက ဆိုင်တွင် မှာယူသောက်သုံးသည့် ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ချိုကျ၊ ပေါ့ကျ စသည့် လက်ဖက်ရည် အရသာ တွေလို ကွဲပြားနေကြသည်။  တစ်ချို့ဘ၀တွေက ချိုချိုအီအီ၊ တစ်ချို့တွေကတော့ အချိုပေါ့သော်ငြားလည်း ဆိမ့်သည့်အရသာ ရှိလိမ့်မည်။ တစ်ချို့ကတော့ ခပ်ကျကျဘ၀တွေ၊ ထိုကျကျဘ၀ကိုမှ ချိုသည်ဟု အရသာခံ သည့် ချိုကျဘ၀တွေ။  ထို ချိုပေါ့ဆိမ့်ကျဘ၀တွေက ကိုယ်နှစ်သက်လို့ မှာလိုက်သည့် လက်ဖက်ရည်အရသာလေးတွေ။ ဘ၀ တွေကလည်း ကိုယ်ဖန်တီးလိုက်သည့် ချိုပေါ့ဆိမ့်ကျ ဘ၀တွေ။   ကိုယ်တိုင်ဖျော်စပ်လိုက်သည့် ဘ၀အရသာ တွေကို တစ်ခါတစ်ခါ နှစ်သက်အရသာခံနေကြသလို တစ်ခါတစ်ခါ မဖြစ်မနေပြုလုပ်လိုက်ရသည့် ဘ၀အရသာ တွေကိုတော့ အာစွတ်ရုံလောက်သာ ခံစားကြရပါသည်။ (၅)  ကျသင့်ငွေကို ရှင်းရင်း လက်ဖက်ရည်ဆိုင်လေးမှ ကျွန်တော်ထွက်ခွာဖို့ ပြင်လိုက်သည်။  ကျွန်တော် လက်ဖက်ရည်ဆိုင်လေးမှ ထွက်ခွာစဉ် ဆိုင်အတွင်းသို့ စားသောက်သူများ ထပ်မံရောက်ရှိလို့ လာပြန်ပါသည်။ သူတို့ လက်ဖက်ရည်၏ ဘယ်လိုအရသာကို ခံယူကြမည်နည်း။  မည်ကဲ့သို့ စိတ်များဖြင့် သောက်သုံးကြမည် နည်း။  ကျွန်တော်ကတော့ ကျွန်တော်မှာယူခဲ့သည့် အရသာအတိုင်း သောက်သုံးခဲ့ပြီး၍ ဆိုင်လေးမှ ထွက်ခွာ ခဲ့ပါပြီ။  အရသာတစ်ခုမှ ချိုပေါ့ဆိမ့်ကျ နောက်ထပ်ဘ၀အရသာတစ်ခုသို့ ခရီးလွှဲထွက်ခွာခဲ့ပါပြီ။ ထပ်မံ ၀င်ရောက်လာသည့်သူများကလည်း ချိုပေါ့ဆိမ့်ကျမည်သည့်အရသာခံ၍ မည်သည့်ဘ၀အရသာကို ဆက်လက်ခံယူကြမည်နည်း။  ဆိုင်လေးအတွင်းက ချိုပေါ့ဆိမ့်ကျဘ၀တွေ။  ချိုပေါ့ဆိမ့်ကျ စိတ်ထားတွေ။  ****************  မောင်ပိုင် ၂၇-၁၁-၂၀၁၃

………………….
(၁)
"ဘုန်း..ဘုန်း…ဘုန်း.."
