“တန်ပြန်ရေငုပ်သင်္ဘောစစ်ဆင်ရေး” ... အပိုင်း(၁)
------------------------------
ရေငုပ်သင်္ဘောအသုံးပြု စစ်ဆင်ရေးသမိုင်းအစ
၁၇၇၆ ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့။
အမေရိကန်တော်လှန်ရေးစစ်ပွဲကာလ….
ည ၁၁ နာရီအချိန်တွင် အမေရိကန်လူမျိုး ဆာဂျင် Ezra Lee အနေဖြင့် နယူးယောက်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ဗြိတိသျှတော်ဝင်ရေတပ်မတော် စစ်သင်္ဘော HMS Eagle ၏ကိုယ်ထည်ကို လွန်ဖြင့်ဖောက်ရန် ကြိုးစားနေသည်။ Ezra Lee သည် Turtle ဟု အမည်ပေးထားသော ရေငုပ်သင်္ဘောငယ်အတွင်းမှ ၄င်း၌တပ်ဆင်ထားသော လွန်ပူဖြင့် Admiral Richard Howe ၏ အလံတင်စစ်သင်္ဘော Eagle အား အပေါက်ဖောက်ပြီး ယမ်းသိပ်ဖေါက်ခွဲပစ်ရန် အမေရိကန်ဗိုလ်ချူပ် ဂျော့ဝါရှင်တန်၏အမိန့်အား မိမိဆန္ဒအလျောက် လက်ခံလာခဲ့ခြင်းဖြစ်သည်။
အဆုံးတွင် ၄င်း၏ရည်မှန်းချက် မအောင်မြင်ခဲ့သော်လည်း ရေတပ်စစ်သမိုင်း တစ်လျှောက် တွင် ရေငုပ်နိုင်သောယာဉ်ကို စစ်ဆင်ရေးတွင်အသုံးပြုခြင်းအနေဖြင့် ပထမဦးဆုံး စာရင်းဝင်သွားခဲ့သည်။ ယင်းသည် ရေပြင်သွား အရပ်ဘက်နှင့် စစ်ဘက်ရေယာဉ်များကို အကြီးအကျယ်ဒုက္ခပေး နိုင်သည့် ရေငုပ်သင်္ဘောတို့၏ စစ်ဆင်ရေး “အစ” ဟုဆိုလျင်လည်း မမှားပေ။
သမိုင်းအထောက်အထားတချို့အရ ပထမဆုံး တော်ပီဒိုတပ်ဆင်ထားသော ရေငုပ်သင်္ဘောမှာ Nordenfelt I ဖြစ်ပြီး ၂၀ရာစုအစောပိုင်း ရုရှား-ဂျပန် စစ်ပွဲတွင် ရေငုပ်သင်္ဘောများသည် တိုက်ပွဲဝင်စစ်ရေယာဉ်များကို ကြီးမားသောခြိမ်းခြောက်မှု ပေးနိုင်ခဲ့သည်။ World War 1 စတင်ခဲ့ချိန်တွင် ကမ္ဘာတစ်ဝှမ်းရှိရေတပ်များ၌ ရေငုပ်သင်္ဘောပေါင်း ၃၀၀ ခန့် တာဝန်ထမ်းဆောင်နေပြီဟု ဖတ်မှတ်ရသည်။ ထိုအချိန်က Surface Ship များအနေဖြင့် ရေငုပ်သင်္ဘောများကို ထောက်လှမ်းသိရှိရန်နှင့် တန်ပြန်တိုက်ခိုက်ရန် မစွမ်းသာသေး၍ ပစ်လွှတ်တိုက်ခိုက်လာမည့် တော်ပီဒိုပေါက်ကွဲမှုဒဏ်အား ခုခံနိုင်ရန် စစ်ရေယာဉ်များ၏ ရေဝင်နိုင်သော ကိုယ်ထည်ဘေးပတ်ပတ်လည်၌ Belt Armor ခေါ် သံပြားထူများ ထည့်သွင်းတည်ဆောက်ခဲ့ပြီး ရေငုပ်သင်္ဘောများ၏ Periscope ကို ဖျက်ဆီးရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြသည်။
Image may be NSFW.
Clik here to view.

