Quantcast
Viewing all articles
Browse latest Browse all 1811

တစ်ခါတုန်းကတက္ကသိုလ်မှာ အပိုင်း၁၃

Image may be NSFW.
Clik here to view.
Photo


ကျွန်မတို့ တတိယအဖွဲ့က ပညာသင်ချိန်မှာ ချစ်သူရှိတာ ကောင်းလား-မကောင်းဘူးလား ဆိုတဲ့ ခေါင်းစဉ်ကို ငြင်းခုန်ဆွေးနွေး ကြမှာပါ။ လူခွဲကြတော့ ချစ်ကိုနဲ့ ကျွန်မက တစ်ဖက်စီရဲ့ အဖွဲ့ခေါင်းဆောင်တွေ လုပ်ကြရမှာပါ။ ဒီတော့ ချစ်ကိုက ချစ်သူရှိတာ ကောင်းတဲ့ဘက်က နေမယ်လို့ ရွေးပါတယ်။ ဒီတော့ ကျွန်မက ချစ်သူထားတာ မကောင်းတဲ့ ဘက်ကို အလိုလို ရောက်သွားပါတယ်။

ဒါပေမယ့် မြန်မာ မိန်းကလေးတို့ရဲ့ ထုံးစံအတိုင်း ကျွနမမရဲ့ သူငယ်ချင်း မိန်းကလေးအများစုတွေရဲ့ ပွင့်လင်းမှုက အားနည်းပါတယ်။ရည်းစားသာ ခိုးထားမယ် ရည်စားထားတာ ကောင်းပါတယ်လို့ မပြောချင်ကြ မပြောရဲကြပါဘူးးး ဒီတော့ ကျွန်မဦးဆောင်မယ့် ရည်းစားထားတာ မကောင်းတဲ့ဘက်ကနေ ပြောချင်တဲ့ သူတွေချည်း ဖြစ်နေပါတော့တယ်။ ဘယ်လိုမှ လူခွဲလို့လည်းမရ ပြောလို့လည်း မရနဲ့ ဖြစ်ပျက်နေတော့ ကျွန်မလည်း စိတ်ညစ်လာပြီးးး ဖြူဖြူ့လက်ကို ဆွဲပြီးးး"ငါနဲ့ဖြူဖြူနဲ့ ချစ်သူရှိသင့်တယ် ထင်တဲ့ဘက်ကို ရွှေ့ပြီ။ နင်တို့ကပ်သီး ကပ်သပ်မတွေ ကျောင်းမပြီးခင် ရည်းစာထားလို့ကတော့ ငါ့လက်ချက်နဲ့ သေပြီသာမှတ်ကြ။"ဆိုပြီး ပြောပစ်ခဲ့ ပါတယ်။ ဒီလိုနဲ့ ကျွန်မနဲ့ ချစ်ကိုခေါင်းဆောင်ပြီး ဟိုဘက်အဖွဲ့ကို မညှာတမ်းနှိပ်ကွပ်ဖို့ သဘောတူညီခဲ့ ကြပါတယ်။ ဟီဟိ။

ကျွန်မက မနက်အစော ဟိုင်ကင်အဖွဲ့နဲ့ ကျုံးတစ်ပတ် လမ်းလျှောက်ရင်းက သွား/ဆေး က မသူကြီးနဲ့ စကားပြောဖြစ် ပါတယ်... "သူကြီးရေ... အနော်တော့ ဒီနေ့ကျောင်းမသွားရဲတော့ဘူးဂျ။ မသွားပြန်ရင်လည်း စာမေးပွဲကျမယ်၊ ပြီးတော့ အနော့်အဖွဲ့ကလည်း အနော့်ကို ဝိုင်းဆဲကြမှာဂျ။""လုပ်လိုက်မှဖြင့် အရပ်ကူပါ လူဝိုင်းပါနဲ့…ဘယ်လိုဖြစ် ရပြန်တာလဲဟ။""ဟင့် ဟင့်……သာမီးတော့ ငိုချင်တော့တာပဲ။ဒီနေ့ အနော်တို့ ဒီဘိတ်လုပ်ရမယ့်နေ့လေ သူကြီးရဲ့။""အဲ့တော့!!""ရှေ့ကအဖွဲ့တွေထက် ထူးခြားအောင် ပြီးတော့ စည်းလုံးမှုကိုလည်း ပြပြီးသား ဖြစ်အောင်ဆိုပြီး တီရှပ်ဆင်တူ တံဆိပ်ရိုက်ဝတ်ဖို့ သဘောတူ ခဲ့ကြတယ်လေ။