စားပွဲပေါ်ကို ရိုက်ခတ်သည့်အသံကြောင့် စာဖတ်နေရာမှာ ကျွန်တော်လှည့်ကြည့်မိသည်။ ဦးလေးကြီး တစ်ဦး။ သူနှင့်အတူ သူ၏မြေးဖြစ်ဟန်တူသည့် ကလေးနှစ်ဦးပါတွေ့ရသည်။
"မင်းတို့ကလဲ..ခေါ်ရတာကြာလိုက်တာ။ ခေါ်နေတာကြာပြီ။ ဒီစားပွဲပေါ်က ဟာတွေသိမ်း၊ စားပွဲကို ရှင်းပေးဦး "
"ဟုတ်ကဲ့..ဟုတ်ကဲ့..ဦးလေး "
ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်လေးမှာ ဂျာနယ်လေးဖတ်၊ လက်ဖက်ရည်လေးသောက် ဇိမ်ခံရင်း ကျွန်တော်ထိုင်နေခြင်းဖြစ်သည်။ ကျွန်တော်စ၀င်စဉ်ကတည်းက ဆိုင်ကလေးထဲမှာ လူစည်နေပြီ။ စားပွဲထိုး လေးကတော့ ခပ်ငယ်ငယ်ပင်ရှိသေးသည်။ သူ့ခမျာတော့ ဟိုဝိုင်းပြေးလိုက် ဒီဝိုင်းပြေးလိုက်နှင့် အလုပ်ရှုပ် နေပုံရသည်။ တခြားစားပွဲထိုးတွေ ဘယ်ရောက်နေသည်မသိ။
စားပွဲကို စိတ်မရှည်ဟန်ဖြင့် ပုတ်လိုက်သည့် ဦးလေးကြီးကို သေချာကြည့်လိုက်မိသည်။ ဘောင်းဘီတို တို၊ တီရှပ်ကလူငယ်စတိုင် မျက်နှာပေးကတော့ ပိုက်ဆံပေးသောက်တာ ဆိုင်ကလူတွေကို ထီမထင်သည့်ပုံမျိုး။ စားပွဲထိုးလေးကတော့ ကပျာကယာရှင်းပေးရှာသည်။
"ဦးလေး ဘာစားမလဲ၊ ဘာမှာမလဲမသိဘူးခင်ဗျာ "
"အီကြာကွေးချ..ပေါ့ဆိမ့် ၃ ခွက် "
ကောင်လေးက လက်ဖက်ရည်မှာပြီး အီကြာကွေးအရင်လာချပေးသည်။
"ကြော်ပြီးသား မရှိဘူးလားကွ "
ကျွန်တော်နည်းနည်းကြောင်သွားမိသည်။ အီကြာကွေးက ကြော်ထားတာမဟုတ်ဘူးလား။ မကြော်ပဲ စားလို့ရလို့လား။ ကောင်လေးကတော့ အတွေ့အကြုံရင်ပုံရသည်။ အေးအေးဆေးဆေးပဲ ပြန်ဖြေသည်။
"ဦးလေး..ကြော်ပြီးသား ပူပူလေးက ကုန်နေလို့ပါ ဦးလေး။ ပလာတာတော့ ရှိတယ် "
"အေး အဲဒါဆို ပလာတာချ။ ကြွပ်ကြွပ်လေးနော်..ပျော့နေရင် မစားဘူး "
"ဟုတ်ကဲ့..ဟုတ်ကဲ့.. ပလာတာကြွပ်ကြွပ်လေးဆရာရေ.."
အင်း ရောင်းဝယ်တဲ့နေရာမှာ ၀ယ်သူအမှန်ဆိုတဲ့ စကားတော့ကြားဖူးပါသည်။ သို့သော်လည်းပဲ စာနာ စိတ်လေးတွေ၊ နားလည်မှုလေးတွေ မရှိသင့်တော့ဘူးလား။ ပိုက်ဆံပေးစားတာ မရလို့မဖြစ် ဆိုတဲ့ စိတ်တွေပဲ ထားကြတော့မည်လား။