အစပျိုးတီထွင်စမ်းသပ်မှုများ
ဗြိတိသျှစစ်ရေယာဉ် HMS Vernon ပေါ်မှ ယမ်းများထည့်ထားသော ဆူးချွန်အများအပြား ပစ်ချစမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ပြီး ဂျာမန်တို့၏ U-boat (၄)စီးကို ဖျက်စီးနိုင်ခဲ့သည်။ အခြားနည်းလမ်းအနေဖြင့် ပေါင် ၇၀ ခန့် လေးသောယမ်းတုံးများကို ရေမျက်နှာပြင်ရှိ ၀ါယာကြိုးတစ်လျှောက်တပ်ဆင်ပြီး ရေငုပ်သင်္ဘောများ နီးကပ်လာသောအခါ ဖေါက်ခွဲရန်လည်း စမ်းသပ် လေ့လာခဲ့ကြသည်။ သို့သော် နာမည်ကျော် ဗိုလ်ချူပ်လူးဝစ်မောင့်ဘတ်တန်ကမူ ဤသို့သာ စိတ်ပျက်လက်ပျက်မှတ်ချက်ပေးခဲ့သည်-
“ ဒီကြိုးနားကပ်လာပြီး ဖေါက်ခွဲခံရလောက်အောင် တုံးတဲ့ရေငုပ်သင်္ဘောဆိုရင်တော့ မြုပ်ပေ့မပေါ့ကွာ” ဟူ၏။
ထို့ပြင် စစ်ရေယာဉ်များပေါ်မှ ဖေါက်ခွဲရေးပစ္စည်းမျိုးစုံ ပစ်ချခြင်းအားဖြင့် ရေငုပ်သင်္ဘောများကိုတိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ ရေငုပ်သင်္ဘောများအား ပိုက်ကွန်ဖြင့်ဖမ်းချူပ်ရန် ပိုက်ကွန်ထည့်ထားသော တော်ပီဒိုများကိုလည်း ဗြိတိသျှဖျက်သင်္ဘော HMS Starfish တွင် တပ်ဆင်စမ်းသပ်ခဲ့သည်။ လေယာဉ်ပေါ်မှ ကြဲချသောဗုံးများကိုလည်း ရေငုပ်သင်္ဘောအား ထိခိုက်ပျက်စီးစေသော ရေအောက်အနက်တစ်ခုရောက်မှ ပေါက်ကွဲစေရန် ပြုပြင်ခဲ့ကြသည်။ ၎င်းနောက် ယမ်းစ စနက်တံတပ်ထားသော စည်ပိုင်းများအတွင်း Explosive များထည့်ပြီး ပစ်ချသောစနစ်ကိုတီထွင်ခဲ့ရာမှ ပထမဦးဆုံးသော Depth Charge များ ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် စနက်တံများအစား ပိုမိုစိတ်ချရသော pillet များတပ်ဆင်လာခဲ့ပြီး ဒုတိယမျိုးဆက် Depth Charge များ ဖြစ်လာခဲ့သည်။ ၄င်းအမျိုးအစားများသည် ရေအနက် ပေ၂၀ ခန့်အထိ ထိရောက်စွာ ဖျက်ဆီးနိုင်စွမ်းရှိသည်။ အထိရောက်ဆုံးလက်နက်ကိုမူ ၁၉၁၃ ခုနှစ်တွင် ဗြိတိသျှတော်ဝင်ရေတပ်မတော် တော်ပီဒိုသင်တန်းကျောင်းမှ တီထွင်နိုင်ခဲ့သည်။ Admiral John Jellicoe ၏အကြံဥာဏ်ဖြင့် Mark II အမျိုးအစားမိုင်းများကို Hydrostatic Pistol များတပ်ဆင်ပြီး ရေယာဉ်၏ဘေးဘက်မှ ပစ်လွှတ်ခဲ့ကြသည်။ အလေးချိန် ပေါင် ၁၁၅၀ ခန့်အထိရှိပြီး ရေအောက် ၄၅ပေ ခန့် ထိရောက်မှုရှိကာ ဘေးတိုက် ပေ ၁၀၀ ခန့် ပစ်လွှတ်နိုင်သည်။ Dropping Mine ဟုခေါ်ဆိုခဲ့သော ထိုလက်နက်သည် ပစ်လွှတ်သောမိခင်သင်္ဘောကိုလည်း တစ်ခါတစ်ရံ ပြန်လည်ထိမှန်ခဲ့သည်။
Image may be NSFW.
Clik here to view.
