![နံနက်စာ၊ ခွေးတစ်ကောင်နှင့် အဂတိလိုက်စားမှု ခွေးနဲ့ အဂတိလိုက်စားမှု………….ဟင် ဘာမှလဲ မဆိုင်ဘူး။ ဆိုင်ပါသကောကွာ။ ဒီနေ့ တစ်ယောက်တည်း နံနက်စာစားဖို့ ထိုင်နေတယ်။ စားပွဲဘေးမှာ ခွေးတစ်ကောင်လည်း စောင့်ကြောင့်ထိုင်နေတယ်။ သူ့ကြည့်ရတာ ဗိုက်ဆာနေမယ့်ပုံ။ ဒီကောင် ဆာဆာနဲ့ ငါ့ပန်းကန် လှမ်းဟပ်မှာလား။ ငါကျွေးလိုက်လို့ နောက်တစ်ခါ ငါလာတိုင်း ငါ့စားပွဲနားမှာ လာထိုင်နေမှာလား။ အကျင့်ပါသွားပြီး ဆိုင်ထဲ တစ်ခြားဝိုင်းတွေနား အဲ့ဒီလို အမြဲသွားထိုင်နေရင် တစ်ခြားသူတွေကို အနှောက်အယှက် ပေးလိုက်သလို ဖြစ်သွားမှာလား။ အစားအသောက်ချ ကျွေးလိုက်လို့ ဆိုင်ညစ်ပတ်တယ်ဆိုပြီး ဆိုင်တာဝန်ခံ၊ သန့်ရှင်းရေးသမားက ငါ့လာ အငေါ်တူးရင် ဘယ်လိုလုပ်မလဲ။ ဒီကောင် လူဆိုလဲ ဟုတ်သား ပွင့်ပွင့်လင်းလင်း မေးလိုက်လို့ရတယ်။ ဒီကောင်လဲ စားပွဲပေါ်တက်လာပြီး ဟဲလို မိတ်ဆွေနေကောင်းလား ဘာညာ သာတကာ လုပ်ပြီး ဝင်ဖောရင်ဖောမယ်။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးဗျ။ ဟိုနောက်မှာ သားသမီးတွေရပ်နေတယ် တွေ့လား။ သူတို့လည်း ဗိုက်ဆာနေကြတယ်။ ဖြစ်နိုင်ရင် သူတို့ကိုလည်း ကျွေးစေချင်တယ် အဲ့လိုပြောမှာလား။ သူ့ကိုချကျွေးနေတုန်း အကောင်ကြီးကြီးတစ်ကောင် ရောက်လာပြီး လုစားမှာလား။ ငါ့စားပွဲနားမှာ ခွေးတိုက်ပွဲဖြစ်ပြီး ညံစီနေရင် ဒုက္ခ။ မင်းကလဲ ခွေးတစ်ကောင်ကို အစားကျွေးဖို့များ ရှည်ရှည်ဝေးဝေး စဉ်းစားနေသေးတယ်။ အေးဗျာ ကျုပ်ကလဲ အဲ့ကျင့်ပါနေတာဗျာ။ ကိုယ်က သိပ်မဆာ။ ခွေးကို တစ်ခုခုတော့ချ ကျွေးဦးမှ။ စားပွဲပေါ်မှာ စီးကရက် တစ်ဗူး၊ လက်ဖက်ရည် တစ်ခွက်၊ အသားတစ်ပွဲ၊ အသားညှပ် ဂျုံမုန့်တစ်ခု။ ဒီကောင်ကို လာဗျာ စီးကရက်သောက်၊ လက်ဖက်ရည်လေး သောက်ပါဦး လုပ်မရ။ အသားက ငါကြိုက်တယ်။ ဈေးပိုကြီးတယ်။ ဂျုံမုန့် နည်းနည်းဖဲ့ပြီး လှမ်းပစ်လိုက်တယ်။ သိပြီးသားပါ။ တစ်ချက်နမ်းကြည့်ပြီး ယောင်ပေပေ ဆက်လုပ်နေတယ်။ ကောင်းပြီ………….ဆုံးဖြတ်ချက်ချလိုက်တယ်။ အသားကို ကိုယ်တစ်ခုစားလိုက်၊ သူ့ကို တစ်ခုလှမ်းပစ်ပေးလိုက်။ ဟဲဟဲ ကျုပ်ဒီနေ့ ဒါနတစ်ခုပြုလိုက်မိပြီ။ ဒါနဲ့နေပါဦး အဲ့ဒါနဲ့ အဂတိလိုက်စားမှုက ဘယ်လို ပတ်သတ်နေလို့လဲ။ ပတ်သတ်တာပေါ့ဗျာ။ အဂတိဆိုတာ လိုအပ်ချက်နဲ့ အလိုရမက် အဲ့နှစ်ခုကို အခြေခံတယ်ဗျ။ ဆက်စမ်းပါဦး။ ဒီခွေးက ဘာလို့ ဗိုက်ဆာလဲ သိလား။ ခင်ဗျားက ပေကိုရှည်တယ်ဗျာ။ မေးခွန်းတွေ ပြန်ထုတ်မနေနဲ့တော့။ ကျွန်တော် ဘာမှ မသိဘူး သဘောထားပြီး ခင်ဗျားပြောချင်တာသာ ပြောတော့ဗျာ။ အေးအဲ့ဒါလဲ ကောင်းတယ်။ ငါ စာရိုက်ရတာ လက်ညောင်းတယ်ကွ။ :D သက်ရှိ သတ္တဝါ လူဖြစ်ဖြစ်၊ တိရိစ္ဆာန်ဖြစ်ဖြစ် ခန္တာရယ်လို့ ရှိနေလို့ စားဖို့၊ သောက်ဖို့၊ နေဖို့ထိုင်ဖို့ မဖြစ်မနေကို လိုတယ်ကွ။ အိပ်၊ စား၊ ကာမ သတ္တဝါတွေပေါ့ကွာ။ ကာမက အောင့်ထားလို့ရပေမယ့် အအိပ်၊ အစားက ရှောင်လို့ကို မရဘူး။ စားကောင်းတာတွေ၊ အိပ်ရာသန့်တာတွေ အသာထား မတပ်သာရင် အခြေအနေအရ လူတွေက လမ်းဘေးထိုးအိပ်ရင် အိပ်မယ်။ စွန့်ပစ်စာ ကောက်စားချင်စားမယ်။ မအိပ်လို့ မစားလို့တော့ မရဘူး။ အဲ့ဒါ ခန္တာရှိနေလို့ပဲ။ တိရိစ္တာန်ထက်နည်းနည်း ပိုလာတာက လူမှာ အဝတ် ဝတ်ဖို့ကိစ္စတစ်ခုပိုလာတယ်။ ကမ္ဘာဦးတုန်းက ပြဿနာမရှိဘူး။ အများစုက ဗလာသမားတွေကိုး။ ကိုယ်တုန်းလုံးနေလဲ ရာသီဥတုဒါဏ် ခံနိုင်တယ်။ အခုမရတော့ဘူး။ အခုမှ မဝတ်ချင်တော့ပါဘူးဆို ခင်ဗျာ ရောဂါဝင်ပြီး သေမယ်။ လူ့လောကမှာ ခင်ဗျားကို အဆင့်နိမ့်သတ္တဝါလို ဝိုင်းကဲ့ရဲ့ကြမယ်။ အဲ့ဒီက အစပြုလို့ လူတွေဟာ အဝတ်မ ဝတ်ရင်၊ ဝတ်ကောင်းစားလှ မဝတ်၊ မစားနိုင်ရင် ကဲ့ရဲ့တတ်လာတယ်။ အကျင့်ကောင်းထက် အဲ့ဒီ ကိစ္စတွေကို ပိုအလေးအနက်ထားလာကြတယ်။ တယ်လီဖုန်း၊ ကား၊ အိမ်၊ စိန်ရွှေလက်ဝတ်ရတနာ အဲ့ဒါတွေကို ပိုတန်ဖိုးထားလာကြတယ်။ အကျင့်သီလကို ကြာကြာပေါင်းသင်းဆက်ဆံမှ တစ်ဦးနဲ့တစ်ဦး သိနိုင်တာ။ အဲ့ဒီတော့ မြင်မြင်ချင်း အထင်ကြီးစေမယ့် အရာတွေကို ပိုအလေးအနက်ထားလာတယ်။ ဒါပေမယ့် အကျင့်ကောင်းကတော့ ကြာကြာဂုဏ်သတင်းမွှေးစေတယ်ဆိုတာ သိကြပေမယ့် အခုလို မြို့ပြလူနေမှု စနစ်ထွန်းကားလာတဲ့ ခေတ်မယ် လူတွေက ရွာမှာနေသလို ဟိုအိမ်အီးပေါက်တာ တစ်ရွာလုံး သိတဲ့ အနေအထား မဟုတ်တော့ဘူး။ အကျယ်အဝန်း ဘာမှမရှိပေမဲ့ ခေတ္တခဏသာ တွေ့ဆုံဖို့ အခွင့်အလမ်းရှိတယ်။ ဒါကြောင့် အချိန်တိုတွင်းမှာ အထင်ကြီးအောင်လုပ်ဖို့ ရုပ်ဝတ္ထုတွေက ပိုစွမ်းသယောင်ဖြစ်လာတယ်။ ခဏသာ တွေ့ရလို့ နောက်ဆုံဖို့ခက်ပါတယ်။ နောက်တွေ့မှာမှ မဟုတ်တာ။ တွေ့လဲ ပြဿနာမရှိပါဘူး စသဖြင့် ကြုံရင်ကြုံသလို၊ တည့်ရင်တည့်သလို၊ လစ်ရင်လစ်သလို လုပ်လိုက်တာတွေဖြစ်လာတယ်။ ကျုပ်ပြောချင်တာကဗျာ လူတွေမှာ မဖြစ်မနေ အခြေခံလိုအပ်ချက်တွေရှိနေတယ်။ နောက် လူ့ပတ်ဝန်းကျင်ကြောင့် လိုအပ်ချက်အသစ်တွေ ပိုများများလာတယ်။ အဲ့ဒါတွေက ခုနပြောသလို ပတ်ဝန်းကျင် အခြေအနေကြောင့် လိုအပ်လာတဲ့ဟာတွေ၊ အစစ်အမှန်လိုအပ်ချက် မူလဘူတလိုအပ်ချက်တွေတော့ မဟုတ်ဘူး။ နောက်တခါ အလိုရမက်။ အဆိုးဆုံးက အဲ့ဒါပဲ။ ခင်ဗျားပြောနေတာနဲ့ အဂတိလိုက်စားမှုဆိုတာ ဘာဆိုင်လို့တုန်း။ မင်းစကားဖြတ်ပြောပြန်ပြီ။ ငါစာရိုက်ရတာ လက်ညောင်းတယ်ကွ။ မင်းမစားရရင် နေနိုင်သလား။ မအိပ်ရရင် နေနိုင်သလား။ နေနိုင်ခဏပေါ့ကွာ။ မင်းကို မစားနိုင်၊ မအိပ်နိုင်အောင် လုပ်လာရင် မင်းဘာဖြစ်မလဲ။ မင်းဒေါသထွက်မယ်။ ထွက်ပေါက်ရှာမယ်။ အဲ့ဒီအတွက် မင်း တစ်ခြားသူကို အသုံးချချင်ချမယ်။ မင်းလွတ်မြောက်ဖို့ တစ်ပါးသူကို ဂုန်းချောခွင့်ရရင် ဂုန်းချောမယ်။ တက်နင်းခွင့်သာရင် တက်နင်းမယ်။ တိုက်ခိုက်သင့်ရင် တိုက်ခိုက်မယ်။ အဲ့ဒါမျိုးတွေများလာရင် လူ့လောကပျက်စီးကိန်းစိုက်မယ်။ ဒါကြောင့် မဖြစ်သင့်တာတွေမဖြစ်အောင် တားစီးမယ့် ဥပဒေ၊ ကျင့်ဝတ်တွေထုတ်ထားရတာပေါ့။ တင်းကြပ်တဲ့ ဥပဒေ၊ နောက်လူမှုကျင့်ဝတ်တွေ ထုတ်ထားရုံနဲ့ အဲ့ဒါတွေက ပျောက်မသွားဘူး။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လူတွေ၊ သတ္တဝါတွေ စားနိုင်အောင်၊ သောက်နိုင်အောင်၊ အိပ်နိုင်အောင် လုပ်ပေးရတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်း အသီးသီးက ကိုယ့်အဖွဲ့အစည်းအတွက် တရားမျှတတဲ့ စားဝတ်နေရေး ရှာဖွေခွင့်တွေ၊ စီးပွားလုပ်ကိုင်ခွင့်တွေ ဖန်တီးပေးနေရတယ်။ အဲ့ဒီလို မလုပ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ဆူပူသောင်းကျန်းမှုတွေ၊ မမျှတမှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်စေတာ မင်းအခုလက်တွေ့ပဲလေ။ တစ်ချို့လူသားတွေက ငတ်လာရင် ခုနက ငါပြောတဲ့ခွေးထက်ဆိုးတယ်။ စားပွဲဘေးမှာ မျှော်နေယုံမဟုတ်တော့ ဘူး။ စကားရောဖောရောလာလုပ်မယ်။ လိမ်မယ်၊ လုမယ်။ စားပွဲပေါ်ခုန်တက်ပြီး ဟပ်ချင်ဟပ်မယ်။ အဲ့လိုမဖြစ်တာ အဲ့ခွေး အရိုက်ခံရမှာကြောက်လို့လဲ ဖြစ်နိုင်သလို၊ စောင့်ဆည်းတဲ့ အကျင့်ရှိတာလဲ ဖြစ်နိုင်တယ်။ အခု အများစုက ပြောပြောနေကြတယ်။ အစိုးရဝန်ထမ်းတွေ လာဘ်စားတယ်လို့။ မပေးရင် မလုပ်ဘူးတို့။ အေး ပြည်သူတွေရော ဝန်ထမ်းတွေရော စား၊ ဝတ်၊ နေရေးတွေ အဆင်မပြေကြဘူး။ ဝန်ထမ်းတွေ အစိုးရ ယန္တယားလယ်ပတ်ဖို့ အပိုင်းကဏ္ဍလိုက် တာဝန်လေးတွေယူထားရတယ်။ တနည်းအားဖြင့်လုပ်ပိုင်ခွင့် အသီးသီးရှိကြတယ်။ သူ့တို့နဲ့ ဆက်ဆံတဲ့အခါ မိမိလိုအပ်ချက်ပြည့်သွားလို့ တတ်နိုင်တဲ့သူ၊ စေတနာရှိတဲ့သူက ဝန်ထမ်းတွေရဲ့ အခက်အခဲကို သိနေလို့ လက်ဆောင်ပဏာတွေ ပြန်ပေးကြတယ်။ ပထမတော့ ပေးသလောက်ယူတယ်။ ကျေကျေနပ်နပ်လုပ်ပေးတယ်။ နောက်ရမှန်းသိလို့ တစ်ချို့က မပေးရင် အလုပ်လုပ်တာနှေးသွားပြီ။ ဘယ်လောက်နှေးနှေး၊ ပုံမှန်ပဲ လုပ်ပေးလုပ်ပေး မိမိမြန်မြန်ပြီးဖို့၊ အဆင့်ကျော်ဆောင်ရွက်ဖို့၊ မဟုတ်တာလုပ်ဖို့ စသဖြင့် ဝန်ထမ်းကို လာဘ်ပေးလာတယ်။ လာဘ်ရတဲ့နေရာကို ဝန်ထမ်းတွေ လုလာတယ်။ နေရာအရောင်းအဝယ်တွေ ဖြစ်လာတယ်။ လာဘ်စားလို့ရတဲ့နေရာကို အထက်လူကြီးတွေက ကိုယ့်လာဘ်ပြန်ထိုးတဲ့ သူနေရာချပေးတယ်။ လာဘ်စားလို့ကောင်းအောင် ဥပဒေစည်းကမ်းတွေ ထုတ်ပေးတယ်။ လာဘ်ပေးရတာလဲ လာဘ်ပေးသူအတွက် အကျိုးရှိတယ်။ ခရိုနီတွေဘာတွေမှ မဟုတ်ဘူး။ ဝန်ထမ်းနဲ့ ဆက်ဆံတဲ့ ဘယ်လိုလူမဆို လာဘ်ပေးရင် လုပ်ငန်းအောင်မြင်တဲ့အခါ လာဘ်ပေးဖို့ကို အရင်စဉ်းစားတယ်။ လုပ်ထုံးလုပ်နည်းကို မလေ့လာတော့ဘူး။ လုပ်ထုံးလုပ်နည်းတွေကလည်း ပျောက်လာတယ်။ ဥပမာ ယာဉ်စည်းကမ်းဖောက်ဖျက်ရင် ရုံးမသွားချင်တော့ဘူး။ ဒဏ်ကြေးရဲ့ တစ်ဝက်ကို အခင်းဖြစ်တဲ့နေရာမှာပဲ ပေးသွားချင်တယ်။ ရုံးသွားဒဏ်ဆောင်ရင် ခက်အောင်လုပ်ထားတယ်။ ကြေးများတယ်။ လမ်းမှာ ညှိလိုက်ရင် မျက်ကွယ်တရားရုံးမှာ အမှုစီရင်ပေးမယ်။ တရားရုံးနဲ့ ယာဉ်ထိမ်းနဲ့ခွဲယူမယ်။ နိုင်ငံတော်ကို အထိုက်အလျောက်အပ်မယ်။ ဝန်ထမ်းလဲ အဆင်ပြေစေ၊ နိုင်ငံတော်ကြီးလဲ ဝင်ငွေတိုးပွားစေ၊ ယာဉ်စည်းကမ်းဖောက်သူလည်း ဒဏ်ကြေးသက်သာ၊ အလုပ်မပျက်ဘူးလို့ ခံစားစေ၊ ထိုနေရာအတွက် အထက်လူကြီးလဲ နေရာအရောင်းအဝယ်လုပ်စားစေ။ ဒီလို အဆိုးသံသရာဟာ လာဘ်ပေးသူက စတာလား။ လာဘ်စားသူက စတာလား။ ခွေး စားပွဲခုံပေါ် ခုန်တက်တာ ကျွန်တော်ကျွေးလို့ အကျင့်ပျက်သွားတာလား။ ခွေးက မစောင့်ဆည်းတာလား။ စားပွဲပေါ်တင်ကျွေးတဲ့ သူရဲ့ အပစ်လား၊ ခွေးကို အစာဝအောင် မကျွေးတဲ့သူရဲ့ အပစ်လား။ ခွေးမွေးပြီလမ်းပေါ်ပစ်ထားတဲ့သူရဲ့ အပစ်လား။ ခွေးလေခွေးလွင့်ကို မရှင်းတဲ့ အစိုးရ အပစ်လား။ ခုနက စကားပြတ်သွားလို့ ကြောက်စရာ အကောင်းဆုံးနဲ့ အဂတိလိုက်စားမှုကို အဖြစ်စေဆုံးက အလိုရမက်။ အဲ့ဒီကောင်က တစ္စေစိတ်ပဲ။ စားဖို့သောက်ဖို့ နေဖို့ အခြေခံထက် ပိုလာတယ်။ အတားအဆီးမရှိဘူး။ ဗိုက်ဝယုံနဲ့ ရပ်မသွားဘူး။ အိပ်ရေးဝယုံနဲ့ ရပ်မသွားဘူး။ ဟိုတယ်စာ စားချင်တာ၊ ပင်လယ်ကျောက်ပုဇွန်၊ နှင်းတောင်ပန်းသီးမှ စားချင်တာ။ အဲ့လိုဖြစ်လာတယ်။ အိပ်ရေးဝယုံမဟုတ်တော့ဘူး။ သာယာငြိမ့်ညောင်းတဲ့ တေးသံ၊ အဖော်အချွတ်ကိုယ်လုပ်တော်တွေနဲ့ ဒါန်းလော့ကြီးပေါ်မှာ အိပ်ချင်တယ်။ ဆယ်သက်စားမကုန် ဆွေစဉ်မျိုးဆက် အခစားကျွန်တွေနဲ့နေချင်တယ်။ အဲ့လိုနေနိုင်ဖို့ အခွင့်သာသလို၊ အာဏာရှိသလို ပုံဖော်တယ်။ ဥာဏ်ပိုရှိတဲ့လူသားတွေက မျက်စိပေါက်၊ နားပေါက်၊ ပါးစပ်ပေါက်ပိုကြီးတယ်။ အဲ့ဒါတွေကို နှိပ်ကွပ်ဖို့က စားနိုင်သောက်နိုင်အိပ်နိုင်ယုံ ပတ်ဝန်းကျင်ကို ဖန်တီးပေးလို့မရတော့ဘူး။ အဲ့ဒီစိတ်မျိုးတွေကို တားဆီးပေးနိုင်တဲ့ ဥပဒေ၊ ယဉ်ကျေးစောင့်စည်းတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးနေရတယ်။ ငါပြောချင်တာက (၁) အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပါ။ (၂) မတရားမှုကို တားဆီး၊ တရားမျှတမှုကို ဖြစ်ထွန်းစေနိုင်တဲ့ ဥပဒေ၊ စည်းကမ်းတွေပြဒါန်း အကောင်အထည်ဖော်။ (၃) ရေရှည်သာယာတဲ့ လူဘောင်ဖြစ်အောင် ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်ကို လက်ဆင့်ကမ်း။ အဲ့ဒါတွေက မင်းတို့ ပြောနေတဲ့ မဏ္ဍိုင်သုံးရပ် လုပ်ငန်းတွေ။ မဏ္ဍိုင်သုံးရပ်ရဲ့ အာဏာတွေက ပြည်သူတွေဆီက ဆင်းသက်လာတာဆိုတော့ သုံးချက်လုံးကို ပြည်သူတွေက သိရှိလိုက်နာကြရမယ်။ အဲ့ဒီသုံးခုနဲ့ မပြည့်စုံသမျှ အဂတိလိုက်စားမှု မပပျောက်ဘူးဆိုတာ ယုံလိုက်။ အဂတိလိုက်စားမှု ရပ်စေချင်ရင် ကိုယ်တိုင်ပဲ စလိုက်ပါ။]()