Image may be NSFW.
Clik here to view.
Photo
 
 တီရှပ်ရဲ့ နောက်ကျောမှာ အနော်တို့ မေဂျာနာမည် ထည့်ထားတယ်။ ရှေ့မှာတော့ ချစ်သူရှိတာ ကောင်းပါသလား? စာဘေးမှာ အသဲပုံလေး နှစ်ပုံ ထည့်ထားတယ်။ နောက်တစ်ကြောင်းက ချစ်သူရှိတာ မကောင်းဘူးလား? စာဘေးမှာ အသဲပုံလေး တစ်ပုံပဲထည့်ထားတယ်။ အဲ့ဒီဒီဇိုင်းကို တစ်ဖွဲ့လုံးရဲ့ သဘောတူမှုနဲ့ အပ်လိုက်တာလေ။ အထည်ကနည်းတော့ ဘယ်ဆိုင်ကမှ လက်မခံဘူး။ လက်ခံတဲ့ဆိုင်မှာပဲ ဈေးကြီးပေးပြီး အပ်ခဲ့ရတယ်။""အဲတော့လည်း အဆင်ပြေသွားရောမလားးးး""မပြေလို့ပေါ့ဂျ။ ငိုချင်ပါတယ်ဆို။""ဘာလို့မပြေရတာဒုန်းးး??""ရင်ဘတ်ရဲ့ ဘယ်ညာမှာ အသဲပုံကြီးတွေ တပ်ထားတယ်ဗျ။ပြီးတော့ အသဲကနှစ်ခုတွဲ ကြီးတွေ ဆိုတော့ သွေးလှူရှင် တံဆိပ်ဖြစ်နေတာပေါ့။"

"စာလုံးပေါင်းကလည်း မှားနေသေး တယ်။ အပြာနုရောင်တီရှပ်လုပ်ပါဆိုတာကို မဲပြာရောင် တီရှပ်တွေလုပ်ထားတယ်။ အာ့နဲ့ဆိုင်ကိုဂျီကျပြီး ပြဿနာရှာတော့ စာလုံးပေါင်းမှားတာလေးပဲ ပြင်ပေးနိုင် မယ်တဲ့။""ဟင်!!! မမိုက်ပါဘူး ဟယ်။""မနေ့က သွားယူတော့ ပိုနေတဲ့ စာလုံးပေါ်ကို စတစ်ကာဆေးမည်းတွေနဲ့ အုပ်ထားတာ ဖြစ်နေတယ် အမရဲ့။""အယ်…လက်နှီးစုတ်သာ လုပ်လိုက်ပါတော့ဟယ်။ ဝတ်မနေပါနဲ့တော့ ခိခိ။""အာ့ကြောင့် ကျောင်းမသွားရဲဘူးပြောတာ ပေါ့ဗျ။ ပိုဆိုးတာက လိမ္မော်နီရောင် စပ်ဖြဲဖြဲ ကာလာနဲ့ ရိုက်ထားတဲ့ အသဲပုံကြီးတွေပဲ။ ဝတ်လိုက်တော့ ရင်ဘတ်တွေပေါ် တည့်တည့်ကြီး ရောက်နေတယ်။ မိန်းကလေးနဲ့ ဘယ်သင့်တော်မှာလဲဂျ။""ဟားဟားဟားးး"

မရဲသော်လည်း ပြေးခဲစေ ဆိုတဲ့စကားအတိုင်းပဲ သူများမဝေဖန်ခင် ကိုယ်ကရဲဆေးတင်ပြီး အရမ်းလှတာပါပဲ လို့ပြောပြီး ရှေ့ဆုံးကနေ ခေါင်းမော့ပြီး အပြုံးမပျက် ဝတ်ပြရတော့တာပေါ့လေ။ ဒါပေမယ့် ဂျာမန်ခန်းရှေ့ ဖြတ်လျှောက်ချိန်မှာတော့ ကျွန်မမှာ အတော်ကြီး မာန်တင်းပြီး ရှက်ရှက်နဲ့ လျှောက်ခဲ့ရပါတယ်။ "ဟေ့ကောင်တွေ... ကိုရီးယားမတွေက မေးနေတယ် သူတို့ကို ချစ်လား?မချစ်ဘူးလား? တဲ့။ ငါဘယ်လို ဖြေလိုက်ရမလဲ။""ဟားဟ""ဟိဟိ ""ဟားဟားဟားးး""အားနာစရာကြီး ချစ်တယ်လို့ ဖြေလိုက်ကြစို့။""ခွိခွိ..."

