Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

စစ်ရေးရဲ့ ရည်ရွယ်ချက် နဲ့ ရည်မှန်းချက်

$
0
0


 
စစ်ရေးရဲ့သဘောသဘာဝ က ရည်မှန်းချက် ထားပြီး အကောင်ထည်ဖော်ရတာဖြစ်လို့ flexible မဖြစ်ဘူးလို့ အထင်ရှိတဲ့ လူတွေရှိကြတယ် ။ အဲဒီအမြင်တွေ ဟာ မှားပါတယ်။
နိုင်ငံတကာ စစ်တပ် တွေရဲ့ စစ်အောင်ရသော အကြောင်းကြီး များမှာ ကို က "ပြောင်းလွယ်ပြင်လွယ် ရှိခြင်း "ကို အတိအလင်း ပြဆိုထားပါတယ် ။ flexible မဖြစ်ရင် စစ်မအောင်နိုင်နိုင်ပါဘူး ။


စစ်ရေးမှာ ရည်ရွယ်ချက် နဲ့ ရည်မှန်းချက် ဆိုတဲ့ စကားကို တိတိကျကျ ခွဲခြားသုံးပါတယ် ။ ဆိုကြပါစို့ ...ရည်ရွယ်ချက်သည် ကားလမ်းတလျှောက် ခရီးသည်များအဆင်ပြေ ပြေ အေးအေးချမ်းချမ်းသွားလာစေရန် ဖြစ်ပြီးတော့ ။
ရည်မှန်းချက် သည် ၄င်းကားလမ်း စိုးမိုးတောင်ကုန်းတွင် နေရာယူထားသော ရန်သူကို တိုက်ခိုင်းချေမှုန်းရမည် .. ဖြစ်ပါတယ် ။ စစ်သားတွေပါအပါ ၊ အတော်များများ က ရည်မှန်းချက် ကိုသာမြင်ပြီး ရည်ရွယ်ချက်ပျောက်နေတတ်ကြတယ် ။ စစ်ဗျူဟာ နားလည်သူတွေသာ တောင်ကုန်းတစ်ခုကို သိမ်းပိုက်ခြင်း ၊ စစ်ပွဲတစ်ခုကိုဖန်တီးခြင်းကိုကျော်လွန်ပြီး ရည်ရွယ်ချက် ကိုမြင်နိုင်စွမ်းကြတယ် ။

ရည်ရွယ်ချက် ကို ရောက်ဖို့ ရည်မှန်းချက် ဟာ တစ်ခုထက်ပိုပြီးလည်းရှိနိုင်တယ် ။
ရည်မှန်းချက်တစ်ခု ကို အကောင်ထည်ဖော်တိုင်း "နည်းလမ်း "ဆိုတာတွေ အများကြီးရှိတယ် ။ အဲဒီနည်းလမ်း တိုင်း နည်းလမ်းတိုင်းမှာ "အကျိုး နဲ့ အပြစ်"ဆိုပြီး ၂ မျိုး ၂ မျိုးဆီ ထပ်ရှိကြတယ် ။ အဲဒီနည်းလမ်းတိုင်း နည်းလမ်းတိုင်း ကို အကောင်ထည်ဖော်ရာမှာလည်း "လုပ်နည်း (၁) ၊ လုပ်နည်း (၂) ၊ လုပ်နည်း (၃)"စသဖြင့် အများကြီးရှိနိုင်တယ် ။ ရည်မှန်းချက် ပြီးမြောက်ဖို့ ကို အကောင်ထည်ဖော်တဲ့ ခါ အကျိုးအများဆုံး နဲ့ အပြစ်အနည်းဆုံး နည်းလမ်းကို အခြေနေပေါ် မူတည်ပြီး ရွေးချယ်ကျင့်သုံးတယ် ။ ပရိုဂရမ်တွေ မှာ Nested if လိုပဲ ... ဘာဖြစ်ရင်ဘာလုပ်မယ် ၊ ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်မယ်ဆိုတာ ကို အများကြီး ကြိုစဉ်းစားထားရ တယ် ။ ကြိုးစဉ်းစား ခဲ့ တဲ့နည်းလမ်းတွေ ထဲ က တစ်ခုမှ မဖြစ်နိုင်ခဲ့သော် နောက်ဆုံး အခြေနေ ဘာလုပ်မယ်ဆိုတာ က စ စဉ်းစားရတယ် ။

အဲဒီအဆင့် ဟာ စစ်ရေး သဘောသဘာဝ ရဲ့ flexible အဆင့်ပါပဲ ။
ကန့်သတ်ချက် mission တွေ အောက်မှာ စစ်ခေါင်းဆောင် အငယ်တွေ ရဲ့ လုပ်ပိုင်ခွင့် ၊ ဆုံးဖြတ်ပိုင်ခွင့် ၊ ရွေးချယ်ပိုင်ခွင့် ဟာလည်း အဲဒီ အဆင့် မှာရှိပါတယ် ။ ကြံရည်ဖန်ရည် ၊ လုပ်ရည် ကိုင်ရည် တွေ ပေါ် ထွက်တာကလည်း အဲဒီအဆင့်ပါပဲ။

ဒါတွေ ကို ဘာကြောင့် ပြောနေလဲ ဆိုတော့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ မြန်မာ့နိုင်ငံရေးအကောင်ထည်ဖော်ရာမှာ စစ်ရေးအမြင်တစ်ခုတည်းနဲ့ ကြည့်ပြီး အကောင်ထည်ဖော်နေသလား ၊
စစ်ရေးကြောင့် mission ကိုကြိုတင်သတ်မှတ်ပြီး လှေနံဓားထစ် ဖြစ်နေသလား ဆိုတဲ့ အသံတွေ ကြားရလို့ပါ ။ စစ်ရေးအမြင်သာ စစ်ပါစေ ။ သေချာပေါက် flexible ဖြစ်ပါလိမ့်မယ် ။ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး .. စတဲ့ ရည်မှန်းချက်တွေ အောင်မြင်ပါလိမ့်မယ် ။ ဆန်းစစ်ဖို့ လိုတာသည် စစ်ရေးအမြင် ကြောင့် လှေနံဓားထစ် ဖြစ်နေသလား မဟုတ်ပါဘူး ။ ရည်ရွယ်ချက် မှာ good will ရှိရဲ့လား ။ စစ်ရေးအမြင် ဟုတ်ရဲ့လား ဆိုတာကို သာ ဆန်းစစ်ရမှာဖြစ်ပါတယ် ။

ရည်ရွယ်ချက်တွေမှာ good will ရှိမရှိ ၊ စစ်ရေးသဘောတွေ ဟုတ်မဟုတ် ဆိုတာ က လုပ်နည်းတွေ ၊ နည်းလမ်းတွေ ၊ ရည်မှန်းချက် ဆိုတာတွေ ကို ကျော်လွန်ပြီး "ရည်ရွယ်ချက် "ကိုမြင်အောင်ကြည့်တတ်ရပါမယ် ။
လမ်းပြ မြေပုံ ၇ ဆင့်ဟာ စစ်ရေးအမြင်အရ ဆိုရင် လုပ်နည်းအဆင့်သာဖြစ်ပါတယ် ။


ရုပ်ဆိုး

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>