မိတ်ဆွေ တစ်ချို့(ရင်းနှီသူရော မရင်းနှီးသူရော) မကြေနပ် သူ တချို့ ကလည်း မေးကြတယ် ။ မင်းတို့ DSA ဆင်းတွေ ကို အတိုက်အခံကို မုန်းဖို့ နိုင်ငံရေးပါတီ တွေကိုမုန်းဖို့ ဒေါ်စု ကို ဆန့် ကျင် ဖို့ သင်တန်းမှာ သင်ပေးလိုက်သလား မင်းတို့ အားလုံးတစ်လေသံတည်း ထွက် နေတယ်လို့ ပြောကြပါတယ်။ DSA မှာ နိုင်ငံရေး အကြောင်းလည်းသူ့ဘာသာသူ အချိန်တောင် မလောက်လို့ မသင်နိုင်ပါ။ ဒေါ်စုကို ဆန့်ကျင်ရန်လည်းမသင်ပါ ဒေါ်စု အကြောင်းတောင် ပြောပြရန်အချိန်မရှိပါ။ စစ်ပညာစာပေ ပညာတွဲသင်ရလို့ ညအိပ် ချိန်တောင်သိပ်မရအောင် သင်ရပါတယ် သုံးနှစ်သမားတွေပို ပင်ပန်းပါတယ် ။
ကျွန်တော် တို့တုန်းကလေးနှစ်ဖြစ်လို့သင်ရိုး ကုန် ဘာသာရပ် အစုံ အထူးပြုမေဂျာ မရှိ ရောသင်ခဲ့ရလို့ ဘာသာရပ်တိုင်းကိုတီး မိခေါက်မိ ရှိပေမယ့် သုံးနှစ်သမားတွေက မေဂျာဘာသာ ထပ်ခွဲတော့ ပို အချိန်လု ရမယ်ထင်ပါတယ်။ အရာရှိဖြစ်ပြီးရင်တော့ တက်ရတဲ့သင်တန်းတွေ ပုံမှန်သင်တန်းတွေ မှာလည်း နိုင်ငံရေးကို သီးခြားမသင်ပေမယ့် နိုင်ငံ သမိုင်းကြောင်းတွေ သင်ရင်းတစွန်းတစပါ တတ်ပါတယ်။ ဒါပေမယ့် ကာယကံရှင်က အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်လို့ ကိုယ်ပိုင်စဉ်းစားခြင့်ချိန်နိုင်ရန် အချက် အလက်သာသင်ပါတယ် ။မုန်းတီးဆန့်ကျင် စေသောသုံးသပ်ချက်များမပါဝင်ပါ။ တချို့သော အဆင့်မြင့် သင်တန်းတွေမှာ အုပ်ချုပ်ရေးအမြင်ရှိစေရန် နှင့် ခေါင်း ဆောင်မှု ပညာရပ်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တယားအား နား လည်စေရန် ၀န်ကြီးဌာနအသီးသီးက (သမတရုံးအပါအ၀င်) ညွှန်ချုပ် (သို့ ) ရုံးအဖွဲ့ မှုးများက မိမိတို့ ၀န်ကြီးဌာနများ၏ ဖွဲစည်းပုံ လုပ်ငန်းတာဝန် လုပ်ပိုင်ခွင့် လုပ်ငန်း လည်ပတ်ပုံ ဌာန အချင်းချိတ်ဆက်ဆောင်ရွက်ပုံများကို စာရွက်စာတမ်း အ ထောက်အထားများ ဗီဒီယို ဆလိုက်များ လေ့လာရေးအစီအစဉ်များဖြင့်ပို့ ချသင် ကြား ပေးပြီး နိုင်ငံတော်အကြီးအကဲ ၀န်ကြီးဌာန အကြီးအကဲများ ဌာန အကြီးအကဲ များ၏ အမြင်မျိုး ၀င်ရောက်ခံစား တက်စေရန် လနှင့် ချီသင်ကြားပေးပါတယ်။ အထူးသဖြင့် နိင်ငံခြားပညာ တော်သင်သွား မည့်သူများကိုလည်းမိမိ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ တိုင်းပြည်အခြေအနေ များနိုင်ငံတကာတွင်ရှင်းလင်း ပြောကြား နိုင်ရန် နိုင်ငံတကာနှင့် မိမိတိုင်းပြည်အကြား ကွာဟမှုများလေ့လာနိုင်စေရန် သင်ကြားပေးပါတယ်။