ဒီလိုလူမျိုးကိုတော့ ခဏခဏတွေ့ဖူးသည်။ တွေ့တိုင်းလည်း စိတ်ထဲဘ၀င်ကမကျပါ။ ဆိုင်တစ်ဆိုင် အနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးရမည်ဖြစ်သည်။ သို့သော် တစ်ချို့သောကိစ္စရပ်လေးများတွင်တော့ စားသုံးသူ၊ ၀ယ်ယူသူအနေဖြင့် နားလည်ပေးနိုင်မှုရှိဖို့ လိုမည်ထင်ပါသည်။ လက်ဖက်ရည်ဆိုင်လေးတွင် ထိုင်လိုက်သည့် ၀ိုင်းက ရေနွေးကြမ်းကုန်နေတာမျိုး၊ တစ်ရှူးကုန်နေတာမျိုး ကြုံဖူးကြပေမည်။ ထိုအဖြစ်မျိုး ကြုံသည့်အခါ ဆိုင်အခြေအနေပေါ်မူတည်၍ စားပွဲထိုးကို လဲခိုင်းတာ၊ ထည့်ဖြည့်ခိုင်းတာမျိုး ခိုင်းခဲ့ဖူးသလို အခြေအနေအရ ကိုယ်တိုင် လွတ်သည့်ဝိုင်းမှ ထယူတာမျိုးလည်း လုပ်ခဲ့ဖူးပါသည်။
တစ်ချို့သော လူတွေကတော့ ထိုင်ပြီဆိုလျှင် အားလုံးပြည့်စုံနေမှ။ လိုအပ်လို့ နှောင့်နှေးနေလျှင် ဟောက်တတ်ပါသေးသည်။ ပိုက်ဆံပေးထားသည် တန်အောင်လုပ်ရမည်ဆိုသည့် စိတ်၊ ပိုက်ဆံပေးပြီး ခိုင်းချင်ရာခိုင်းလို့ရသည် ဆိုသည့်စိတ်၊ တန်ရာတန်ကြေးဆိုတာ၏နောက်တွင် လူသားချင်း စာနာနားလည်မှု စိတ်တွေလိုအပ်မည်ထင်ပါသည်။ သိုမဟုတ်ပဲ စာနာနားလည်ခြင်းတရားတွေ၊ စိတ်ဓာတ်တွေ ကွယ်ပျောက် ကုန်ကြဖြင့် ခက်ရချည်ပါရဲ့။
(၂)
ခေတ်ကာလရွှေ့လျားလာမှုများအရ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ ၀န်ဆောင်မှုတို့ကို ပိုပိုများလာ သည်။ ဟိုးယခင်က လက်ဖက်ရည်လေးသောက်၊ စကားစမြည်ပြောကြသည်။ ၀ိုင်းဖွဲ့ကြသည်။ ထို့နောက် ဆိုင်မှာ ရေဒီယို၊ ကက်ဆက်လေးနားထောင်ကြ။ စီးပွားရေးသမားတွေ၊ စာပေသမားတွေ၊ ဘ၀အထွေထွေ တို့ကို ဆိုင်လေးမှာလာစုကြသည်။ တဖြည်းဖြည်း ပြောင်းလဲလာလိုက်တာ တီဗွီ၊ အောက်စက်၊ စလောင်းကနေ လက်ရှိ အချိန်တွင်တော့ တချို့ဆိုင်တွေက Internet Wifi free လွှင့်ပေးတဲ့အထိ ဖြစ်လာကြပေပြီ။
ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင်ကို ရွေးထိုင်ဖြစ်သည်။ အထူးသဖြင့် စာဖတ်လို့ရသည့် ဆိုင်မျိုး တွင် အထိုင်များသည်။ ဂျာနယ်၊ သတင်းစာတို့ ချထားပေးသည့်ဆိုင်ဆိုလျှင် ဖင်ပူအောင်ထိုင်ကြသည်။ သူငယ်ချင်း၊ မိတ်ဆွေများဖြင့် ဆုံတွေ့စရာရှိလျှင်လည်း လက်ဖက်ရည်ဆိုင်တွင်သာ ချိန်းဆိုကြသည်။ တွေ့ဆုံ ဖြစ်ကြသည်။
လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုထွန်းကားခဲ့သည်မှာ ကြာမြှင့်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ထွန်းကား နေဆဲပင်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထိုင် အချိန်ကုန်သည့်လူငယ်တွေထက် ဘီယာဆိုင်၊ အရက်ဆိုင်၊ ဘိလိ ယက်ခုံ၊ ကာရာအိုကေဆိုင်များတွင် အချိန်ကုန်သည့်လူငယ်ထက် နည်းနည်းတော့သာမည် ထင်ပါသည်။