ဒီဘိတ်က ရင်ခုန်စရာ မရှိပါဘူး။ ခေါင်းဆောင်နှစ်ယောက်က တစ်ဖက်ထဲ ရောက်နေကြပါတယ်။ ဟိုဘက်အဖွဲ့မှာ ခေါင်းဆောင်နိုင်တဲ့လူ မရှိပါဘူး။ ကျွန်မတို့ အဖွဲ့ကို ဆယ့်ငါးမိနစ်စာ ခြေပပြန်လှန် ပြောဖို့တောင် မရေးတတ်လို့ ကျွန်မနဲ့ ချစ်ကိုကပဲ တာဝန်ယူ ရေးပေးထားရတာပါ။ မေးခွန်းမေး သမျှကိုလည်း ကျွန်မတို့ ဘက်ကပဲ ဒိုင်ခံဖြေရှင်းပြီး တစ်ဖက်သတ် အားမနာတမ်း အနိုင်ပိုင်းခဲ့ကြပါတယ်။

တော်တော်တော့ ရယ်ရပါတယ်... ပညာသင်ချိန်မှာ ရည်းစားထားတာ မကောင်းပါဘူးးးး ဆိုတဲ့ဘက်က အဖွဲ့ဝင်ထက်ဝက်ဟာ ကျောင်းမပြီးခင် ရည်းစားတွေ ရကုန်ပြီး အိမ်ထောင်ကျတာလည်း ဒီအုပ်စုကပဲ များပြားပါတယ်။ ကျွန်မတို့လို ချစ်သူနဲ့အတူ ပညာရေးခရီးလည်း လျှောက်မယ် ဘဝခရီးလည်း တူတူလျှောက်မယ်။ တစ်ယောက်ကို တစ်ယောက် နားလည် ယုံကြည်စွာ အားပေးမယ်...အချစ်ကြောင့် ဘဝဟာ ပိုမိုသာယာလှပလာတယ်... ဘာညာသာတကာတွေကို လျှာရိုးမရှိတိုင်း ပြောခဲ့တဲ့ အုပ်စုက ဦးစီးဦးဆောင် လုပ်တဲ့ ချစ်ကိုနဲ့ကျွန်မ အပါအဝင် တစ်ဖွဲ့လုံးဟာ ဒီနေ့ထိ အပျိုကြီး လူပျိုကြီးတွေ ဖြစ်နေကြ ပါတယ်။

တတိယနှစ်မှာ တက္ကသိုလ်များ ခြေလျှင်တောင်တက် အသင်းနဲ့အတူ ဖန်ဂရမ်ရာဇီ ဆိုတဲ့ ရေခဲတောင်ကို သွားတက်ခဲ့ပါတယ်။ ခရီးစဉ်က အစားအသောက်ကစပြီး ပင်ပန်း ဆင်းရဲပါတယ်။အသွားအပြန် လေယာဉ်စားရိတ်၊တစ်လစာ ဟင်းအခြောက်ကြော်များ၊ခေါက်ဆွဲခြောက် တစ်ဖါနှင့် ကွေကာအုပ် အထုပ်ကြီးတစ်ထုတ် ပေးရပါတယ်။ ပူတာအိုနဲ့ မြစ်ကြီးနားမှာ နားနေသောင်တင်စဉ် စားသောက်စားရိတ် ကိုယ့်တာဝန်ကိုယ်ယူရပါတယ်။ပူတာအိုမြို့ကနေ စပြီး အနောက်တောင် စူးစူးကို လမ်းလျှောက် ရပါတယ်။အထက်ဆန်ဂေါင်၊အဝါတန်း၊ ဝါဆန်ဒမ်းးးးအစရှိတဲ့ ရွာတွေနဲ့ တောအထပ်ထပ် တောင်အသွယ်သွယ် ကိုခြေလျင် ဖြတ်သန်းခဲ့ရပါတယ်။

ဇီယာဒမ်းရွာရဲ့ ဟိုဘက်မှာ ရွာမရှိတော့ပါဘူး။ တောစခန်းအဆင့်ဆင့် ချသွားရပါတယ်။ ပြောတော့သာ ဖန်ဂရမ် ရာဇီတောင်တက်တယ်ပါ။ တကယ်တမ်းမှာ အဲ့ဒီတောင်မရောက်ခင်စပ်ကြားက ပေ၇၀၀၀ ကနေစပြီး ပေတစ်သောင်း ဝန်းကျင် တောင်ထွဋ်ပေါင်း များစွာကို ခြေလျင်တက်ပြီး ဖြတ်ကျော်ခဲ့ရတာပါ။ ရေခဲတောင်ထွဋ်တစ်ခုပေါ်မှာ ခဏနားပြီး နေ့လည်စာစားကြတော့ မှတ်တမ်းမှတ်ရာ အတိအကျလုပ်နေတဲ့ ကျွန်မက ဒီတောင်နာမည် ဘာလဲလို့ မေးပါတယ်။

ကိုသက်ထွန်း(ဦးတေဇ မဒွယ်ရာဇီ ရေခဲတောင်ပေါ် ရဟတ်ယာဉ် ပျက်ကျ စဉ်က အတူပါဝင်သူ ) ကပြောပါတယ်... "ဒီဘက်က တောင်တွေမှာ နာမည်မရှိသေးဘူအေ့။ ညည်းနာမည် ပေးစေချင်ရင်တောင် ရတယ်။ငါတို့ကို မုန့်ကျွေးပြီး နာမည်ပေးခဲ့"။ ဒီကငပေါကလည်း တဟီးဟီးနဲ့ သဘောတွေကျပြီး ပါလာတဲ့ ချိုချဉ်နဲ့ ချောကလက်လေးတွေဝေပြီး နာမည်ပေးခဲ့ ပါသေးတယ်။ သယ်ချင်းတို့ရေ... ကချင်ပြည်ရဲ့ အနောက်မြောက်ထောင့်၊အန္ဒိယနယ်စပ်တစ်နေရာမှာ နေထက်ထက်အောင်ရာဇီလို့ အမည် ပေးထားတဲ့ ပေတစ်သောင်းကျော်ခန့် ရှိတဲ့ တောင်ထွဋ်လေးတစ်ခု ရှိပါတယ်ကွယ်...ခ်ခ်။