ခွေးနဲ့ အဂတိလိုက်စားမှု………….ဟင် ဘာမှလဲ မဆိုင်ဘူး။
ဆိုင်ပါသကောကွာ။
ဒီနေ့ တစ်ယောက်တည်း နံနက်စာစားဖို့ ထိုင်နေတယ်။
စားပွဲဘေးမှာ ခွေးတစ်ကောင်လည်း စောင့်ကြောင့်ထိုင်နေတယ်။
သူ့ကြည့်ရတာ ဗိုက်ဆာနေမယ့်ပုံ။
ဒီကောင် ဆာဆာနဲ့ ငါ့ပန်းကန် လှမ်းဟပ်မှာလား။
ငါကျွေးလိုက်လို့ နောက်တစ်ခါ ငါလာတိုင်း ငါ့စားပွဲနားမှာ လာထိုင်နေမှာလား။
အကျင့်ပါသွားပြီး ဆိုင်ထဲ တစ်ခြားဝိုင်းတွေနား အဲ့ဒီလို အမြဲသွားထိုင်နေရင် တစ်ခြားသူတွေကို အနှောက်အယှက် ပေးလိုက်သလို ဖြစ်သွားမှာလား။
အစားအသောက်ချ ကျွေးလိုက်လို့ ဆိုင်ညစ်ပတ်တယ်ဆိုပြီး ဆိုင်တာဝန်ခံ၊ သန့်ရှင်းရေးသမားက ငါ့လာ အငေါ်တူးရင် ဘယ်လိုလုပ်မလဲ။
ဒီကောင် လူဆိုလဲ ဟုတ်သား ပွင့်ပွင့်လင်းလင်း မေးလိုက်လို့ရတယ်။
ဒီကောင်လဲ စားပွဲပေါ်တက်လာပြီး ဟဲလို မိတ်ဆွေနေကောင်းလား ဘာညာ သာတကာ လုပ်ပြီး ဝင်ဖောရင်ဖောမယ်။
ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးဗျ။ ဟိုနောက်မှာ သားသမီးတွေရပ်နေတယ် တွေ့လား။
သူတို့လည်း ဗိုက်ဆာနေကြတယ်။ ဖြစ်နိုင်ရင် သူတို့ကိုလည်း ကျွေးစေချင်တယ် အဲ့လိုပြောမှာလား။
သူ့ကိုချကျွေးနေတုန်း အကောင်ကြီးကြီးတစ်ကောင် ရောက်လာပြီး လုစားမှာလား။
ငါ့စားပွဲနားမှာ ခွေးတိုက်ပွဲဖြစ်ပြီး ညံစီနေရင် ဒုက္ခ။
မင်းကလဲ ခွေးတစ်ကောင်ကို အစားကျွေးဖို့များ ရှည်ရှည်ဝေးဝေး စဉ်းစားနေသေးတယ်။
အေးဗျာ ကျုပ်ကလဲ အဲ့ကျင့်ပါနေတာဗျာ။
ကိုယ်က သိပ်မဆာ။ ခွေးကို တစ်ခုခုတော့ချ ကျွေးဦးမှ။
စားပွဲပေါ်မှာ စီးကရက် တစ်ဗူး၊ လက်ဖက်ရည် တစ်ခွက်၊ အသားတစ်ပွဲ၊ အသားညှပ် ဂျုံမုန့်တစ်ခု။
ဒီကောင်ကို လာဗျာ စီးကရက်သောက်၊ လက်ဖက်ရည်လေး သောက်ပါဦး လုပ်မရ။
အသားက ငါကြိုက်တယ်။ ဈေးပိုကြီးတယ်။
ဂျုံမုန့် နည်းနည်းဖဲ့ပြီး လှမ်းပစ်လိုက်တယ်။ သိပြီးသားပါ။ တစ်ချက်နမ်းကြည့်ပြီး ယောင်ပေပေ ဆက်လုပ်နေတယ်။
ကောင်းပြီ………….ဆုံးဖြတ်ချက်ချလိုက်တယ်။
အသားကို ကိုယ်တစ်ခုစားလိုက်၊ သူ့ကို တစ်ခုလှမ်းပစ်ပေးလိုက်။
ဟဲဟဲ ကျုပ်ဒီနေ့ ဒါနတစ်ခုပြုလိုက်မိပြီ။
ဒါနဲ့နေပါဦး အဲ့ဒါနဲ့ အဂတိလိုက်စားမှုက ဘယ်လို ပတ်သတ်နေလို့လဲ။
ပတ်သတ်တာပေါ့ဗျာ။
အဂတိဆိုတာ လိုအပ်ချက်နဲ့ အလိုရမက် အဲ့နှစ်ခုကို အခြေခံတယ်ဗျ။
ဆက်စမ်းပါဦး။
ဒီခွေးက ဘာလို့ ဗိုက်ဆာလဲ သိလား။
ခင်ဗျားက ပေကိုရှည်တယ်ဗျာ။ မေးခွန်းတွေ ပြန်ထုတ်မနေနဲ့တော့။ ကျွန်တော် ဘာမှ မသိဘူး သဘောထားပြီး ခင်ဗျားပြောချင်တာသာ ပြောတော့ဗျာ။
အေးအဲ့ဒါလဲ ကောင်းတယ်။ ငါ စာရိုက်ရတာ လက်ညောင်းတယ်ကွ။
သက်ရှိ သတ္တဝါ လူဖြစ်ဖြစ်၊ တိရိစ္ဆာန်ဖြစ်ဖြစ် ခန္တာရယ်လို့ ရှိနေလို့ စားဖို့၊ သောက်ဖို့၊ နေဖို့ထိုင်ဖို့ မဖြစ်မနေကို လိုတယ်ကွ။ အိပ်၊ စား၊ ကာမ သတ္တဝါတွေပေါ့ကွာ။