လက်ဖက်ရည်ဆိုင်တွင် ရပ်ကွက်ထဲမှ သတင်းကအစ၊ ကမ္ဘာကြီး၏ သတင်းတွေအကြောင်း မျှဝေယူ နိုင်သည်။ ကွမ်းဈေးကနေ၊ ခေတ်မီနည်းပညာတို့၏ လူသုံးကုန်ပစ္စည်းများအထိ ဈေးနှုန်းတွေကို လေ့လာနိုင် သည်။ ပွဲဖြစ်နိုင်သည်။ ပွဲလည်းပျက်နိုင်ပါသေးသည်။
လက်ဖက်ရည်ဆိုင်လေးက အမည်ခံနေရပြီး အံလွှဲနေသော စကားတစ်ခုတော့ရှိသည်။ လက်ဖက် ရည်ဖိုး ပေးသည်ဆိုသည့် စကားဖြစ်သည်။ လက်ဖက်ရည်ဖိုးကို လက်ဖက်ရည်ဆိုင်တွင်သာ ပေးကြပါလျှင် ကောင်းမည် ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရုံးစာရေးသည်လည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သည်လည်းကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူတို့သည်လည်းကောင်း လက်ဖက်ရည်ဆိုင်က စားပွဲထိုးများ မဟုတ်ကြသလို လက်ဖက်ရည်ဆိုင်ပိုင်ရှင်များ မဟုတ်ကြပါ။
သို့ကြောင့် လက်ဖက်ရည်ဆိုင်တွင်သာ လက်ဖက်ရည်ဖိုးလေး ပေးကြ၊ ရှင်းကြစေလိုပါသည်။
(၃)
"စင်ကာပူက အငယ်ကောင်ငွေပို့မယ်ဆိုပြီး ခုထိမပို့သေးဘူးကွာ "
"မင်းက ငွေလိုနေလို့လား "
"မလိုပါဘူး…ဟိုဘက်အကွက်ထဲက..တစ်ကွက်လောက်ယူထားမလို့ကွ..အငယ်ကောင်က ဟိုနေ့ ပို့မယ် ဒီနေ့ပို့မယ်ဆိုပြီး မပို့သေးတာ "
"ကိုယ့်မြို့ကိုယ့်ရွာမှ မဟုတ်တာကွာ တခြားနိုင်ငံမှာအလုပ်လုပ်ရတာ ဘယ်လွယ်မလဲ။ မင်းသိတဲ့ အတိုင်း ငါသွားလုပ်ခဲ့တဲ့ မလေးရှား၊ ဂျပန်ဆိုလဲ ဒီအတိုင်းပဲ "
ဟင်း.. သက်ပြင်းချမိတာကတော့ ကျွန်တော်ပါ။ စကားသံတွေက နားမစွင့်ပါပဲ နားထဲကိုရောက်လာ မိတော့ ကြားရတာနဲ့တင် မောသွားသည်။ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူဆိုသည်ကား ဘယ်ဆီ နေမှန်းပင်မသိ။ တိုင်းတပါးရောက်ဖူးဖို့နေနေသာသာ မြန်မာပြည်တွင်းမှာပင် မရောက်သေးသည့် နေရာ တွေကအများကြီး။ မြန်မာပြည်အတွင်းထဲက နှံ့အောင်သွားချင်နေသေးသည်။ လည်ပတ်ချင်မိပါသေးသည်။
သြော် ကိုယ့်ဘ၀နှင့် သူတို့ဘ၀တွေကလည်း ကွာလိုက်ပါဘိ။ တစ်ချို့တွေက တိုင်းတပါးကို ဈေးဝယ် ထွက်သတဲ့။ ဆေးကုသွားသတဲ့။ အင်း ရပ်ကွက်ဈေးလေးထဲကို ပုံမှန်မရောက်နိုင်သည့်ဘ၀တွေ၊ လမ်းဘေး ဆေးဆိုင်လောက်က ပါရာစီတမော့၊ ဘာမီတွန်လောက်နဲ့ ကုသရတဲ့ဘ၀တွေနဲ့တော့ ကွာခြားလွန်းလှပါဘိ။