လမ်းမရှိတဲ့ ခရီးစဉ်လည်း ဖြစ်တယ်။ လမ်းကြောင်းအနေနဲ့လည်း မမှားရတော့ဘူး။ပြီးတော့ သောက်သုံး ချက်ပြုတ်ဖို့လည်း ရေအတွက်မပူရအောင် ဖန်ဂရမ်ချောင်းရိုး အတိုင်းခရီး နှင်ကြပါတယ်။ဒီတော့ တစ်ရက်ကို အနည်းဆုံးဆယ့်နှစ်ကြိမ် အများဆုံး အကြိမ်နှစ်ဆယ်ကျော်ထိ ချောင်းကို ဘယ် ညာ ဖြတ်ကူးကြရပါတယ်။ ရေစိုရက်နဲ့ပဲ ခရီးဆက်ကြရပါတယ်။ လမ်းလျှောက် နေရတော့ ဘော်ဒီဟိဒ်က တက်နေပါတယ်။ ပတ်ဝန်းကျင်က အေးစိမ့် နေပါတယ်။ရေကလည်းစိုနေတော့ ခဏထိုင်နားကြပြီ ဆိုရင် ခန္ဓာကိုယ်ကနေ အငွေ့တစ်ထောင်းထောင်း ထွက်နေပါတယ်။ ဦးထုတ်ချွတ်လိုက်ရင် ခေါင်းပေါ်မှာ အငွေ့တလူလူနဲ့ပေါ့။ ဒီမြင်ကွင်းကိုပဲ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ရယ်နေကြပါတယ်။ ပိုးသိုင်းအောင်တော့မှာလိုလို.... ရေခဲတောင် ကြာပွင့်မျိုချထားမိသလိုလို....

ခရီးစဉ်က ဘာအန္တရာယ်မှ မဖြစ်ခဲ့တော့ ပျော်ဖို့ကောင်းပါတယ်။ တစ်ခုခု ဖြစ်ခဲ့ရင်လည်း သေဖို့ပဲ ရှိပါတယ်။ ကယ်ဆယ်ရေးပစ္စည်းဆိုလို့ ကြိုးတောင် လောက်အောင်မပါပါဘူးးး စိတ်ညစ်စရာတွေ ထားခဲ့ပြီး ပျော်စရာ အကြောင်းတွေပဲ ပြောချင်ပါတယ်။ ကျွန်မက အိမ်မှာ အိမ်မှုကိစ္စတွေ အတွက် တာဝန်ခွဲတော့ ချက်ပြုတ်ရေးဘက်မှာ တာဝန်မကျပါဘူး။ ဒီတော့အဲ့ဒီအချိန်မှာ မချက်တတ် မပြုတ်တတ်ဘူး ဆိုကြပါတော့။နမော်နမဲ့နဲ့ ခဏခဏဓါးရှဖူး လို့ ဖေဖေက ကျွန်မကိုဓါးတွေ ကက်ကြေး တွေ ပေးမကိုင်ပါဘူးးး ကျောင်းသူဘဝမှာ ခဲချွန်စက်ပဲ သုံးရပါတယ်။ ခဲချွန်ဓါး မသုံးခဲ့ရပါဘူးးး။

အလှည့်ကျ ချက်ပြုတ်ကြရတော့ တွေ့ကြပါပြီ။ ကျွန်မက တစ်ခြားအဖွဲ့ငယ် မှာဆိုရင် ဆဲပြီးရင်းဆဲခံရဖို့သာ ရှိပေမယ့် အခုအဖွဲ့၂ရဲ့ခေါင်းဆောင် ဒေါက်တာအောင်ဇေရဲ့ ငဲ့ညှာမှုနဲ့ ချက်ရေးပြုတ်ရေးမှာ ဝါသနာနဲ့စေတနာ ကြီးတဲ့ မသူကြီးကြောင့် သက်သာခွင့် ရခဲ့ပါတယ်။တစ်ရက်မှာတော့ အဖွဲ့ခေါင်းဆောင်က ကျွန်မလက်ထဲကို ရွာထဲက ဝယ်လာတဲ့ ဂေါ်ရခါးသီးတစ်လုံး လာထည့်ပါတယ်။ အခွံသင်ခဲ့ပါ လို့လည်း မှာကြားပါတယ်။ကျွန်မက မသင် တတ်ပါဘူး။ ဒါပေမယ့် မလုပ်တတ်ပါဘူးးးလို့လည်း မငြင်းရက်ပြန်ပါဘူးးး။ဒါနဲ့ကြိုးစားပြီး အခွံသင် ပါတယ်။မညီညာတဲ့ လှိုင်းထစ်တွေရှိတဲ့ ဂေါ်ရခါးသီးကို အခွံသင်ပြီးချိန်မှာ မူလအသီးရဲ့ ၃ပုံ၂ပုံခန့်ပဲ ကျန်ရှိပါတော့တယ်။ အသီးရဲ့ အဆင်းသွင်ပြင်ကလည်း ပဲ့ရွဲ့ပြီး အခြေအနေ တော်တော်ဆိုးသွားပါတယ်။