ကာမက အောင့်ထားလို့ရပေမယ့် အအိပ်၊ အစားက ရှောင်လို့ကို မရဘူး။ စားကောင်းတာတွေ၊ အိပ်ရာသန့်တာတွေ အသာထား မတပ်သာရင် အခြေအနေအရ လူတွေက လမ်းဘေးထိုးအိပ်ရင် အိပ်မယ်။ စွန့်ပစ်စာ ကောက်စားချင်စားမယ်။ မအိပ်လို့ မစားလို့တော့ မရဘူး။ အဲ့ဒါ ခန္တာရှိနေလို့ပဲ။
တိရိစ္တာန်ထက်နည်းနည်း ပိုလာတာက လူမှာ အဝတ် ဝတ်ဖို့ကိစ္စတစ်ခုပိုလာတယ်။ ကမ္ဘာဦးတုန်းက ပြဿနာမရှိဘူး။ အများစုက ဗလာသမားတွေကိုး။ ကိုယ်တုန်းလုံးနေလဲ ရာသီဥတုဒါဏ် ခံနိုင်တယ်။ အခုမရတော့ဘူး။ အခုမှ မဝတ်ချင်တော့ပါဘူးဆို ခင်ဗျာ ရောဂါဝင်ပြီး သေမယ်။ လူ့လောကမှာ ခင်ဗျားကို အဆင့်နိမ့်သတ္တဝါလို ဝိုင်းကဲ့ရဲ့ကြမယ်။
အဲ့ဒီက အစပြုလို့ လူတွေဟာ အဝတ်မ ဝတ်ရင်၊ ဝတ်ကောင်းစားလှ မဝတ်၊ မစားနိုင်ရင် ကဲ့ရဲ့တတ်လာတယ်။ အကျင့်ကောင်းထက် အဲ့ဒီ ကိစ္စတွေကို ပိုအလေးအနက်ထားလာကြတယ်။ တယ်လီဖုန်း၊ ကား၊ အိမ်၊ စိန်ရွှေလက်ဝတ်ရတနာ အဲ့ဒါတွေကို ပိုတန်ဖိုးထားလာကြတယ်။ အကျင့်သီလကို ကြာကြာပေါင်းသင်းဆက်ဆံမှ တစ်ဦးနဲ့တစ်ဦး သိနိုင်တာ။ အဲ့ဒီတော့ မြင်မြင်ချင်း အထင်ကြီးစေမယ့် အရာတွေကို ပိုအလေးအနက်ထားလာတယ်။ ဒါပေမယ့် အကျင့်ကောင်းကတော့ ကြာကြာဂုဏ်သတင်းမွှေးစေတယ်ဆိုတာ သိကြပေမယ့် အခုလို မြို့ပြလူနေမှု စနစ်ထွန်းကားလာတဲ့ ခေတ်မယ် လူတွေက ရွာမှာနေသလို ဟိုအိမ်အီးပေါက်တာ တစ်ရွာလုံး သိတဲ့ အနေအထား မဟုတ်တော့ဘူး။ အကျယ်အဝန်း ဘာမှမရှိပေမဲ့ ခေတ္တခဏသာ တွေ့ဆုံဖို့ အခွင့်အလမ်းရှိတယ်။ ဒါကြောင့် အချိန်တိုတွင်းမှာ အထင်ကြီးအောင်လုပ်ဖို့ ရုပ်ဝတ္ထုတွေက ပိုစွမ်းသယောင်ဖြစ်လာတယ်။ ခဏသာ တွေ့ရလို့ နောက်ဆုံဖို့ခက်ပါတယ်။ နောက်တွေ့မှာမှ မဟုတ်တာ။ တွေ့လဲ ပြဿနာမရှိပါဘူး စသဖြင့် ကြုံရင်ကြုံသလို၊ တည့်ရင်တည့်သလို၊ လစ်ရင်လစ်သလို လုပ်လိုက်တာတွေဖြစ်လာတယ်။
ကျုပ်ပြောချင်တာကဗျာ လူတွေမှာ မဖြစ်မနေ အခြေခံလိုအပ်ချက်တွေရှိနေတယ်။ နောက် လူ့ပတ်ဝန်းကျင်ကြောင့် လိုအပ်ချက်အသစ်တွေ ပိုများများလာတယ်။ အဲ့ဒါတွေက ခုနပြောသလို ပတ်ဝန်းကျင် အခြေအနေကြောင့် လိုအပ်လာတဲ့ဟာတွေ၊ အစစ်အမှန်လိုအပ်ချက် မူလဘူတလိုအပ်ချက်တွေတော့ မဟုတ်ဘူး။ နောက်တခါ အလိုရမက်။ အဆိုးဆုံးက အဲ့ဒါပဲ။
ခင်ဗျားပြောနေတာနဲ့ အဂတိလိုက်စားမှုဆိုတာ ဘာဆိုင်လို့တုန်း။
မင်းစကားဖြတ်ပြောပြန်ပြီ။ ငါစာရိုက်ရတာ လက်ညောင်းတယ်ကွ။