လက်ဖက်ရည်လေးကို တစ်ကျိုက်လောက်သောက်လိုက်သည်။ လက်ဖက်ရည်က အေးနေပြီ။ ကျစိမ့် အရသာလေးကတော့ လျှာပေါ်စွဲသွားသည်။ ပုံမှန်အချိန်ဆိုလျှင်တော့ ပေါ့ဆိမ့်သောက်ဖြစ်တာများသည်။ စာ ဖတ်ချင်ရင်း အိပ်ချင်လာတတ်သည့်အချိန်၊ ခေါင်းတွေနောက်လာသည့်အချိန်တွေ ဆိုလျှင်တော့ ကျဆိမ့်ကို သောက်ဖြစ်သည်။
မိတ်ဆွေသူငယ်ချင်းတွေနှင့် ၀ိုင်းဖွဲ့စကားပြောရင်း၊ လက်ဖက်ရည်အရသာလေးခံရင်း၊ စာလေး ဖတ်ရင်း ဇိမ်ခံရသည့် အရသာက တစ်မျိုးထူးသည်ဟု ဆိုရမည်ပင်ဖြစ်သည်။
(၄)
ဘ၀မှာ လူ့လောကမှာ ပိုက်ဆံပေး အကုန်ရသည်၊ အကုန်ဖြစ်သည်ဟူသော စိတ်ဓာတ်တွေ ထွန်းကား တွင်ကျယ်လာပါက ကမ္ဘာကြီးကိုပင် ရောင်းစားကြမည်လား သို့မဟုတ် ကမ္ဘာကြီးပေါ် လူသားတွေ၏ စာနာ စိတ်၊ ကရုဏာစိတ်၊ ရိုင်းပင်ကူညီစိတ်၊ မေတ္တာစိတ်ဓာတ်တွေကို ငွေကြေးဖြင့် တန်ဖိုးဖြတ်ကြတော့မည်လား။
"ပိုက်ဆံရှင်းမယ်ဟေ့ "
"ဟုတ်ကဲ့လာပါပြီ … အားလုံး ၁၂၀၀ ပါခင်ဗျ "
ဦးလေးကြီးက ပိုက်ဆံအိတ်ထုတ်သည်။ ပိုက်ဆံအထပ်လိုက်ကို မြင်တွေ့လိုက်ရသည်။ ထိုအထဲမှ ပိုက်ဆံကို ရွေးပြီးပေးလိုက်သည်ကို မြင်တွေ့ရသည်။ ပိုက်ဆံကို အထပ်လိုက်ကိုင်သုံးနိုင်သည့်ဘ၀တွေက မည်သည့်အရာကိုမဆို ပိုက်ဆံပေးလျှင်ရသည်ဟု ထင်သည်မှာလဲ ဆန်းလှသည်တော့မဟုတ်ပါ။ ထိုဘ၀ တွေက ပိုက်ဆံပေး၍ အရကြီးရနေကြသည်ကိုး။
လွှင့်ထွက်နေသောအတွေးကို စုစည်းရင်း ဆိုင်လေးကို မျက်လုံးကစားကြည့်မိသည်။ ဆိုင်လေး အတွင်း၌ မိသားစုတွေ၊ စုံတွဲတွေ၊ မိတ်ဆွေသူငယ်ချင်းတွေဖြင့် ထိုင်ခုံများပြည့်လုနီးနီးပင်။ စားသောက်နေသူ၊ စကားဝိုင်းဖွဲ့နေကြသူ၊ ဆိုင်ရှေ့ကဖြတ်သွားနေသည့် လူများကို ငေးမောကြည့်နေသူ၊ အေးအေးလူလူ သတင်း စာ၊ ဂျာနယ်ဖတ်နေသူတို့ဖြင့် ပုံစံအမျိုးမျိုးတွေ့မြင်နေရသည်။
ထိုပုံစံအမျိုးမျိုးဖြင့်ရှိနေကြသည့် တစ်ဦးချင်းစီတွင် ဘ၀ကိုယ်စီ၊ အဖြစ်အပျက်ကိုယ်စီတို့ ရှိနေပါလိမ့် မည်။ လက်ဖက်ရည်လာသောက်သူ၊ ဆိုင်မှာစားပွဲထိုးသူ၊ ငွေရှင်းကောင်တာထိုင်သူ၊ လက်ဖက်ရည်ဖျော်၊ မုန့် လုပ်သူ၊ ငွေသိမ်းသည့် ဆိုင်ရှင်ဖြစ်သူတို့ဖြင့် လက်ဖက်ရည်ဆိုင်လေးအတွင်းတွင် လူမျိုးစုံ၊ ဘ၀မျိုးစုံနှင့်အတူ ခံယူချက်မျိုးစုံ၊ ခံစားချက်မျိုးစုံတို့ ရှိနေကြသည်။