"ဒေါ်နေနေရေ...ဂေါ်ရခါးသီး ရပြီလားးး?"ရှက်လည်းရှက် ကြောက်လည်း ကြောက်နဲ့ မရသေးဘူးလို့ ဖြေလိုက်ပါတယ်။ ခဏနေတော့ ထပ်မေးပါတယ်။မလွှဲသာစွာပဲ အဖွဲ့ခေါင်းဆောင်ကိုရှောင်ပြီး မသူကြီးလက်ထဲကို ဂေါ်ရခါးသီး အပ်လိုက်ပါတယ်။သူကြီးကဂေါ်ရခါးသီးရဲ့ အသွင်ပြင်ကို မြင်တော့ တခွီးခွီးနဲ့ ရယ်ပြီး အဖွဲ့ခေါင်းဆောင်လက်ကို အပ်ပါတယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မဘဝမှာ မမေ့နိုင်တဲ့စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ ဆရာက ဂေါ်ရခါးသီးကို စေ့စေ့ကြည့်ပြီးးးး "သြော်...နေနေရယ်။ ဂေါ်ရခါးသီးဆိုတာ ဟင်းချက်ဖို့လုပ်ရင် တုန်း တစ် ပစ်ရတာပါပဲ။ လှဖို့မလိုပါဘူးကွယ် ပြီးတော့လည်း အပိုင်းပိုင်း အစိတ်စိတ် ဖြစ်ပြီး ဟန်းကောထဲ ရောက်သွားတာပါပဲ။ စိတ်မကောင်း မဖြစ်ပါနဲ့။"

ကျွန်မတို့က ညဘက် အိပ်မပျော်ခင်မှာ ဟာသဇာတ်လမ်းတို လေးတွေကို တစ်ယောက်တစ်ပုဒ် ပြောကြလေ့ရှိပါတယ်။ ကျွန်မက ပြောစရာ ဟာသဇာတ်လမ်းကုန်သွားတော့ မြန်မာရာဇဝင်တွေထဲက ထူးခြားတဲ့ ဇာတ်လမ်းတွေကို အတိုချုံ့ပြီး ပြောပြလေ့ရှိပါတယ်။တစ်ညမှာတော့ နတ်ရှင်နောင်ရဲ့ ဇာတ်လမ်းကို ပြောပြီးကတည်းက ကျွန်မကို ရာဇဝင်ထဲက မင်းသမီးလေးနေနေလို့ ပြောင်နောက်ပြီး ခေါ်ခံ ခဲ့ရပါတယ်။ သူကြီးတို့အုပ်စုက အစအနောက်လည်း အလွန်သန်ပါတယ်။ သဘောကောင်းတဲ့လူပျိုကြီးကိုသိန်းလွင်ကို သူတို့က အနိုင်ကျင့်တတ်ပါတယ်။

မနက်ခင်းတစ်ခုမှာ ကိုသိန်းလွင် မျက်နှာသစ်ပြီး မုတ်ဆိတ်နဲ့ပါသိုင်းမွှေး ရိတ်နေတာ တစ်ခြမ်းပြီးသွားချိန်.... အဲ့ဒီမုတ်ဆိတ်ရိတ်တဲ့ဂျုတ်ကို မမြင်ဘူးလို့ ဆိုပြီး မသူကြီးက အတင်းတောင်းကြည့် ပါတယ်။ ပြီးတော့ တစ်ယောက်လက် တစ်ယောက် ကမ်းပြီးကြည့်ကြရင်းးး ချောင်းထဲပြုတ်ကျသွားပါတယ်။ တခြားယောက်ျားလေးတွေကလည်း ဂျုတ်မယူလာကြပါဘူးတဲ့။ ဒါနဲ့ကိုသိန်းလွင်က မျက်နှာတစ်ခြမ်းက အမွှေးတွေနဲ့ တစ်ခြမ်းကပြောင်ရှင်းပြီး မြင်သူတကာ ရယ်စရာပုံနဲ့ ခရီးရှည် ဆက်ခဲ့ရပါတယ်။ မြို့ပေါ်ပြန်ရောက်မှ ချောင်းထဲကျသွားတယ်ဆိုတဲ့ အဲ့ဒီဂျုတ်ကို ပိုင်ရှင်ထံ ပြန်ပေးကြပါ တော့တယ်။