ပထမကမ္ဘာစစ်ကာလ
ယင်းကာလအတွင်း ရေငုပ်သင်္ဘောများသည် စစ်ရေယာဉ်များအတွက် အဓိကခြိမ်းခြောက်မှု ဖြစ်ခဲ့သည်။ ဘောလ်တစ်ပင်လယ်၊ ပင်လယ်နက်ဒေသနှင့် မြေထဲပင်လယ်တို့တွင် အဓိကကျက်စားတတ်သော ရေငုပ်သင်္ဘောများကို တန်ပြန်တိုက်ခိုက်ရန်အတွက် သေးငယ်ပြီးမြန်ဆန်သော အမြောက်တင်ရေယာဉ်ငယ်များကိုသာ အားကိုးခဲ့ရသည်။ ထိုရေယာဉ်ငယ်များအနေဖြင့် ရေငုပ်သင်္ဘောများကို ထောက်လှမ်းနိုင်ခြင်းမရှိ၍ ရေငုပ်သင်္ဘောများ Battery အားသွင်းရန် သို့မဟုတ် တာဝေးခရီးသွားရန် ရေပေါ်တက်လာချိန်ကို တစ်နေကုန်ကင်းလှည့်ပြီး စောင့်မျှော်တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။ ခုတ်မောင်းနေသော စစ်ရေယာဉ်များအား ရေငုပ်သင်္ဘောများမှ ပစ်လွှတ်သော တော်ပီဒိုများ၏ရန်မှကာကွယ်ရန် သင်္ဘောကိုယ်ထည်တစ်ဝိုက်တွင် သံကွန်ရက်များ ချထားခဲ့ရသည်။ ဆိုက်ကပ်ရပ်နားသော ဆိပ်ကမ်းတစ်ဝိုက်တွင်လည်း ထိုကဲ့သို့ပင် ကာကွယ်ခဲ့သည်။ ဗြိတိသျှရေတပ်အနေဖြင့် Submarine များ၏ရန်မှကာကွယ်ရန် ပိုမိုအားထုတ်လာခဲ့ပြီး တိုက်သင်္ဘောများ၏ ကိုယ်ထည်ထိပ်ဦးများတွင် အချွန်များတပ်ဆင်ခဲ့ရာ ၁၉၁၄ ခု သြဂုတ်လတွင် ၄င်းအချွန်နှင့်တိုက်မိသော ဂျာမန် U-boat U-15 မှာ နစ်မြုပ်ခဲ့သည်။
၁၉၁၅ ခု ဇွန်လတွင် TNT ပေါင် ၃၀၀ ခန့်ထည့်သွင်းထားသော Depth Charge အမျိုးအစားသစ်များကို ရေအနက် ပေ ၈၀ ခန့်နှင့် ဘေးတိုက် ပေ ၁၄၀ ခန့်အထိ ပစ်လွှတ်နိုင်ရန် တီထွင်စမ်းသပ်အသုံးပြုနိုင်ခဲ့သည်။ ထို့ပြင် TNT ပေါင် ၁၂၀ ခန့် ထည့်သွင်းထားသော Depth Charge အသေးများကိုလည်း ရေယာဉ်ငယ်များတွင် တပ်ဆင်အသုံးပြုခဲ့သည်။ ၁၉၁၅ ခု ဇူလိုင်လတွင် ဗြိတိသျှရေတပ်အနေဖြင့် BIR (Board of Invention and Research) ကိုတည်ထောင်ပြီး Submarine များကို တန်ပြန်တိုက်ဖျက်ရာတွင် ပြည်သူလူထုထံမှ အကြံဥာဏ်များတောင်းခံခဲ့ရာ အကြံပြုချက် ၁၄၀၀၀ ခန့်အထိ လက်ခံရရှိခဲ့သည်။ ၁၉၁၆ ခု ဒီဇင်ဘာတွင် Anti-Submarine Division ကို တရားဝင်ဖွဲစည်းခဲ့သော်လည်း BIR နှင့် တွဲဖက်လုပ်ကိုင်ခြင်း နည်းပါးခဲ့သဖြင့် ခရီးမရောက်ခဲ့ချေ။
( ဆက်လက်ဖော်ပြပါမည်)
စိုးသီဟအောင်
(ကိုစိုးသီဟအောင်သည် ပညာသင်ကြားဆဲ အရပ်ဘက်ကျောင်းသားတစ်ဦးဖြစ်ပြီး ဤဆောင်ပါးကို ဝါသနာအလျောက် လေ့လာရေးသားထားခြင်း ဖြစ်ပါသည်။ထို့အတွက် ပိုမိုပြည့်စုံစေရန်နှင့် လိုအပ်ချက်များရှိပါကလည်း ထောက်ပြဝေဖန်ပေးနိုင်ပါရန် အကျိုးဖြစ်စေသော မည်သည့် Comment မျိုးကိုမဆို ကြိုဆိုမျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။)
(5 photos)ဗြိတိသျှစစ်ရေယာဉ် HMS Vernon ပေါ်မှ ယမ်းများထည့်ထားသော ဆူးချွန်အများအပြား ပစ်ချစမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ပြီး ဂျာမန်တို့၏ U-boat (၄)စီးကို ဖျက်စီးနိုင်ခဲ့သည်။ အခြားနည်းလမ်းအနေဖြင့် ပေါင် ၇၀ ခန့် လေးသောယမ်းတုံးများကို ရေမျက်နှာပြင်ရှိ ၀ါယာကြိုးတစ်လျှောက်တပ်ဆင်ပြီး ရေငုပ်သင်္ဘောများ နီးကပ်လာသောအခါ ဖေါက်ခွဲရန်လည်း စမ်းသပ် လေ့လာခဲ့ကြသည်။ သို့သော် နာမည်ကျော် ဗိုလ်ချူပ်လူးဝစ်မောင့်ဘတ်တန်ကမူ ဤသို့သာ စိတ်ပျက်လက်ပျက်မှတ်ချက်ပေးခဲ့သည်-