လက်ဖက်ရည်ဆိုင်လေး၏ အခင်းအကျင်းနှင့်အတူ ဘ၀အခင်းအကျင်းတို့က အရောင်အသွေးစုံနေပါ လိမ့်မည်။
လက်ဖက်ရည်ဆိုင်လေးမှ ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ချို့ကျ၊ ပေါ့ကျ၊ ကျဆိမ့်၊ ကျောက်ပန်းတောင်းဂိတ်ဆုံး စသည့် လက်ဖက်ရည်အရသာအမျိုးမျိုးတို့ကို ကြိုက်နှစ်သက်သလို သောက်သုံးနိုင်သည်။ ထို့အတူ ဘ၀ တွေက ဆိုင်တွင် မှာယူသောက်သုံးသည့် ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ချိုကျ၊ ပေါ့ကျ စသည့် လက်ဖက်ရည် အရသာ တွေလို ကွဲပြားနေကြသည်။ တစ်ချို့ဘ၀တွေက ချိုချိုအီအီ၊ တစ်ချို့တွေကတော့ အချိုပေါ့သော်ငြားလည်း ဆိမ့်သည့်အရသာ ရှိလိမ့်မည်။ တစ်ချို့ကတော့ ခပ်ကျကျဘ၀တွေ၊ ထိုကျကျဘ၀ကိုမှ ချိုသည်ဟု အရသာခံ သည့် ချိုကျဘ၀တွေ။
ထို ချိုပေါ့ဆိမ့်ကျဘ၀တွေက ကိုယ်နှစ်သက်လို့ မှာလိုက်သည့် လက်ဖက်ရည်အရသာလေးတွေ။ ဘ၀ တွေကလည်း ကိုယ်ဖန်တီးလိုက်သည့် ချိုပေါ့ဆိမ့်ကျ ဘ၀တွေ။ ကိုယ်တိုင်ဖျော်စပ်လိုက်သည့် ဘ၀အရသာ တွေကို တစ်ခါတစ်ခါ နှစ်သက်အရသာခံနေကြသလို တစ်ခါတစ်ခါ မဖြစ်မနေပြုလုပ်လိုက်ရသည့် ဘ၀အရသာ တွေကိုတော့ အာစွတ်ရုံလောက်သာ ခံစားကြရပါသည်။
(၅)
ကျသင့်ငွေကို ရှင်းရင်း လက်ဖက်ရည်ဆိုင်လေးမှ ကျွန်တော်ထွက်ခွာဖို့ ပြင်လိုက်သည်။ ကျွန်တော် လက်ဖက်ရည်ဆိုင်လေးမှ ထွက်ခွာစဉ် ဆိုင်အတွင်းသို့ စားသောက်သူများ ထပ်မံရောက်ရှိလို့ လာပြန်ပါသည်။ သူတို့ လက်ဖက်ရည်၏ ဘယ်လိုအရသာကို ခံယူကြမည်နည်း။ မည်ကဲ့သို့ စိတ်များဖြင့် သောက်သုံးကြမည် နည်း။
ကျွန်တော်ကတော့ ကျွန်တော်မှာယူခဲ့သည့် အရသာအတိုင်း သောက်သုံးခဲ့ပြီး၍ ဆိုင်လေးမှ ထွက်ခွာ ခဲ့ပါပြီ။ အရသာတစ်ခုမှ ချိုပေါ့ဆိမ့်ကျ နောက်ထပ်ဘ၀အရသာတစ်ခုသို့ ခရီးလွှဲထွက်ခွာခဲ့ပါပြီ။ ထပ်မံ ၀င်ရောက်လာသည့်သူများကလည်း ချိုပေါ့ဆိမ့်ကျမည်သည့်အရသာခံ၍ မည်သည့်ဘ၀အရသာကို ဆက်လက်ခံယူကြမည်နည်း။
ဆိုင်လေးအတွင်းက ချိုပေါ့ဆိမ့်ကျဘ၀တွေ။ ချိုပေါ့ဆိမ့်ကျ စိတ်ထားတွေ။

****************

မောင်ပိုင်
၂၇-၁၁-၂၀၁၃
— with William Tuntunko and 18 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...