အမြင့်ပေတစ်သောင်း နှစ်ထောင်ကျော်တဲ့ ဖန်ဂရမ်ရာဇီကို အောင်မြင်စွာ တက်ရောက်ပြီး ပြန်အလာ... တောတွင်းတစ်နေရာမှာပေါ့... မောမောနဲ့ ကျွန်မတို့မိန်းကလေး ၅ယောက်က ခဏထိုင်နားနေကြပါတယ်။လမ်းဘေးချောက်ကြီးထဲကနေ တောသတ္တဝါကြီးတစ်ကောင်ရဲ့ ဝါးရုံပင်တွေကို တောတိုးတက်လာတဲ့ ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့ ဝုန်းဒိုင်းကျဲသံကြီးက အနီးကပ်ထွက်ပေါ်လာပါတယ်။ ဘယ်လိုလုပ်ကြမလဲ?ပြေးကြမလား?ပေါ့။

ကျွန်မခါးပတ်အိတ်ထဲမှာ စစ်သုံးခေါက်ဓါး ဓါးမြှောင်အကြီး တစ်ချောင်း ပါပါတယ်။ဒီလောက်နဲ့က ဒီအခြေအနေမှာ ဘာမှလုပ်မရပါဘူး။ဒါနဲ့ ဘယ်သူ့ဆီမှာ လက်နက်ပါသလဲ မေးတော့ သူကြီးက သူ့ဆီမှာဓါးပါတယ်။နေနေယူမှာလားတဲ့။ ဒီကလည်း တောရှင်းဓါးထင်လိုက်မိတော့ အားကိုးတကြီးနဲ့ "မြန်မြန်ပေးအမ"ပေါ့။ အဲ့ဒီမှာ သူကြီးက သူ့ခါးပါတ်အိတ်ထဲက ခရမ်းချဉ်သီးလှီးတဲ့ မီးဖိုချောင်သုံး လေးထောင့်စပ်စပ် ဓါးပိစိလေးကို ခဲရာခဲဆစ် ထုတ်လိုက်ပါတယ်။ ဓါးကိုမြင်လိုက်ကတည်းက ကျွန်မက "နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲဟေ့။ ပြေးးးးး"လို့အော်ပြီး ရှေ့ဆုံးကနေ ပြေးခဲ့ပါတယ်။

Image may be NSFW.
Clik here to view.
Photo
 
 ရက်နှစ်ဆယ်ကျော်ကြာတဲ့ခရီးစဉ် တစ်လျှောက်မှာ ရေချိုးခွင့် အောက်ပတ်စ် ပိတ်ထားပါတယ်။ကိုယ့်အချင်းချင်းမှာ ဘာအနံ့မှလည်း မရကြပါဘူးးး နံတယ်လို့လည်း မထင်မိပါဘူး။ ပူတာအိုမြို့ပေါ် ပြန်ရောက်တော့ လက်ဖက်ရည်ဆိုင် ရှမ်းခေါက်ဆွဲဆိုင်၊ထမင်းဆိုင်တွေနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေကို ဝင်ထွက်ပြီး ဒီလိုပဲအများနဲ့ ရောထိုင်ပြီး စားကြတာပါပဲ။လေယာဉ်က သူ့သတ်မှတ်ရက်မှာ မဆိုက်တော့ ရေချိုးခွင့် ပြုလိုက်ပါတယ်။ ကျွန်မတို့အားလုံး ပူတာအိုချောင်းထဲမှာ ရေချိုးကြပါတယ်။ ပျော်စရာအလွန်ကောင်းပါတယ်။ယောက်ျားလေးတွေအရင်ချိုးကြပါတယ်။ သူတို့ပြီးမှ ကျွန်မတို့မိန်းကလေးတွေ အလှည့်ပါ။

အားလုံးချိုးပြီးသွားတော့ ဖစ်ဆစ်မေဂျာ မဟာတန်းက အကိုကြီးတစ်ယောက်က ရေမချိုးဘဲ ချန်နေခဲ့ပါတယ်(ယခု ရတနာပုံ တက္ကသိုလ်မှာ ကထိက ဖြစ်နေပါပြီ ခ်ခ်)။ သူကအိမ်မှာနေရင် ရေချိုးပျင်းတော့ သူ့အမတွေက ဇွတ်အတင်း ချိုးခိုင်းကြတယ်တဲ့။အခုလိုချိုးခိုင်းမယ့်သူ မရှိတော့ မချိုးဘဲနေချင်သေးလို့ မချိုးတာပါတဲ့။ အဲ့ဒီတော့မှပဲ သူ့ဆီက
အနံ့အသက်ကို သတိပြုမိပါတော့တယ်။
မီးခိုးမှိုင်းနံ့၊ရေညှိနံ့၊ချောင်းရေမြှောင်းရေ စိမ်မိရင်ရတတ်တဲ့ ချောင်းမြှောင်းနံ့၊ပြီးတော့ကိုယ်နံ့ ဒါတွေကိုရှူစရာမလိုဘဲ အတိုင်းသားရနေပါတယ်။ဒီတော့မှပဲ ပြီးခဲ့တဲ့
ရက်တွေက ရေမချိုးဘဲ လူတောထဲ ထွက်ခဲ့တာတွေကို သတိပြုမိပြီး ကိုယ့်ဘာသာ ရှက်ရကောင်းမှန်း သိတော့တာပါပဲ။