တကယ်တော့ DSA တက်လာသူတိုင်း ၀င်လာတုန်းက တိုင်းပြည်ချစ်စိတ်နှင့် ၀င်လာသူမရှိပါဘူး ၁၆နှစ် ၁၇နှစ်သား အရွယ်တွေ မိဘ မောင်နှမ နှင့် ရည်းစား ကိုပဲ ချစ်တတ်မှာပါ။ တိုင်းပြည်ဆို တာဘယ်သိမှာလည်း ရည်ရွယ်ချက်ကလည်း မျိုးစုံပေါ့ ယူနီဖေါင်းကြိုက်လို့ ဘွဲ့ရ ရင်အလုပ်သေ ချာလို့ စော်ကြည် လို့ စသဖြင့်ပေါ့ ဒါပေမယ့် အထဲရောက်တဲ့အခါမှာ မတူတာတွေ အသာဖယ်ထား တူတာတွေစုလိုက် ပြီးညှိပေးလိုက်တော့ တသွေးတစ်သံတစ်မိန့် ဖြစ်ပြီး တိုင်းပြည်ကိုကာကွယ်ရ မှာငါ့ တာဝန်ဆိုတာကို ရိုက်ထည့်ပေးလိုက်တယ်။ တပ်ကထွက်သွားရင်ေ တာင် တာဝန် ရှိသေး တယ်လို့ ခံစားရအောင်လုပ်ပေးလိုက်တယ်။ ကျွန်တော်တို့ ကို ဗိုလ်လောင်း အသိ အမှတ်ပြုပြီး တပ်သားသစ်အဖြစ်ကတိ သစ္စာခံ ယူတဲ့နေ့ မှာ နိုင်ငံတော်အလံ ကို လက်နှင့်ထိရတယ် သစ္စာ ဆိုရတယ် ဒီအချိန်မှာ ကြက်သီးမွေးညှင်းလူတိုင်းထပြီ တကယ်ကို နိုင်ငံတော်ကပေးအပ်သော တာဝန်ကို အချိန်နေရာမရွေး လမ်ခရီးပုံစံမ ရွေး အသက်ကို စွန်ပြီး လုပ်ဆောင်ပါမယ် ဆိုတဲ့ ကတိ ကို တည်ချင်စိတ်တွေ ဖြစ်လာ ရတယ်။ဒီအချိန်ကစ တိုင်းပြည် ချစ်တယ် ဆိုတာဘာလည်း သိ သွားတာပါ။
DSAဆင်းမှမဟုတ်ပါဘူး စစ်သားမှန်ရင်ဒီစိတ် ၀င်သွားတာပဲ သစ္စာဖေါက် စစ်ပြေးတွေကိုတော့ တွက်ကပ်ပြီးလာမပြောပါနဲ့ စစ်တပ်ကို သစ္စာဖေါက် ကတည်း ကစစ်သားအဖြစ်ကိုဆုံးရှုံးသွားပါပြီ စစ်တပ်ထဲကထွက်တဲ့သူ ဆေးကျလို့ အထုတ်ခံ ရသူတွေ ထက်ကို စစ်ပြေးကနိုမ့်ပါတယ်။ စစ်တပ်မကောင်းလို့ပြေးပါတယ်ဆင်ခြေ ပေးလဲ ဆင်ခြေ အဖြစ်ကျန်ခဲ့မှာပါ သစ္စာဆိုထားပြီးမတည် သူမို့ပါ။ ဒီတော့စစ်သားတိုင်းဟာ တိုင်းပြည်ရန်သူမှန်ရင် ခြေမှုန်းရမယ်ပဲ မှတ်ပါတယ်။ သင်္ချာမှာ အစုသဘောတရား(Sets Theory) ရှိပါတယ် အမျိုးတူတွေကိုအစုအဖွဲ လုပ်ပြီးတွက်ချက်တာပါ။ အရည်အသွေး အရ ပမာဏ အရ တန်ဖိုး အရ အမျိုး အမျိုးခွဲ သတ်မှတ်ကြပါတယ်။လူ လို့ ပြောရင် ဒါဘုံ အစုပါ ဒီကမှ မိန်းမယောက်ျား ထပ်ခွဲတော့ အစုနှစ်ခုဖြစ်တယ် ပိန်သူဝသူထပ်ခွဲတော့ အစုတွေထပ်ကွဲပါတယ်။ တိုင်းပြည်ကိုနှောက်ယှက်ဖျက်စီး မယ့် သူဖြစ်နေရင် အစုသဘောတရား အရ အခြား သော ဘုံအစုတွေ မှာမိမိနှင့် အစုတူပါစေ ( လူမျိုးတူ ဘာသာတူ ဆွေမျိုးသားခြင်း) ဘယ်လိုဖြစ်နေနေ စစ်သားများ၏ စိတ်မှာ ဆန့်ကျင်ဖက် အဖြစ် (သို့ ) ရန်သူလို့ ထင်မှတ်ခံရမှာဖြစ်ပါတယ်။ တိုင်းပြည်ရန်သူလို့ သတ်မှတ်တာမှားယွင်း သတ်မှတ် နိုင်တာပေါ့ လို့ပြောစရာရှိပါတယ် မှားယွင်းဖို့ နည်းပါတယ်။
ဘာကြောင့်လည်းဆို တော့ တွေး ခေါ်မျှော်မြင်တတ်အောင် အတန်းပညာ အတွေ့ အကြုံတွေ သင် ပေးထား သလို အထက်မှာဖေါ်ပြခဲ့သော သာမန်ပုဂ္ဂိုလ် များ(ဦးစီးအရာရှိ အဆင့်) ပင်မသိနိုင်သော နိုင်ငံတော်အဆင့် အချက်အလက်အတွေး အခေါ်အယူအဆတွေ လေ့လာ သင်ယူ ခွင့်ရထားသည့်အတွက် လွဲလည်းနည်းနည်းပါ။ ရန်သူမိတ်ဆွေ ခွဲတတ် လို့ ဖြစ်နေ ရတာပါလို့ ပဲပြောပြချင်ပါတယ်။စစ်သားများ အငြိမ်စား များကို စည်းရုံးဖို့ တိုင်းပြည်ရန်သူ ဖြစ်နေသောအစု ထဲက ထွက်လိုက်ပါ စစ်သားများနှင့် အစုတူကာ ပေါင်းလို့ သင်းလို့ ရနိုင်ပါတယ်ခင်ဗျား။