မင်းမစားရရင် နေနိုင်သလား။ မအိပ်ရရင် နေနိုင်သလား။ နေနိုင်ခဏပေါ့ကွာ။ မင်းကို မစားနိုင်၊ မအိပ်နိုင်အောင် လုပ်လာရင် မင်းဘာဖြစ်မလဲ။ မင်းဒေါသထွက်မယ်။ ထွက်ပေါက်ရှာမယ်။ အဲ့ဒီအတွက် မင်း တစ်ခြားသူကို အသုံးချချင်ချမယ်။ မင်းလွတ်မြောက်ဖို့ တစ်ပါးသူကို ဂုန်းချောခွင့်ရရင် ဂုန်းချောမယ်။ တက်နင်းခွင့်သာရင် တက်နင်းမယ်။ တိုက်ခိုက်သင့်ရင် တိုက်ခိုက်မယ်။ အဲ့ဒါမျိုးတွေများလာရင် လူ့လောကပျက်စီးကိန်းစိုက်မယ်။ ဒါကြောင့် မဖြစ်သင့်တာတွေမဖြစ်အောင် တားစီးမယ့် ဥပဒေ၊ ကျင့်ဝတ်တွေထုတ်ထားရတာပေါ့။ တင်းကြပ်တဲ့ ဥပဒေ၊ နောက်လူမှုကျင့်ဝတ်တွေ ထုတ်ထားရုံနဲ့ အဲ့ဒါတွေက ပျောက်မသွားဘူး။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လူတွေ၊ သတ္တဝါတွေ စားနိုင်အောင်၊ သောက်နိုင်အောင်၊ အိပ်နိုင်အောင် လုပ်ပေးရတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်း အသီးသီးက ကိုယ့်အဖွဲ့အစည်းအတွက် တရားမျှတတဲ့ စားဝတ်နေရေး ရှာဖွေခွင့်တွေ၊ စီးပွားလုပ်ကိုင်ခွင့်တွေ ဖန်တီးပေးနေရတယ်။ အဲ့ဒီလို မလုပ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ဆူပူသောင်းကျန်းမှုတွေ၊ မမျှတမှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်စေတာ မင်းအခုလက်တွေ့ပဲလေ။ တစ်ချို့လူသားတွေက ငတ်လာရင် ခုနက ငါပြောတဲ့ခွေးထက်ဆိုးတယ်။ စားပွဲဘေးမှာ မျှော်နေယုံမဟုတ်တော့ ဘူး။ စကားရောဖောရောလာလုပ်မယ်။ လိမ်မယ်၊ လုမယ်။ စားပွဲပေါ်ခုန်တက်ပြီး ဟပ်ချင်ဟပ်မယ်။ အဲ့လိုမဖြစ်တာ အဲ့ခွေး အရိုက်ခံရမှာကြောက်လို့လဲ ဖြစ်နိုင်သလို၊ စောင့်ဆည်းတဲ့ အကျင့်ရှိတာလဲ ဖြစ်နိုင်တယ်။
အခု အများစုက ပြောပြောနေကြတယ်။ အစိုးရဝန်ထမ်းတွေ လာဘ်စားတယ်လို့။ မပေးရင် မလုပ်ဘူးတို့။ အေး ပြည်သူတွေရော ဝန်ထမ်းတွေရော စား၊ ဝတ်၊ နေရေးတွေ အဆင်မပြေကြဘူး။ ဝန်ထမ်းတွေ အစိုးရ ယန္တယားလယ်ပတ်ဖို့ အပိုင်းကဏ္ဍလိုက် တာဝန်လေးတွေယူထားရတယ်။ တနည်းအားဖြင့်လုပ်ပိုင်ခွင့် အသီးသီးရှိကြတယ်။ သူ့တို့နဲ့ ဆက်ဆံတဲ့အခါ မိမိလိုအပ်ချက်ပြည့်သွားလို့ တတ်နိုင်တဲ့သူ၊ စေတနာရှိတဲ့သူက ဝန်ထမ်းတွေရဲ့ အခက်အခဲကို သိနေလို့ လက်ဆောင်ပဏာတွေ ပြန်ပေးကြတယ်။ ပထမတော့ ပေးသလောက်ယူတယ်။ ကျေကျေနပ်နပ်လုပ်ပေးတယ်။ နောက်ရမှန်းသိလို့ တစ်ချို့က မပေးရင် အလုပ်လုပ်တာနှေးသွားပြီ။ ဘယ်လောက်နှေးနှေး၊ ပုံမှန်ပဲ လုပ်ပေးလုပ်ပေး မိမိမြန်မြန်ပြီးဖို့၊ အဆင့်ကျော်ဆောင်ရွက်ဖို့၊ မဟုတ်တာလုပ်ဖို့ စသဖြင့် ဝန်ထမ်းကို လာဘ်ပေးလာတယ်။ လာဘ်ရတဲ့နေရာကို ဝန်ထမ်းတွေ လုလာတယ်။ နေရာအရောင်းအဝယ်တွေ ဖြစ်လာတယ်။ လာဘ်စားလို့ရတဲ့နေရာကို အထက်လူကြီးတွေက ကိုယ့်လာဘ်ပြန်ထိုးတဲ့ သူနေရာချပေးတယ်။ လာဘ်စားလို့ကောင်းအောင် ဥပဒေစည်းကမ်းတွေ ထုတ်ပေးတယ်။ လာဘ်ပေးရတာလဲ လာဘ်ပေးသူအတွက် အကျိုးရှိတယ်။ ခရိုနီတွေဘာတွေမှ မဟုတ်ဘူး။ ဝန်ထမ်းနဲ့ ဆက်ဆံတဲ့ ဘယ်လိုလူမဆို လာဘ်ပေးရင် လုပ်ငန်းအောင်မြင်တဲ့အခါ လာဘ်ပေးဖို့ကို အရင်စဉ်းစားတယ်။ လုပ်ထုံးလုပ်နည်းကို မလေ့လာတော့ဘူး။ လုပ်ထုံးလုပ်နည်းတွေကလည်း ပျောက်လာတယ်။ ဥပမာ ယာဉ်စည်းကမ်းဖောက်ဖျက်ရင် ရုံးမသွားချင်တော့ဘူး။ ဒဏ်ကြေးရဲ့ တစ်ဝက်ကို အခင်းဖြစ်တဲ့နေရာမှာပဲ ပေးသွားချင်တယ်။ ရုံးသွားဒဏ်ဆောင်ရင် ခက်အောင်လုပ်ထားတယ်။ ကြေးများတယ်။ လမ်းမှာ ညှိလိုက်ရင် မျက်ကွယ်တရားရုံးမှာ အမှုစီရင်ပေးမယ်။ တရားရုံးနဲ့ ယာဉ်ထိမ်းနဲ့ခွဲယူမယ်။ နိုင်ငံတော်ကို အထိုက်အလျောက်အပ်မယ်။ ဝန်ထမ်းလဲ အဆင်ပြေစေ၊ နိုင်ငံတော်ကြီးလဲ ဝင်ငွေတိုးပွားစေ၊ ယာဉ်စည်းကမ်းဖောက်သူလည်း ဒဏ်ကြေးသက်သာ၊ အလုပ်မပျက်ဘူးလို့ ခံစားစေ၊ ထိုနေရာအတွက် အထက်လူကြီးလဲ နေရာအရောင်းအဝယ်လုပ်စားစေ။ ဒီလို အဆိုးသံသရာဟာ လာဘ်ပေးသူက စတာလား။ လာဘ်စားသူက စတာလား။
ခွေး စားပွဲခုံပေါ် ခုန်တက်တာ ကျွန်တော်ကျွေးလို့ အကျင့်ပျက်သွားတာလား။ ခွေးက မစောင့်ဆည်းတာလား။ စားပွဲပေါ်တင်ကျွေးတဲ့ သူရဲ့ အပစ်လား၊ ခွေးကို အစာဝအောင် မကျွေးတဲ့သူရဲ့ အပစ်လား။ ခွေးမွေးပြီလမ်းပေါ်ပစ်ထားတဲ့သူရဲ့ အပစ်လား။ ခွေးလေခွေးလွင့်ကို မရှင်းတဲ့ အစိုးရ အပစ်လား။
ခုနက စကားပြတ်သွားလို့ ကြောက်စရာ အကောင်းဆုံးနဲ့ အဂတိလိုက်စားမှုကို အဖြစ်စေဆုံးက အလိုရမက်။ အဲ့ဒီကောင်က တစ္စေစိတ်ပဲ။ စားဖို့သောက်ဖို့ နေဖို့ အခြေခံထက် ပိုလာတယ်။ အတားအဆီးမရှိဘူး။ ဗိုက်ဝယုံနဲ့ ရပ်မသွားဘူး။ အိပ်ရေးဝယုံနဲ့ ရပ်မသွားဘူး။ ဟိုတယ်စာ စားချင်တာ၊ ပင်လယ်ကျောက်ပုဇွန်၊ နှင်းတောင်ပန်းသီးမှ စားချင်တာ။ အဲ့လိုဖြစ်လာတယ်။ အိပ်ရေးဝယုံမဟုတ်တော့ဘူး။ သာယာငြိမ့်ညောင်းတဲ့ တေးသံ၊ အဖော်အချွတ်ကိုယ်လုပ်တော်တွေနဲ့ ဒါန်းလော့ကြီးပေါ်မှာ အိပ်ချင်တယ်။ ဆယ်သက်စားမကုန် ဆွေစဉ်မျိုးဆက် အခစားကျွန်တွေနဲ့နေချင်တယ်။ အဲ့လိုနေနိုင်ဖို့ အခွင့်သာသလို၊ အာဏာရှိသလို ပုံဖော်တယ်။ ဥာဏ်ပိုရှိတဲ့လူသားတွေက မျက်စိပေါက်၊ နားပေါက်၊ ပါးစပ်ပေါက်ပိုကြီးတယ်။ အဲ့ဒါတွေကို နှိပ်ကွပ်ဖို့က စားနိုင်သောက်နိုင်အိပ်နိုင်ယုံ ပတ်ဝန်းကျင်ကို ဖန်တီးပေးလို့မရတော့ဘူး။ အဲ့ဒီစိတ်မျိုးတွေကို တားဆီးပေးနိုင်တဲ့ ဥပဒေ၊ ယဉ်ကျေးစောင့်စည်းတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ပေးနေရတယ်။
ငါပြောချင်တာက
(၁) အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပါ။
(၂) မတရားမှုကို တားဆီး၊ တရားမျှတမှုကို ဖြစ်ထွန်းစေနိုင်တဲ့ ဥပဒေ၊ စည်းကမ်းတွေပြဒါန်း အကောင်အထည်ဖော်။
(၃) ရေရှည်သာယာတဲ့ လူဘောင်ဖြစ်အောင် ယဉ်ကျေးမှုနဲ့ ကျင့်ဝတ်ကို လက်ဆင့်ကမ်း။
အဲ့ဒါတွေက မင်းတို့ ပြောနေတဲ့ မဏ္ဍိုင်သုံးရပ် လုပ်ငန်းတွေ။ မဏ္ဍိုင်သုံးရပ်ရဲ့ အာဏာတွေက ပြည်သူတွေဆီက ဆင်းသက်လာတာဆိုတော့ သုံးချက်လုံးကို ပြည်သူတွေက သိရှိလိုက်နာကြရမယ်။
အဲ့ဒီသုံးခုနဲ့ မပြည့်စုံသမျှ အဂတိလိုက်စားမှု မပပျောက်ဘူးဆိုတာ ယုံလိုက်။
အဂတိလိုက်စားမှု ရပ်စေချင်ရင် ကိုယ်တိုင်ပဲ စလိုက်ပါ။