ပူတာအိုကနေ ဘယ်မှမသွားရဘူးလို့ အဖွဲ့ခေါင်းဆောင်က အမိန့်ထုတ်ပေမယ့် ဒေါက်တာထွန်းထွန်းသန်းရဲ့ တောင်းဆိုစီစဉ် ပေးမှုနဲ့ ကောင်းမှုလုံ စေတီတော်ကို ဖူးခွင့်ရခဲ့ပါတယ်။ ကုန်တင်စစ်ကားကြီးနဲ့ လမ်းအခြေအနေကောင်းမွန်မှုကြောင့် ဗိုက်ထဲက ကလီစာတွေပါ ကျေညက်သွားသလိုခံစားရပါတယ်။မူလာရှိဒီး ကြိုးတံတားလည်း ရောက်ခဲ့ပါတယ်။ မေခမြစ်မှာ ဝါးဖောင်တွေနဲ့ နေဝင်ချိန်ရှုခင်းကို ထိုင်ကြည့်ခဲ့ရတာ ဘယ်တော့မှ မမေ့ပါဘူးးး

မေမေနဲ့ဖေဖေက ခါကာဘိုရာဇီ တောင်ခြေက တဟွန်ဒမ်းရွာမှာ သီတင်းသုံးတဲ့ ဆရာတော်ဦးတိလောက အတွက် ဆေးဝါးနဲ့ ရိက္ခာဆွမ်းတွေ လှူလိုက်ပါတယ်။ ဆရာတော်က သက်တော်ရလာတဲ့အခါမှာ ပြင်းထန်တဲ့ ဆောင်းရာသီကို ရှောင်ဖို့ ပူတာအို သို့မဟုတ် မြစ်ကြီးနားမှာ ၃လခန့် သီတင်းသုံးလေ့ ရှိပါတယ်။ဆရာတော်က တဟွန်ဒမ်းမှာ ကျောင်းထိုင်ပြီး မိုးမလုံနှင်းမလုံတဲ့ တဲစုတ်လေးနဲ့ သီတင်းသုံးခဲ့ရတာပါ။ အရမ်းကို ဆင်းရဲပြီး ဘာသာတရားနဲ့ ဝေးနေတာ ကြာပြီဖြစ်တဲ့ တိဘက်ဗုဒ္ဓဘာသာတွေကို ဘာသာအယူ မပျောက်အောင် နှင့် ဗုဒ္ဓသာသနာ့ရောင်ဝါ ခါကာဘိုရာဇီတောင်ခြေမှာ မကွယ်အောင် စောင့်ရှောက်ဖို့ ကြွရောက်သွားခဲ့တာပါ။ ဆရာတော်ဘုရားကို သာသနာရေး ဝန်ကြီးဌာနက တစ်လကိုငွေသုံးရာကျပ် ထောက်ပံ့လှူဒါန်းတယ်လို့လည်း ဆရာတော်က မိန့်ကြားဖူးပါတယ်။

အဲ့ဒီအရပ်မှာ ကိုးကွယ်ဖို့ ကျောက်ဆင်းတုတော် တစ်ဆူ အလှူခံဖူး တာကလွဲရင် ဘယ်လိုအလှူမှ ပေးဖို့ မတောင်းဆိုခဲ့ဖူးပါဘူး။ ကျွန်မရဲ့ မိဘတွေကလည်း လှူခွင့်ရတာကို ဝမ်းတွေသာပြီး မဟာမုနိဘုရား အနောက်မုခ်က ကျောက်ဆစ်တန်းကို ပင့်သွားပြီး ကြိုက်ရာ အရွယ်အစားရှိတဲ့ ဆင်းတုတော်ကြီးကို အလှူခံပါဘုရားပေါ့။ ဆရာတော်က ဥာဏ်တော် တစ်တောင်ခန့်ရှိတဲ့ ဆင်းတုတော်လေးကိုသာ အလှူခံတော့ ဒီထက်ကြီးမားတာကို အလှူခံပါဘုရားးး ဘာညာဆိုပြီးလျှောက်ခဲ့ကြပါတယ်။ ဆရာတော်က သယ်ယူဖို့မလွယ်ဘူးလို့ မိန့်တာကို ကျွန်မတို့မိသားစုရဲ့ ဘဝအတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ နားမလည်ခဲ့ပါဘူးးးး အဲ့ဒီဆင်းတုတော်ကို အိမ်မှာပဲ ဆရာတော်ကိုယ်တိုင် ဦးစီး အနေကဇာတင်ပြီး "မဟာခေါင်ဖျား"ဘုရားလို့ ဘွဲ့တော်ဆပ်ကပ်ခဲ့ပါတယ်။

ခုလိုကိုယ်တိုင်ကိုယ်ကျ အသက်ကို ဖက်နဲ့ထုတ်ပြီး ပင်ပန်းဆင်းရဲခံ တောင်တက်လိုက်တော့မှသာ ဆရာတော့်စကားကို အပြည့်အဝ နားလည်လာခဲ့ မိပါတယ်။ ကျွန်မသွားခဲ့တဲ့ ခရီးထက် ဆရာတော်သီတင်းသုံးတဲ့ တဟွန်ဒမ်းရွာကို သွားတဲ့ခရီးက အဆပေါင်းများစွာ ပိုမိုခက်ခဲကြမ်းတမ်း တယ်လို့လည်း သိခဲ့ရပါတယ်။ ပူတာအိုမှာ ဆရာတော့် သတင်းစုံစမ်းတော့ မြစ်ကြီးနား မှာသီတင်းသုံးဖို့ ကြွသွားတယ်ဆိုတာပဲ သိခဲ့ရပါတယ်။ ဒါနဲ့ပဲ ပူတာအိုမှာရှိတဲ့ တောင်တန်းသာသနာပြု ကျောင်းတိုက်က ဆရာတော်ထံကိုပဲ ပါလာတဲ့လှူဖွယ်တွေကို ဆပ်ကပ်ခဲ့ပါတယ်။

ပေတစ်သောင်းကျော် တောင်တက်ဖူးရင် ကြယ်တစ်ပွင့် အဆင့်ရှိတဲ့ တောင်တက်သမားလို့ သတ်မှတ်ပါတယ်။ ကျွန်မတို့ကိုလည်း မန္တလေး ပြန်ရောက်ရင် အခမ်းအနားနဲ့ ရွှေကြယ်ပွင့် ချီးမြှင့်မယ်လို့ ပြောပါတယ်။ ဒီကလည်း စိတ်ကူးတွေ ယဉ်တာပေါ့လေ.... ကြယ်ပွင့်က ဘယ်အရွယ်အစားလောက် ရှိမလဲ??ပုခုံးပေါ်တင်ရမှာလားးး?? ရင်ဘတ်မှာ ရင်ထိုးလိုတွယ်ရမှာလားးး?? မှန်ဘောင်သွင်းပြီး ချိတ်ရမှာလားးးး???? အမျိုးသားပွဲတုန်းက ရခဲ့တဲ့ ဆုတံဆိပ်ကြီးလို လည်ပင်းမှာ ခန့်ခန့်ကြီးဆွဲပြီး ဓါတ်ပုံရိုက်ရမှာလားးးး????စသဖြင့်ပေါ့လေ။

အခမ်းအနားရောက်တော့ ပိန်ရှုံ့ရှုံ့ ဂျပ်ဘူးလေးတွေကို ဆုအဖြစ် တက်ယူရပါတယ်။ ဖွင့်ကြည့်လိုက်တော့ တစ်လက်မ ပတ်လည်ခန့် ပလတ်စတစ် ရင်ထိုးလေးဖြစ်နေပါတယ်။ နောက်ထပ်ဘာများထပ်ပေးအုံးမလဲလို့ တမျှော်မျှော်နဲ့ပေါ့။ဒါပေမယ့် အရေမရ အဖတ်မရ အနှစ်မပါတဲ့ အမှာစကား မိန့်ခွန်းတွေကို နားထောင်ပြီး ပြန်လာခဲ့ရ ပါတယ်။ "ဆရာ!!! ပြောတော့ရွှေကြယ်ပွင့် ပေးမှာဆို??? ဘယ်မှာလဲ။ ""အဲ့ဒီမယ်လေ။ ညည်းကဂျပ်ဘူး ဖွင့်မကြည့်ဘူးလားးး ""အဲ့ဒါပလတ်စတစ် ရင်ထိုးဂျီး။""အဲ့ဒီရင်ထိုးရဲ့ ထိပ်မှာ ကြယ်ပုံလေး ပါတယ်လေ။ သေချာမကြည့်ဘဲနဲ့။""တိန်"ဆန်စေ့တစ်ထောက်စာ ကြယ်ပွင့်ပိစိ လေးကို မြင်အောင်အတော် ရှာယူလိုက်ရပါတယ်။ ဟားဟားဟားးး လို့သာ ကိုယ့်ကိုယ်ကို အော်ရယ်လိုက်ချင်မိတာပါပဲ။

ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်
— with Maung Paing and 62 others.(5 photos)




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>